အတက်ကားကို ဦးစားပေးပါ - ကိုမေတ္တာ (သင်းအုပ်ဆရာ)


ကိုမေတ္တာ

ရှမ်းပြည်မြောက်ပိုင်း လားရှိုး - မန္တလေး  အသွားကားလမ်းပေါ်တွင်ဖြစ်သည်။ ကျွန်တော်စီးနင်းလိုက်ပါသော ဗင် ကားကလေးသည် လမ်းဖြောင့်ပေါ်တွင် အရှိန်နှင့် တရိပ်ရိပ် ပြေးလို့နေသည်။ ကားလေးမှာ အတော်ကောင်းသဖြင့်လည်းကောင်း၊ ကားမောင်းသူသည် ဂီယာအရွှေ့အပြောင်းနှင့် ဘရိတ်လီဗာ တို့ကို ကျွမ်းကျင်နိုင်နင်းမှုကြောင့် ကျွန်တော်တို့နှင့် စီးနင်းလာရ၍ ငိုက်မြည်း အိပ်ပျော်စ ဖြစ်လာသည်။ ကျွန်တော်သည် ပတ်ဝန်းကျင်ကို သတိထား ကြည့်မိလိုက်ရာမှ ငိုက်မြည်းအိပ်ပျော်ချက်ကို ဖျောက်ပစ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလမ်းခရီးတွင် ကျွန်တော်အလွန်နှစ်သက်သည့် ဂုတ်တွင်း သို့ ရောက်တော့မည်ဖြစ်သောကြောင့်တည်း။ ဂုတ်တွင်း သို့ အဆင်းအတက်များတွင် ကားသည် လမ်းဖြောင့်တွင် ပြေးသည်နှင့်မတူတော့။ ဘယ်ကွေ့၊ ညာကွေ့နှင့် အိပ်ငိုက်လာသော ခရီးသည်များမှာ ယိမ်းထိုးလှုပ်ရှားလာသည်။ ပတ်ဝန်းကျင် ရှုမျှော်ခင်းများကလည်း သာယာလှပါဘိ။ ဂုတ်ထိပ် တံတားကြီးကို ခပ်လှမ်းလှမ်းတွင် မှုန်ပြပြတွေ့ရသည်။ ဒီနေရာကိုရောက်လျှင် ရထား ဖြတ်လမ်းသာ ရှိသော တံတားကြီးသည် မကြည့်မမြင်ရလျှင် မနေနိုင်လောက်အောင်ပင် ကျွန်တော့စိတ်ကို ဆွဲဆောင်ခဲ့ပါသည်။ ပတ်ဝန်းကျင်ကို ကြည့်ရင်း ကားသည် ကွေ့ကာ ၀ိုက်ကာဖြင့် ဂုတ်တွင်း တံတားသို့ ချဉ်းကပ်လာပါသည်။

"သတိ... အတက်ကားကို ဦးစားပေးပါ" ဟူ၍ ဖြစ်သည်။ ထို့နောက် လမ်းတလျှောက်လုံးတွင် အဆိုပါ ဆိုင်းဘုတ်များကို များစွာ ထပ်မံ၍ တွေ့ရသည်။ ပြင်ဦးလွင်နှင့် မန္တလေးအဆင်း ကားလမ်းဘေးတွင်လည်း မကြာခဏ သတိပေး ရေးသားထားသည်ကို တွေ့ရသည်။ ကျွန်တော် ကားမောင်းသမားကို မေးလိုက်သည်။ အဘယ့်ကြောင့် ဒီလိုအဆင်းတွင် အတက်ကားကို ဦးစားပေးရန် သတိပေးရသနည်း။ အဆင်းကားများအတွက်မူ "သတိ..အန္တရယ်ဂုံးဆင်း"   "ဂီယာကြီးဖြင့် ဆင်းပါ"  ဟု သတိပေးဆိုင်းဘုတ်များ ရေးထားသည်။ ဘာကြောင့်လဲဟု မေးလိုက်ရာတွင် ကားမောင်းသူသည် ပြုံး၍ ကျွန်တော်နားလည်အောင် ရိုးရိုးလေး ရှင်းပြပါသည်။

