ဒုသမ္မတ ဦးဗန်​ထီးယူ က​တော်​ Identity and Jesus သက်သေခံချက် ၂၀၁၈

 


သူ့နာမည်​ လူမသိကြတာ ခံစားရ​ကြောင်း။ ငယ်​ငယကလဲ ဘယ်​သူ့သမီး လို့ပဲ​ပြောခံရလို့ မ​ပျော်​​ကြောင်း၊ အခု​တော့ ​ယေရှု ​ကြောင့်​ မိမိ နာမယ်​ အယ်​နာ ဆိုတာ လူမသိလဲ လက်​ခံပြီး ​ပျော်​​ကြောင်း..စသဖြင့်​ ခရစ်​စမတ်​​နေ့ တရား​ဟောချက်​ ကို အကျဉ်း ၅၅မိနစ်​ ​ရေးပါမယ်​။ ​ကောနားစတုန်း အသင်း​​တော်​ ဗီဒီယိုဖြစ်​တယ်​။ စင်​ကာပူ ​ကောနားစတုန်း မြန်​မာမိတ်​သဟာရ ကို ပင်​တီ​ကောစတယ်​ အဖွဲ့လို့ နာမည်​ကြီးပါတယ်​။
.
မူရင်း ဗွီဒီယိုက​တော့ မက်​ဆင်​ဂျာ. ဗိုင်​ဗာ. ဝါးစအပ်​ Messenger, Viber, Watsup စတဲ့ ဆိုရှယ်​မီဒီယာ ​တွေမှာ ပျံ​နေပါပြီ။ ​ဖေ့ဘုတ်​​တွေမှာလဲ ​နား​ထောင်​နိုင်​တယ်​။
.
ပင်​တီ​ကော်​စတယ်​ ဆို​တော့ အလွန်​​အော်​ ဟစ်​ ​ပျော်​ရွှင်​ကြတဲ့ ခရစ်​ယန်​အမျိုး​တွေပါ။ ဟာ​လေလုယ ခဏခဏ ​ပြောပြီး. ​ပျော်​လို့. ​အော်​တဲ့ လူငယ်​​လေးရဲ့ အသံ​တွေ ပြုတတ်​တယ်​။ မိမိ ဝတယ်​​ပြောရင်​ မကြိုက်​​ပေမဲ့ လက်​ခံရ​ကြောင်း၊ မိမိဟာ ဘုရားသဏ္ဍန်​နဲ့ အတူဖန်​ဆင်းခံထားရတဲ့ ဘုရား သားသမီး ဖြစ်​​ကြောင်း၊  မိန်းမကို မနှိမ်​သင့်​၊ လမ်း​ဘေးက ညစ်​​ပေစုတ်​​နေသူလဲ ဘုရားသဏ္ဍန်​ နဲ့တူ​အောင်​ ဖန်​ဆင်းထားတာ မို့ မနှီမ်​ရန်​၊ ၊ သင်​ဘယ်​သူလဲ ဆိုတဲ့ အ​ကြောင်းသိဖို့ တိုက်​တွန်း အား​ပေးစကား ဖြစ်​ပါတယ်​။
.
.
တရား​ဟောချက်
ဟာ​ ​လေ လု ယ လို့ ခဏ ခဏ ​ပြောပြီး သူ့နာမည်​ အယ်​နာ လို့​ခေါ်​ကြောင်း၊ တချို့က ဂျက်​စီနိုး လို့ ​ခေါ်​ကြောင်း။ ကိုယ့်​နာမယ်​ သူများ​ခေါ်ရင်​ သ​ဘောကျ တယ်​၊ ​ခေါ်​စေချင်​​သော်​လဲ ငယ်​ငယ်​ကတည်းက မိဘအမည်​ပဲ သူများက ​ခေါ်ကြတယ်​။ ဘယ်​သူ့ သမီး..လို့ သူများ​တွေ မိမိနာမည်​ မ​သုံးကြဘူး။ ​ယောင်္ကျားရ​တော့ လဲ ​ယောင်္ကျားအမည်​ပဲ အ​ခေါ်ခံရတယ်​။ အခု ဒုသမတက​တော်​ လို့ပဲ သိကြ၊ ​ခေါ်ကြတယ်​။ မကြိုက်​​ပေမဲ့လည်း အရှိတရားပဲ..ဝမ်း​မြောက်​စွာ လက်​ခံရပါတယ်​။ 
.
