ကျေးဇူးတော် - (ဆရာဇော်သူလင်း)


ကျေးဇူးတော်ချီးမွမ်းပါသည်။

ဘုရားအမြင်မှာ ဘုရားဟာ သင့်ကိုကျေးဇူးပြုချင်သောစိတ်သဘောရှိပါသည်။ ကျေးဇူးတော်ဆိုတာ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သခင်ယေရှုဟာ ကျေးဇူးတော်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြစ်အားလုံးကို လက်ဝါးကပ်တိုင်တွင်အသေခံပြီး၊ ကျွန်တော်တို့အပြစ်များအတွက် အသေခံပါတယ။ ဒီလိုပဲ ကျွန်တော်တို့ မထိုက်တန်ပဲ ခံစားရတာကို ကျေးဇူးတော်လို့ ခေါ်ပါတယ်။

ဘာသာတရားဟာ အကျင့်နှင့်ဆိုင်ပါတယ်။ ထိုက်တန်မှ ခံစားရပါတယ်။ ကိုယ်ကျင့်မှ ရတယ်လို့ဆိုပါတယ်။  လောကကြီးကလည်း ဒီအတိုင်းပါပဲ၊ ထိုက်တန်မှရလေ့ရှိပါတယ်။  အလုပ်ရှင်ကလည်း မိမိကလုပ်ပေးမှ လခရတယ်၊ အရည်အချင်းရှိမှ အလုပ်ရပါတယ်။ ထိုက်တန်မှ အလုပ်ရပါတယ်။ သို့သော် ဘုရားကျေးဇူးတော်ဟာ မထိုက်တန်ပဲ ရရှိပါတယ်။

အန်တီတစ်ဦးက ဆရာရယ်၊ ကောင်းကင်နိုင်ငံဆိုတာ ကောင်းဆိုတဲ့စာလုံးနဲ့စတယ်။ ကောင်းတဲ့လူမှရောက်တာမဟုတ်လား။ မကောင်းပဲတဲ့ကျမတို့ ကောင်းကင်နိုင်ငံတော်ကို ရောက်ပါ့မလား .. မေးပါတယ်။ အန်တီရယ် ဓါပြကိုကြည့်ပါ။ ဘာကောင်းတာလုပ်သလဲ။ လူသတ်တယ်။ လုယက်တယ်။ လူအမြင်နဲ့ကြည့်ရင် မထိုက်တန်ပဲ ခံစားရပါတယ်။ ဘုရားကျောင်းမသွား၊ နှစ်ခြင်းမခံ၊ အလှုငွေမထဲ့သော်လည်း သခင်ယေရှုရဲ့ ကျေးဇူးတော်ကြောင့် ငါနှင့်အတူ ပ မထိုက်တန်ပဲခံစားရခြင်းခြင်းဖြစ်တယ်။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ လူဆိုးက "သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။" လုကာ၂၃။  ဘာကြောင့်လဲဆိုတော့ ဘရားရဲ့တဖက်သတ် ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်။

ဓမ္မရာဇ၀င် ဒုစာစောင် အခန်းကြီး၉မှာ မထိုက်တန်တဲ့လူတယောက်ကို ပြောချင်ပါတယ်။  ရှင်ဘုရင်က .. ယောနသန်သား၊ မေဖိဗောရှက်ကို ကျေးဇူးပြုချင်ပါတယ်။ လိုက်ရှာပြီး ဘုရင်ကြီးဒါဝိတ်နှင့် စားပွဲတခုထဲ အတူစားသောက်ရသည်။ ငယ်ငယ်ကတည်းက ခြေထောက်မသန်သူဖြစ်တယ်။ စစ်လဲမတိုက်နိုင်၊  ရှင်ဘုရင်နှင့်အတူးစားသောက်ရန် စစ်တိုက်နိုင်သူ၊ ရာထူးရှိသူဖြစ်ရမည်။ သို့သော် မထိုက်တန်ပဲ ဘုရင်နှင့်အတူစားသောက်ရခြင်းမှာ ထိုက်တန်၍မဟုတ်ပါ။ ရှင်ဘုရင်က ကျေးဇူးပြုချင်သော စိတ်ကြောင့် ဖြစ်တယ်။ ဘေးမှကြည့်သောသူပင် မနာလိုစရာဖြစ်အောင် အခွင့်အရေးများခံစားနေရခြင်း ကို ကျေးဇူးတော်ဟု ခေါ်ပါတယ်။

