နေထိုင်ခွင့်၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)


မင်းအောင်သက်လွင်

စင်ကာပူ နိုင်ငံမှာက နေချင် တိုင်း နေလို့မရ။ နေခွင့် ရတိုင်းလဲ နေလို့ မရပါဘူး။ ၁၉၉၆ ခုနှစ် ကျွန်တော် ရောက် ကာစ အခြေအနေတုံးက စင်ကာပူဆိုတာ EP (Employment pass) တွေ ခေတ်စားတဲ့ အချိန်ပေါ့။ ဟိုလူလဲ အီးပီ။ ဒီလူလဲ အီးပီနဲ့ တပီပီလို့ မြည်နေတဲ့ အချိန်ပေါ့။ အီးပီ ရအောင် ရိုးရိုးသားသား

Read more: နေထိုင်ခွင့်၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)

အင်တာဗျူး၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)


မင်းအောင်သက်လွင်

ကျောင်းက ဆရာ တစ်ယောက် သူ့ အိမ် မှာ ကူဖော်လောင်ဘက် လိုတဲ့ အတွက် အိမ်ဖော် တစ်ယောက် လိုချင်ကြောင်း ပြော လာ ပါတယ်။ ဆရာ့အိမ် ဖြစ်တဲ့အတွက် နာမည်ပျက် မရှိတဲ့ ရိုးသားကြိုးစားတဲ့ အိမ်ဖော်တစ်ယောက်ကို အသိ မိတ်ဆွေတွေ ထဲက ရှာပေးခဲ့မိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိတ်ဆွေ အိမ်ဖော်မလေးကလဲ အိမ်

Read more: အင်တာဗျူး၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)

Burmese Bible မှ စာအုပ်နှင့်ဆောင်းပါးအချို့ (eBooks)


အင်တာနက် eBooks များ ခေတ်စားသည့်အချိန်တွင် Burmese Bible မှ စာအုပ် နှင့် ဆောင်းပါးအချို့ကို Scribd တွင် အလျှင်းသင့်သလို တင်ပြထားပါသည်။ ထိုအထဲမှာ လူဖတ်များသော စာအုပ်အချို့ကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရောက် မြန်မာများရဲ့ တပ်ပုန်းအသင်းတော်မှ ထုတ်ဝေသော ဓမ္မသီချင်းစာအုပ်။ ခရစ်ယာန် ဘာသာရဲ့ သမိုင်းအကြောင်း မြန်မာလိုဘာသာပြန်တင်ပြထားသော စာအုပ်။ ခရစ်ယာန်လူငယ်များ ..ဘ၀ကြင်ဖေါ် ရှာဖွေရာလမ်းညွန် စာအုပ်။

.
Read more: Burmese Bible မှ စာအုပ်နှင့်ဆောင်းပါးအချို့...

အစာသစ် (မင်းအောင်သက်လွင်)



စင်ကာပူကို ရောက်နေတဲ့ မိန်းမတစ်ယောက်ဟာ ဒီမှာ ၀ယ်လို့ မရတဲ့ ဂျူးမြစ်အဖူး၊ ပုရစ်ကြော်၊ ဥတစ်လုံး ကြက်သွန်ဖြူတွေကို မြန်မာပြည်က လူကြုံရှိရင် တကူးတက မှာယူ စားသောက်လေ့ ရှိပါတယ်။ စင်ကာပူမှာ ရှိနေတဲ့ မြန်မာ လူမျိုး တော်တော် များများဟာ မြန်မာပြည်က ရိုးရာ အစားအစာကို ခက်ခက်ခဲခဲ ဈေးကြီးပေး အပင်ပန်းခံပြီ သယ်ယူ မှာစားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ မြန်မာပြည်ပေါက်တွေ ဖြစ်တဲ့အတွက် စားနေကျ မြန်မာအစာကို တမ်းတကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားကို ရောက်မှ နိုင်ငံခြားသားတွေ စားတဲ့ အစာဟာ၊ သူတို့ အရင်တုံးက တစ်ခါမှ မစားဖူးတဲ့ ၊ စားလေ့ စားထ မရှိတဲ့ အစာသစ်တွေ ဖြစ်နေလို့ပါပဲ။ အစာသစ်တွေကို စားရတော့ အာသာမပြေ၊ မချင့်မရဲဖြစ်၊ ဗိုက်မ၀ ဖြစ်ပြီး၊ အစာဟောင်းကို ချဉ်ခြင်း တပ်ခဲ့ရပါတယ်။ အစာသစ်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် မစားတတ်၊ အဟာရ မယူတတ် တဲ့အတွက် အစာအတွက် ရတက်မအေး ဖြစ်ရပြန်ပါတယ်။ မြန်မာပြည်မှာ ပေါက်ပြီး သက်လတ်ပိုင်း အရွယ်မှာ သြစတြေးလျား ရောက်နေတဲ့ သူငယ်ချင်း တစ်ယောက် ၇နှစ် ကြာပြီးမှ မြန်မာပြည်ကို အလည်ပြန်ရောက်လာတဲ့ အခါ စားနေကျ အစာသစ်တွေကို စားနေရာမှ၊ မစားရတာ ကြာပြီဖြစ်တဲ့ မြန်မာပြည်က အစာဟောင်းတွေကို စားမိပြီး အစာအိမ်က လက်မခံတဲ့အတွက် ၀မ်းပျက်၊ ၀မ်းလျော သွားပါတယ်။

