ဘီလ်ဂိတ်နဲ့မိသားစု၊ အကြီးမားဆုံ စနစ်တကျလှုဒါန်းမှုကြီး The Giving Pledge


ဘီလ်ဂိတ်နဲ့မိသားစု

သူငယ်စဉ်ကတည်းက ဘုရားကျောင်းမှန်မှန်တက်တဲ့ အဖေ၊ အမေတို့နဲ့ တနင်္ဂနွေတိုင်း ဘုရားရှိခိုးကျောင်း တက်ခဲ့ပါတယ်။ အစ်မတစ်ယောက်၊ ညီမတစ်ယောက်ရှိပြီး ဖခင် ရှေ့နေကြီးက သူ့ကို ဥပဒေ ပညာသင်ဖို့၊ ဒါပေမဲ့ ကွန်ပြူတာကိုပဲ စိတ်ဝင်စားပြီး၊ အသက်၁၃နှစ် (၁၉၆၈) ကတည်း ကွန်ပြူတာပညာအပြင် စီးပွားရေးအမြင် ထက်သန်ပါတယ်။ ဘုရားပေးတဲ့ ထူးချွန်ထက်မြက်တဲ့ ဥာဏ်ပညာလည်း ရရှိပါတယ်။ ပညာချွန်ဆုလည်း ရရှိခဲ့ပါတယ်။

.

မိုက်ကရိုဆော့ Microsoft ဆိုတဲ့ ဆော့ဝဲကုမဏီကို စတင်တည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်နဲ့ အလန်ပေါလ် တို့၂ယောက်၊ အတူကြိုးစားချမ်းသာလာကြပြီး ထာဝရမိတ်ဆွေများဖြစ်ပါတယ်။ အများကောင်းကြိုးအတွက် Business = Need + Help ဆိုတဲ့ ဖော်မြူလာနဲ့အညီ လူသားများလိုအပ်တာကို ကူညီလုပ်ဆောင်ရင်း ကြွယ်ဝချမ်းသာလာပါတယ်။ တက္ကသိုလ်ပညာကို မိမိဝါသနာအတွက် စွန့်လွှတ်ပြီး၊ မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းထဲ ခြေစုန်ပစ် ၀င်ရောက်ခဲ့သူပါ။ စာရိတ္တပညာကိုတော့ ဘုရားကို စံနမူနာထားပြီး ဘုရားလူများကို လေးစား၊ နားထောင် လိုက်လျှောက် သူဖြစ်ပါတယ်။

.

ယခုအခါ ဇနီးသည်နဲ့သမီး၂ယောက်၊ သားတစ်ယောက် ၅ယောက်မိသားစု (ပုံ) ကိုတွေ့ရပါမယ် ကာသိုလစ် ခရစ်ယန်ဘုရားရှိခိုးကျောင်းကို သားသမီးများ ပုံမှန်ပါဝင်နေတဲ့ မိသားစုဖြစ်ပါတယ်။

.

ငယ်စဉ်ဘဝ

ကိုယ်ဝါသနာပါတဲ့ ပညာရပ်တစ်ခုကို အရူးအမူးဝါသနာနဲ့ လေ့လာဆည်းပူးပါတယ်။ ငယ်စဉ်က သူနေခဲ့တဲ့ ကျောင်းကလေးမှာ ဒေါ်လာ၃ထောင်တန်တဲ့ ကွန်ပြူတာတစ်လုံး ရှိပါတယ်။ ဆရာများရဲ့ ချစ်ခင်မှုရရှိတော့ အဲဒီကွန်ပြူတာ ပရိုဂရမ်တွေကို နှိုက်ချွတ်ယူခွင့်ရပါတယ်။ သူနဲ့ အလန်ပေါ့ သူငယ်ချင်း၂ယောက် ကွန်ပြူတာပရိုဂရမ် BASIC ကို အသက်၁၇နှစ်အရွယ်မှာပဲ တီထွင်နိုင်ပြီး၊ အဲဒီအချိန်က နာမည်ကျော် Intel ကုမဏီကြီးဆီက လာရောက်ကြည့်ရှုပြီး သူ့ရဲ့ဆော့ဝဲကို ၀ယ်ယူအသုံးပြုခဲ့ပါတယ်။

.

