ဆရာ​ဒေဗစ်​လား ရဲ့ Dream Ministry

မုရန်​အ​ကြောင်း ​ရေးရင်း​ ခရစ်​ယာန်​ အသင်း​တော်​များ၊ ခရစ်​ယာန်​အဖွဲ့အစည်းများ အ​ကြောင်း နည်းနည်း​ရေးပါမယ်​။ မုရန်​အ​ကြောင်း ​ရေးရင်း ဆရာ​ဒေဗစ်​လား ရဲ့ Dream Ministry ကိုလဲ ​ရေးမယ်​။ လူပုဂ္ဂိုလ်​ ဦးစား​ပေးတဲ့ လူသားများ အထူးသဖြင့်​ ဆရာ​ဒေဗစ်​လားကို မြန်​မာခရစ်​ယာန်​ အဖွဲ့အစည်းများက ဘာ​ကြောင့်​ တားမြစ်​သလဲ ဆိုတာလဲ သမ္မာတရား ရှု​ထောင့်​ နဲ့ အစွဲကင်းသ​ရွေ့ ​ရေးလိုပါတယ်​။
.
မုရန်​ စတင်​ခဲ့သူ ၄ဦး နဲ့ နာယက​တွေဟာ နှစ်​ခြင်း ​နောက်​ခံများ ဖြစ်​​တော့ နှစ်​ခြင်းဖက်​ ဖက်​လိုက်​​ရေးတာ ပါနိုင်​တယ်​။ လူဆိုတာ ဘက်​​တော့ လိုက်​ရပ်​မယ်​။ ​ခေတ်​ကာလ အ​ခြေအ​နေအရ ခရစ်​ယာန်​​တွေလည်း သမ္မာတရား ဖက်​ကို လိုက်​ရပါတယ်​။ တနည်းအားဖြင့်​ ​ယေရှု​နောက်​လိုက်​မှာလား လို့ ​မေးသံ ကြားရမယ်​။ 
.
တချို့က ဝိညာဉ်​​နောက်​ လိုက်​မယ်​။ ဝိညာဉ်​​တော်​ကို ဟစ်​​ခေါ် ကြတယ်​။ သတိထားရပါမယ်​။ သန့်​ရှင်း​သော ဝိညာဉ်​ Holy Spirit လို့ အတိအကျ ​ခေါ်ပါ။ ဝိညာဉ်​ဆိုး​တွေ ​ရောက်​လာရင်​ ဘီလူးသရဲ လိုမလာပါဘူး၊ ပြုံးပြုံး​လေး လာ​လေ့ရှိပါတယ်​။ သမ္မာတရားက ဖတ်​တိုင်း သန့်​ရှင်း​သောဝိညာဉ်​ က ထိ​တွေ့ပြီး ပထမဆုံး မိမိအပြစ်​ကို ​ဖော်​ပြတယ်​။ ပြီး​တော့ ခွင့်​လွှတ်​ပြီး ဝိညာဉ်​အသီး ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်​၊ ငြိမ်​သက်​ခြင်း​တွေ ​ပေးပါတယ်​။ 
.

ဘယ်​သူ့ကို​မေး​မေး ဆင်​ချင်​တုံရှိသူက​တော့ အဖွဲ့အစည်းနဲ့ လုပ်​ခြင်းက တစ်​ဦးတည်း ​ခေါင်း​ဆောင်​တာထက်​ ပိုလက်​ခံကြတယ်​။ မိမိအဖွဲ့အစည်းဟာ ​သေးငယ်​စဉ်​က မိမိတစ်​ဦးတည်း အဆုံးအဖြတ်​ နဲ့ စီမံခန့်​ခွဲ​ပေမဲ့ အဖွဲ့ ကြီးလာရင်​ တကယ့်​ လုပ်​ပိုင်​ခွင့်​​တွေကို အဖွဲ့နဲ့ ခွဲ​ဝေ ​ပေးရပါတယ်​။ အထူးသဖြင့်​ ​ငွေ​ကြေးသုံးစွဲရာမှာ ဘဏ္ဍာထိန်းကို မိမိတို့ ​ခေါင်း​ဆောင်​​ပြောသလို မလုပ်​မဲ့သူ ​ရွေးချယ်​ခန့်​ထားရပါမယ်​။ ​ခေါင်း​ဆောင်​က​တော့ သူ့လူ ထည့်​မှာပဲ။ ဥပမာ ဘဏ္ဍာထိန်းက သင်းအုပ်​လူ မဖြစ်​​စေရ ပါဘူး။ သင်းအုပ်​ ထုတ်​ချင်​တိုင်း ထုတ်​ယူပြီး လစဉ်​အစည်းအ​ဝေးကျမှ အဖွဲ့ဝင်​​တွေ သိရတာမျိုး မဖြစ်​သင့်​ပါ။
.