ထို့အတူ ဘုရား၏ကျေးဇူးတော်သည် မထိုက်တန်ပဲခံစားရခြင်းဖြစ်ပါတယ်။ ငယ်ငယ်က သီချင်းတပုဒ်  "ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်" လို့ ဆိုခဲ့ကြသည်။ အမြဲ ထိုက်တန်မှ ခံစားရမည် စဉ်းစားကြသည်။ မိတ်ဆွေ .. ကျွန်တော်တို့မှာ မထိုက်တန်ပဲ ခံစားရသော ကျေးဇူးတော်ရှိပါတယ်။

၂၀၀၆တွင် ကျွန်တော် Hopeless ဆေးရမှာ ပက်လက်နှင့် ဘာမှမတတ်နိုင်တော့ပါ။ ထိုအချိန်တွင် စဉ်းစားခဲ့မတယ်။ လွန်ခဲ့သော ၁၈နှစ်က မိမိတို့ဇနီးမောင်နှံ လျှောက်ပြောခဲ့ကြသည်။ နင်သေရင်ငါဘာလုပ်ပေးရမလဲ အပြန်အလှန်ပြောကြသည်။ မိမိက သေလျှင်ရေခဲတိုက်ထဲမိမိအလောင်းကို မထားရန် ပြောသည်။ ဇနီးသည်ကလည်း နောက်မိန်းမ မယူရန်ပြောရင် ငြင်းခုန်ခဲ့ကြသည်။ ယခုအခါ ၂ယောက်စလုံး အတွေးအခေါ်ပြောင်းသွားသည်။ ဇနီးသည်က ငါသေရင်နောက်မိန်းမယူပါ ပြောသော် ကျွန်တော်က သမီးတွေနဲ့အေးအေးပဲနေတော့မည်။ တစ်ယောက်နင့်ပဲ မှတ်သွားပါပြီဟု ပြန်ပြောခဲ့သည်။ သေလျှင်ရေခဲ့တိုက်မသွားချင်သော ကျွန်တော့်ဆန္နမှာလည်း .မရှိတော့ပါ။ ဆရာဝန်ဆေးပညာရှုဒေါင့်မှ မမှားပါ။ အသက်ရှင်ရန်လမ်းမရှိ .. နှခေါင်း၊ပါးစပ်တွင် ပိုက်များဖြင့် မျှော်လင့်ချက်မရှိစဉ် လူအများဆုတောင်းပေးကြသည်။ နောက်ဆုံးတါင် ကျေးဇူးတော်ကြောင့် မထိုက်မတန်ပဲ ရောဂါကင်းရှင်း၊ အသက်ရှင်ခွင့်ရခဲ့ပါသည်။

နောင်တချိန် ကျွန်တော်တက်ခဲ့တဲ့ ဒီ ဆာကူရာဆေးရုံမှာပဲ မိတ်ဆွေတစ်ယောက် ဆေးရုံတက်ချိန်ရပါတယ်။ သွားရောက်ဝေငှခွင့်ရခဲ့ပါတယ်။ ယခင်မိမိသည်လည်း ဤနေရာမှာ ဆေးရုံတက်ပြီး၊ ဘုရားကျေးဇူးတော်ကြောင့် ပျောက်ကင်း၊ အသက်ရှင်ခွင့်ရရှိခဲ့ကြောင်း ပြောပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့အားလုံး မထိုက်မတန်ပါ။ ခရစ်တော်၏ ကျေးဇူးတော်အားဖြင့်သာ ခံစားရသည်။ ပွဲတော်စားခြင်းကိုလည်း ထိုက်တန်အောင် ထိုပွဲတော်နေ့တွင် စိတ်နှလုံးကောင်းကောင်းထား၊ စိတ်ရှည်ရှည်ထားကြသည်။ ပွဲတော်နေ့တွင် အခွင့်ကေင်းယူပြီး လူအခြင်းခြင်း တောင်ဆိုမှုများရှိသည်။ ကျွန်တော်တို့ ဘုရားကို ပြန်ကျေးဇူးပြု ဘယ်လိုပဲ ကြိုးစားပါစေ၊ လူအားဖြင့် ထိုက်တန်အောင်ကြိုးစားမှုထက် ဘုရားရှင်ရဲ့အလိုတော်လက်ခံပြီး ကျေးဇူးတော်ကိုသာ သိရှိနားလည်ရန်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ နေ့စဉ်အသက်တာမှာ ထိုမထိုက်တန်ပဲခံစားရသော ဘုရားရှင်၏ ကျေးဇူးတော်ကို အမြဲအောက်မေ့သတိရန် တိုက်တွန်းအားပေးလိုပါသည်။ အားလုံးကောင်းကြီးမင်္ဂလာနဲ့ကျေးဇူးတော်ကို ခံစားနိုင်ကြပါစေ။

ဇော်သူလင်း
16-Jan-2011  MCA အသင်းတော်မှ ဒေသနာဖြစ်ပါသည်။