၁၈နှစ်အရွယ် ဟားဗက်ကောလိပ်မှာ ဆက်လက်ပညာသင်ပေမဲ့ သူတို့တည်ထောင်တဲ့ မိုက်ကရိုဆော့ ကုမဏီလေးအတွက်ပဲ အချိန်ပေးကြတယ်။ အမေရိကန်တနိုင်ငံလုံးက ထူးချွန်တဲ့ ဆော့ဝဲပညာရှင် လူငယ်လေးများကို အလုပ်ခန့်အပ်ရင်း နောက်ဆုံး ကောလိပ်ဆက်မတက်တော့ပဲ မိုက်ကရိုဆော့ကို လုံးဝခြေစုန်ပစ် လုပ်ကိုင်ပါတော့တယ်။ ၁၉၈၀ခုနှစ်မှာ ကွန်ပြူတာထုတ်လုပ်တဲ့ နာမည်ကျော် အိုင်ဘီအမ်ကုမဏီကြီးက မိုက်ကရိုဆော့ကို စိတ်ဝင်စားပြီး သူတို့ကွန်ပြူတာများအတွက် ဦးနှောက်ဖြစ်တဲ့ ဆော့ဝဲ (Operation System OS) ထုတ်လုပ်ပေးရာကနေ ၀င်းဒိုး Windows OS ပေါ်ပေါက်အောင်မြင်လာပါတယ်။ ချမ်းသာကြွယ်ဝလာပေမဲ့ ရလာတဲ့ငွေကြေးတွေကို မိုက်ကရိုဆော့ကုမဏီမှာပဲ ရင်းနှီးမြှတ်နှံရင် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးဖြစ်လာခဲ့ပါတယ်။ ၁၉၈၇ အသက်၂၂နှစ်

လူငယ်ဘ၀မှာပဲ အမရိကန် ဖောဘက်စ် သကြွယ်စာရင်း Fobes Richest List သူဌေးဖြစ်လာပါပြီ။ ၁၉၉၄ ခုနှစ်ကနေ ယခု ၂၀၁၈ အထိ ၂၃နှစ်အတွင်းမှာ Fobes No.1 အချမ်းသာဆုံးရာထူးကို ၁၈နှစ်ရရှိခဲ့သူဖြစ်ပါတယ်။

.

လူလတ်အရွယ်

အသက်၃၈နှစ်မှာ အသက်၂၉နှစ်အရွယ် ဇနီးသည်နဲ့ လက်ထပ်ခဲ့ပါတယ်။ သားသမီး (၃)ယောက်နဲ့ မိသားစုကို နံပါတ်(၁) ထားတဲ့ ဘုရားသခင်နဲ့ နေထိုင်ကြပါတယ်။ အိမ်ထောင်ကျချိန် ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်နေပါပြီ၊ သူ့လုပ်ဖော်ကိုင်ဖက် အလန်ပေါလ် လဲ သူလောက်နီးပါး ချမ်းသာလာပါတယ်။ မီလျံနာအမြောက်အများ ထွက်ပေါ်လာစေပါတယ်။ အခုချိန်ထိ နှစ်ပေါင်းများစွာ ကမ္ဘာအချမ်းသာဆုံး သူဌေးနံပါတ်(၁) နံပါတ်(၂) နေရာများကို ရရှိခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံက ငွေကြေးတွေဟာ ဘုရားသခင်ပိုင်တယ်လို့ လုံးဝခံယူထားကြပြီး၊ ဒီလောကမှာပဲ သူတို့တတ်စွမ်းတဲ့ ဆော့ဝဲပညာ၊ စီးပွားရေးပညာများကို လူ့ဘောင်အသိုင်းအ၀ိုင်း အတွက် ပေးဆပ်သွားဖို့ စနစ်တကျ လုပ်ဆောင်လာခဲ့ပါတယ်။

.

.

လူ့ဘောင်အကျိုးဆောင်ရွက်မှုများစွာ

ဘယ်လောက်လှုဒါန်းသလဲ ဆိုတာကို လူတွေက စိတ်ဝင်စားကြပါတယ်။ ဘီလ်ဂိတ်နဲ့ဇနီးသည် တို့က မိသားစုကို ပထမဦးစားပေးတယ်။ သူတို့ မိုက်ကရိုဆော့ ကုမဏီဝန်ထမ်းတွေကို သူတို့လို လူတွေအကျိုးပြုဖို့၊ ဥာဏ်ပညာကို လူ့ဘောင်အကျိုးပြုဖို့ ပေါ်လစီချပြီး သင်ကြား၊ ပျိုးထောင်ပေးပါတယ်။ အမေရိကန်မှာ ကုမဏီအလွန့်အလွန် ကြီးမားလာရင် အစိုးရက လက်ဝါးကြီးမအုပ်စိုးအောင် ခွဲထုတ်ပစ်လိုက်ပေမဲ့ ၊ စိတ်ကောင်းစေတနာကောင်းတဲ့ ဘီလ်ဂိတ်ရဲ့ မိုက်ကရိုဆော့ပ် ကိုတော့ ခြွင်းချက်ထားပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆော့ဝဲ ကုမဏီဖြစ်လာပေမဲ့ လူ့ဘောင်အကျိုးဆောင်ရွက်မှု လှုဒါန်းမှုတွေ အမြောက်အများ လုပ်ဆောင်ခဲ့ပါတယ်။

.