ဒီလိုလေ ဆရာ၊ ကုန်းဆင်း ကုန်းတက် ဒီလိုအကွေ့အကောက်များတဲ့ နေရာတွေမှာ ကားတွေဟာ သတိထားပြီးမောင်းရတယ်။ ကုန်းဆင်းအတွက်တော့ ကားတွေဟာ အရှိန်သတ်ပြီး ဆင်းရတဲ့အခါ သိပ်ပြီးမခက်ခဲပေမဲ့၊ ကုန်တက်ကို အားယူပြီးတက်လာရတဲ့ ကားတွေအတွက်တော့ အခက်အခဲ ရှိတတ်ပါတယ်။ ဒါကြောင့် အတက်ကားတွေကို အဆင်းကားတွေက ကွေ့မှာ ဦးစားပေးရတဲ့ အနေအထားကို ဖော်ပြလိုတဲ့အတွက် ဒီလို သတိပေးစာတန်းကို ရေးထားရတာပါ  .. ဟု ဆိုသည်။

ကားဒရိုင်ဘာ၏ စကားအဆုံးဝယ် ကျွန်တော့အတွက် စဉ်းစားစရာ အကြောင်းများ ခေါင်းထဲသို့ အစီအရီ ၀င်လာခဲ့ပါတော့သည်။ လူ့ဘ၀ အသက်တာသည်လည်း အကွေ့အကောက် အတက်အဆင်းတို့နှင့် ပြည့်နှက်လျှက်ရှိသော ခရီးတာကြီးတခုနှင့် အင်မတန်တူပါသည်။ တခါတရံတွင် ကုန်းတက်ခရီးကို အားကုန်စိုက်ပြီး ရုန်းကန်ရသကဲ့သို့ အကွေ့အကောက်လမ်းတွင် မူးဝေ၊ နွမ်းနယ်ရတတ်သည်။ အဆင်းခရီးကို ကြုံရချိန်တွင်မူ သတိမထားမိသဖြင့် ဘေးသို့ တိမ်းချော်ရခြင်း၊ အရှိန်လွန်၍ မထိန်းနိုင် ဟန်ချက်ပျက်ရသည်များလည်း ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ လောကခရီးကြမ်းဝယ် ဖြတ်သန်းသွားရသော ကျွန်ုပ်တို့သည် စာနာထောက်ထားစိတ်ဖြင့် နေရာပေးတတ်ရန် လွန်စွာ အရေးကြီးလှပါသည်။ အသက်တာ လမ်း၏ တက်ခြင်း၊ ကျခြင်းများကို အထူးဆင်ခြင် သတိထားရန် လိုအပ်ပေသည်။ မိမိသည် တက်လူဖြစ်သလော၊ ကျလူဖြစ်သလော ?? ဆိုသည်ကို အမြဲသုံးသပ်နေရန် လိုအပ်ပါသည်။ တခါတရံ၌ မိမိ၏ အောင်မြင်မှုနှင့် စွမ်းဆောင်နိုင်မှုသည် အထွဋ်အထိပ်သို့ ရောက်ပြီးနောက်တွင် အသက်အရွယ်အားဖြင့်၎င်း၊ စွမ်းဆောင်နိုင်မှု အရည်အသွေးများ ကျဆင်းလာကြောင်းကို သတိမမူမိဘဲ မိမိ၏ တည်မြဲနေရာမှ မစွန့်ခွာလိုသူများ၊ နောက်တက်မည့် မျိုးဆက်သစ်လူငယ်များတို့အား နေရာမပေးလိုသူများကြောင့် အခက်အခဲများ မကြာခဏ ဖြစ်ပေါ်ဖူးသည်ကို တွေ့ရပါသည်။

ကျွန်တော် ကျမ်းစာကျောင်း တက်စဉ်က အဖြစ်အပျက်များကို ပြန်လည် သတိရမိပါသည်။ ကျမ်းစာကျောင်း ရောက်ကာစ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများအနေနှင့် မိမိတို့ထက် ကျောင်းတော်ကြီးကို စောရောက်သူများဖြစ်သည့် အတန်းကြီးသောသူများကို "အစ်ကိုကြီး၊ အမကြီးများ"  ဟူ၍ လေးစားသမှု ပြုရပါသည်။ သို့ရာတွင် တခါတရံ၌ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများထဲမှ ထူးချွန်ထက်မြက်သော ကျောင်းသူ၊ ကျောင်းသားများ ပါလာတတ်ရာ တခါတရံ ကျောင်းနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အခုမှရောက်ကာစ..ရှိသေး၊ ..လူတတ်တော်တော်လုပ်တယ်။ .. မင်းနုပါသေးတယ်ကွာ .. စသဖြင့် ဝေဖန်ပြောဆိုမှုများကို ခံရတတ်ပေသည်။ မိမိတို့ ကျောင်းရောက်ကာစ နောက်ဆုံးနှစ် အစ်ကိုကြီး၊ အစ်မကြီးတို့က မိမိတို့မြင်ရသော အမြင်များတို့သည် မိမိတို့ကိုယ်တိုင် နောက်ဆုံးနှစ် ဘ၀ရောက်ချိန်တွင် နောက်ရောက်လာသူများအပေါ်တွင် တစ်လှည့်ပြန်မြင်သလို ဖြစ်တတ်ပေသည်။

