မိုဟာမက် အမည်ရှိ ခရစ်ယန်သင်းအုပ်ဆရာရဲ့ သက်သေခံချက်


December 21, 2017
 

 မိုဟာမက် အမည်ရှိ ခရစ်ယန်သင်းအုပ်ဆရာရဲ့ သက်သေခံချက် နားထောင်မိတယ်။ 

.

မွတ်ဆလင်မိခင် ၁၉၆၆ လက်ဘနွန်မှာ မွေးဖွားခဲ့တယ်။ ဖခင် ဂျော်ဒန်လူမျိုး သူမမွေးခင်ကတည်းက စွန့်ခွာသွားတယ်။

.

ငယ်စဉ်ကတည်းက ဆန်းဒေးစကူး အပတ်စဉ်တက်ခဲ့တယ်။ မွတ်ဆလင်ကလေးများနဲ့ ပျော်စရာအချိန်လေးတွေပါ။

.

အသက်၁၄နှစ်မှာ why why? လူအကြောင်း လောကအကြောင်း ဘုးသခင်အကြောင်း ဖခင်ဘာကြောင်စွန့်ပြေးသလဲ စဉ်းစားတယ်။ မိမိအပြစ်တွေ များကြောင်း. .အပြစ်ထဲက ကယ်တင်ပေးတဲ့ ကယ်တင်ရှင်ကို လက်ခံ ခဲ့တယ်။ လဲကျသွားခဲ့တယ်။ 

.

အဲဒီကတည်းက ခရစ်တော် ယေရှုအကြောင်း လိုက်ပြောတော့ သူရူး တယောက်လား ပြောခံရတယ်။ မိဘများကလည်း အိမ်ကထွက်ပြီး ယေရှုဆီသးနေဖို့ ဘုရားကျောင်းမှာပဲ သွားနေဖို့ နှင်ထုတ်ခံရတယ်။ လက်ဘနွန်မှာ ငယ်စဉ် ဘဝ တက္ကသိုလ်ကျောင်းသားဘဝ ပျော်စရာ ငယ်စဉ် ကာလအချိန်များပါ (talked with smile). .

.

မိုဟာမက်ဆိုသူ ယေရှု Jesus အကြောင်းပြောတယ် ဆိုလို့ မိန်းကလေးတယောက်က စိတ်ဝင်စားတယ်။ လာတွေ့တယ်။ ချစ်ကြတယ်။ သူနဲ့ လက်ထပ်ဖြစ်တယ်။ 

.

အသတ်ခံရမလို ခဏခဏ ဖြစ်တယ်။ ခရစ်ယန်ကျမ်းစာကျောင်းမှာ မွတ်ဆလင်သွေးပါတယ်ပြောပြီး သေနပ်နဲ့ပစ်သတ်ခံရဖို့ကလည်း လွတ်မြောက်ခဲတယ်။

.

၁၉၈၅ မှာ အမေရိကန်နိုင်ငံရောက်လာပြီး ကျမ်းစာကျောင်းတက် ပညာသင် လေ့လာခဲ့တယ်။ ၁၉၉၁ လက်ဘနွန်ပြန်ရောက်တယ်။ ခရစ်တော်အကြောင်း ပြောရင်း ၅ယောက်ပဲကျန်တဲ့ အသင်းတော်မှာ ဇနီး ယောက်ခမတွေနဲ့ အသင်းသား ၁ရာ ဖြစ်လာတယ်။

.

ကျွန်တော် စီးပွားလုပ်ငန်းရှင်ဖြစ်ခဲ့တယ်။ ဒေါ်လာ၁သန်းနီးပါး ပိုင်ဆိုင်ပြီး စက်ရုံ ကုန်လှောင်ရုံ အလုပ်သမားများစွာနဲ့ လစဉ် ဒေါ်လာထောင်နဲ့ချီပြီး အလှုငွေပေးန်ုင်ခဲ့ပါတယ်။ ဘုရားကိုလဲချစ်တယ်။ စီးပွားရေးကိုလဲ ချစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျနော့်ကို ဘုရားသခင်ကိုပဲ ချစ်ဖို့ ပြောသံကြားခဲ့တယ်။ စီးပွားအဆင်ပြေရာကနေ ဆုံးရှုံးပြီး ဒေဝါလီ bankrupt ဖြစ်တယ်။ ထောင်၆လကျခဲ့တယ်။ ဘုရားကိုပဲ ချစ်ဖို့ဖြစ်လာတယ်။ ဒါပေမဲ့ လုပ်ငန်းတွေလုပ်ကိုင်ရင်း ဆိုင်ခန်းများစွာ ပိုင်ဆိုင်လာပြန်တယ်။ 

.

တနေ့ jogging လမ်းလျောက်နေစဉ် တခါကလို အပြစ်သား ဘာတွေလျှောက်လုပ်နေသလဲ why you so stupid ဆိုတဲ့ခံစားမှုပေါ်လာပြီး ဆိုင်တွေ တခုပြီးတခု ဖျက်သိမ်းတယ်။ စာအုပ်ဆိုင် တခုပဲချန်ထားပြီး ယေရှုအလုပ်ကို ခြေစုံပစ် လုပ်ပါတောာ့တယ်။

.

ဆက်နားထောင်ရင် ချစ်ခြင်းမေတ္တာအကြောင်းတွေ ကြားရပါမယ်။ မွတ်ဆလင် ခရစ်ယန် . .မိုဟာမက် ယေရှု Mohamad va Jesus အကြောင်း . အပြစ်သားကို ကယ်တင်ပြီး လက်ဝါးကပ်တိုင်မှာ အသေခံအသွေးသွန်ပေးတဲ့ ယေရှုချစ်ခြင်းမေတ္တာ . . ယေရှုရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံမှာ မိမိတို့ကို စောင့်နေကြောင်း ဧဝံဂေလိ နိုးထခြင်းများ ပြောကြားပါတယ်။ 
မုရန်

.

.

ဘုရားသခင်တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ၍ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာ မင်

ရောမ ၁၆ အဆုံးသတ်ကျမ်းပိုဒ်
.
https://www.youtube.com/watch?v=5zJ872BPZzw&feature=share
.