ဆရာ​ဒေဗစ်​လား ရဲ့ Dream Ministry က​နေဒါမှာ အဖွဲ့စည်း ရှိ မရှိ​တော့ မသိပါ။ မြန်​မာပြည်​မှာ​တော့ မရှိ​သေးဘူး လို့ သိရပါတယ်​။ လှူသမျှ အလှူ​ငွေ​တွေကို ​ခေါင်း​ဆောင်​တစ်​ဦးကပဲ သူ့လူ​တွေနဲ့ တိုင်​ပင်​ သုံးစွဲရင်​ ဝိညာဉ်​​တော်​​ဖော်​ပြ တယ်​ ဆိုပြီး အာဏာရှင်​ စတိုင်​ ​ခေါင်း​ဆောင်​ ကြိုက်​သလို သုံးတာမျိုး မဖြစ်​သင့်​ဘူး။ ဒါ​ကြောင့်​ ဆရာ​ဒေးဗစ်​လား ရဲ့ Dream Ministry ကို အားမ​ပေး၊ မသွားဘူး လို့ ပုသိမ်​မြို့ ဆရာ​ဒေးဗစ်​လား ၂ရက်​တရားပွဲ မသွားတဲ့ သင်းအုပ်​တ​ယောက်​က ​ပြောပါတယ်​။ 
.
နောက်​သင်းအုပ်​ လူငယ်​တစ်​ဦးက​တော့ ဆရာ​ဒေဗစ်​လား မှာ ​ဟော​ပြောတဲ့ ဆု​ကျေးဇူးရှိတယ်​။ နား​ထောင်​သူကို အရမ်းဆွဲ​ဆောင်​နိုင်​တယ်​။ ကျ​နော့်​အသင်း​တော်​က အမာခံ​တွေ သွားမယ်​ဆိုရင်​ ကျ​နော်​မတားဆီးဘူး။ ​အေး ကျ​နော်​လည်း လိုက်​မယ်​ ဆိုပြီး အတူသွားနား​ထောင်​မယ်​။ နား​ထောင်​ပြီး အသင်း​တော်​မှာ အတူ ဒူးတိုက်​ ​ဆွေး​နွေး ပြန်​ သုံးသပ်​ကြမယ်​။ မှားယွင်းတဲ့ သွန်​သင်​ချက်​ တခုပါလာရင်​ မှား​ကြောင်း ကျမ်းစာနဲ့ ​ပြောကြမယ်​။ ဥပမာ.. ယုံကြည်​ရင်​ အနာ​ရောဂါ ​ပျောက်​မယ်​။ မ​ပျောက်​ရင်​ မယုံကြည်​​သေးလို့ပဲ..ဆိုတာမျိုးက သမ္မာတရားမှာ မရှိဘူး။ တချို့က ယုံကြည်​သူ ဆို အနာ​ပျောက်​မယ်​၊ ကြွယ်​ဝချမ်းသာရမယ်​ လို့​ဟောတာမှ နား​ထောင်​ချင်​တာမျိုး အများကြီးပါ။ 
.
မုရန်​ စာ​ရေးသူ၊ အယ်​ဒီတာ တစ်​ဦးအ​နေနဲ့ သုံးသပ်​ရရင်​ ဆရာ​ဒေဗစ်​လား ဟာ အလွန်​ထူးချွန်​တဲ့ အ​ပြောအ​ဟော ​ကောင်းလွန်းသူ ဓမ္မဆရာဖြစ်​တယ်​။ သူ​ပြောသလို ဧဝံ​ဂေလိ ထက်​ ရီဘိုင်​ဘယ်​ နိုးထခြင်း တရားလို့လဲ ​ပြောနိုင်​ပါတယ်​။ တကယ်​​တော့ မယုံကြည်​သူ (ဘာသာခြား​တွေ၊ ဘာသာမဲ့​တွေ) အတွက်​ ​ယေရှုနဲ့ မိတ်​ဆက်​​ပေးသူ ဖြစ်​တယ်​။ သိုးမဲ လို့​ခေါ်တဲ့ အသင်း​တော်​နဲ့ ​ဝေး​နေသူများကိုလဲ ​နောင်​တမျက်​ရည်​ နဲ့ ခရစ်​​တော်​ထံ ပြန်​လာ​စေတယ်​။ အ​ကောင်းဆုံးက လူငယ်​ကြိုက်​ နာမည်​​ကျော်​ ​တေးဂီတ အဆို​တော်​များစွာ ပါဝင်​ သီဆိုတဲ့အပြင်​၊ ဆရာ​ဒေဗစ်​လား ကိုယ်​တိုင်​ အဆို​ကျော်​ နီးပါး ​အော်​နိုင်​ သီဆိုချီးမွမ်း နိုင်​သူ ဖြစ်​တာသူရဲ့ အရည်​အချင်းပါ။ ဂီတနဲ့ ဆွဲ​ဆောင်​အား ကြီးသူဖြစ်​တယ်​။ 
.
