ခရစ်ယာန်လက်မောင်း ဆေးမှင်ကြောင်(Tettoo) - ဆရာဆိုး (ညစဉ်ခွန်အား)


ခရစ်ယာန်လက်မောင်း

ဆရာဆိုး (ညစဉ်ခွန်အား)
ဆေးမှင်ကြောင်ထိုးသောအလေ့အထမှာ ကျွန်တော်တို့ငယ်စဉ်က ခေတ်စားပါ၏။ လူကြီးသူမတွေလို ပေါင်မှာအပြည့်ထိုးကွင်းထိုးတာမျိုးတော့မဟုတ်ပါ။ နာကျင်သောဝေဒနာကိုမခံနိုင်တာမို့၊ လက်မောင်းမှာအသဲနှလုံးကိုမျှားစိုက်နေသောပုံ၊ ဒါမှမဟုတ် သတ္တိ၊ဇွဲ .. စသော စာလုံးများထိုးကြပါ၏။ အချို့ကတော့လက်မောင်းမှာ လက်ဝါးကပ်တိုင်ပုံကိုထိုးကြပါသည်။ လှပသည်ဟုအောက်မေ့၍ ထိုအရုပ်ကိုပဲ သူများမြင်အောင်ပြရ၊ကြွားရပါသည်။

ကျွန်တော်ကတော့ရူးပေါပေါနှင့်နှင်းဆီပန်းထိုးထားပါ၏။ နောင်အခါမနှင်းဆီနှင့်အိမ်ထောင်မကျပဲ၊ အခြားသူနှင့်ညားသောအခါ လက်မောင်းပေါ်ကနှင်းဆီပန်းက ပြသနာဖြစ်လာပါ၏။ ဖျက်ပစ်ချင်သော်လည်းမရ၊ မဖျက်ပဲနေတော့လည်း ဇနီးသည်ကကြည့်လျှင်မလုံမလဲနှင့်တော်တော်ခွကျပါသည်။ တကယ်တော့ ဆေးမှင်ကြောင်ထိုးတာမျိုးက သေချာမှထိုးရပါသည်။ မလိုချင်တော့လျှင် နောင်ကလပြင်ရဖို့အလွန်ခက်ခဲတာမျိုးပါ။

တစ်နေ့တွင် စာရေးဆရာတစ်ယောက်၏ လက်မောင်းမှာဆေးမှင်ကြောင်ထိုးထားတာတွေ့ရ၍ တောင်းကြည့်လျှင် သူ့ဟာအရုပ်မဟုတ်ပဲ စာလုံးများဖြစ်ပါ၏။ ၀ိညာဉ်အသီးကိုးလုံးဖြစ်သော..
ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြက်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ..ကို ရေးထားရာ လက်မောင်းနှင့်အပြည့်ပါပဲ။
The fruit of the Spirit is love, joy, peace, patience, kindness, goodness, faithfulness, gentleness and self-control.
http://burmesebible.com/buglish/Galatians05.htm


ဘာဖြစ်လို့များ အဲဒီစာလုံးတွေ ထိုးထားရတာလဲဆိုတော့ သူကရယ်၍၊ မေ့သွားမှာစိုးလို့လေ၊ ခရစ်ယာန်ဖြစ်ပြီး ၀ိညာဉ်အသီးမသီးရသေးတာကို သတိရအောင်လို့ဟု ဖြေပါသည်။ ကိုယ့်လက်မောင်းကိုကြည့်တိုင်း ငါတော့ဖြင့် ဒီလိုဝိညာဉ်အသီးတွေသီးရမှာ.. ဆိုပြီးတော့ အမှတ်ရနေဖို့ဟူသော ရည်ရွယ်ချက်ကလေးက ထူးထူးဆန်းဆန်းနှင့်ကောင်းပါ၏။ လက်မောင်းပေါ်မှာရှိပြီး တဆင့်တက်၍ နှလုံးသားပေါ်မှာရှိဖို့ဖြစ်ပါသည်။

နှလုံးသားမှာ ၀ိညာဉ်အသီးများစွဲမြဲနေပြီဆိုလျှင်တော့၊ လုပ်ဆောင်နိုင်ဖို့၊ အသက်ရှင်နေစဉ် ကျင့်ကြံအားထုတ်နိုင်ဖို့ မခက်ခဲတော့ပါ။ ကျွန်တော်တွေ့ဖူးသော ဆေးမှင်ကြောင် (တက်တူး)အများထဲမှာ ဒီဟာတခုကိုတော့ နှစ်သက်မိပါသည်။