.
ဒေါက်​တာ
သင်​ဘယ်​သူလဲ ..ဆိုတဲ့​မေးခွန်း၊ မိခင်​တ​ယောက်​က သူ့သား ၂​ယောက်​ကို ရယ်​ဘရင်​ Rev နဲ့ ​ဒေါက်​တာ Doctor လို့ အမည်​​ပေးထားတယ်​။ အ​မေက သူဖြစ်​​စေချင်​တဲ့ Identity ကို နာမယ်​ ​ပေးထားတယ်​။  ကျမ က Ph.D ရထားတဲ့ သူဆို​ပေမဲ့ နာမည်​​ရှေ့မှာ Doctor မတပ်​ပါဘူး။ ဒါ​တွေက လူ​တွေ ​ပေးတဲ့ အရာ​တွေပါ။
.
ဂူဂယ်​ (Google)
အခု​ခေတ်​ မသိ ဖုန်းထဲမှာ ဂူဂယ်​ထဲ စာလုံးရိုက်​ပြီး ရှာကြည့်​။ အကုန်​ ရှာနိုင်​တယ်​။ ကျမက ​ခေတ်​​ပေါ် ပစ္စည်း​တွေ အကျိုးရှိ ​အောင်​ သုံး ချင်​ သူပါ။ တချို့က ​ဖေ့ဘုတ်​  ပဲ သုံးတတ်​ကြတယ်​။ အင်​တာနက်​​ခေတ်​မှာ ​ဖေ့ဘုတ်​ တခုတည်းမဟုတ်​ဘူး။ Google, စသဖြင့်​ အများကြီးရှိတယ်​။
.
(စကားချပ်​၊ ​ဖေ့ဘုတ်​တွင်​ search box အ​ပေါ်ဆုံး​နေရာတွင်​လဲ မြန်​မာ၊ အင်္ဂလိပ်​ စလုံး ရိုက်​ပြီး ရှာနိုင်​ပါသည်​။ Google သာမက Internet တွင်​ Gmail. Viber. Watsup, Youtube, VK, Yahoo စသဖြင့်​ မျိုးစုံပါသည်​။ အကျိုး ရှိ​အောင်​ သုံးတတ်​ရပါသည်​)။
.
.
ပိန်​ခြင်း၊ ဝခြင်း
ကျမက ဝ ပါတယ်​။ လူ​တွေက ဝလာတယ်​​နော်​ ခဏခဏ ​ပြောကြလို့ ကိုယ့်​ကို မ​ပြောခင်​ ကြို​ပြောတာပါ။ သမ္မတ ဦးဗန်​ထီးယူနဲ့ အတူထိုင်​​နေချိန်​ ကျမ ​ယောင်္ကျားကို ဟာ ခန္တာကိုယ်​ အရမ်းထိန်းနိုင်​တယ်​။ အရမ်း Fit ဖြစ်​တယ်​ ​ပြောကြရင်​ ​ဘေးမှာ​ထိုင်​​နေတဲ့ ကျမ ဘယ်​လိုဖြစ်​သွားမလဲ။ ဝတယ်​။ ပိန်​ပြန်​​တော့လဲ ပိန်​သွားတယ်​​နော်​ တဲ့။ ဒါ​တွေက လူ​တွေ သတ်​မှတ်​တဲ့ Identity ဖြစ်​တယ်​။
.
.
မိမိဘယ်​သူလဲ ?