တစ်ခါက အသင်းတော်တပါးတွင် အသက်ကြီး၍ အိုမင်းမစွမ်းဖြစ်နေသော သင်းအုပ်ဆရာကြီးတပါး ရှိလေသည်။ သူသည် ထိုအသင်းတော်တွင် တာဝန်ယူလာသည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီး ဖြစ်သော်လည်း မိမိအတွက် ဖေးမလက်တွဲ ကူညီရန် အမှုတော်ဆောင် တစ်ပါးကိုမျှ မွေးထုတ်ခြင်းမရှိခဲ့ပါ။ စဉ်းလည်း မစဉ်းစားခဲ့ပါ။ အသင်းသူအသင်းသား များကလည်း ဆရာကြီးကို ချစ်ခင်လေးစားရှာပါသည်။ မိမိတို့၏ သိုးထိန်းအဘ ဆရာကြီးအဖြစ် လက်ခံကာ အမြဲတစေ ရိုသေနာခံမှု ပြုခဲ့ပါသည်။ သို့ရာတွင် ဆရာကြီးအနေဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အလျောက် ခန္တာကိုယ်အား နည်းလာကာ သွားချင်တိုင်းလည်း မသွားနိုင်၊ ပြောချင်တိုင်းလည်း မပြောနိုင်၊ စိတ်ရှိတိုင်း မလုပ်နိုင်သည့်အခါ အသင်းတော်အနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသာမက ၀ိညာဉ်ပိုင်းဆိုင်ရာတွင်လည်း ကျဆင်းမှုများ ကြုံရတော့သည်။ ထိုအချက်ကို သတိပြုမိသော အသင်းတော်လူကြီးတို့က လက်ထောက်သင်းအုပ် ဆရာတပါးကို ရှာဖွေခန့်ထားရန် အကြံပြုသည်။ ဆရာကြီးက ခါးခါးသည်းသည်း ငြင်းဆိုလေသည်။ အသင်းတော်လူကြီးများကလည်း ဆရာကြီး စိတ်ဆင်းရဲမှာစိုး၍ နောက်ထပ် မည်သူမျှ အကြံမပြုဝံ့တော့ပေ။ ဆရာကြီးမှာ မိမိသည် ကျလူ ဖြစ်နေခြင်းကို သတိမမူနိုင်ပဲ  ငါ..အသက်ကြီးပေမဲ့၊ ..လုပ်နိုင်ပါသေးတယ်.. ဟု ပြောက မိမိမနိုင်သည့် ၀န်ကို အတင်းထမ်းကာ နိုင်သယောင် ဆောင်ရွက်သွားလာရာမှ ပင်ပမ်းမှုဒဏ်ကြောင့် ရုတ်တရက် အမောဖောက်ကာ ဆုံးပါးသွားရတော့သည်။

