ပီနန်မြို.မှမိုးရက်များ(၁၀) (၁၂) Rev.Cho


ပီနန်မြို.မှမိုးရက်များ (၁၂)

May 20, 2012 at 10:11pm

ပီနန်လာ.ဆာမှာအဓိကအနေနဲ. အချဉ်ဓာတ်ရှိတဲ. ပန်းရောင်ပန်းကလေးတွေပါပါတယ်။

စားကောင်းတဲ.အဲဒီပန်းလေးတွေကို ပီနန်တောတောင်ထဲကရရှိတာပါ။ အနံ.မွှေးမွှေးလေးနဲ.စားလို.တကယ်ကောင်းတာပါ။ မုန်.ဖတ်ကတော.နန်းကြီးဖြစ်ပြီး ငါးအဖတ်အနှစ်တွေအပေါ် ပူစီနံအုပ်ထားတော. အနံ.စုံရသာစုံပါပဲ။

ရွှေအစ်ကိုတွေဆို တခါတည်း၂ပွဲဆွဲကြလေ.ရှိပါတယ်။ ပီနန်မြို.ခံတွေက တခြားကလာတဲ.ဧည်.သည်တွေကို ပီနန်လာ.ဆာနဲ. ဂုဏ်ယူစွာဧည်.ခံကျွေးမွေးလေ.ရှိပါတယ်။ ရွှေမတို.ပီနန်ရောက်ခါစက တရုတ်ဆရာမတစ်ယောက် သူ.ကားနဲ.အဆောင်လာခေါ်ပြီး တကူးတကလိုက်ကျွေးဖူးပါတယ်။

ညနေပိုင်းလောက်ဆိုရင် ပီနန်ကျွန်းမှာအကြီးဆုံးဖြစ်တဲ. ကွင်းစ်ဘေမော (Queensbay Mall) ကိုလိုက်ပို.ပါတယ်။ ကွင်းစ်ဘေမောက ပီနန်အပြည်ပြည်ဆိုင်ရာလေယဉ်ကွင်းရှိတဲ. ဘရန်လပါတ်စ်(Bayan Lepas) မြို.နယ်ထဲမှာရှိတာပါ။ မောအထဲတစ်ပါတ်လောက်ပါတ်ကြည်.ပြီး မောအပြင်ဘက်က

ကမ်းခြေတလျောက်လိုက်ပြပါတယ်။ စွန်လွှတ်နေသူတွေ၊ ပင်လယ်လေညင်းခံအပန်းဖြေနေသူတွေနဲ. ကမ်းခြေတလျောက်လုံးသက်ဝင်လှုပ်ရှားနေတတ်ပါတယ်။ အဲဒီကမ်းခြေတလျောက်ရဲ. အဓိကအချက်က ပီနန်တံတားကြီးကိုလှမ်းမြင်ရတဲ. ကဗျာဆန်ဆန်လှတဲ.ရှုခင်းပါပဲ။

ပင်လယ်ကြီးခြားနေတဲ. ပီနန်မြို.ကြီး (Penang Mainland) နဲ.

ပီနန်ကျွန်းမြို.လေး (Penang Island) ကို ပီနန်တံတားကြီးကဆက်သွယ်ထားတာပါ။

၁.၃ကီလိုမီတာရှည်ပါတယ်။ အရင်၎လမ်းသွားတုန်းက တံတားပေါ်ကားအသွားအလာကြပ်လွန်းတာကြောင်. ၂၀၀၉တုန်းကမှ ၆လမ်းသွားအဖြစ်ချဲ.လိုက်တာပါ။ တံတားကြီးပေါ်ဖြတ်မောင်းသွားရင်း တံတားကြီးအလှ၊ ပင်လယ်ကြီးအလှခံစားဓာတ်ပုံရိုက်ဖို. ခေတ္တခဏကားရပ်ရန်နေရာသတ်မှတ်ထားတာလည်းရှိပါတယ်။

 

ပီနန်ရောက်သူတော်တော်များများ ပီနန်တောင်(Penang Hill or Bukit Bendera)ကိုတက်လေ.ရှိပါတယ်။ အရင်လကဖော်ပြခဲ.တဲ. ကလော.စီတောင်ပေါ်ဘုရားရှိတဲ. အိုက်ရာအိုက်တန်(Air Itam)

မြို.နယ်ထဲမှာတည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၇၅၀ မြင်.ပါတယ်။

