
ညီအစ်ကိုများအသင်းတော်-၈မိုင်၊ရန်ကုန်
ဇန္န၀ါရီ-၂၀၁၃ မှာ ရန်ကုန်ရောက်ချိန်၊ တူမဖြစ်သူနေတဲ့ လှိုင်သာယာ၊ န၀ဒေးအိမ်မှ ၈မိုင်၊ ဘုရားကျောင်းတက်ဖို့ ရောက်ခဲ့ပါသည်။ ရန်ကုန်ကို တနင်္ဂနွေနေ့၊ ဘုရားရှိခိုးဖို့ ရွေးချယ်ထားသည်မှာ ဆရာကြီးဦးတင်မောင်ထွန်း၊ ဒေသနာကြားနာဖို့နှင့် ကချင်အသင်းတော်၊ စမ်းချောင်းမြန်မာအစီအစဉ် နှုတ်ကပတ်တော် နားထောင်ဖို့ဖြစ်ပါသည်။