တကယ်လည်း ထိုပုဂ္ဂိုလ်သည် ၀ိညာဉ်အသီးသီးနိုင်ဖို့ကြိုးစားအသက်ရှင်သူဖြစ်ပါ၏။ ယနေ့ကျွန်တော်တို့လက်မောင်းပေါ်မှာ ဆေးမှင်ကြောင်တစ်ခုမဖြစ်မနေထိုးရမည်ဆိုလျှင် ဘယ်အရုပ်၊ ဘယ်စာလုံးကို ထိုးနှံမှာလဲ .. ?

ယနေ့ကျွန်တော်တို့၏ နှလုံးသာမှာစွဲမြဲရမည့်အရာတခုမဖြစ်မနေရှိနေရမည်ဆိုလျှင် အဘယ်သဘောတရား၊ အဘယ်သြ၀ါဒများကို လက်ခံထားရမှာလဲ၊ ဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုတ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ၀ိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည်၊ ၀ိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (ဂလာတိ ၆း၈)

ဇန္န၀ါရီလ(၉)ရက်၊ ၂၀၁၂ခုနှစ် (တနင်္လာနေ့)
ငါတို့သည် အားမလျော့၊ စိတ်မပျက်ပဲ၊ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့၊ ထိုသို့တည်ကြည်၍ကျင့်လျှင်အချိန်တန်သောအခါ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ (ဂလာတိ ၆း၉)

လစဉ်ထုတ်စာစောင်၊ အောက်တိုဘာမှ တစ်ပုဒ်ဖြစ်ပါသည်။


အင်တာနက်စာမျက်နှာ (JBC အသင်းတော်၊ စင်ကာပူ)
http://www.jbcs.org.sg/main/index.php/daily-supper

လစဉ်မှာယူရန် တစ်နှစ်စာအတွက် ကျပ်၆သောင်း (တစ်စောင် ၅ရာကျပ်နှုံး) ဖြင့် မှာယူနိုင်ပါသည်။ ညစဉ်ခွန်အားလုပ်ငန်း၊ အမှတ် ၈၉၃(ခ) ဘုရင့်နောင်လမ်းသွယ်-၃၊ ည/၁၁ ရပ်ကွက်၊ ရွှေပြည်သာမြို့၊ ရန်ကုန်တိုင်း ဖုန်း-၇၃၀၁၅၈၄၄

ဆရာဆိုး၏ညစဉ်ခွန်အားနှင့်ဆောင်းပါးတိုအချို့

ကျိန်ခြင်းနှင့် ကောင်းကြီးပေးခြင်း - ဆိုး

ကြင်နာခြင်း၏ပထ၀ီဝင် မာသာထရီစာ
ဖိနပ်တစ်ရန် - ညစဉ်ခွန်အား
ဘုရားသခင် နှစ်သက်သော ဖာရိရှဲ
ကောင်းကင်ဘဏ္ဍာ - ဆိုး
သမ္မာကျမ်းစာ လေ့လာခြင်းနှင့် သက်သေခံခြင်းစာစောင်
ညစဉ်ခွန်အား - ဆိုး (Online Available)
ညစဉ်ခွန်အား - ဆရာဆိုးနှင့် မုရန်နံသာ
အားပြုသောသူ


ဆရာဆိုး စင်ကာပူတွင်၊ ခရစ်ယန်စာပေဟောပြောပွဲအတွက်ဖိတ်ခေါ်ရန်ရှိပါသည်။ ဆုတောင်းသတိရပေးရန်ဖြစ်ပြီး၊ စိတ်ဝင်စားသူများ ဆရာမင်းအောင်သက်လွင် (သခင့်စကားအယ်ဒီတာချုပ်) E-mail; This email address is being protected from spambots. You need JavaScript enabled to view it. (( Phone (65) 81222320 )) သို့လည်းကောင်း၊ မုရန်မဂ္ဂဇင်း Phone: +65 8282 2795  Email: This email address is being protected from spambots. You need JavaScript enabled to view it. သို့လည်းကောင်း၊ ယုဒသန်အသင်းတော်မီဒီယာ ကိုအောင်သူ 91098795, ၊ ကိုဇော်ထူး 90480060,၊ ဦးဇော်အောင် 93360662 တို့ထံ၎င်း  ဆက်သွယ်နိုင်ပါသည်။