.
Read more: အစာသစ် (မင်းအောင်သက်လွင်)

ကျဆုံးသည့် ကမ်းတက်တပ်သား မြန်မာလူငယ် သစ္စာရှိသောငယ်သားကောင်း

၂၀၀၁ အာဖဂန်တွင် ပထမဆုံးကျဆုံးသည့် ကမ်းတက်တပ်သား မြန်မာလူငယ် ခေါင်းစဉ်နဲ့ Jan 18, 2010 ကိုဖတ်လိုက်ရပါတယ်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ မောင် ပီထိပ် (Maung P. Htaik)သည် ၂၀၁၁ အတွင်း အာဖဂန် နစ္စတန်တွင် အမေရိကန် ရေတပ်မှ ပထမဆုံး ကျဆုံးခဲ့သည့် တပ်သား ဖြစ်ခဲ့ရသည်။ သူငယ်ချင်းများက ဆမ် (Sam) ဟု

Read more: ကျဆုံးသည့် ကမ်းတက်တပ်သား မြန်မာလူငယ်...

ယေရှုအား ပြုစုခြင်း (HCF ဒေါ်ကာမဂ္ဂဇင်း)



မမလေး

ကျွန်မက စင်ကာပူနိုင်ငံရဲ့ Nursin Home တခုမှာ အလုပ်လုပ်နေရသူပါ။ ကျွန်မ တာဝန်ကျနေတဲ့ အဆောင်က အမျိုးသမီးများ စိတ်ရောဂါဌာနအဆာင်ပါ။ အဲဒီမှာ အဖွားတစ်ယောက်ဟာ အင်မတန်မှ ခေါင်းမာပါတယ်။ ဘယ်အရာမဆို သူပဲသိ၊ သူပဲတတ်၊ ပြောရင်လဲ နားမထောင်ဘူး၊ ရေချိုးခိုင်းလည်း မရ၊ အင်မတန်မှလည်း ညစ်ပတ်ပါတယ်။ အရာရာကို သိတယ်ဆိုတဲ့ မာရေ၊ကျောရေ ပုံစံမျိုးဆိုတော့ နဲနဲလေးမှ စိတ်ရှည်ချင်စရာ မကောင်းပါဘူး။ တာဝန်အရ လုပ်ပေးနိုင်သလောက လုပ်ပေးပေမဲ့ စေတနာတော့ သိပ်မရှိလှဘူး။

.
Read more: ယေရှုအား ပြုစုခြင်း (HCF ဒေါ်ကာမဂ္ဂဇင်း)

ဘန်ကောက် အမ်စီအေအသင်းတော် ၁၆ကြိမ်မြောက် ဧ၀ံဂေလိတရားဟောပွဲ



ဘန်ကောက် အမ်စီအေ အသင်းတော်မှာ ၀ိညာဉ်ခွန်အားယူရင်း၊ လူသစ်၊စိတ်သစ်၊ ၀ိညာဉ်သစ် နဲ့ ထာဝရအသက်ရရှိသွားသူများစွာ ရှိပါတယ်။ ၁၆ကြိမ်မြောက် ထိုင်းနိုင်ငံပတ္တရားမှာ ဧ၀ံဂေလိတရားဟောပွဲ ဒီဇင်ဘာ၂၀၁၀မှာပြီးစီးသွားပါတယ်။

မြန်မာများ ထိုင်းနိုင်ငံမှာ အလုပ်ပင်ပန်းစွာလုပ်တဲ့ကြားက နေ့စဉ်၊ ဘုရားနဲ့အချိန်ပေး

Read more: ဘန်ကောက် အမ်စီအေအသင်းတော် ၁၆ကြိမ်မြောက်...

