ကျဆုံးသည့် ကမ်းတက်တပ်သား မြန်မာလူငယ် သစ္စာရှိသောငယ်သားကောင်း

၂၀၀၁ အာဖဂန်တွင် ပထမဆုံးကျဆုံးသည့် ကမ်းတက်တပ်သား မြန်မာလူငယ် ခေါင်းစဉ်နဲ့ Jan 18, 2010 ကိုဖတ်လိုက်ရပါတယ်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ မောင် ပီထိပ် (Maung P. Htaik)သည် ၂၀၁၁ အတွင်း အာဖဂန် နစ္စတန်တွင် အမေရိကန် ရေတပ်မှ ပထမဆုံး ကျဆုံးခဲ့သည့် တပ်သား ဖြစ်ခဲ့ရသည်။ သူငယ်ချင်းများက ဆမ် (Sam) ဟု ရင်းနှီးစွာ ခေါ်ဝေါ်ကြသည့် အသက် ၂၀ အရွယ် မောင်ထိပ်သည် Helmund ပြည်နယ်အတွင်း ဇန်နဝါရီလ ၁ ရက်က တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေဆုံးခဲ့သည်။ 

မောင်ထိပ်သည် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်ရှိ Hagerstown တွင် မိဘများနှင့် အတူနေထိုင်ခဲ့ပြီး ၂၀၀၈ တွင် Smithsburg အထက်တန်းကျောင်းမှ အထက်တန်းအောင်မြင်ခဲ့သည်။ သူ့ကို ၁၉၉၀ ဇူလိုင် ၁၂ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်၌ မွေးဖွားသည်။ မောင်ထိပ် ဆယ်ကျော်သက်တွင် မိသားစုနှင့် အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချခဲ့သည်။ ေ
မာင်ထိပ်သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှိ Camp Lejeune မှ နိုင်ငံရပ်ခြားစစ်ဆင်ရေး ရေတပ် တပ်မ (၂)၊ စစ်တိုင်း (၂) ၏ တပ်ရင်းကြီး (၉)၊ တပ်ရင်း (၂) တွင် တာဝန်ပေးအပ်ခံခဲ့ရသည်။ သူသည် အမေရိကန် ရေတပ်၌ မနှစ် ဧပြီက  စတာဝန်ထမ်းခဲ့ပြီး ဒုတပ်ကြပ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ မနှစ် ဇူလိုင်က တာလီဘန်တို့နှင့် စစ်ဆင်နွှဲနေရသည့် အာဖဂန် နစ္စတန်သို့ မောင်ထိပ်တို့တပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ဇန်နဝါရီ ၈ရက်က ကျင်းပသော သူ့ အသုဘအခမ်းအနားတွင် အမေရိကန် တပ်မတော်၌ တိုက်ပွဲတွင် ကျဆုံးသူနှင့် ဒဏ်ရာရသူများအား ချီးမြှင့်လေ့ရှိသည့် ခရမ်းရောင်နှလုံးသား (Purple Heart) ဆုတံဆိပ်ကို သူ့မိခင် ဒေါ် ဖလော်ရီရွှေနှင့် ဖခင် ဦးလှရွှေတို့က လက်ခံခဲ့ကြသည်။ အသုဘသို့ မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O’Malley လည်း တက်ရောက်သည်။ အသုဘတွင် မောင်ထိပ်၏ အကို Dan Yar နှင့် သူငယ်ချင်း  ဂျိုးဇက်နိုင်တို့က မောင်ထိပ်ကို ချီးကျူးဂုဏ်ပြုစကား ပြောခဲ့ကာ မြန်မာအဆိုအဖွဲ့မှလည်း ဓမ္မသီချင်း သီဆိုခဲ့ကြသည်။မောင်ထိပ်၏ ရုပ်အလောင်းကို ဝါရှင်တန်ဒီစီရှိ အာလင်တန်အမျိုးသားသုသာန် ၌ ဇန်နဝါရီ ၁၈ တွင် မြှုပ်နှံမည် ဖြစ်သည်။