ကျမက ဘာ မှ မဟုတ်​ပါဘူး...လို့ မိမိကိုယ်​ နှိမ်​ချ ​ပြောတတ်​သူ​တွေ ရှိတယ်​။ ..တခြားသူက နင်​က ဘာမှမဟုတ်​တဲ့ လူပဲ အ​ပြောခံရရင်​ ဘယ်​လိုခံစားရမှာလဲ။ မိမိ ဘယ်​သူလဲ သိခြင်းက Identity ဖြစ်​တယ်​။ သူများ​ပြောစကား မိမိကို ထိ သွားရင်​ အဲဒါ အမှန်​တရား ဖြစ်​တယ်​။ ကိုယ်​ ဘယ်​သူလဲ ဆိုတာ သိထားရမယ်​။ ဒီ ခရစ်​စမတ်​ ဆိုတာ ဘုရားသား​တော်​ က ​လောကကို လူသားအ​နေနဲ့ ​မွေးဖွားလာပြီး..ငါဘယ်​သူလဲ ဆိုတာ လာ​ပြောတာ ဖြစ်​တယ်​။ သု Jesus က ဘုရားသားဖြစ်​​ကြောင်း လာ​ပြောတယ်​။
.
ကမ္ဘာဦးကျမ်း အခန်း၂ ဖတ်​ကြည့်​ပါ။ အခန်း ၁၊ နဲ့ အခန်း ၃ ​တွေလဲ ဆက်​စပ်​ ဖတ်​ဖို့ လိုတယ်​။ အခန်း ၂ မှာ ဘုရားသခင်​က လူကို သူ့ သဏ္ဍန်​​တော်​နဲ့ တူ​အောင်​ ဖန်​ဆင်း ထားတယ်​ ဆိုပါတယ်​။ ဒါ​ကြောင့်​ ကျမတို့ဟာ ဘုရားသဏ္ဍန်​နဲ့ တူတဲ့ ဘုရား သားသမီး ဖြစ်​တယ်​။ ..ကျမ ​ရွှေ ဝတ်​​လေ့မရှိဘူး၊ မကြိုက်​လို့၊ လက်​စွပ်​ပဲ သူ​ပေးထားလို့ ဝတ်​တယ်​။ ဘာ​ကြောင့်​ မဝတ်​ချင်​လဲ ​မေးလာရင်​ မ​ဖြေချင်​ဘူး။
.
.
အမျိုးသမီး ​ရေးရာ
သမိုင်းကိုကြည့်​ပါ။ အမျိုးသမီး​တွေကို ​နေရာ အမျိုးမျိုးမှာ အထားခံရ၊ ​ဂျောင်​ထိုးခံရတယ်​။ အ​မေက မိမိက​လေးကို ​မျောက်​​လေး လို့ ​ခေါ်ရင်​..သူ ဘာဖြစ်​သွားမလဲ။ လူငယ်​​တွေမှာ Peer Pressure ဆိုတဲ့ ကိုယ့်​သူငယ်​ချင်း​တွေက မခံချင်​​အောင်​ ​ပြောတဲ့ ဒဏ်​ မခံနိုင်​ဘူး။ ဥပမာ အလုပ်​ပြုတ်​ရင်​..အရင်​က လဲ ​တွေ့ရင်​ နှုတ်​လာမဆက်​သူကို အခု နှုတ်​လာမဆက်​​တော့..အမြင်​လွဲတယ်​။ ​ကောင်​မ​လေးနဲ့ ကွဲသွားရင်​..တ​လောကလုံ အမုန်းခံရသလိုပဲ ခံစားရတယ်​။ အခု​ခေတ်​ မီဒီယာ ​တွေ ​ရှောက်​​ရေးကြတာ ဖတ်​ပြီး မိမိကိုယ်​ အမျိုးမျိုး သတ်​မှတ်​ ကြတယ်​။
.
သုများ​တွေ သတ်​မှတ်​တာနဲ့ ဘုရားသတ်​မှတ်​တာ မတူဘူး။ သင်​ဟာ တန်​ဖိုးရှိ​သောသူ ဖြစ်​တယ်​.။ ​ဘေးကလူကိုလဲ "သင်​ဟာ တန်​ဖိုးရှိ​သောလူ ဖြစ်​တယ်​" လို့ ​ပြောလိုက်​ပါ။
.