ထိုအဖြစ်အပျက်သည် ကျွန်တော်တို့အတွက် များစွာ သင်ခန်းစာ ယူရန် သင့်ပေသည်။ ယနေ့ ခရစ်ယာန် သာသနာလောကတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးနှင့် ဆင်တူအဖြစ်အပျက်များကို တွေ့နေရပေသည်။ မျိုးဆက်သစ် လူငယ်များအပေါ် အထင်မကြီးမှုများ၊ နေရာမပေးလိုမှုများ၊ လက်တွဲ မခေါ်ဆောင်မှုများကြောင့် သာသနာနှင့် အသင်းတော်သည် တိုးတက်အောင်မြင်သင့်ပါလျှက် မတိုးတက် မအောင်မြင်သော ကိစ္စရပ်များကို တွေ့နေရပေသည်။ ကျွန်တော် ထိုကဲ့သို့ ပြော၍ အသက်အရွယ် ကြီးရင့်သောသူများ တနည်းအားဖြင့် ကျလူများသည် နေရာဖယ်၍ တက်လူများဖြစ်သော လူငယ်များကို နေရာပေးရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အသက်အရွယ်အရသော်လည်းကောင်း၊ လူကြီးများတို့တွင် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရှိနေတတ်ပါသည်။ အသက်ငယ်သူများအနေဖြင့် သက်ကြီးဝါရင့် ပုဂ္ဂိုလ်များထံမှ ကောင်းသော အကြံဥာဏ်များ၊ လမ်းညွန်မှုများကို အမြဲတစေ မျှော်လင့်ထားရန် မမေ့သင့်ပါ။ သူတို့ထံသို့ ရိုသေလေးစားစွာဖြင့် ချဉ်းကပ်၍ ကောင်းသောအကြံဥာဏ်များကို ယူပြီး မိမိ၏ လုပ်ငန်းတွင် အားဖြည့်ရမည်ကို သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။ ထို့အတူ လူငယ်လူရွယ်များ၌ ရှိသော ခေတ်နှင့်ညီသည့် အတွေးအခေါ် ကြံဆမှုများနှင့် လုပ်ရည်ကိုင်ရည် စွမ်းအားများကို လူကြီးများထံမှ အကြံပြု လမ်းညွန်ချက်များနှင့် ပေါင်းစပ်လိုက်ပါက၊ လုပ်ငန်းအောင်မြင်မှုကို ကျိန်းသေ ရရှိမည်ကား မလွဲပင်ဖြစ်ပါသည်။