ပီနန်တောင်ကို မနက်စောစောသွားတာအကောင်းဆုံးပါ။ တောင်ပေါ်ကိုရထားလေးနဲ.တက်ရပါတယ်။

မနက် ၆နာရီခွဲမှ ညနေ ၉နာရီအထိ ရထားဖွင်.ပါတယ်။ နာရီဝက်လျင်တစင်းကျအတက်အဆင်းရှိပါတယ်။ ကြားရက်တွေမှာလက်မှတ်ဝယ်ရသိပ်မခက်ပေမယ်. အများပြည်သူရုံးပိတ်ရက်တွေ၊ စနေ၊ တနင်္ဂနွေလိုရက်မျိုးတွေဆိုရင် လူကြိတ်ကြိတ်တိုးနေတော. လက်မှတ်ဝယ်ပြီးစောင်.ပေရော.။

မကြာခင်ကမှ ရထားအသစ်ကြီးတပ်ဆင်ပြေးဆွဲတာမို. လက်မှတ်ခတွေတက်သွားတာပါ။

အရင်ရထားအဟောင်းလေးတုန်းက မလေးရှားငွေ အတက်၎ကျပ် အဆင်း၎ကျပ်ပဲပေးရတာပါ။ ဖြည်းဖြည်းလေးတက်သွားတာမို. တောတောင်ရှုခင်းတွေ၊

တောနေသတ္တဝါတွေ၊မျောက်တွေ တဝကြီးကြည်.ရပါတယ်။

ခုရထားအသစ်ကြီးက တောင်ပေါ်အမြန်တက်သွားတာမို. အရင်လိုကြည်.ရ၊ တွေ.ရဖို.မရှိတော.ပါဘူး။

အတက်အဆင်းလက်မှတ်ခက သာမန်မလေးနိုင်ငံသားတွေအတွက် မလေးရှားငွေ ၈ကျပ်၊

ကလေးတွေ၊ ကျောင်းသားတွေနဲ. သက်ကြီးရွယ်အိုတွေအတွက် ၄ကျပ်ပါ။ နိုင်ငံခြားသားတွေအတွက်

မလေးရှားငွေ ၃၀ကျပ်ပေးရပြီး  ကလေး၃နှစ်ကနေ ၁၂နှစ်အထိ ၁၅ကျပ်ပေးရပါတယ်။ တခါတလေ ရထားစစ်ဆေးပြင်ဆင်နေလို.ဆိုပြီးပိတ်တာတွေလည်းရှိတော. ကြိုတင်စုံစမ်းမှတော်ကာကျတာပါ။

ဒူဘိုင်းကသူငယ်ချင်းတွေလာတုန်းက ပိတ်တာနဲ.တိုးလို. တောင်ခြေကလှည်.ပြန်လာရဖူးပါတယ်။

တကယ်တန်းတောင်ပေါ်မှာကြည်.စရာ၊ လည်စရာသိပ်မရှိပါဘူး။

ပီနန်မြို.လေးကို အပေါ်စီးကဘေးတိုက်မြင်ရတဲ.ရှုခင်းပဲရှိတာပါ။ တခြားရှိတာတွေကတော.

ဟိန္ဒူဘုရားကျောင်းတခုရယ်၊ မွတ်စလင်ဗလီတခုရယ်၊ စားသောက်ဆိုင်တန်းရယ၊် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းတဲ.ဆိုင်လေးတွေရယ် ဒါလောက်ပါပဲ။

ရွှေမတို.ဗမာပြည်မှာရှိတဲ. မန္တလေးတောင်တက်ဖူးသူတွေလာရင်

 

“တို.မန်းတောင်ကမှလှသေး။ ကြည်.စရာစုံသေး။ ဒီပီနန်တောင်မှာ မှတ်သားစရာလည်းဘာမှမရှိပါလား.... ”

 

နဲ.ပြောတဲ.သူတွေလည်းရှိပါတယ်။ ရွှေမတို.ရောက်ခါစ ၂၀၀၇ခုနှစ်လောက်က

သစ်တောထဲ ကွေ.ထိုးထားတဲ.ကြိုးတံတားလေးရှိပါတယ်။ လက်မှတ်တစောင် ၅ကျပ်ပေးရတယ်ထင်ပါတယ်။ သေချာမမှတ်မိတော.ပါဘူး။ ယိမ်းယိမ်းထိုးထိုးနဲ. လျောက်သူကိုရင်ခုန်စေတဲ.ခံစားချက်ကိုတော.မမေ.ပါဘူး။ ခုတော.အကြောင်းပြချက် မည်မည်ရရမသိရပဲ ပိတ်ထားတယ်လို.သိရပါတယ်။

 

ဆက်ပါဦးမည်........