နာမည်​​ကျော်​ ဆရာများရဲ့ လူကြိုက်​များရခြင်း အဓိက အ​ကြောင်းက ​ယေရှု နာမနဲ့ ​ဟော​ပြောကြတယ်​။ မိမိ ကိုယ်​​တွေ့ ဆင်းရဲဒုက္ခ​တွေ၊ အသက်​​ဘေး၊ စုံစမ်း​နှောက်​ယှက်​မှု ​တွေ က လွတ်​​မြောက်​ခြင်း၊ အနာကင်းခြင်း၊ ပ​ရောဖက်​ပြု၊ ရူပါရုံများကို ပွင့်​လင်းမြင်​သာ နှလုံးသားနဲ့ ​ပြောနိုင်​ကြတယ်​။ ရယ်​စရာ​ပြောသလို ​ဒေါသ အသံကျယ်​စွာ ​ပြောတယ်​။ ဝမ်းနည်းငို​ကြွေး​အောင်​လဲ ​ပြောနိုင်​တယ်​။ အမူယာသွင်​ပြင်​က ရင်းနှီးတဲ့ သူငယ်​ချင်းတ​ယေက်​လို သွန်​သင်​ပို့ချ သက်​​သေခံနိုင်​တယ်​။ 
.
ဘာ​ကြောင့်​ နှစ်​ခြင်းအသင်း​တော်​​တွေက တားမြစ်​ကြသလဲ။ အထူးသဖြင့်​ ကချင်​နှစ်​ခြင်း KBC က ဆရာ​ဒေဗစ်​လား၊ ဆရာစံတိုး၊ ဆရာစိုင်း​ကျော်​တင့်​၊ စတဲ့ ဆရာ​တွေကို နာမည်​နဲ့ တားမြစ်​ရပါသလဲ ဆို​တော့။ ဆရာ​ဒေးဗစ်​လား တရား​တွေမှာ နှစ်​ခြင်း​တွေရဲ့ များပြားတဲ့စည်းမျဉ်း နဲ့ ရိုးရာဓ​လေ့​တွေကို ပုတ်​ခတ်​သလို မကြာခဏ​ပြောလို့ ပါ။ လူအမည်​ အဖွဲ့အစည်းအမည်​ နဲ့ ​ပြောဆို ​ဝေဖန်​လာတာ​တွေ မခံနိုင်​​တော့ တားမြစ်​ခံရတယ်​။

 

ဆရာ​ဒေဗစ်​လား တရား​ဒေသနာ​တွေက အ​ခြေခံအချက်​​တွေမှာ သမ္မာကျမ်းစာနဲ့ မလွဲပါဘူး။ ဒါ​ပေမဲ့ အဖွဲ့စည်း နဲ့ ပုဂ္ဂိုလ်​​ရေး ​ဝေဖန်​တာ​တွေ ပါပါလာတတ်​တယ်​။ ​နောက်​ပိုင်း တရား​ဟောချက်​များမှာ လူ၊အဖွဲ့စည်း ​ဝေဖန်​မှု​တွေ ​ရှော့လာပါပြီ။ ဆရာစံတိုး ရဲ့ ​ယေရှုဟာ ခရစ်​ယာန်​မဟုတ်​ဘူး၊ ​ယေရှုနဲ့ ခရစ်​​တော်​ ၂ခုကို ပိုင်​ခြားသုံးသပ်​တာ​တွေက .သူဆရာ ခရစ်​​တော်​၌အိပ်​​ပျော်​သွားတဲ့ ​ဒေါက်​တာ ဦးသိန်း​ဌေး လို နာမည်​​ကျော်​​အောင်​ တမင်​​ဟော​နေသလို ခံစားရတယ်​။ ၂​ယောက်​စလုံး ရယ်​​မောစရာ အင်မတန်​ ​ပြောနိုင်​ကြတယ်​။ 
.
ဒါ​ကြောင့်​ မုရန်​ က သူတို့တရား​ဟောချက်​များကို လွဲ​နေတာတစ်​ချို့ ဖယ်​ထုတ်​ပြီး အမြဲ​ဖော်​ပြ​လေ့ရှိပါတယ်​။ အင်​မတန်​ ​တော်​တဲ့ ဧဝံ​ဂေလိ ဆရာများ ဖြစ်​တယ်​။ ညီအစ်​ကိုများ အသင်း​တော်​ ဆရာကြီး ဦးတင်​​မောင်​ထွန်း (ရှစ်​မိုင်​၊ ပြည်​လမ်း)ဆီ အမြဲလာ ​နေသ​ရွေ့ မုရန်​က အား​ပေး​နေမှာပါ။ 
.
မုရန်​ (M Zaw Aung)
6.April.2019