*****************

သတင်းကတော့ ဒါလောက်ပါပဲ။ ယုံကြည်သူ ဦးလှရွှေ နှင့် ဇနီးသည် ဒေါ်စန်းစန်မြ တို့မှာ သားငယ်လေးက ဘုရားအလုပ်အများကြီးလုပ်တယ်။ မေရီလင်းက သူတို့ဘုရားကျောင်းမှာလည်း အများကြီးပါဝင်ဆပ်ကပ်ပါတယ်။ မိသားစုကလည်း ဘုရားနဲ့မွေ့လျှော်ကြပါတယ်။ လိမ္မာတဲ့ သားလေးအတွက် လူအားဖြင့်တော့ ဖြေဆယ်လို့မရပါ။ သို့သော် ဘုရားရှင်အားဖြင့် နှစ်သိမ့်မှုကို ရပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာလည်း မြန်မာလူငယ်လေးတစ်ဦးအကြောင်း တဖွဖွ၊ ပြောဆို၊ ဂုဏ်ပြုကြပါတယ်။ အမေရိကန်အလံလွှမ်းခြုံထားတဲ့ မောင်ပီထိုက်ရဲ့ ခေါင်းတလားကို အမေရိကန်သို့ ပြန်လည်သယ်ဆောင်ပေးခဲ့ပါတယ်။ အသင်းတော်များမှာလည်း ဆုတောင်းဝတ်ပြု၊စည်းဝေးများ နဲ့ ဂုဏ်ပြုအောက်မေ့သတိရ သက်သေခံပြောကြားကြပါတယ်။

မုရန်မှ ဖခင်ဖြစ်သူ ဦးလှရွှေကို ဆက်သွယ်တဲ့အခါ ဖခင်ဖြစ်သူက ဘုရားရှင်ပေးထားတဲ့ အရာကို ပြန်လည်ရုပ်သိမ်းခြင်းအဖြစ် ခံယူပါတယ် လို့ပြောပါတယ်။ စင်ကာပူ Church Of Singapore COS  မှာ နှစ်ပေါင်းများစွာ အသင်းတော်လူကြီးအဖြစ် မြန်မာယုံကြည်သူများနဲ့ အမှုဆောင်သွားခဲ့တဲ့ မိသားစုဖြစ်ပါတယ်။ လက်ရှိ COS မြန်မာမိတ်သဟာရ။ ဓမ္မဆရာဖြစ်တဲ့ ဆရာချိုမနားလိန်း တို့ ကျန်ရစ်သူ၊ မိသားစုအတွက် အောက်မေ့သတိရ၊ ဆုတောင်းပွဲကျင်းပဲခဲ့ကြပါတယ်။ ဘုရားဘုန်းတော်ထင်ရှားစေတဲ့ သားငယ် - သစ္စာရှိသောငယ်သားကောင်း မောင်ပီထိုက်ရဲ့  အမေရိကန်နိုင်ငံမှာ နိုင်ငံတော်အခန်းအနားနဲ့ နောက်ဆုံးနှုတ်ဆက်၊ Jan 18, 2010 သငြိုလ်ပွဲကို အမေရိကန် ၀ါရှင်တန်ပို့စ် သတင်းစာမှာ Family buries Marine who 'never let up ခေါင်းစဉ်နဲ့ ဂုဏ်ပြုရေးသားထားပါတယ်။

His enlistment took his family by surprise, said his brother, Dan Yar, 25. He asked his brother why he joined, but he did not get an answer, he said.

Maung P. Htaik told his family that he was going to be a scientist when he grew up. But after graduating from high school in 2009, he became a Marine.Wednesday, January 19, 2011Washington Post Staff Writer By Christy GoodmanFamily buries Marine who 'never let up

http://www.washingtonpost.com/wp-dyn/content/article/2011/01/18/AR2011011806147.html


ဘုရားရှင်သည် ဘုန်းတော်ထင်ရှားရန်အတွက် သူ့ရဲ့သားသမီးများကို တန်ဆာပလာအဖြစ် အသုံးချလေ့ရှိပါသည်။ 

မောင်သာမန်

 

.