ဆရာဒေးဗစ်လား .. 7 Mountains by David Lah

 

ကမ္ဘာလှည့်ပြီး၊ မြန်မာလူစုထဲသာမက - အင်္ဂလိပ်စကားပြောနိုင်ငံ၊လူမျိုးများကို သာသနာပြုနေသော ဆရာဒေးဗစ်လား ဖြစ်ပါသည်။

မြန်မာလူမျိုးမိဘတို့မှ  မြန်မာပြည်တွင် မွေးဖွားလာပြီး၊ ရေကြည်ရာမြက်နုရာ ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရွှေ့ပြောင်းလာခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံ အမ်စီအေအသင်းတော်တွင် ၅နှစ်ခန့် သီဆိုချီးမွမ်းခြင်းများနဲ့ဆပ်ကပ်ပါဝင်ခဲ့သည်။ ပုံမှန် အသင်းတော်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ အသင်းသားဖြစ်သည်။ မိခင်အင်္ဂလိပ်ဆရာမဖြစ်သော်လည်း အင်္ဂလိပ်စကား၊ ကောင်းမွန်စွာ မပြောနိုင်ကြောင့်လို့ သိမ်ငယ်ခဲ့ရသည်။  ဟန်ဆောင်ပြီး အင်္ဂလိပ်စကား တတ်သလို နေခဲ့ရသည်။ အင်္ဂလိပ်လိုပြောခြင်းကို နားမလည်ပေမဲ့ နားထောင်ခဲ့ရတဲ့ဘ၀မှ အင်္ဂလိပ်လို တရားဟောနိုင်အောင် ဆုတောင်း၊ ဆပ်ကပ်၊ ကြိုးစားခဲ့သည်။

နောက်ပိုင်း ကနေဒါကို ရွှေ့ပြောင်းပြီး အိမ်ထောင်ကျ၊ မိသားစုဘ၀နဲ့ ဘ၀ကို ရုန်းကန်ကြိုးစားရင်း၊ အသက်မွေးမှုလုပ်ငန်းများလုပ်ကိုင်ရင်း နောက်ဆုံး ဘုရားထံ လုံးဝအပ်နှံ။ အစေခံလုပ်ငန်းပဲ လုပ်တော့မယ် ဆုံးဖြတ်ခဲ့သည်။

ကနေဒါနိုင်ငံ မိခက်အသင်းတော်မှ ကနေဒါလူမျိုး၊ လူဖြူ၊လူမည်းများနဲ့ ၀တ်ပြုကိုးကွယ်၊ ဆည်းကပ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်၊ ဒိန်းမတ်၊ သြစတြေးလျှားအသင်းတော်များထံ လှည့်လည်ပြီး ဧ၀ံဂေလိတရားဒေသနာများ ကမ္ဘာလှည့်လည် ဟောကြားနေသူဖြစ်သည်။

ယခင်အပတ်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျမ်းစာသင်တန်းပို့ချခဲ့သော 7 Mountains ကို အမ်စီအေ အင်တာနက်မှတဆင့် MP3 ဖြစ်စေ၊ Video ရုပ်သံဖြစ်စေ နားဆင်ရန် လင့်များဖြစ်ပါသည်။

(Mp3)                          (Movie)

  1. Play Download Play Download
  2. Play Download Play Download
  3. Play Download Play Download
  4. Play Download Play Download
  5. Play Download Play Download
  6. Play Download Play Download
  7. Play Download Play Download
  8. Play Download Play Download
  9. Play Download Play Download
  10. Play Download Play Download

THY KINGDOM COME


စင်ကာပူအသင်းတော်များတွင် ၂၀၁၁ ဇွန်လ ကျမ်းစာသင်တန်းများ၊ တရားဒေသနာများ ဝေငှခဲ့ပါသည်။ ယုဒသန်နှစ်ခြင်းအသင်းတော်တွင် ဟောပြောပို့ချမှု လင့်ခ်များဖြစ်ပါသည်။


ဘန်ကောက်မြို့ အမ်စီအေအသင်းတော်မှာ ၃၀-အောက်တိုဘာ-၂၀၁၁ ဒေသနာ MP3 နားဆင်ရန်လင့်
http://murann.com/sermons/davidlah



အမ်စီအေ ဓမ္မဆရာများနှင့်ဆရာဒေးဗစ်လာ  အောက်တိုဘာ၂၀၁၁ ဘန်ကောက်မြို့
ဆရာဦးဇော်မင်း၊ ဆရာဒေးဗစ်လား၊ ဆရာတူးဂျာ၊ ဆရာမန်းထွန်းမြ၊ ဆရာစိုင်းအေး  Ref: David Lah Facebook

မုရန်
၂၈-အောက်တိုဘာ-၂၀၁၁

 

 

တောင်ခုနှစ်လုံး 7 Mountains

အသေးစိတ်ကို အောက်က လင့်ခ်မှာ ဖော်ပြထားပါတယ်။
http://en.wikipedia.org/wiki/Dominionism

Joel Army's
7 Mountain Strategy

ဒီယောလတပ် အဖွဲ့ဟာ နည်းဗျူဟာများကို ချမှတ်လျက်ရှိပါတယ်။ အဲဒီ နည်းများထဲက တနည်းကတော့ တောင် ခုနှစ်တောင်ဆိုတဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ဦးတည်ချက်ကတော့ တောင်ခုနှစ်တောင်လုံးကို ကိုင်ချုပ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။


သိပြီးကြမှာ ဖြစ်တဲ့အတိုင်း တောင်ခုနှစ်တောင်တွေကတော့


စီးပွားရေးဆိုတဲ့တောင်
မီဒီယာဆိုတဲ့တောင်
ပညာရေးဆိုတဲ့တောင်
ဖျော်ဖြေရေးဆိုတဲ့တောင်
အုပ်ချုပ်မှုအစိုးရဆိုတဲ့တောင်
မိသားစုဆိုတဲ့တောင်
ဘာသာရေးဆိုတဲ့တောင်
တို့ပဲ ဖြစ်ပါတယ်။

Murann..(13Nov2012)