ဆရာဦးအောင်သက်ညွန့် ခရစ်ယန်အိမ်ထောင်ဆိုတာ ဇနီးမောင်နှံ၊ ဆုတောင်းခြင်းနဲ့ စတင်ပါတယ်။

ဆရာဦးအောင်သက်ညွန့်
ခရစ်ယန်အိမ်ထောင်ဆိုတာ ဇနီးမောင်နှံ၊ ဆုတောင်းခြင်းနဲ့ စတင်ပါတယ်။ စင်ကာပူနိုင်ငံ ဆိုတာ အလွန်ကောင်းမွန်တဲ့ နိုင်ငံ၊ မိသားစု ၊ ဇနီးမောင်နှံ ညီညွတ် ပျော်ရွှင်မှုကို အားပေးတဲ့ နိုင်ငံ၊ ဘုရား၊ တရား ဦးစားပေးတဲ့ နိုင်ငံ ဖြစ်ပေမဲ့ လင်မယား ကွဲကွယ်ခြင်း အမြောက်အများ ရှိနေပါတယ်။ ဇနီးမောင်နှံ မကွဲမကွာ နေထိုင်ဖို့ရာ ဒီ တရားဒေသနာကို သက်သေခံချက် နဲ့ ဟောကြားပါတယ်။ 
.
https://soundcloud.com/user-686243716/qps4ijruc5va
.
ကျနော့်  ဇနီးသည်ကို စတင်တွေ့ရှိစဉ်က ငါတို့အသင်းတော်ကို လာပါစေလို့ ဆုတောင်းတာ၊ ရောက်လာပါတယ်။ အတူ ကျမ်းစာလေ့လာခြင်းကိုလည်း လာရောက်ပါစေ ဆုတောင်းတာ ရောက်လာပါတယ်။ နောက်ဆုံး ကျနော် ထံကို လက်ဆောင်ထုပ်ကြီး တစ်ခု ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ဇနီးသည် ဖြစ်နေပါတယ်။ ဒီလိုနဲ့ လက်ထပ် အိမ်ထောင်ပြုပြီး သားသမီး ၅ယောက် ရခဲ့ပါတယ်။ ကျနော့် ကို အိမ်ထောင်ပြုရင် အသက်ထိခိုက်နိုင်တယ် ပြောတဲ့ ဆရာဝန်ကြီးလည်း သေဆုံးသွားပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် သူကြိုက်နှစ်သက်တာ ကူညီပေးပြီး၊ မကြိုက်နှစ်သက်တာ ရှောင်ရှား နိုင်ခြင်းက လည်း နှုတ်ကပတ်တော်နဲ့ အညီ ခရစ်ယာန် အိမ်ထောင် ဖြစ်အောင် ဘုရားသခင်ကို ဗဟိုပြုတဲ့ ခရစ်ယန် အိမ်ထောင် ဖြစ်စေလို ပါတယ်။ အစား အသောက်က အရေးကြီးပါတယ်။ 
.
အိမ်ထောင်ရှင် အမျိုးသမီးများ မိမိ ခင်ပွန်း၊ သားသမီးများ ကြိုက်တဲ့၊ ကျန်းမာရေး ညီတဲ့ အစားများ ပံ့ပိုးပေးကြဖို့၊ သို့မဟုတ်ရင် ယောင်္ကျားတွေ လဘက်ရည်ဆိုင် ရောက်သွားပြီး ကျန်းမာရေး မညီတဲ့ အစားတွေ စားသောက်မိ ကြပါမယ်။ ယောင်္ကျားတွေက အင်္ကျီ ၂ထည်၊ ဘောင်ဘီ၊ပုဆိုး ၂ထည် ရှိရင် ကမ္ဘာ ပတ်နိုင်ပေမဲ့ ကျနော့် သမီးတွေ အကျီ င်္ အမြဲလိုနေပါတယ်။ အိမ်မှာ ဘီရိုနဲ့ အပြည့် အကျီ အ၀တ်အစားတွေ ရှိနေတာပဲ လိုသေးသလား မေးတော့ သမီးတွေက လိုနေတယ်လို့ ဖြေပါတယ်။ အမျိုးသား နဲ့ အမျိုးသမီး မတူညီ တဲ့ ဘုရားဖန်ဆင်းထားခြင်း များကို လေးစား လက်ခံ ရပါမယ်။ 
.
ဧဖက် ၅၊ ဧဖက် ၆ ကျမ်းစာ များကို အခြေခံ ဟောပြောချင်ပါတယ်။ 
.
ကမ္ဘာ ကျော် အမျိုး သမီး တစ်ဦး
တခါက အလွန်တော်ပြီး၊ အမျိုးသားတွေကို စိတ်ပျက်တဲ့ အမျိုးသမီး တစ်ယောက် ရှိပါတယ်။ အခုတော့ ကမ္ဘာ ကျော် တရားဟော ဆရာမကြီး ဖြစ်နေပါပြီ။ ဘုရားကျောင်း မှန်မှန် တက်တဲ့ သူ့ သူငယ်ချင်း အရင်းနှီးဆုံး တစ်ယောက် ရှိတယ်။ သူ့ သူငယ်ချင်းက ဘုရားကျောင်း လိုက်ခဲ့ဖို့ အမြဲတမ်း ခေါ်ပေမဲ့ မလိုက်ဖြစ်ပါဘူး။ တစ်နေ့တော့ ... အေး ဒီတစ်ခေါက်တော့ ငါလိုက်ခဲ့မယ်။ နောက်တစ်ခါ တော့ မလိုက်တော့ဘူးနော် ...လို့ ပြောပြီး ဘုရားကျောင်းကို လိုက်လာပါတယ်။ ဒီတော့ သူ့သူငယ်ချင်းက အရမ်းဆုတောင်းတယ်။ ဒီနေ့ ဘုရားကျောင်းမှာ ဟောတဲ့ ဓမ္မဆရာကို ကောင်းကြီးပေးဖို့၊ နားထောင်မဲ့ သူ့ သူငယ်ချင်း ကို ထိတွေ့စေမဲ့ တရားဒေသနာဖြစ်ဖို့ ဘုရားသခင်ထံ ဆုတောင်းခဲ့တယ်။ 
.