ရွှေချစ်မိုး

 

မလေးရှားနိုင်ငံထုတ် အပြင်စီးမဂ္ဂဇင်း( မေလ၊၂၀၁၂)  (Rev. Cho's Facebook)

ပီနန်မြို.မှမိုးရက်များ(၁၀)

March 13, 2012 at 12:49pm

မလေးရှားမှာ ကလေးတွေကို ထိန်းကျောင်းသင်ပြ ပြောဆိုကြတာရွှေမတို.ရပ်ရွာနဲ. အများကြီးကွာဟပါတယ်။

ကလေးတွေကို အရမ်းအလေးထားပါတယ်။ မိဘတွေ၊ဘိုးဘွားတွေနဲ.ကလေးထိန်းတွေဟာ ကလေးတွေကို အသေးအဖွဲလေးကအစ

“အိုး... သိပ်တော်တာပဲ။ သိပ်တတ်တာပဲ။ညဏ်ကောင်းလိုက်တာ။” နဲ.တဖွဖွချီးကျူး အားပေးတတ်ကြပါတယ်။

ဆေးသောက်ဖို.၊ဆေးထိုးဖို. ကလေးကငြင်းဆန်မယ်. အမူအယာပြရင်

“ဒီကလေးက သိပ်လိမ္မာတာ။ ဟုတ်တယ်နော်သား။ ဟုတ်လားသမီး။”

ဆိုတာနဲ. အလျင်အမြန်ခေါင်းညိတ်ကြပါတယ်။

“လိမ္မာတဲ.ကလေးက ဆေးသောက်တယ်။ ဆေးသောက်လို. အဖျားပျောက်နေကောင်းသွားရင် ကောင်းကောင်းဆော.နိုင်မှာပေါ.။” အဲလိုရှင်းပြသလိုပြောပြရင် ကလေးတိုင်းလိုလိုချင်ချင် သောက်ကြပါတယ်။

“ရော. ဒီဆေးသောက်။ သောက်မလား မသောက်ဘူးလားပြော။

မသောက်ရင် ရိုက်ကိုရိုက်မယ်။ လူကြီးတွေအလုပ်များရတဲ.အထဲ သူကဖျားသေး။” ဆိုတာမျိုးတွေ မကြားရပါဘူး။

ကလေးတွေကို နောက်စရာ၊ပြောင်စရာ၊ရယ်မောစရာအဖြစ် လုံးဝသဘောမထားကြပါဘူး။ ရွှေမတော်တော်အံ.သြပါတယ်။ ရွှေမငယ်စဉ်ဘဝနဲ.နှိုင်းယှဉ်မိပါတယ်။

ရွှေမငယ်စဉ်က ရွာမှာဦးကြီး၊ဦးလေး။ ဘကြီး၊ဘထွေး တွေရဲ.စနောက်မှု အလူးအလဲနဲ.ကြီးပြင်းခဲ.ရတာပါ။

ကလေးမကြိုက်တာ ထပ်တလဲလဲပြော၊ နည်းအမျိုးမျိုးနဲ. မငိုမချင်း ဆံပင်ဆွဲ၊နားရွက်ဆွဲ အထိစတာတွေဟာ အလွန်ဆိုးပါတယ်။ နဲနဲစကားတတ်လာတော. မခံနိုင်အောင်စလို.ပြန်အော်မိရင်။

“အောင်မာ... သူကများလူကြီးကိုပြန်အော်ရတယ်ရှိသေး။ ဒီပိစိကစပြန်အော်တတ် ကြီးရင်ခက်မယ်။

အော်ဦး.. အော်ဦး။” သူတို.မပျော်ရတော. ဒေါသအဖြစ်ပြောင်းသွားပြီး ဆုံးမတယ်နာမည်တပ် ကလေးကိုရိုက်ပါတယ်။ နာလို.သာငြိမ်ခံရပေမယ်. အဲဒီလူကြီးတွေကို ကြိတ်မုန်းပါတယ်။

(အမှတ်၁၀၊အောက်တိုဘာလထုတ်၊အပြင်စီးမှာ မငယ်နိုင်ရေးတဲ. ကလေးရဲ.ခံစားချက်နဲ. လုံးဝထပ်တူပါတယ်။)