.
ချောတယ်​၊ လှတယ်
ဘလူး အတွက်​က​တော့ ပပဝတီ က ​ချောလှမှာ မဟုတ်​ပါ။ မျက်​စိ မတူတဲ့ အတွက်​ အ​ချော. အလှ မတူရခြင်း ဖြစ်​တယ်​။ မျက်​စိ မတူခြင်းကို ချီးမွမ်းကြပါစို့။
.
.
မှတ်​ပုံတင်​ ID
တ​ယောက်​နဲ့တ​ယောက်​ လက်​​ဗွေ မတူကြဘူး။ မှတ်​ပုံတင်​ကို ကြည့်​ပြီး မတူ​ပေမဲ့ ID ကို မှတ်​ပုံတင်​နဲ့ပဲ မဆုံးဖြတ်​နိုင်​ပါ။ ကျမ အယ်​နာ သည်​ ကမ္ဘာ​ပေါ်မှာ တ​ယောက်​ထဲ ရှိတဲ့ ID ပါ။ (ရွှင်​ မြူး စွာ ​ပြောသည်​)။ ဘာ​ကြောင့်​ လူ​တွေ ကိုယ်​နဲ့ တူ​အောင်​ ကိုယ့်​အကြိုက်​နဲ့ တူ​အောင်​ ကြိုးစား​နေကြတာလဲ။ ဘာ​ကြောင့်​ တူ​အောင်​ လုပ်​ရမှာလဲ။ ကျမ ဖြစ်​ခြင်းကို လက်​ခံတယ်​။ အရပ်​ပုတာ လက်​ခံတယ်​။ ဘယ်​သူမှ လာ​ပြောင်းလို့ မရပါဘူး။ I am so glad..(အင်္ဂလိပ်​စကား မကြာခဏ​ ထည့်​​ပြောသည်​)။ ID ဆိုတာ လူ​တွေက ​ပြောင်းလဲလို့ မရတဲ့ အရာပါ။
 .
.
ကိုယ်​ဘယ်​သူလဲ ဆိုတာ သိခြင်း
ကျမတို့ ဟာ ဘုရားနဲ့ ဆက်​ဆံ​နေရတယ်​။
ပြီး​​တော့ သူများ​တွေနဲ့ ဆက်​ဆံ ​နေရတယ်​။
ကိုယ်​ဘယ်​သူလဲ ဆိုတာ မသိရင်​ ဆက်​ဆံရတာ မလွယ်​။ မသိရင်​ ​ပေးဆပ်​ရတယ်​။ အများကြီးပဲ။ ID ခိုးမှု ​တွေ ဖြစ်​​နေကြတယ်​။ ဘဏ်​ကဒ်​ ခိုးခံရတယ်​။ ဖတ်​လိုက်​ရတယ်​။ လူတ​ယေက်​ သူ့ရဲ့ Passport အတုလုပ်​ ခံ ရပြီး အချက်​လက်​အားလုံးတူတယ်​။ ဓာတ်​ပုံ တခုပဲ မတူဘူး။ တကမ္ဘာလုံး လှည့်​ပြီး ​ဆေး​ခြောက်​ ​ရောင်းတယ်​။ ID ပိုင်​ရှင်​ကိုရဲ ဖမ်းခံရ​တော့ ..ဓာတ်​ပုံ မတူတာ​ ကယ်​လိုက်​လို့ ပြန်​လွတ်​လာရတယ်​။
.
လူ​ရှေ့မှာ လူဖြူ၊ လူဝါ၊ လူနီ၊ လူမဲ ခွဲ ခြား ကြတယ်​။ ဘုရား​ရှေ့မှာ​တော့ မခွဲဘူး။ အားလုံး ဘုရား သားသမီး​တွေပဲ။ ဟာ​လေလုယ.. (လက်​ခုပ်​တီး အား​ပေးကြသည်​)။
.
.