ဘုရားကျောင်း တက်ပြီး တရားဒေသနာ စလိုက်တာနဲ့ တရားဟောတဲ့ ဓမ္မဆရာက ဧဖက် ၅း၂၂ ကို ဖတ်ကြားတယ်။ "အချင်းမိန်းမတို့ သခင်ဘုရား ၏ အုပ်စိုးတော် မူ ခြင်း ကို ၀န်ခံ သကဲ့ သို့၊ ကိုယ့် ခင် ပွန်း ၏ အုပ်စိုး ခြင်းကို ၀န်ခံ ကြ လော့" .. ဆိုပြီး စတင်ဟောပြောတော့၊ အလွန် စိတ်ပျက် သွားတယ်။ ဘုရားကျောင်း ထဲ က ထ ပြန်ချင်တဲ့ စိတ် များနဲ့ ၊ နားထောင်ရတယ်။ အမျိုးသားတွေ က သူ့ကို ခဏတာ အဖော် အဖြစ်ပဲ ဆက်ဆံ ကြတယ်။ အတူ အိပ်ဖို့ လောက်ပဲ အသုံး ချ ကြတာ တွေ ခံရတော့ ယောင်္ကျား တွေကို စိတ် ကုန် နေတဲ့ ထက်မြတ် တဲ့ အမျိုးသမီး ဖြစ်တော့ ၊ ဒီ ကျမ်းပိုဒ် ကို မနှစ် သက်ပါဘူ။ ဒါပေမဲ့ တရားဟော ဆရာက အမျိုးသမီး များ ကျင့်ဝတ် ကို ဟောကြားပြီး၊ အမျိုးသားများ အတွက် ယောင်္ကျား တို့ သည် မိမိ ကိုယ်ကို ချစ် သကဲ့ သို့ မိမိ ခင်ပွန်း တို့ ကို ချစ်ရမည် ဆိုတဲ့ တရားဒေသနာကို ဆကလ်လက် ဟောကြားပါတယ်။
.
ဒီ တရားဟောချက် ပြီး တော့ သူ့ သူငယ်ချင်ကို ပြောတယ်။ ငါ ဒီလို ယောင်္ကျားမျိုး နဲ့ ဆုံ တွေ့ ချင်လိုက်တာ၊ ဒီလို ယောင်္ကျားမျိုး ဒီ လောကမှာ ရှိပါရဲ့ လား လို့ မေးတော့၊ အေး ရှိပါတယ်။ ဒီလို ယောင်္ကျားမျိုး ကတော့ ငါတို့ သခင် ယေရှု ဖြစ်ပါတယ်။ ငါတို့ကို ဒီလို ချစ်မြတ်နိုး၊ ဂရုစိုက် ၊ လိုလေသေး မရှိအောင် စောင့်ရှောက်၊ ကွယ်ကာ၊ ကယ်တင်ပေးတဲ့ ယေရှုကို အားကိုး ယုံ ကြည် ချစ်မြတ် နိုးဖို့ အကြောင်းကို ပြောပြနိုင်ခဲ့ပါတယ်။ အတူ ဆုတောင်းကြပါတယ်။ 
.
အခု အဲဒီ အမျိုးသားများနဲ့ အဆင်မပြေသူ၊ အမျိုးသမီးကြီးဟာ အားလုံးနဲ့ အဆင်ပြေပြီး၊ ကမ္ဘာကျော် တရားဟော ဆရာမကြီး ဖြစ်နေ ပါပြီ။ 
.
.
ဆရာ ဦးအောင် သက်ညွန့် ဟာ ဒီ တရားဒေသနာ ကို အမျိုးသမီးများ၊ အမျိုးသားများ၊ ခင်ပွန်း၊ ဇနီး၊ သားမီးများ နဲ့ ဧဖက် ၅၊ ဧဖက် ၆ တို့ကို ကိုးကားပြီး အကောင်းဆုံး၊ ဟောကြားသွားပါတယ်။ မိမိ ခရစ်ယန် အိမ်ထောင်သည် ဘ၀နဲ့ သက်သေခံ ဟောကြားခဲ့ပါတယ်။ နားထောင် သူအားလုံး တို့အပေါ် ကောင်းကြီးပေးသွားပါတယ်။ 
.
တ ရားဒေသနာကို နားဆင် နိုင်ပါတယ်။ (Sound Cluud Link)
https://soundcloud.com/user-686243716/qps4ijruc5va
.
.
နောက်ဆုံး ကိုးကားတဲ့ ကျမ်းပိုဒ် ကတော့ 
ဆာလံကျမ်း အခန်းကြီး ၁၁၂
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
.
Ref: မုရန် ကျမ်းစာ
http://www.murann.com/BurmeseBible/public/