တိုင်တင်းနစ် ဧရာမ ဇိမ်ခံသင်္ဘောကြီး - တတိယကပတိန်ရဲ့ သင်္ဘောကပဲ လူ ၇၀၅ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တိုင်တင်းနစ် ဧရာမ ဇိမ်ခံသင်္ဘောကြီး ၁၉၁၂ ည ၁၁နာရီအချိန် ရေခဲတောင်နဲ့တိုက်မိပြီး လူ ၁၅၀၀ ကျော် ညအမှောင် ရေခဲရေထဲ သေဆုံးသွားခဲ့တယ်။ ဟောလိဝု ရုပ်ရှင်တွေ ရိုက်ကြ၊ ဇတ်လမ်းတွေဖွဲ့ကြ၊ အခုထက်ထိ ရေအောက် တမိုင်လောက်အနက်မှာ လဲလျှောင်းနေတဲ့ သဘောင်္ာထဲက ရတနာပစ္စည်းတွေ ရေငုတ်စက်ရုပ်၊ယာဉ်တွေနဲ့ ဆယ်ယူနေဆဲပါ။ သင်္ဘောပျက်ထဲက ထုတ်ယူထားတဲ့ ၀ိုင်အရက် တပုလင်းကို ကမ္ဘာဈေးအကြီးဆုံး ၀ိုင်အရက် အဖြစ်မှတ်တမ်းတင်ကြပါတယ်။ 
.
သင်္ခန်းစာများစွာရပါတယ်။ မိန်းမနဲ့ကလေးတွေကို အသက်ကယ်လှေပေါ်တင်ပေးပြီး သင်္ဘောနဲ့အတူအသေခံသွားတဲ့ သင်္ဘောကက်ပတိန်၊ ဘုရားသခင် နှစ်မြုတ်ရင်တောင်မှ မနစ်မြုတ်နိုင်လို့ ကြွေးကြော်ခဲ့တဲ့ သင်္ဘောဆောက်တဲ့ အင်ဂျင်နီယာကြီး၊ သင်္ဘောကြီးခမြာ ပထမဆုံး အင်္ဂလန်ကနေ အမေရိကားသွားတဲ့ ပထမဆုံးခရီးစဉ်ကြီးမှာ နစ်မြူတ်ပျက်စီးသွားခဲ့ပါတယ်။ 
.
ထူးဆန်းတဲ့ လူ့သဘာဝဖော်ပြချက်ကတော အောက်က ကယ်ဆယ်ရေးအဖြစ်ပျက်အကြောင်းပါ။ တိုင်တင်းနစ် သင်္ဘောက Distress Signal ကယ်ပါ ကယ်ပါ အမှတ် မိုးပေါ်ထောင်ပစ်တဲ့ မီးကျည်ပန်းကို အနားရောက်နေတဲ့ သင်္ဘော (၃)စီးက မြင်ပါတယ်။ 
.
.
* ပထမသင်္ဘော ကက်ပတိန်က တရားမ၀င် အလုပ်လုပ်နေတဲ့ သင်္ဘောဖြစ်တော့၊ သင်္ဘောမြုတ်တဲ့ မီးကျည် မြင်တာနဲ့ သင်္ဘောကက်ပတိန်းက ဝေးနိုင်သမျှ ဝေးအောင် မောင်းပြေးသွားပါတယ်။ အဲဒီနေရာနဲ့ ၇မိုင်ပဲ ဝေးပါတယ်။
.
* ဒုတိယသင်္ဘော ကက်ပတိန်က အလွန်မှောင်မဲနေတဲ့ ညကြီးမှာ သွားကယ်ဆယ်ရင်လဲ အလုပ်ရှုပ်ပါတယ်။ အားလုံး အိပ်ယာဝင်မယ်၊ မနက်ကျမှ ကြည့်မယ် လို့ဆုံးဖြတ်တဲ့ သင်္ဘောကက်ပတိန်ပါ။ အဲဒီနေရာနဲ့ ၁၄မိုင်ဝေးပါတယ်။ 
.
* တတိယသင်္ဘော ကပတိန်ကတော့ မီးကျည်ပန်း မြင်တာနဲ့ ချက်ခြင်း အမြန်ဆုံးကယ်ဆယ်နိုင်ဖို့၊ မောင်းသွားနိုင်ဖို့.. ဒူးထောက်ဆုတောင်းလိုက်ပါတယ်။ အဲဒီနေရာကို အမြန်ဆုံးရောက်ပြီး ရသမျှ ကယ်ဆယ်ဖို့ ကြိုးစားတယ်။ အဲဒီသင်္ဘောကပဲ လူ ၇၀၅ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အံ့သြစရာတစ်ခုကလဲ အဲဒီနေရာနဲ့ ၅၉မိုင်တောင် ဝေးတဲ့နေရာ၊ အဲဒီနေရာနဲ့ ဆန့်ကျင်ဘက် မောင်းနှင်နေတဲ့ သင်္ဘောဖြစ်ပြီး ပြန်လှည့်လာပြီး ကယ်ဆယ်ခဲ့တာပါ။ 
.
.
ပထမ၊ ဒုတိယ သင်္ဘော၂စင်းဟာ အပြစ်တင်စရာမရှိပါဘူး။ လူသဘောသဘာဝအရ မိမိအလုပ် မိမိလုပ်ခြင်းဖြစ်ပါတယ်။ တတိယသင်္ဘော ကပတိန်လို လူမျိုးတွေ ရဲ့ထူးခြားမှုကို ရေးပြ ဂုဏ်ပြုနေပါတယ်။ တတိယ ကပတိန်လို လူမျိုးတွေ ဒီကမ္ဘာကြီးမှာ ရှိနေသရွှေ့ ကမ္ဘာကြီး မပျက်စီးနိုင်သေးပါဘူး။ 
......
.
သုံးသပ်ချက်။ 
အနှောက်အရှက်များ၊ တာဝန်သိ၊ တာဝန်ယူလိုပေမဲ့ မဖြစ်လာတဲ့ ဆင်ခြေများက အမြဲတမ်း ရှိနေမြဲပါပဲ။ ဒါပေမဲ့ နှလုံးသားကနေ တာဝန်သိ၊ တာဝန်ယူတတ်သူများ လုပ်ရပ်ကောင်းတွေကို ကမ္ဘာကြီးကတော့ သတိရအောက်မေ့နေမှာပဲ ဖြစ်ပါတယ်။ 
.
ကျနော် ဆန္ဒပြုပါတယ်။ လူသားတိုင်း တတိယသင်္ဘော ကပတိန်လိုမျိုး ဖြစ်စေချင်ပါတယ်။ ဒီလိုလူမျိုး များလေလေ ကမ္ဘာကြီးက ပိုပြီး လှပသာယာ နေချင်စဖွယ် ဖြစ်လာလေလေ ပါပဲ...