လူမည်​သည်​ကား
၂ ​ကော ၅.၁၇ လူမည်​သည်​ကား ခရစ်​​တော်​၌ ရှိလျှင်​ အသစ်​ပြု ပြင်​ ​သော သတ္တဝါ ဖြစ်​သည်​။
၁​ယော၃.၂ ချစ်​သူတို့။ ငါတို့သည်​ ဘုရားသခင်​၏ သား ဖြစ်​ကြသည်​။
.
ကျမတို့ ဟာ ခရစ်​​တော်အားဖြင့်​ ​ပြောင်းလဲ လူသစ်​ ဖြစ်​ရတယ်​။ ဘုရား သားသမီးများ ဖြစ်​တယ်​။
.
.
ကမ္ဘာဦးကျမ်း အခန်း ၃ ဆက်​ဖတ်​ရင်​ စာတန်​ ဝင်​လာပြီ။ ​စာတန်​ ​ရောက်​လာပြီး အာဒံ၊ ဧဝ တို့မှာ တပ်​မက်​ခြင်း အပြစ်​​တွေ ဝင်​လာတယ်​။
...မျက်​စိ တပ်​မက်​ခြင်း
...ခန္တာ ​သွေးသားတပ်​မက်​ခြင်း
...မာန်​မာန တပ်​မက်​ခြင်း ​တွေဝင်​လာတယ်​။
(အင်္ဂလိပ်​စကားလုံးများ ​ဖြင့်​ ရှင်းပြသည်​။ Lust of Eyes, Lust of Body, Lust of Pride)။
.
မိန်းမ ဆိုတာ ဒီလို​နေရတယ်​ ဆိုပြီး ချုပ်​ချယ်​ခံရတယ်​။ တချို့က ကျမ်းစာမှာ အာဒံ ကို အရင်​ဖန်​ဆင်းလို့ ဧဝ က အာဒံရဲ အုပ်​စိုးခြင်း ခံရတယ်​ ​ပြောကြတယ်​။ အဲဒီလို ​ပြောသူ​တွေကို ကျမ ​မေးချင်​တယ်​။ ကျမ်းစာထဲမှာ အာဒံ အရင်​ ဘာကို ဖန်​ဆင်းပါသလဲ ​မေးချင်​တယ်​။...(ငြိမ်​​နေကြသည်​)။ ..တိရိစ္ဆာန်​​တွေ အရင်​ဖန်​ဆင်းတာပါ။ မစားနဲ့ ဘုရား ​ပြောစကား နားမ​ထောင်​လို့ အပြစ်​တရား ဝင်​​ရောက်​လာပြီးမှ ​ယောင်္ကျားအုပ်​စိုးခြင်း ဖြစ်​လာရတာပါ။
.
တ​ယောက်​ကို တ​ယောက်​ အုပ်​ချုပ်​ ချင်​လာတာ အပြစ်​တရား ဝင်​လာတာပဲ။ လူတိုင်း သူမသာ ကိုယ်​အသုဘ ချည်းပါပဲ။ အတူတူ ပါပဲ။ ဒါ​ပေမဲ့ အနိုင်​ယူချင်​ ကြတယ်​။ စာတန်​က လုပ်​တယ်​။ အ​ရေမရ အဖတ်​မရ..ကမ္ဘာဦးကျမ်​ Genesis ကို ဖတ်​ ​လေ့လာပါ။ လမ်း​ဘေးက ညစ်​ပတ်​​ပေ​ရေ သူများလဲ ဘုရား သဏ္ဍန်​​တော်​ နဲ့ တူ​အောင်​ ဖန်​ဆင်းထားသူ​တွေပဲ။ က​လေး​တွေကိုလဲ ကိုယ်​ကြိုက်​သလို ရိုက်​နှက်​ အတင်းကြပ်​ လုပ်​လို့ မရပါဘူး။
.
.