 

ရွှေမတို.ရွာမှာ အဘွားကိုအမေကြီး(အလွယ်ခေါ်မေကြီး)ခေါ်ပါတယ်။

အဘိုးနဲ.မေကြီးက မြေးအကြီးဆုံးမို. ရွှေမကိုအလွန်ချစ်ပါတယ်။ အဘိုးတို.အိမ်ကရွာလယ်မှာပါ။

ရွှေမအဖေနဲ.အမေက အိမ်ထောင်ခွဲကာစ ရွာမြောက်ပိုင်းကွက်သစ်မှာနေပါတယ်။

ရွှေမတို.ရွာစာသင်ကျောင်းက ရွာတောင်ဖျားမှာရှိပါတယ်။ မနက်ကျောင်းသွား မေကြီးဆီမုန်.ဖိုးဝင်ယူပါတယ်။ ညနေကျောင်းဆင်း မေကြီးအိမ်ဝင် စားသောက်ပြီးမှပြန်ပါတယ်။ မေကြီးတို.အိမ်ဘေးဘယ်၊ညာက ဦးကြီး၊ဘကြီးတွေ မမြင်အောင်ပုန်းပြေးရလေ.ရှိပါတယ်။ လှစ်ကနဲ မြင်တာနဲ.

“ဟေး.... မြောက်ကုန်းသူ၊ ဝက်ကုန်းသူ။ နင်တို.အရပ်မှာဝက်တွေ၊ မျောက်တွေရှိတယ်ဆို.. .။

သူများအိမ်လာစားတာ မရှက်ဘူးလား။ ကပ်ပါး။ဂျပိုး။ ” အဲလိုနစ်နစ်နာနာခေါ်ပြီး မငိုမချင်း အားရပါးရစကြတာပါ။

 

တခါတလေ အဖေနဲ.အတူလာလို. အဖေကချီထားရင်။ “ဂျပိုးမက သူဖေလည်းမဟုတ်ဘဲနဲ.။ ရှက်ပါတယ်။ သူ.ကိုလှည်းလမ်းကြောင်းကကောက်ရတာ လူတကာသိ။ သူကသူ.အဖေမှတ်နေတာ။

တို.သာဆို ကိုယ်.အဖေမဟုတ်တဲ.လူကြီးအပေါ်မနေပေါင်။ ရှက်ပါ.။ မယုံမေးကြည်.ပါလား။ ”

“အဲဒီဂျပိုးမလေးက မင်းရဲ.သမီးအရင်းလား။”

ရွှေမစိတ်ထဲက အဖေ.ကို ပြောလိုက်လေအဖေ။ ဟုတ်တယ်လို.ပြောလိုက်လေ။ အကြိမ်ကြိမ်ပြောရင်း အဖေ.မျက်နှာကိုမျှော်လင်.တကြီးမော.ကြည်.နေခဲ.ပေမယ်.။ အဖေကပြုံးတုံ.တုံ.နဲ.ဘာမှမပြောခဲ.ပါဘူး။

“မဟုတ်ရင်ပြောမှာပေါ.။ ကောက်ရတာဟုတ်လို.မပြောတာတွေ.လား။” စတဲ.သူတွေအနိုင်ရသွားတော. ရွှေမရင်ထဲကလေးနဲ.မမျှဝမ်းနည်းအားငယ်သွားခဲ.ရပါတယ်။

နဲနဲကြီးတဲ.အထိအဖေကငေါက်ရင်၊ဆူရင်။ ဦးကြီးတို.ပြောတာဖြစ်နိုင်တယ်။ အဖေ၊အမေအရင်းမဟုတ်လို.ဒီလိုဆူတာနေမှာ။ အဖေ၊အမေအရင်းတွေ.အောင်ရှာရမယ် ဆိုတဲ.အတွေးမျိုးနဲ. အကြိမ်ကြိမ်ငိုခဲ.ဖူးပါတယ်။

 

ဒီမှာကလေးတွေကို အလွန်ဦးစားပေး၊အရေးထားတာတွေ.ရတော. အထူးကျေနပ်မိပါတယ်။  မျှော်လင်.ချက်၊ရည်မှန်းချက်ကြီးကြီးထားတဲ.သူတွေ၊ ကလေးတွေအနာဂတ်ဟာသူတို.အနာဂတ်ပဲလို.

