ကမ္ဘာ့အံ့ဖွယ် ပက်ထရာသို့ အထူးခရီး Petra (The New 7 Wonders of the World) အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံခရီး၊ ကမ္ဘာ့အံ့ဖွယ် ပက်ထရာသို့ အထူးခရီး Petra (The New 7 Wonders of the World)



သိန်း၂၀ လောက်နဲ့ ၁၁ရက်ဘုရားဖူးခရီး။ ယေရုဆလင် (အရှေ့လည်ပိုင်းခရီးစဉ်). မိမိကိုယ်တိုင် မရောက်ဖူးသေးပါ။
good to learn from fb.
.
မြင့်မြတ်သောအရပ်ဒေသသို့ အလည်တစ်ခေါက် . သွားလည်ဖို့ ငွေကြေးမပိုလျံသေးသူများအတွက် Online မြန်မာလို ဖတ်ရှု ကြည့်ရှုနိုင်ပါတယ်။ 
https://www.slideshare.net/mobile/murannezine/htoosanrecord

ခရစ်တော်

' ဒီလောကသားတွေ ကယ်တင်ဖို့ အစ္စရေးနိုင်ငံ လူမျိုးထဲမှာ ယေရှုကို မွေးဖွားစေပါတယ်။

' ယေရှု သာမန်လူသားအဖြစ် အနှစ်၃၀ အသက်ရှင်ပြီး ၃နှစ် ကယ်တင်ခြင်းတရားပြောပါတယ်။ တန်ခိုးများစွာပြခဲ့ပါတယ်။

' အကြီးမားဆုံးတန်ခိုး ကတော့ ပရောဖက်များ ကြိုတင်ဟောပြောတဲ့အတိုင်း အပြစ်မဲ့တဲ့ ယေရှု လက်ဝါးကပ်တိုင်ပေါ် ကျနုပ်တို့ အတွက် အသေခံပါတယ်။

' သေလွန်ပြီး ကျမ်စာရေးထားတဲ့အတိုင်း ၃ရက်အကြာ အသက်ပြန်ရှင်လာပါတယ်။ ယေရှုသေသွားလို့ စိတ်ပျက်အားကိုးရာမဲ့ ဖြစ်နေတဲ့ တပည့်တော်များ ယေရှုကိုမြင်တော့ ပြန်လည်ခွန်အားပြည့်လာပါတယ်။

' ယေရှု ရက်ပေါင်း၄၀ တပည့်တော်များနဲ့ တရားဟော စားသောက်ရင်း ကောင်းကင်ဘုံကို တက်သွားပါတယ်။ ကောင်းကင်ဘုံက ကျနုပ်တို့ကို စောင့်နေပါတယ်။

' ယေရှု တဖန်အသက်ရှင်ခြင်းက ယေရှုမွေးဖွားခြင်းထက် အရေးကြီးလှပါတယ်။ ခရစ်တော်ကို ယုံကြည်သူများ ဒီနေ့ ရှင်ပြန်ထမြောက်ရာနေ့ တနင်္ဂနွေ မနက်၆နာရီ ဝတ်ပြုကိုးကွယ်ကြပါတယ်။

မုရန် 


*******************************
Business Plus Travel & Tours added 7 new photos.

March 1 · 

မေလ ပရိုမိုးရှင်း

ကမ္ဘာ့အံ့ဖွယ် ပက်ထရာသို့ အထူးခရီး
Petra (The New 7 Wonders of the World)

အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံခရီး
------------------------------------------------

ခရီးစဉ်ကာလ- 
(၂၀၁၆)ခုနှစ်၊ မေလ (၁၆)မှ (၂၆) ရက်နေ့ထိ - (၁၁ ရက်ခရီး)
တစ်ဦးလျှင် US$ (၂၃၉၀)
------------------------------------------------

အသေးစိတ် မေးနေကျမေးခွန်းနှင့် အဖြေများကို အောက်တွင် ဖော်ပြထားပါသည်။ (FAQs)

မေး။ ခရီးစဉ်အတွင်း မည်သည့်နေရာများသို့ရောက်ရှိမည်နည်း။
ဖြေ။ ခရီးစဉ်အတွင်း ကိုင်ရို၊ အီဂျစ်ပိရမစ်များ၊ ဆိုင်းနိုင်းသဲကန္တာရ၊ စူးအက်တူးမြောင်း၊ ပင်လယ်နီ၊ သိနာတောင်၊ ယေရုရှလင်မြို့၊ ဗက်လင်မြို့၊ နာဇရက်မြို့၊ တဲလ်လဗစ်မြို့၊ တိဗီရိမြို့၊ ဂါလိလဲ၊ ယော်ဒန်မြစ်၊ ပင်လယ်သေ၊ ပက်ထရာ၊ အာမန်မြို့၊ နေဗောတောင်… ကဲ့သို့သော နေရာများအပြင်၊ သမိုင်းဝင်နာမည်ကြီး နေရာပေါင်းများစွာသို့ ရောက်ရှိမည်။

မေး။ ခရီးစဉ်အတွင်း တည်းခိုမည့် ဟိုတယ်နှင့် အဆင့်များကို သိလိုပါသည်?
ဖြေ။ ခရီးစဉ် အစမှအဆုံး တည်းခိုရန်အတွက် Le Meridien ကဲ့သို့သော 5 star ဟိုတယ်များ၊ 4/3star အဆင့်ရှိသည့် အဆင့်မြင့်ဟိုတယ်ကြီးများတွင် တည်းခိုရန် စီစဉ်ထားပါသည်။