ခရစ်​​တော်​ ID
ယေရှုက သူဘယ်​သူလဲ ဆိုတာ သိတယ်​။ ဘယ်​ကလာသလဲ။ ဘာလာလုပ်​သလဲ။ ဘယ်​ကိုသွားမလဲ ခရစ်​​တော်​​ယေရှု သိတယ်​။ အားလုံးကို ဖိတ်​​ခေါ်ချင်​ပါတယ်​။ သင်​​ကော မိမိဘယ်​သူလဲ ဆိုတာ သိ​စေချင်​ပါတယ်​။ ပထမပိုင်း ဖြစ်​ပါတယ်​။
.
.
မေ့တတ်​ခြင်း
ယုံကြည်​သူ ဖြစ်​ပြီး ဟိုဟာ​ကြောက်​ရ၊ သည်​ဟာ​ကြောက်​ရ၊ ည အိမ်​သာသွားဖို့ ​ကြောက်​ရ၊ တစ္ဆ သူရဲ ​ကြောက်​​နေရ သူ​တွေ ရှိတယ်​။ ခရစ်​​တော်​ ကို သိသွားပြီးရင်​ ဘာမှ မ​ကြောက်​​တော့။ လူ​တွေကိုလဲ မ​ကြောက်​​တော့ပါဘူး။
.
မေ့တတ်​ခြင်းက လူ့သဘာဝ ဖြစ်​တယ်​။ စာတန်​ က ဘုရားကို ​မေ့​အောင်​ ကြိုးစားပါတယ်​။
...​ဈေးသွားရင်​ ကြက်​ဥဝယ်​ဖို့ ​မေ့သွားတာ ပြသနာမရှိဘူး။
...အိမ်​လခ ​ပေးဖို့ ​မေ့သွားတာ၊ က​လေး​ပျောက်​လို့ လိုက်​ရှာတာ.ပြသနာပဲ။ က​လေး ကိုယ့်​​ကျောပိုးထားမှန်း သူများ​ပြောမှ သိရတာ​တွေ က​တော့ မဖြစ်​သင့်​ဘူး။ ကိုယ့်​မိန်းမ ​မွေး​နေ့ ​မေ့​နေတာ​တွေ ​ပေးဆပ်​ရတယ်​။
.
စာတန်​က ​မေ့​အောင်​လုပ်​တယ်​။ ​ယေရှုနာမ နဲ့ မ​မေ့​အောင်​ ဖယ်​ရှားရတယ်​။ တခါတ​လေ မသုံးတာကြာလို့ ​မေ့သွားတာ Decay ရှိတယ်​။ မ​မေ့​အောင်​ ဘုရားသီချင်း​တွေ များများ ဆိုကြဖို့ လိုတယ်​။
.
မိမိဟာ ဘုရားသားသမီး ဖြစ်​တာ ​မေ့သွား တတ်​တဲ့ အချိန်​၊ ဥပမာ ​ဒေါသဖြစ်​ချိန်​ ဆို ဟာ ​လေ လု ယ လို ဆိုကြည့်​ပါ။ အခု​ခေတ်​ အင်​​ဖော်​​မေးရှင်း သတင်းများလွန်း​တော့ ​မေ့သွားတတ်​တယ်​။
.
.
သူခိုး ဖျက်​ဆီးတတ်​မှု
ယော ၁၀.၁၀သူခိုးသည်​ ခိုးခြင်း သတ်​ခြင်း ဖျက်​ဆီးခြင်း ငှါသာ လာတတ်​သည်​။ ငါမူကား သိုးတို့သည်​ အသက်​မှ လွတ်​ရုံသာမက အထူးသဖြင့်​ အသက်​ နှင့်​ ပြည့်​စုံခြင်းငှါ လာသတည်း။
.
ကျမတို့ ဘုရား​ကျောင်းကို လာ​ပေမဲ့ တခါတရံ မ​ပျော်​ဘူး။ သူများ လက်​​မြှောက်​ခိုင်း၊ ထိုင်​၊ ထ လုပ်​​နေရတယ်​။ ဘုရားကို ချစ်​​သောစိတ်​နဲ့ လုပ်​ရင်​​တော့ ​ပျော်​လာပါတယ်​။ (ပရိတ်​သတ်​ အား​ပေးသံများ)။ ဖုတ်​လှိုက်​ ဖုတ်​လှိုက်​ ခရစ်​ယန်​ မဖြစ်​​စေချင်​ပါဘူး။
.