၁၉၉၁ ခုနှစ်ခန့်က ဖြစ်ပါသည်။ ခရစ်ယာန် အသင်းတော်များကောင်စီ လူငယ်ဌာနမှ ဆရာမ ဒေါ်မြမာလာက ကျွန်တော့်အား အစီးအစဉ်တစ်ခုတွင် တင်ပြမှုတစ်ခု ပြုလုပ်ပေးရန် မေတ္တာရပ်ခံပါသည်။ အစ်မသဖွယ် ခင်မင်သည်က တကြောင်းမို့၊ မည်သည့်အကြောင်းကို တင်ပြရမည်နည်းဟု မေးရာ စာပေနှင့်ပတ်သက်၍ လူငယ်တဦး၏ အမြင်ကို တင်ပြပေးရမည် ဟု ဆိုရာ ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။ ဖတ်မိဖတ်ရာ စာများထဲမှ မြန်မာစာပေလောအပေါ် သုံးသပ်ချက်များကို စုစည်းခဲ့ပါသည်။ အမှန်တကယ် တင်ပြချိန် ရောက်သောအခါ ကျွန်တော် ခေါင်းနဘန်းကြီးသွားပါသည်၊ အဘယ့်ကြောင့်ဆိုသော် (Y.M.C.A) ရှိ ခမ်းမတခုတွင် ခရစ်ယာန် စာရေးဆရာ တော်တော်များများက ကျွန်တော်နှင့်တကွ အခြားလူငယ်တဦး တင်ပြမည့် အကြောင်းအရာကို နားထောင်ရန် ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။ ပြောရမည့် ခေါင်းစဉ်မှာ "ခရစ်ယာန်စာပေအပေါ် လူငယ်တစ်ဦး၏ အမြင်" ဟူ၍ ဖြစ်ရာ "ဘုရားသခင်" ဟု တမိပါတော့သည်။ ကျွန်တော့ထက် အရင်တင်ပြမည့် လူငယ်မှာ ယခုအသင်းချုပ် ရုပ်ပြသံကြားဌာန တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာ စောမြမင်းလွင် ဖြစ်ပါသည်။ သူကတော့ ခေါင်းစဉ်ကို ပိုင်ပိုင်နိုင်နိုင် ရရှိထားရာ ခရစ်ယာန်စာပေအပေါ် သူ၏အမြင် သုံးသပ်မှုများကို ပီပီပြင်ပြင် ဇော်ပြသွားနိုင်ခဲ့သော်လည်း ကျွန်တော့မှာ ခရစ်ယာန်စာပေအကြောင်း ဘာမျှ စဉ်းစားထားခြင်း မရှိရကား အခက်တွေ့နေပြီး၊ ဇောချွေးများပင် ကျလာရပါသည်။ ပါးစပ်မှ တွေ့ကရာ ဟိုအကြောင်း၊ ဒီအကြောင်းများ ပြောနေရသော်လည်း မိမိပြောသော အကြောင်းမှာ ခေါင်းစဉ် ဦးတည်ချက်ကို လုံးဝ ထိမိခြင်း မရှိကြောင်း မိမိဘာသာ သိနေပါသည်။ သို့ရာတွင် ကျွန်တော်တို့ ၂ယောက်၏ တင်ပြမှုအပြီးတွင် ခပ်ပိန်ပိန် အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ဦးသည် ထိုင်ခုံမှ ထ၍ စကားပြောပါသည်။ ကျွန်တော်တို့ ခရစ်ယာန် စာပေလောကတွင် အလွန် နာမည်ထင်ရှားသော ဆရာကြီး "သံလျှင်ဖေသွင်" ဖြစ်ကြောင်း သိရပါတော့သည်။ ဆရာကြီးက ကျွန်တော်၏ တင်ပြ၊ သုံးသပ်သွားသော အချက်များအတွက် ချီကျူးအားပေးခဲ့ပြီး နောင်တချိန်တွင် ယခုပြောဆိုတင်ပြသွားသော လူငယ်များသည် ခရစ်ယာန်စာပေလောက၏ မျိုးဆက်သစ်တရပ်ကို ဦးဆောင်သွားမည့်သူများ ဖြစ်လိမ့်မည်ဟု မိမိယုံကြည်ကြောင်း နိဂုံးချုပ် ပြောဆိုသွားခဲ့ရာ ကျွန်တော့မှာ အမြှီးအမောက်မတည့် လွဲချော်မှုကြောင့် ရှက်ကြောက်၊ အားငယ်စိတ်မှ ၀မ်းမြောက်ရွင်လန်းစိတ် ဖြစ်ရကား ဘာပဲဖြစ်ဖြစ် ခရစ်ယာန် စာပေးရေးသားကြည်မည်ဟု ဆုံဖြတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြေစမ်းခရမ်းပျိုး အနေဖြင့် ခရီးသွားဆောင်းပါးတပုဒ်ကို အသင်းတော်များ ကောင်စီ၊ လူငယ်ဌာနမှ ထုတ်ဝေသည့် "အမြင်သစ်"  စာစောင်တွင် စတင်ရေးသားခဲ့ပါသည်။ ကျွန်တော့အား ဆက်လက်၍ ဆရာမ မြမာလာက အားပေး၍ ကျွန်တော်ရေးသားသော ခရီးသွားဆောင်းပါးကို အမြင်သစ် စာစောင်တွင် ထည့်သွင်းပေးခြင်းဖြင့်၊ ခရစ်ယာန်စာပေ စင်မြင့်သို့ တက်ရာ လှေခါးရင်းသို့ ပိုခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် အမှုတော်ဆောင်ဘ၀ အတွေ့အကြုံများကို မတတ်တခေါက်ဖြင့် ရေးသားရင်း မေတ္တာတမန် စာမျက်နှာများတွင် ကြိုးကြားဖြင့် ပါဝင်ခွင့်ရခဲ့ပါသည်။ စင်စစ်အားဖြင့် ကျွန်တော် စာမရေးတတ်ပါ။ စာကို ဘယ်လိုရေးရမည်နည်း ?  ဆိုသည်ကိုလည်း ကောင်းစွာမသိပါ။ မိမိသိရှိ ခံစားရသော အကြောင်းအရာလေးများကို မူတည်ကာ ဝေမျှ ရေးသားခြင်းဖြင့် ခရစ်ယာန် စာပေစင်မြင့် ထောင်တစ်နေရာတွင် ရောက်ရှိခဲ့ရပါသည်။ ကျွန်တော်သည် ဆရာစေရွှေရည် (ဆရာဆိုး)၊ ဆရာထွန်းမြတ်အေး၊ ဆရာမိုးစည်၊ ဆရာသံလျှင်ဖေသွင် တို့ကို များစွာ အားကျမိပါသည်။ သူတို့လို ကျွန်တော် စာမရေးတတ်ပါ။ သူတို့ကဲ့သို့ အလွန်ဖြစ်ချင်သည် ဟူ၍ စိတ်ထဲမှ မကြာခဏ တွေးမိပါသည်။