ထိုင်းနိုင်ငံ ပတ္တရားမှ သက်သေခံချက်

ကိုသိန်းအောင်

အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ သက်သေခံခွင့်အတွက် အထူးကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော့နာမည် သိန်းအောင် - မကွေးသိန်းအောင်ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘုရားသခင်ချစ်တဲ့အတွက် ထိုင်းနိုင်ငံထောင်ထဲပို့လိုက်ပါတယ်။ ဘုရားရှင်ကို အထူးကျေးဇူးတင်ပါတယ်။ ဟာ.. ထောင်ကျတာကို ဘာကြောင့်ကျေးဇူးတင်ရပါသလဲ။ ဘုရားရှင်က နည်းအမျိုးမျိုးနဲ့ ဆုံးမသွန်သင်တတ်ပါတယ်။ စကားနဲ့ပဲ ပြောပြီး ဆုံးမလို့ရသူကို စကားနဲ့ပဲဆုံမပေမဲ့ .. ကျွန်တော့ကိုတော့ ထောင်ကျ၊ နှိပ်စက်ခံပြီး ဆုံးမရမဲ့လူဖြစ်တဲ့အတွက် ထောင်ကိုပို့ချင်းဖြစ်ပါတယ်။ ထောင်ထဲရောက်မှပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သိရှိ၊နာခံတတ်လာပါတယ်။ 

.
Read more: ထိုင်းနိုင်ငံ ပတ္တရားမှ သက်သေခံချက်

ဂျိုးလ်အော်စ်တင် - A Pastor from America

သောင်းနိုး

၁၉၉၁ ခုနှစ်တွင် ဂျိုးလ်အော်စ်တင်သည် သူ၏ ဖခင်ထံမှ Lakewood ဘုရားကျောင်း (အသင်းတော်) နှင့် ထိုအသင်းတော်၏ ရုပ်မြင်သံကြားသာသနာလုပ်ငန်းကို အမွေအဖြစ်ဖြင့်ဆက်ခံရရှိခဲ့သည်။ သူသည် ထိုအသင်း တော်နှင့် ရုပ်မြင်သံကြားသာသနာလုပ်ငန်းများကို သူ၏လက်ထက်တွင် ပိုမိုကျယ်ပြန့်အောင်ထပ်ချဲ့ပြီး ၂၀၀၄ ခုနှစ်

Read more: ဂျိုးလ်အော်စ်တင် - A Pastor from America

သခင့်စကား အမှတ် ၁၁၃၊ 2011-January



သို့

ဘော်ဒါတွေအားလုံးအတွက်
ဝိညာဉ် ခွန်အား ယူနိုင်မဲ့ သခင့်စကား အမှတ်စဉ် ၁၁၃
ဇန်နဝါရီလ ၂၀၁၁ ခုနှစ်ကို အချိန်မီ ပို့လိုက်ပါတယ်။
စိတ်ညစ် စရာတွေအတွက် ခေါင်းကုတ်မနေဘဲ
သိပ်ချစ်စရာလေးကို ဒေါင်းလုတ် ယူလိုက်ကြပါအုံးဗျာ။
The Lord's Word 113 (jan

Read more: သခင့်စကား အမှတ် ၁၁၃၊ 2011-January

တိမ်ဖုံးနေသောကြယ်ပွင့်များ (DVD released) နှင့် ကျေးဇူးတင်လွှာ

ယုဒဿန် နှစ်ခြင်းအသင်းတော် စင်္ကာပူ
မီဒီယာ နှင့် လူငယ်မိတ်သဟာရ မှ ပူးပေါင်းတင်ဆက်သည့်

ဝတ္တုဇတ်ညွန်း၊ ဒါရိုက်တာ မင်းအောင်သက်လွင်


တိမ်ဖုံးနေသောကြယ်ပွင့်များ


ဝိညာဉ်ရေးရာကို အခြေခံသော စင်္ကာပူမှ

လူငယ်အချို့၏

Read more: တိမ်ဖုံးနေသောကြယ်ပွင့်များ (DVD released) နှင့်...