ကျမ တို့ အသင်း​တော်​က သင်းအုပ်​ Pastor တ​ယောက်​ဆိုရင်​ လမ်း​လှောက်​ပံကို ကြည့်​မရလို့ အရိုက်​ခံရတယ်​။ သူ့မှာ ဘာပစ္စည်းမှမရှိပါဘူး..​ယေရှု တခုပဲ ဝါကြွားစရာ ရှိတယ်​။ ဟာ ​လေ လု ယ။
.
.
တတိယ နဲ့ ​နောက်​ဆုံးအပိုင်း
စာတန်​ ရဲ့ စုံစမ်း ​နှောက်​ရှက်​မှု ​တွေကို ​အောင်​မြင်​ ​ကျော်​လွှား ဖို့ ​ယေရှု ကိုပဲ ​စေ့​စေ့ကြည့်​ အားကိုးနမူနာ ယူရမယ်​။ စာတန်​က ဘုရားသားသမီး ​တွေကို အမြဲ တိုက်​ခိုက်​​နေတယ်​။ ​ယေရှု နာမ နဲ့ ​အောင်​မြင်​ရတယ်​။ ​ယေရှု ​တောင်​ စာတန်​​နှောက်​ ယှက်​ မလွတ်​ဘူး။
.
မသဲ ၄.၅ မှာ ​ယေရှု ရက်​၄၀ အစာ​ရှောင်​အပြီး ငတ်​မွတ်​​နေချိန်​ စာတန်​​ရောက်​လာတယ်​။ ​ကျောက်​ခဲကို မုန်​လုပ်​ပြီး စားပါလား ​ပြောတယ်​။ ​ယေရှု က လူသည်​ မုန့်​အားဖြင်​ အသက်​ရှင်​တာမဟုတ်​ ဘုရား (နှုတ်​ကပတ်​​တော်​=ကျမ်းစာ Bible) အားဖြင့်​ လဲ အသက်​ရှင်​ရမယ်​ ​ပြောလိုက်​တယ်​။
...​ကျောက်​ခဲကို မုန်​လုပ်​စားဖို့
...ခုန်​ချကြည့်​၊ ​ကောင်​ကင်​တမန်​ကယ်​မယ်
...သူကိုဦးချ၊ မျက်​စိတဆုံး ​လောကကို​ပေးမယ်​..
စသဖြင်​ ​ယေရှုကို ​သွေး​ဆောင်​ စုံစမ်းတယ်​။ ​နောက်​ဆုံး ​ယေရှုက အချင်းစာတန်​ ငါ့​နောက်​သို့ ဆုတ်​​လော့ ​ပြော ပြီး  အနိုင်​ယူခဲ့တယ်​။
.
လူ့ အသံက ပါဝါ အတိုး အကျယ်​ရှိတယ်​။ ကျမ တပ်​ထဲမှာ ​နေတုန်းက အမျိုးသမီး ​ရေးရာ အကြီးကဲဖြစ်​​တော့ အသံမာတယ်​။ စာ​ရေးမ နဲ့ တပ်​ရင်းမှုး ဆီသွား​ စကား​ပြောပြီး အပြန်​မှာ ကျမ စာ​ရေးမက ​ပြောတယ်​။ "အမ ဒီလို အသံချိုတာ တခါမှ မ​တွေ့ဖူး ဘူး"..တဲ့။ ဒီလို စာ​ရေးမ အားဖြင့်​ ဘုရားက ကျမ အသံ​ပြောင်းတာ သိ​စေတယ်​။ ဟာ​လေလုယ။
.
.
နိဂုံး..(အား​ပေးချက်​များ)
စာတန်​က မိမိတို့ဆီက ခိုးယူ​နေတယ်​။ ကာကွယ်​ဖို့ မိမိကိုယ်​ မိမိသိရမယ်​။ ဘယ်​လိုနည်းလဲ..