ထို့ကြောင့် ကျွန်တော့အနေဖြင့် မျိုးဆက်သစ် လူငယ်များ အားလုံးကို အားပေးချင်ပါသည်။ ကျွန်တော်တို့ ရှေ့တွင် ဂုဏ်ယူ စံထားဘွယ် ပုဂ္ဂိုလ်မြောက်များစွာ ရှိနေကြမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် အားမငယ်ကြပါနှင့်။ အကောင်းဆုံး ဆပ်ကပ် ကြိုးစား သွားရန် အားပေးလိုပါသည်။ အောင်မြင်မှု လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသော သူများအနေဖြင့်လည်း မျိုးဆက်သစ် လူငယ်များကို ကြိုဆိုပါ။ နေရာပေးပါ။ လက်တွဲပို့ဆောင်ပါ။ မြှင့်တင်၍ ခေါ်ဆောင်ပါ။ တနည်းအားဖြင့် မိမိတို့သည် အသက်အရွယ်ပိုင်းအရ "ကျလူ"  များဖြစ်နေပါပြီ။   "တက်လူ"  များကို နေရာပေးရန် လိုအပ်ပါသည်။ မန္တလေး-လာရှိုးလမ်း တောင်တက်၊ တောင်ဆင်း လမ်းကွေ့များတွင် တွေ့ရသော ဆိုင်းဘုတ်အတိုင်း - -

" သတိ .. အတက်ကားကို ဦးစားပေးပါ"

ဟူသော နှိုးဆော်ချက်ကို အမြဲသတိရလျှက် မျိုးဆက်သစ် လူငယ်များ၏ အရည်အချင်းကို အသိအမှတ်ပြု၍ သူတို့အား စင်မြင့်တနေရာသို့ ရောက်သည်အထိ ပို့ဆောင်ပေးရန် တာဝန်ရှိကြောင်းနှင့်၊ မိမိသည် အဆင်းဘ၀၊ ကျလူ ဖြစ်နေကြောင်းကို သတိရလျှက် ---

"သတိ .. အန္တရယ်ကုန်းဆင်း၊ ဂီယာကြီးနျင့်ဆင်းပါ"   ဟူသော သတိပေးချက်ကို နှလုံးသွင်းရင်း ခရိးဆက်ကြရန်လည်း နှိုးဆော်ပါသည်။

ကိုမေတ္တာ (သင်းအုပ်ဆရာ)



၂၀၁၀ခုနှစ်တွင် ထုတ်ဝေသော သင်းအုပ်ဆရာတစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ကိုမေတ္တာ (သင်းအုပ်ဆရာ) ၏ ၀တ္တုတို၊ဆောင်းပါးပေါင်းချုပ် စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။ ဆရာသည် ကယားပြည်နယ်၊ ဒီမောဆိုးဒေသတွင် အမှုတော်ထမ်းဆောင်လျှက်ရှိပါသည်။
ဆက်သွယ်ရန်၊ Email: This email address is being protected from spambots. You need JavaScript enabled to view it.   Mobile: +95 (092) 400 619


ဆရာကိုမေတ္တာဆောင်းပါးအချို့....

  1. ကိုမေတ္တာ (သင်းအုပ်ဆရာ) နှင့် မုရန်

    Category: General/Life Experience / Testimony ဘ၀အတွေ့အကြုံ

    ကိုမေတ္တာ(သင်းအုပ်ဆရာ) ၏ "သင်းအုပ်ဆရာတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်" စာအုပ်မှ ဆောင်းပါးများကို မုရန်တွင် အသုံးပြုနိုင်ပါသည်ဟု ပေးအပ်ခဲ့ပါသည်။ ဆော့ကော်ပီလည်း ပေးခဲ့သော်လည်း ပေ့ခ်ျမိတ်ကာ၊မြန်မာဖောင့်များကို ပြန်လည်ပြောင်းရန် ... Tuesday, 31 January 2012
  2. အမှတ်ရစရာ - နာဂတို့မြေမှာ (စာအုပ် eBook) - ကိုမေတ္တာ(သင်းအုပ်ဆရာ)

    Category: General/Knowledge ဗဟုသုတ

    အမှတ်ရစရာ - နာဂတို့မြေမှာ” အခန်း (၁-၁၅) ကိုမေတ္တာ(သင်းအုပ်ဆရာ) ကိုမေတ္တာတစ်ယောက်နာဂတောင်တန်းမှာ(၇)နှစ်(၇)မိုး ဘုးရားသခင်ရဲ့စေတမန်အဖြစ် သွားလာ လှုပ်ရှားခဲ့တဲ့အချိန်တွေမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကလေးတွေကို ... Sunday, 18 December 2011
  3. “အမှတ်ရစရာ - နာဂတို့မြေမှာ” အခန်း (၁) “ကျွန်တော်နှင့်မျောက်သားဟင်းတစ်ခွက်”