Credit: Thant H Tun 
မုရန်
၂၇.၁၁.၂၀၁၇
......
......
.
RMS Titanic was a British passenger liner that sank in the North Atlantic Ocean in the early morning hours of 15 April 1912, after it collided with an iceberg. Passengers: 2,435, crew: 892. Total: 3,327 (or 3,547 according to other sources). More than 1500 perople died under icy dark ocean water. 
https://en.wikipedia.org/wiki/RMS_Titanic
.

There were three ships which were nearby when the Titanic sunk.

One of them was known as the Sampson. It was 7 miles away from the Titanic and they saw the white flares signaling danger, but because the crew had been hunting seals illegally and didn't want to be caught, they turned and went the opposite direction away from the Titanic. This ship represents those of us who are so busy in our own sin and lives that we can't recognize when someone else is in need.

The next ship was the Californian. This ship was only 14 miles away from the Titanic, but they were surrounded by ice fields and the captain looked out and saw the white flares, but because the conditions weren't favorable and it was dark, he decided to go back to bed and wait until morning. The crew tried to convince themselves that nothing was happening. This ship represents those of us who say I can't do anything now. The conditions aren't right and so we wait until conditions are perfect before going out.

The last ship was the Carpathia. This ship was actually headed in a southern direction 58 miles away from the Titanic when they heard the distress cries over the radio. The captain of this ship knelt down, prayed to God for direction and then turned the ship around and went full steam ahead through the ice fields. This was the ship that saved the 705 survivors of the Titanic.


Threesome