ယုံကြည်သူတွေထားတဲ.စိတ်ထားနဲ. ။ ကလေးတွေကို အရှုပ်လို.သဘောထား၊

အလေးထားအသိအမှတ်ပြုခြင်းမရှိသူတွေရဲ. စိတ်ဓာတ်သဘောထားတွေ ကွာချင်တိုင်းကွာနေပါတယ်။

ပုံလေးတွေကြည်.ရင် ကလေးတွေအပေါ် ရိုက်ခတ်သက်ရောက်တဲ.

လူကြီးတွေရဲ.သဘောထားကွာခြားမှု အထင်းသားတွေ.ရမှာပါ။

ခုလို ငြိမ်းချမ်းသာယာဝပြောသော “ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး” ဝိုင်းဝန်းတည်ဆောက်ချိန်မှာ

လူကြီးတွေအရေးပါသလို လူငယ်တွေဟာလည်းအရေးပါပါတယ်။

 

လူငယ်တွေဖြစ်လာမယ်. ကလေးတွေဟာ အထူးအရေးပါပါတယ်။ ကလေးတွေဟာ ဦးညွတ်ရမယ်.

အနာဂတ်ခေါင်းဆောင်တွေဆိုတာ မမေ.စေချင်ပါ။

 

ကလေးတွေညှိုးငယ်သိမ်ဖျင်းအောင်ပြုမူဆက်ဆံမြဲ ဆက်ဆံနေကြဦးမယ်ဆိုရင်ဖြင်. .....။ ကလေးတွေထက်မြက်မှ၊ ကလေးတွေတော်မှ၊ ကလေးတွေလိမ္မာစွာနဲ.ကိုယ်.ကိုကိုယ် ယုံကြည်မှုရှိပါမှ တိုင်းပြည်အနာဂတ်လှပလာမှာ မလွဲဧကန်ပါ။

 

ပြင်ဆင်စရာက..... ကျွန်မတို.ရဲ.စိတ်ထားလေးပါ......

လှပတဲ.ရွှေရောင်အနာဂတ်ကို ဂုဏ်ယူမဆုံးကြိုဆိုလျောက်လှမ်းကြရအောင်................။

 

ရွှေချစ်မိုး

 

အပြင်စီးမဂ္ဂဇင်း (မတ်လ၊ ၂၀၁၂)   (Rev. Cho Facebook)

 

Rev. Cho
အမည်ရင်း ချိုမနာလိန်းဖြစ်သည်။ မြန်မာနိုင်ငံချင်းပြည်နယ်မှ ချင်းလူမျိုးစုလူငယ်ကလေး ချိုမနာလိန်းတို့ ညီအစ်ကိုသည် Young Crusade YC ၏ ဖခင်ကြီးဖြစ်သော ဆရာဒေးဗစ်ရိုးမိုနှင့်ဇနီးသည်တို့၏ မွေးစားကလေးမြောက်များစွာတို့တွင် ပထမဆုံးမွေးစားခံရသူဖြစ်သည်။ ငယ်စဉ်ဆိုးပေနေထိုင်ခဲ့သောဘဝမှ ဆရာဒေးဗစ်ရိုးမိုအားဖြင့် ခရစ်တော်ကိုသိရှိ၊ ကိုးကွယ်ခဲ့သည်။ ဝိုင်စီ အဖွဲ့၏ ကျမ်းစာကျောင်းအုပ်အဖြစ် ရည်မှန်းထားခဲ့သော်လည်း ၂၀၀၀ နောက်ပိုင်းတွင် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ရောက်ရှိကာ သင်းအုပ်ဆရာအဖြစ်ရောက်ရှိခဲ့သည်။ ၂၀၁၀နောက်ပိုင်း စင်ကာပူ COS Church Of Singapore သို့ရောက်ရှိပြီး မြန်မာမိတ်သဟာရအဖွဲ့၏ သင်းအုပ်အမှုတော် ထမ်းဆောင်လျှက်ရှိသည်။ ဆရာချိုမနားလိန်းနှင့်ဇနီးသည်၊ ဆရာမဆိုင်းခွန်တို့ ၂၀၀၈တွင် ထုတ်ဝေခဲ့သော ငြိမ်ဝပ်ချမ်းသာစာစောင်ကို ဒေါင်းလုပ်ကြည့်ရှုနိုင်ပါသည်။  မုရန်

 


The Rest, CMF Malaysia by Rev. Cho Ma Na Ling 2008
Click to Download 10MB