    Category: General/Traveller Record ခရီးသွားမှတ်တမ်း

    ကိုမေတ္တာ(သင်းအုပ်ဆရာ) ကိုမေတ္တာတစ်ယောက်နာဂတောင်တန်းမှာ(၇)နှစ်(၇)မိုး ဘုးရားသခင်ရဲ့စေတမန်အဖြစ် သွားလာ လှုပ်ရှားခဲ့တဲ့အချိန်တွေမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကလေးတွေကို ဇာတ်ကြောင်းပြန်ပြီးပြောပြ ... Sunday, 04 December 2011
  4. အတက်ကားကို ဦးစားပေးပါ - ကိုမေတ္တာ (သင်းအုပ်ဆရာ)

    Category: General/Spiritual ၀ိညာဉ်ရေးရာ

    ကိုမေတ္တာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး - မန္တလေး  အသွားကားလမ်းပေါ်တွင်ဖြစ်သည်။ ကျွန်တော်စီးနင်းလိုက်ပါသော ဗင် ကားကလေးသည် လမ်းဖြောင့်ပေါ်တွင် အရှိန်နှင့် တရိပ်ရိပ် ပြေးလို့နေသည်။ ကားလေးမှာ အတော်ကောင်းသဖြင့်လည်းကောင်း၊ ... Friday, 11 November 2011
  5. လူမျိုးပေါင်းစုံကိုဆောင်ယူရပါသည် 14/6/2011

    Category: General/Daily Scripture နေ့စဉ်နှုတ်ကပတ်တော်

    ... ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌ တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။” (ဧ ၄း၁၆) ဘုရားရှိခိုးကျောင်းသည် သင်းအုပ်ဆရာ သို့မဟုတ် ၀တ်ပြုကိုးကွယ်ခြင်းပြုရန် ခေါင်းဆောင် လိုအပ်ပါသည်။ ဤဘုရားရှိခိုးကျောင်းသည်အသစ်သို့မဟုတ် ... Wednesday, 15 June 2011
  6. မဟောဖြစ်သည့်တရားတစ်ပုဒ်

    Category: General/Life Experience / Testimony ဘ၀အတွေ့အကြုံ

    ကိုမေတ္တာ(သင်းအုပ်ဆရာ) "ဗူး ....  ပူအိုက်လိုက်တာကလည်း လွန်ရောကွာ"  " သြော် .. မောင်ပြန်လာပြီလား" ပြောပြောဆိုဆိုဖြင့် ကိုမေတ္တာချွတ်၍လုပ်ပေးလိုက်သော တိုက်ပုံအင်္ကျီ ကိုယူကာ အင်္ကျီချိတ်တွင်လှမ်းချိတ်လိုက်ရင်း ... Wednesday, 18 May 2011
  7. ယနေ့တွတ်ပီ ကံမကောင်းပါ

    Category: General/Spiritual ၀ိညာဉ်ရေးရာ

    ကိုမေတ္တာ(သင်းအုပ်ဆရာ) "ဆရာ .. လွန်ခဲ့တဲ့ ဆန်းဒေးမနက်စောစောကပဲ သမီးလေးတစ်ယောက် ထပ်ရတယ်" "ဟ ... သမီးချည်းပဲ (၃)ယောက်၊ ပွတာပဲ" "ဟုတ်တယ်ဆရာ။ ဒါကြောင့် လွန်ခဲ့တဲ့ အပတ်က ကျွန်တော် ဘုရားကျောင်း မရောက်နိုင်တာပေါ့" ... Friday, 28 January 2011
  8. ကျွန်ုပ်မအားပါဟု မဆိုပါနှင့် ....

