တိမ်ဖုံးနေသောကြယ်ပွင့်များ (DVD released) နှင့် ကျေးဇူးတင်လွှာ

ယုဒဿန် နှစ်ခြင်းအသင်းတော် စင်္ကာပူ
မီဒီယာ နှင့် လူငယ်မိတ်သဟာရ မှ ပူးပေါင်းတင်ဆက်သည့်

ဝတ္တုဇတ်ညွန်း၊ ဒါရိုက်တာ မင်းအောင်သက်လွင်


တိမ်ဖုံးနေသောကြယ်ပွင့်များ


ဝိညာဉ်ရေးရာကို အခြေခံသော စင်္ကာပူမှ

လူငယ်အချို့၏ ဘ၀သရုပ်ဖော်ဇတ်လမ်းအား

နေသူရိန်မောင်

ရိုက်ကူးတည်းဖြက် မှတ်တမ်းတင်သည်။

စင်ကာပူမှ လူငယ်၎ဦး (အိမ်ဖော်၊ ကျောင်းသား၊ အလုပ်ကြမ်းသမား နှင့် သူနာပြု) တို့၏ ဘ၀အား သရုပ်ဖော်ထားခြင်းဖြစ်သည်။ တစ်ဝမ်းတစ်ခါးအတွက် နိုင်ငံရပ်ခြားတွင် ရုန်းကန်လှုပ်ရှားရင်း အခက်အခဲကြားမှ လှုပ်လေ၊ မြုတ်လေဖြစ်နေခဲ့သည်။

ရောဂါသည် မုဆိုးမမိခင်ကို လုပ်ကျွေးရင်း အခက်အခဲတွေ့နေသော သက်သက် ဆိုသည့် မိန်းကလေး၊

ရန်ဖြစ်ကာ အလုပ်ပြုတ်၊ ပြဿနာတက်ပြီး အကြွေးဝိုင်းနေသည့် အလုပ်ကြမ်းသမားလေး နေမင်း ....

ငွေကြေး မလောက်မငှ အကြပ်အတည်း ဖြစ်နေသည့် ကျောင်းသားလေးများ ...

အခက်အခဲ အမျိုးမျိုး ကြုံနေသည့် သူနာပြုဆရာမလေး .. တို့သည်

ကျေးဇူးတော်ကြောင့် ကယ်တင်ရှင်နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိဘ၀အသက်တာ အဆင်ပြေရုံသာမက နောင်တမလွန်ဘ၀အတွက် စိတ်ချသွားခဲ့သည်။

Produced, copyright (25-Dec-2010 ခရစ်စမတ်နေ့)
အသင်းတော်တွင်း ကန့်သတ်ထုတ်ဝေသည်။ ယုဒဿန်အသင်းနှင့် အခြားစင်ကာပူ မြန်မာအသင်းတော်၊ မိတ်သဟာရများတွင် ၅ဒေါ်လာနှုန်းဖြင့်ရယူနိုင်ပါသည်။

 


ကျေးဇူးတင်လွှာ

ဤဇတ်ကား ဖြစ်မြောက်ရေး အခက်အခဲအားလုံး ကျော်ဖြတ်နိုင်ခွင့်ပေးသော ဘုရားသခင်၏ ကျေးဇူးကို ရှေးဦးစွာ ချီးမွှမ်းလိုပါသည်။

ဇတ်ကား တစ်ခုလုံးအတွက် ၀တ္တုဇတ်ညွှန်း နှင့် ဒါရိုက်တာအဖြစ် ပါဝင် ဆက်ကပ်သော မင်းအောင်သက်လွင် နှင့် တည်းဖြတ်ရိုက်ကူးခြင်း ပါဝင်ဆက်ကပ်သော နေသူရိန်မောင် အား၎င်း

အဓိက သရုပ်ဆောင်ပေးသော အန်တီရိုစီမိသားစု၊ မသက်သက်နှင်း၊ မညောညော၊ မလားလား၊ မဂျူနီးတာ၊ အန်တီခင်ရဝေအေး၊ အန်တီအေးအေးလွင်၊ စနိုင်လင်းထွန်း၊ အိုင်ဇိုင်းယား၊ ကိုဂျိမ်း၊ ကိုစံစီ၊ စောကုလား၊ ကိုစတီဗင်၊ ကိုသူရကျော်၊ ကိုရေမွန်၊ ကိုစိုးနိုင်ဦး၊ ဦးမန်းသိန်းစီ၊ ဦးမန်းကျော်စိုး တို့အား၎င်း

ဧည့်သည် သရုပ်ဆောင်များ ဖြစ်ကြသော မသောရှီးမိသားစု၊ မဘရဏီ၊ ကိုဂျွန် နှင့် ကိုစိုး တို့အား၎င်း

ရိုက်ကွင်းနေရာနှင့်တကွ အစားအစာအားဖြင့် ပါဝင်ဆက်ကပ်သော အန်တီရိုစီမိသားစု၊ ကိုခရစ်စတိုဖာနှင့်ဆရာမမူလာဝါး မိသားစု၊ အန်တီဂရေ့စ် မိသားစု၊ မညောညောမိသားစု၊ ဆရာသြဂတ်စတတ် နှင့် ဆရာမမိုရင်း မိသားစုတို့အား၎င်း

မိးထိုး၊ ကင်မရာမင်း၊ ဖိုတိုဂရပ်ဖါ နှင့် အထွေထွေ လုပ်အားပေးကြသော ကိုအယ်လ်ဗင်၊ မင်းထွန်းသက်လွင်၊ ကိုခိုင်ခန့်ခုပ် တို့အား၎င်း

အက ဖြင့် ပါဝင်သရုပ်ဆောင်ပေးော မရိုးရိုး၊ မရှိုင်းနီ၊ မလှလှ တို့အား၎င်း

အဖက်ဖက်မှ မေတ္တာဖြင့် ပံ့ပိုးကူညီကြသော ခရစ်ယာန် မောင်နှမအားလုံးအား ၄င်း၊ ဇတ်ကား၏ ပင်မသီချင်းအား ရေးသားသီကုံး၍ သီဆိုပေးသော ကိုဆိတ်ဆိတ် နှင့် စီစဉ်တီးခတ်ပေးသော ဂီတမှူး ဆရာရဲဝင်းလတ်အား ၄င်း၊

ဘုရားသခင်၏ ရေတွက်၍ မကုန်နိုင်သော ကောင်းချီးမင်္ဂလာအပေါင်း သက်ရောက်ပါစေ။အထူးပင်ကျေားဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မေတ္တာရပ်ခံချက် ... JBCS ၏ ပထမခြေလှမ်းဖြစ်သော တိမ်ဖုံးနေသော ကြယ်ပွင့်များ ဇတ်ကားကို အားနည်းချက်များအား ဖြည့်စွတ်နားလည်၊ ခွင့်လွှတ်ပေးပါရန်


နာမတော်ဖြင့်

ဇော်ထူး
မီဒီယာအဖွဲ့ကိုယ်စား



ဗွီဒီယို နမူနာကြည့်ရန်

http://blip.tv/dashboard/episode/4243745

.