ခရစ်တော်၏ စိတ်ကိုခံရသူ အိုမင်းမသွားပါ



 1 Corinthians 2:16 we have the mind of Christ.
 
၁ ကော ၂း၁၆.. ငါတို့မူကား ခရစ်တော်၏စိတ်ကိုခံရကြ၏။
 
 အိုး .. ကျွန်န်ုပ်မှတ်ဥာဏ်များ အရင်လိုမဟုတ်တော့ပါလား၊ အသက်ကြီးလာပြီလေ ... ဆိုတဲ့စကားများ ကြားဖူးပါသလား။ သင်ကိုယ်တိုင် မကြာခဏ ပြောနေရပြီလား။ အသက်ကြီးလာရင် မေ့တတ်လာတယ်လို့ ဘယ်သူပြောသလဲ ...
 
 ကွယ်လွန်သူ ဆရာကက်နက်ဟေဂင် Kenneth E Hagin အသက်၈၀ အရွယ်မှာ ကျန်းမာ၊သန်စွမ်းနေဆဲပါ။ ဒီ အံ့ဘွယ်လူသားဟာ တရားဟောစင်မှာ ပြေးလွှားဟောကြားခြင်း၊ သူ့တရားဟောတာ နားထောင်ဖူးသူများ ပြောချက်အရ အံ့ဘွယ်ရာ မှတ်ဥာဏ်ရှိပြီး အသေးစိတ်မှတ်မိတယ်။ ဘယ်နေ့၊ ဘယ်အပတ်၊ ဘယ်အချိန်က ဘယ်လိုဆိုပြီး ပြောနိုင်တယ်။ အသက်ဒါလောက်ကြီးတာတောင် မှတ်ဥာဏ်က ထူးခြားစွာကောင်းမွန်လှပါတယ်။ 
 
လျှာသည် အသက်သေခြင်း နှင့်ရှင်ခြင်းကို အစိုးရ၏၊၊ လျှာကို နှစ်သက်သော သူသည်လည်း၊ လျှာ၏အသီး ကို စားရ၏၊၊  (သုတ္တံ ၁၈း၂၁) တွေ့ကရာလူနဲ့စကားပြောရင်း  ငါအသက်ကြီးလာပြီး မေ့တတ်လာတယ်  ..  မပြောပါနဲ့။  ကျွန်ုပ်မှာ ခရစ်တော်ရဲ့ စိတ်တော်ရှိတယ်။ ငါ့စိတ်အင်အား ထက်မြက်ပြီး၊ လျှင်မြန်တယ် .. ဘာကြောင့်လဲဆိုတော့ ခရစ်တော်ရဲ့ စိတ်တော်ကြောင့်ပဲ .. လို့ပြောပါ။ ပြောစကားကိုလဲ ယုံကြည်ပါ။
 
 သင့်ရဲ့  စဉ်းစားဥာဏ် နဲ့
မှတ်ဥာဏ်
တွေ ရှင်သန်၊တိုးတက်လာတာ တွေ့ရပါမယ်...


.

 ဆရာကြီးက သူမေ့တတ်လာခြင်းတာ အသက်၅၀ကျော်မှာ သတိထားမိလာခဲ့ပါတယ်။ ဆေးပညာဂျာနယ်စာစောင်တွေ မှာ နေ့စဉ် သန်းပေါင်းများစွာသော ဦးနှောက် မှတ်ဥာဏ် ဆဲလ်တွေ ပျက်စီးတယ်လို့ ရေးထားတယ်။ သူက ဒါတွေဖတ်ပြီး မှတ်မထားပေမဲ့ ဒီစာတွေကို သူ့ရဲ့ ၀ိညာဉ်က မှတ်ထားတဲ့အတွက် မေ့တတ်ခြင်းတွေ ပိုပြီးဖြစ်လာတော့တယ်။
 
 ဒါနဲ့ ဆရာကြီးက ဘုရားကို မေးတယ်။ အိုအဘဘုရား .. ဘာဖြစ်ကုန်တာလဲ .. ဆိုတော့ ဘုရားရှင်ဆီက အဖြေစကားကတော့ ... မင်းယုံတဲ့ စာစောင်တွေဖတ်ပါ ... တဲ့။  ဆရာကြီးက ဘုရားသခင်ကို ... ကျွန်နိုပ် ဘာဆက်လုပ်ရမလဲ .. လို့ ထပ်မံမေးပြန်တော့ ဘုရားရှင်က  ငါ့စကားကို နှလုံးသွင်းပါ။ ကျမ်းစာအရ .. ဘုရားရှင် စိတ်တော်ကို ခံရပြီးရင်  ခရစ်တော်ရဲ့ စိတ်တော်ရသူဟာ ဘယ်တော့မှ မမေ့တတ်တော့ဘူး .. လို့ကြားလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ဆရာကြီးဟာ ခရစ်တော်ရဲ့ စိတ်တော်ကို ရပြီလို့ နှလုံးသွင်းလိုက်တဲ့နောက်ပိုင်းမှာ သူရဲ့မှတ်ဥာဏ်တွေ ထက်မြက်နေတာ နောက်ဆုံးကွယ်လွန်ချိန်အထိပါပဲ။
 
 မိတ်ဆွေ .. ဘုရားရှင်ရဲ့ စကားတော်အရ ခရစ်တော်ရဲ့ စိတ်တော်ရပါတယ်။ ခရစ်တော်ရဲ့ စိတ်တော်ဟာ အိုမင်း၊ နှေးကွေးခြင်း၊ မေ့တတ်ခြင်း မရှိပါဘူး။ ဘယ်လောက်အသက်ကြီးပါစေ ဂရုစိုက်စရာမလိုတော့ပါ။ မေ့လျော့ခြင်း မရှိတော့ပါ။ ဘုရားရှင်ကို စိတ်နှလုံးသွင်းနိုင်ခြင်းဟာ ဘ၀ကို ပြန်လည်ရှင်သန်စေပါတယ်။

 

Ref:
From: New Creation Church 
Date: Wed, May 5, 2010 at 10:00 AM
Subject: Daily Devotional - The Mind Of Christ Doesn’t Grow Old
To: Zaw Thu Linn <
This email address is being protected from spambots. You need JavaScript enabled to view it." target="_blank">This email address is being protected from spambots. You need JavaScript enabled to view it.>
http://newcreation.org.sg/resources/daily-devotional/