.
..Remember မိမိဟာ ဘုရားသားသမီး ဖြစ်​တယ်​ ဆိုတာ အမြဲ သိထားရမယ်​။ ဟာ​ဠေုယ။ ဘုရားသား​တော်​ ရဲ့ အ​သွေး​တော်​နဲ့ ဝယ်​ယူထားခြင်း ခံရသူဖြစ်​တယ်​။ အပြစ်​. ကျိန်​ခြင်း အားလုံးက လွတ်​​မြောက်​သူ ဖြစ်​တယ်​။
.
...လူ​တွေကို မကြည့်​ပါနဲ့။ လူ​တွေက​တော့ ချီးမွမ်း ခုနှစ်​ရက်​၊ ကဲ့ရဲ့ ခုနှစ်​ရက်​ ပါ။ နှုတ်​ကပတ်​​တော်​ ကျမ်းစာအ​ပေါ်ပဲ စိတ်​ချပါ။ ဖတ်​မှတ်​ ဆင်​ခြင်​ပါ။ You are image of GOD.သင်​ဟာ ဘုရားသဏ္ဍန်​​တော်​နဲ့ တူညီတယ်​။ မိမိကိုယ်​ တန်​ဖိုးထားပါ။ ကျမ လက်​စွတ်​ ဖိလစ်​ပိုင်​မှာ ​နေတုန်းက ​ရောင်းမလား ​ဈေး​မေး​တော့ ​ဒေါ်လာ ၁၀၀ ​တောင်​မ​ပေးဘူး။ မိမိကိုယ်​ကို တန်​ဖိုးထားပါ။
.
...​ယေရှု လုပ်​သလို လုပ်​ပါ။ မုန့်​ နဲ့ အသက်​ရှင်​တာမဟုတ်​ ၊ နှုတ်​ က ပတ်​ ​တော်​ နဲ့ အသက်​ရှင်​ပါ။ စာတန်​ကို လုံးဝ နှင်​ထုတ်​ပါ။ တချို့က စာတန်​နဲ့ ငြိမ်းချမ်း​ရေး လုပ်​ထားတာ​ ရှိတယ်​။ ​ယေရှု လိုပဲ စာတန်​ကို လုံးဝ နှင်​ထုတ်​ပါ။ နှုတ်​နဲ့ ဝန်​ခံကြပါစို့။
..
.
မုရန်
9.Jan.2019
.
မူရင်း အသံဖိုင်​ လိုချင်​ပါက ကွန်​မင့်​ ​ရေး​ပေးပါ။ ပို့​ပေးပါမည်​။ ပင်​တီ​ကော်​စတယ်​. အသင်း ​တော်​၊ ဆရာမ ဆူဆန်​နာ. ​ကောနားစတုန်း မှ ကျမ်းပိုဒ်​များနှင်​ တကွ ဗွီဒီယိုဖိုင်​ ဖြစ်​သည်​။ ​ကျေးဇူးတင်​သည်​။  ဖတ်​ရှုသူများအား ​ကျေးဇူးတင်​ပါသည်​။

Bible Verse
Therefore if any man be in Christ, he is a new creature: old things are passed away; behold, all things are become new.
2 Corinthians 5:17 KJV
http://bible.com/1/2co.5.17.KJV
.
ဟာလေလုယ - HALLELUJAH
မူရင်းအားဖြင့် "ဟာလေလုယ" ဟူသော ဝေါဟာရသည် ဟေဗြဲ (ဂျူး)စကားနှစ်လုံး "ချီးမွမ်းခြင်း Praise" နှင့် "ယေဟောဝါ Yahweh" ဖြစ်သောကြောင့် အင်္ဂလိပ်၊ မြန်မာဘာသာတို့ဖြင့် "ဟာလေလုယ" ဟု အဓိပ္ပါယ်မှာ "ဘုရားသခင်ကိုချီးမွမ်းကြလော့" Praise the Lord" ဖြစ်သည်။ သမ္မာကျမ်းအဘိဓါန် Don Fleming