.

စနစ်ကကျ လှုဒါန်းခြင်း

မြန်မာစကားပုံ ရှိပါတယ်။ ကုသိုလ်မရပဲ ငရဲရောက်မှာစိုးလို့ လှုဒါန်းတာတောင် လှုချင်ရက် များများမလှုရဲ ဖြစ်နေသူ များစွာရှိပါတယ်။ ဒါကြောင့် တစ်ဦးချင်း လှုဒါန်းတာထက် အဖွဲ့အစည်း (ဥပမာ မိမိ ပုံမှန်တက်တဲ့အသင်းတော်) ကို လှုဒါန်းဖို့ အားပေးကြပါတယ်။ လူဆိုတာ ငွေရလာရင် ဖောက်ပြန်တတ်လေ့ ရှိပါတယ်။ )စကားချပ်။ ဒါကြောင့် ကိုယ်လှုဒါန်းတဲ့ တစ်ဒေါ်လာလဲ အလွန်ဆာငတ်နေတဲ့ လူတစ်ယောက်ကို ၀ယ်ကြွေးခွင့် ရအောင် မိမိတို့လည်း ဆုတောင်းရပါတယ်)။ အမေရိကန်နိုင်ငံမှာတော့ လူမှုရေးအလှုဆိုရင် ပညာရေးကိုပဲ လှုဒါန်းကြပါတယ်။ အလွန်ချမ်းသာလာရင်တော့ တက္ကသိုလ်များကို လှုတယ်၊ တက္ကသိုလ်ပညာသင်ဆု၊ ပညာချွန်ဆုများ ပေးပြီး ကူညီကြပါတယ်။

.

ဘီလ်ဂိတ် ရဲ့ တစ်ဦးတည်း လှုဒါန်းမှုတွေ များစွာ မရေမတွက်နိုင်ရှိပေမဲ့၊ အိမ်ထောင်ကျပြီး အသွင်တူ ဇနီးမောင်နှံ၊ သူနဲ့သူဇနီးသည် နှစ်ယောက် မတည်တဲ့ Bill & Melinda Gates Foundation နဲ့ လှုဒါန်းပါတယ်။

.

.

အကြီးမားဆုံ စနစ်တကျလှုဒါန်းမှုကြီး

The Giving Pledge ဆိုတဲ့ လူ့ဘောင်အကျိုးပြု လှုဒါန်းဖို့ ကတိပြုခြင်း အဖွဲ့အစည်းကို သူ့မိတ်ဆွေ စူပါမတ်ကက် ဝေါမတ် ပိုင်ရှင်သူဌေးကြီး ၀ါရင်ဘူးဖတ် Warren Buffett တို့နှစ်ယောက် ၂၀၁၀ မှာ စတင်ခဲ့ပါတယ်။ သူတို့သေဆုံးချိန်မှာ သူတို့ရှာဖွေခဲ့တဲ့ ငွေကြေးအားလုံးရဲ့ တ၀က် (၅၀%) ကို လူဘောင်အကျိုးအတွက် ပါဝင်လှုဒါန်းပါမယ် လို့ ဂတိပြုကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူတို့၂ယောက် စည်းရုံးရေး လုပ်ကြတာ တစ်နှစ်အတွင် ဘီလျံနာသူဌေးပေါင်း ၄၀ ရဲ့ ပိုင်ဆိုင်မှုတ၀က် (စုစုပေါင်း $125 billion ကတိပြုနိုင်ခဲ့ပါတယ်။

.

အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေးကြီးဖြစ်လာသူများ ပါဝင်လာကြပါတယ်။ ဖေ့ဘုတ် သူဌေးကြီး ဇူကာဘတ် လဲ ပါဝင်ပြီး၊ ယခု ၂၀၁၆ ခုနှစ်မှာ စုစုပေါင်း ဘီလျံနာသူဌေးကြီးပေါင်း ၁၃၉ဦး ရဲ့ ပိုင်ဆိုင်မှု တ၀က် $365 billion ကတိပြုပြီး ဖြစ်ပါတယ်။ ထိပ်ဆုံးလူကတော့ ဘီလ်ဂိတ် ဖြစ်ပါတယ်။ ဘီလျံနာမဟုတ်ပေမဲ့ ပါဝင်လို့ရပါတယ်။

https://en.wikipedia.org/wiki/The_Giving_Pledge

.

.

.