    Category: General/Spiritual ၀ိညာဉ်ရေးရာ

    ... တိုက်တွင်း ဝေမျှရင်... ကိုမေတ္တာ (သင်းအုပ်ဆရာ) ဆိုင်ဘောသဲကျေးရွာ (Nov2010) ဒီမောဆိုးမြို့နယ်၊ ကယားပြည်နယ် +၉၅ (၀၉၂) ၄၀၀ ၆၁၉ သင်းအုပ်ဆရာတစ်ယောက်၏ ဖွင်ဟ၀န်ခံချက် စာအုပ်မှ ကောက်နုတ်ဖေါ်ပြသည်။  ... Tuesday, 19 October 2010
  9. ရွှေရတနာနယ်မြေ - ပြည်ပရောက်သင်းအုပ်ဆရာ(၇)

    Category: General/Life Experience / Testimony ဘ၀အတွေ့အကြုံ

    ... "သစ္စာတရားနှင့်နေထိုင်ရန်" တရားဒေသနာဟောကြားသွားခဲ့ပါသည်။ ဆရာစောမင်းလွင် ကလောင်အမည်  ကိုမေတ္တာ (သင်းအုပ်ဆရာ) ဆိုင်ဘောသဲကျေးရွာ (Nov2010) ဒီမောဆိုးမြို့နယ်၊ ကယားပြည်နယ် +၉၅ (၀၉၂) ၄၀၀ ၆၁၉  ... Saturday, 07 August 2010
  10. "ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့" - ကိုမေတ္တာ(သင်းအုပ်ဆရာ)

    Category: General/Life Experience / Testimony ဘ၀အတွေ့အကြုံ

    "ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့"  ကိုမေတ္တာ (သင်းအုပ်ဆရာ) "စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည်" ဆိုတဲ့ တမန်တော်ကြီး ရှင်ပေါလုရဲ့ သြ၀ါဒဟာ တကယ်တော့ လူ့လောကကြီးရဲ့ နိယာမအမှန်တရား တစ်ခုဆိုတာ ဘယ်သူကမှ ငြင်းလို့မရပါဘူး။ ... Sunday, 11 July 2010
  11. သတ်ပုံမှားသော်လည်း

    Category: General/Literature စာပေ

    သတ်ပုံမှားသော်လည်း - ကိုမေတ္တာ(သင်းအုပ်ဆရာ)     'ကိုးလလွယ်၊ ဆယ်လဖွား' သားသမီးများကို ၀မ်းနှင့်လွယ်ကာ ကျွေးမွေးစေါင့်ရှောက်ရသူ 'အမေ' များသည် အတော်ပင် အံ့သြဖို့ကောင်းကြပါသည်။ ကျွန်တော်သည် သားနှင့် သမီးတို့၏ ... Sunday, 06 June 2010
  12. ရှုံးခဲ့ဖူးပါသည်

    Category: General/Spiritual ၀ိညာဉ်ရေးရာ

    ကိုမေတ္တာ (သင်းအုပ်ဆရာ) “ချောက်” ဘက်ထရီမီးချောင်းခလုတ်ကလေးကို ဖွင့်လိုက်ရင်း မျက်စိကြောင်စွာဖြင့် ထထိုင်လိုက်ပါသည်။ ခေါင်းရင်းတိုင်ကပ်နာရီမှ “ဒင်း …ဒင်း” ဟူသော ညသန်းခေါင်ကျော်၍ နံနက်ပိုင်း(၂)နာရီပင် ... Sunday, 25 April 2010
  13. ဒုက္ခလို့သာမှတ်လိုက်ချင်ပါသည်

    Category: General/Spiritual ၀ိညာဉ်ရေးရာ

    ကိုမေတ္တာ (သင်းအုပ်ဆရာ) “ရတာမလို၊ လိုတာမရ” “လူ့အလို၊ နတ်မလိုက်နိုင်” သော လူ့ဘောင်လောကကြီးသည် လွယ်မလို လိုနှင့် ခက်တတ်ပါသည်။ တစ်ခါတစ်ရံတွင် လောကီလောကနယ်ပယ်တွင် ဘုရားသခင်ခန့်ထားခြင်းခံရ သော အမှုတော်ဆောင်များ၏ဘ၀ကို ... Friday, 02 April 2010

 

Nov-Dec 2012  ထိုင်းနိုင်ငံ၊ ကရင်နီကျမ်းစာကျောင်း အချိန်ပိုင်းပို့ချရန် ဆရာကိုမေတ္တာ ဘန်ကောက်တွင်ရှိနေပါသည်။
ဆက်သွယ်ရန်

Email: This email address is being protected from spambots. You need JavaScript enabled to view it.   Mobile: +95 (092) 400 619

ထိုင်းနိုင်ငံ (Thailand) +66 85215057
Facebook:
http://www.facebook.com/ko.maitta



Saya Ko Maitta Famil in Facebook (ဆရာကိုမေတ္တာ မိသားစု - ၂၀၁၂)