မေး။ ခရီးစဉ်အတွင်း လေကြောင်းလိုင်း အစီအစဉ်ကို သိလိုပါသည်။ 
ဖြေ။ အကောင်းဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Qatar Airways ဖြင့် အသွား-အပြန် စီစဉ်ထားသည်။

မေး။ ခရီးစဉ်အတွင်း စီးနင်းမည့် တိုးကား အမျိုးအစားကို သိလိုပါသည်။
ဖြေ။ နာမည်အကြီးဆုံး VIP တိုးကားကြီးများဖြစ်သော၊ မာစီးဒီး နှင့် Volvo B7R ကဲ့သို့သော (၂၀၁၄)မော်ဒယ် အဆင့်မြင့်ဆုံး၊ ဇိမ်ခံတိုးကားကြီးများကို အသုံးပြုထားသည့်အပြင်၊ မြန်နှုန်းမြင့် အင်တာနက် ၀ိုင်ဖိုင်(Wi-Fi) များ ကိုလည်း အချိန်ပြည့် ထုတ်လွှင့်ပေးထားမည်ဖြစ်သည်။

မေး။ ခရီးစဉ်အတွင်း အစားအသောက်များကို ဘယ်လိုစီစဉ် ထားပါသလဲ?
ဖြေ။ ဟိုတယ်ဘူဖေးဖြင့် နံနက်စာနှင့် ညစာများကို စီစဉ်ထားပြီး၊ နေ့လည်စာများကို တရုတ်ဘူဖေးအစားအသောက် များအပြင်၊ ဒေသအစားအသောက်များဖြင့် စီစဉ်ထားပါသည်။

မေး။ ခရီးစဉ်အတွင်း သောက်ရေသန့်ဘူးများအား အခမဲ့ပေးပါသလား?
ဖြေ။ ခရီးစဉ်အတွင်း သောက်ရေသန့်ဘူးများအား (unlimited) ကြိုက်သလောက် သောက်သုံးနိုင်ရန် အခမဲ့ စီစဉ်ထား သည့်အပြင်၊ အချိုရေဘူးများအားလည်း လိုအပ်ပါက အထူးစီစဉ်ပေးသည်။

မေး။ ခရီးစဉ် ကုန်ကျစရိတ်တွင် ရောက်ရှိမည့်နေရာများ၏ ၀င်ကြေးများပါဝင်ပါသလား?
ဖြေ။ ခရီးစဉ် ကုန်ကျစရိတ်တွင် ရောက်ရှိမည့်နေရာများအားလုံး၏ ၀င်ကြေးများအားလုံး ပါဝင်ပြီး ဖြစ်သည်။

မေး။ ခရီးစဉ် ကုန်ကျစရိတ်အပြင် ငွေကြေးထပ်မံပေးဆောင်ရန် လိုအပ်ပါသလား?
ဖြေ။ ငွေကြေး ထပ်မံပေးဆောင်ရန် လုံးဝ မလိုအပ်တော့ပါ။ အပြီးအစီးဖြစ်သည်။ ပြည်ဝင်ခွင့်ဗီဇာများ၊ နေထိုင်စရိတ် များအားလုံး ပါဝင်ပြီး ဖြစ်သည်။

မေး။ Discount ရှိပါသလား? 
ဖြေ။ အယောက်(၂၀)ဦး စုစည်းလိုက်ပါလျှင် (၁)ဦးအခမဲ့။ အချိန်ပြည့် အမှုတော်ဆောင်များ၊ ဘုန်းတော်ကြီးများအား ဒေါ်လာ(၇၀)တိတိ လျှော့ပေးသည်။ ခရီးစဉ်အတွင်း မွေးနေ့ကျရောက်ပါက ဒေါ်လာ (၂၀)တိတိ လျှော့ပေးသည့် အပြင် မွေးနေ့ပွဲ ကြီးကျယ်စွာ ကျင်းပပေးသည်။ အဖွဲ့လိုက် သွားလိုသူများအတွက်လည်း အထူးနှုန်းထားများ စီစဉ်ထားသည်။

_____________________________

ထူးခြားသော အဆင့်မြင့်ဝန်ဆောင်မှုများ-
✔ မြန်မာဘာသာစကားဖြင့် ခရီးစဉ် အစ၊ အဆုံး၊ လမ်းညွှန်သည်။
✔ စုံတွဲ၊ ဇနီးမောင်နှံနှင့် မိသားစုများအတွက် ကာနမင်္ဂလာဆောင်ဘုရားကျောင်းတွင် မင်္ဂလာဆောင်ခြင်း၊ မင်္ဂလာ နှစ်ပါတ်လည် အထူးဝတ်ပြုခြင်းမျာကို စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးသည်။
✔ ယော်ဒန်မြစ်တွင် နှစ်ခြင်းမင်္ဂလာ ခံယူလိုသူများအတွက် အထူးစီစဉ်ဆောင်ရွက်ပေးသည်။
✔ နိုင်ငံကူးလက်မှတ် မရှိသေးသူများအား ကူညီဆောင်ရွက်ပေးသည်။
✔ နယ်ဝေးဧည့်သည်များအတွက် ရန်ကုန်မြို့တွင် တည်းခိုဆောင်အခမဲ့ စီစဉ်ပေးသည်။

_____________________________
Business Plus Travel & Tours
အမှတ် (၁၄၁)၊ အခန်း (၈၀၅)၊ ဗားကရာကွန်ဒို (ဓာတ်လှေကားနံပါတ်-၃)
ဗားကရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
Ph: 01-518147; 09-73194300