ဘီလ်ဂိတ် ပြောကြားချက်တစ်ခု

ဘာသာရေး စိတ်နှလုံးကောင်း ပျိုးထောင်မှုဆိုတာ ကျနော်အမြင်အရ အလွန့်အလွန် အရေးကြီးပါတယ်။ ကျနော်တို့ မိမိကလေးတွေကို ဘာသာရေး ကျင့်ဝတ်များနဲ့ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကျနော့်  ကလေးများကို ဇနီးသည် မီလင်ဒါ ကိုယ်တိုင်သွားတဲ့၊ ကာသိုလစ် ခရစ်ယန်ဘုရားကျောင်းဆီ ခေါ်သွားလေ့ရှိပါတယ်။ ကျနော်လည်း အတူလိုက်သွားပါတယ်။ ကျနော်ဟာ အလွန်ကုသိုလ်ကံကောင်းပါတယ်။ ကျနော် ၀န်တာရှိသလို ကြိုးစားနေပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ဆင်းရဲချမ်းသာကွာဟမှုကို ရော့နည်းသွားဖို့ ပါပဲ။ ဒါမျိုးလုပ်ဖို့ စိတ်နှလုံးကောင်း ပျိုးထောင်ပေးခြင်းက ဘာသာရေးယုံကြည်ချက်လေး တစ်ခု ဖြစ်ပါတယ်။

.

The moral systems of religion, I think, are super important. We've raised our kids in a religious way; they've gone to the Catholic church that Melinda goes to and I participate in. I've been very lucky, and therefore I owe it to try and reduce the inequity in the world. And that's kind of a religious belief. I mean, it's at least a moral belief

.

ဘီလ်ဂိတ် အကြောင်းကတော့ ပြောမဆုံးပါဘူး။ ကလေးများကို ပြုစုခြင်း အလွန်အရေးကြီးကြောင်းပဲ ဒီနေရာမှာ ရေးလိုက်ပါတယ်။ https://www.facebook.com/gatesfoundation/ မှာ ဆက်ကြည့်နိုင်ပါတယ်။ သင့်ကိုယ်တိုင် ဘီလ်ဂိတ်ကြီးလိုပဲ ကလေးများနဲ့ အတူနေဖို့၊ ဘုရားကျောင်းကန် သွားဖို့ ပျော်ပါသလား?

.

.

နိဂုံး သုံးသပ်ချက်။

မြန်မာနိုင်ငံမှာ ခရိုနီမဟုတ်တဲ့ ထရန်စဖွန်မာများ ပြုလုပ်ရောင်းချရင်း လှုဒါန်မှုတစ်ခုကို သိန်းပေါင်း သောင်းချီ လှုဒါန်းသူ၊ စုစုပေါင်းရင် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ လှုဒါန်းပြီး သေဆုံးသွားသူ ပျဥ်းမနားမြို့က စိုးလျှပ်စစ် သူဌေးကြီး ၂၀၁၇ ကွယ်လွန်သွားချိန် တနိုင်ငံလုံး သာဓုခေါ်ကြရပါတယ်။ သူဌေးကြီး ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇ တို့ကိုလဲ မျှော်လင့်ပါတယ်။ ခေတ်သစ် လူငယ်သူဌေး အမြောက်အများ ပေါ်လာနေကြပါပြီ။ လူတွေကို ကူညီချင်တဲ့ စိတ်နဲ့စီးပွားလုပ်သူများ ပိုကြီးပွားချမ်းသာဖို့ မျှော်လင့် ဆုတောင်းပါတယ်။ ဒီလို သူဌေးမျိုးတွေရဲ့ ဘ၀ဖြစ်စဉ်များကို ဖော်ထုတ်ဂုဏ်ပြု အတုယူရမှာဖြစ်ပါတယ်။ သူတို့ ဒီလို အကြီးအကျယ်လှုဒါန်းခြင်း ဖြစ်လာဖို့ဆိုတာ သူတို့ငယ်စဉ်က ဘာသာရေးအဆုံးမအောက် နေခဲ့သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်သားသမီး ဘာသာရေးတစ်ခုခု ပုံမှန်သွားနိုင်ဖို့ ဓမ္မစကူးလ်၊ ဆန်းဒေးစကူးလ်များကို မပြက်မကွက် သွားစေဖို့ အလွန်အရေးကြီးပါတယ်)။ မုရန် 28.2.2018

.

ပုံ (၁) . ဘီလ်ဂိတ်၊ မီလင်ဒါ၊ သားသမီး၃ယောက်

ပုံ (၂) . ကွယ်လွန်သူ အေပဲကွန်ပြူတာနဲ့ အိုင်ဖုန်းတီထွင်သူ စတိဂျော်ပ် နဲ့အတူ ၂၀၀၇
.

.