ဝါးပိုးဝါးကြီးများနဲ့တည်ဆောက်ထားတဲ့ ရွှေဝါထွန်းအသင်းတော်(ပုသိမ်) ..နဲ့ ၀ါးစိုက်ပျိုးခြင်း..


ဝါးပိုးဝါးကြီးများနဲ့တည်ဆောက်ထားတဲ့
ရွှေဝါထွန်းအသင်းတော်(ပုသိမ်) ..နဲ့ ၀ါးစိုက်ပျိုးခြင်း..
16 years ago,
Shwe Wa Tun Church, built by BIG BANBOO
..........................................
ဝါးပင်စိုက်ပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်မယ့် မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်း
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ တွေ့ရသည့် ၀ါးပျိုးပင်များ။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံတ၀ှမ်း ၀ါးစိုက်ပျိုးမှု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်း မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ သူတို့ အသင်းအနေနဲ့ ၀ါးစိုက်လိုသူတွေအတွက် အဆင်ပြေအောင် စိုက်ပျိုးနည်း သင်တန်းတွေကို ပို့ချပေးကြောင်းလည်း ဦးကျော်ဝင်းက ပြောပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဝါးစိုက်လိုသူတွေအနေနဲ့ တဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မြန်မာနိုင်ငံ ၀ါးစိုက်ပျိုးရေးအသင်းရဲ့ Facebook စာမျက်နှာပေါ်မှာ “မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း” ၊ ဒါမှမဟုတ် အင်္ဂလိပ်လို ဖွင့်ထားတဲ့ Myanmar Bamboo Society ဆိုတဲ့ နံမည်နဲ့ ရှာဖွေပြီး အဲဒီကတဆင့် လျှောက်လွှာတွေကို တောင်းခံနိုင်သလို သိလိုတာတွေကို မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
လင့်ခ် Link ....(၊ ၀ါးလုပ်ငန်းများစွာ၊၀ါးအနုပညာပစ္စည်းများစွာ ပုံများစွာ၊လုပ်ငန်းများစွာ ရှယ်ထားကြပါတယ်)။
https://www.facebook.com/groups/395039610706759/?ref=br_rs
 
ကော်လင်း၊ ၀င်းသို၊ ကန့်ဘလူ ..တအိမ်ဝါးဆယ်ပင် စီမံကိန်း၊ သင်တန်းများလုပခြင်း၊ တအိမ်ကို ၀င်ငွေတစ်သိန်းရရှိရေး၊ ပြည်နယ်တိုင်းအားလုံးမှာ စီးပွားဖြစ်စိုက်ပျိုးရေး ..ကမ္ဘာမှာ တတိယအများဆုံး ၀ါးများရှိသော မြန်မာနိုင်ငံဖြစ်ကြောင်း၊ တစ်အိမ်ကို ဧက၁၀၀ပေးမယ် ..စည်းရုံးပြီး ဧကတစ်သောင်း ရှိလျှင် စက်ရုံတည်လို့ရမယ် ..၀ါပါကေး၊ မျှစ်စက်ရုံ စတဲ့အလုပ်များ စက်ရုံအလုပ်တွေ ပေါလာမယ်။ နိုင်ငံတော်အစိုးရလုပ်တဲ့ စီမံကိန်းမဟုတ်၊ အသင်း (လူတွေစုပေါင်းလုပ်တဲ့ )စီမံကိန်းဖြစ်ပါတယ်။ အင်အယ်ဒီပါတီကလည်း အားပေး၊ သစ်တောဦးစီးဌာနကလည်း အားပေးပြီး ဧက ၅ထောင်၊ ၁သောင်း ရှိတဲ့နေရာကို ရှာမယ် စိုက်ပျိုးဖို့ တွေ့ရင်တော့ သစ်တောဦးစီးဌာနကို ကူညီပေးဖို့ တောင်းခံမယ်ဖြစ်ပါတယ်။ အခုချိန်မှာ ၀ါ
ရန်ကုန်တိုင်း နဲ့ နေပြည်တော်များမှာ ၀ါးစိုက်ပျိုးရေးသင်တန်းများ တက်ဖို့ လျှောက်လွှာများ လက်ခံနေတယ်လို့ သိရပါတယ်။
30 အောက်တိုဘာ၊ 2017
ကိုဇော်ဝင်းလှိုင် VOA
အသံဖိုင် နားထောင်ရန်လင့်ခ်
https://burmese.voanews.com/a/4094293.html
..

.
သက်သေခံချက်
မြေပြန့် သာသနာ - ဧရာဝတီတိုင်း၊ ပုသိမ်
Life Experience / Testimony ဘ၀အတွေ့အကြုံ Administrator 24 Jan 2014 763
မြန်မာပြည်၌ လုပ်ဆောင်နေသော သာသနာလုပ်ငန်းများစွာ ရှိပါသည်။ ဘုရားအမှုတော် ဆောင်ရွက်နေကြသော သူများအားလုံး အောင်မြင်သော အခွင့်ရကြမည်မှာ မလွဲပေ။ ထိုသာသနာ များထဲမှ တစ်ခုသော သာသနာလုပ်ငန်း တစ်ခုကို တင်ပြအပ်ပါသည်။

I စတင်ပေါ်ပေါက်လာပုံ
မြန်မာလူမျိုးများထံသို့ ဧ၀ံဂေလိ လုပ်ဆောင်ခြင်းကို မြေပြန့်သာသနာဟု အမည်ရခဲ့ပါသည်။ Rev.Dr. Honor Nyo ၏ တိုက်တွန်းနှိုးဆော်မှုကြောင့် ဆရာစောလားသည် ပုသိမ်မြို့ ၊ ပန်းတင်ကုန်းရပ်ကွက်တွင် စတင်ပြီး ဧ၀ံဂေလိလုပ်ငန်း လုပ်ဆောင်ခဲ့ပါသည်။ ၂နှစ်နီးပါးကြာသည့်အခါ စောဝါရှင်တန်နှင့် ထပ်မတွေ့ပြန်၍ တိုက်တွန်းနှိုးဆော်ပြန်ပါသည်။ ဘုရားသခင်၏ အကြံစည်တော် ကတိတော်ကို နားမလည်ပါ။ တနေ့ ဆရာဦးအောင်မြင့်ခိုင်နှင့်အတူ ပုသိမ်မြို့ ၊ ရ.ယ.က (၁) ရွှေဝါထွန်း ၊ မနော်ဟရီ (၆)လမ်းနေ ဆင်ပိုင်စောလဲစေးတို့၏ အိမ်သို့ ကျေးဇူးတော်ချီးမွမ်းပွဲကို (14-9-2001) တွင် ၀တ်ပြုကိုးကွယ်ကြသည့်အခါ သူတို့မိသားစုနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေများလည်း ရောက်လာကြပါသည်။ သူတို့ကိုလည်း ဧ၀ံဂေလိ ဟောကြားခဲ့ရပါသည်။ ၄င်းနောက် တနင်္ဂနွေနေ့ ညနေ ၂ နာရီ အချိန်တွင် ပတ်စဉ်တိုင်း လာရောက် မိဿဟာရပြုကြပါသည်။ ၂၀၀၁ခုနှစ် September လ (၃၀)ရက်နေ့တွင် ပြောင်းလဲလာသူ (၁၄)ဦး ရေနစ်ခြင်းခံကြပါသည်။ ခရစ်တော်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလာကြပါသည်။
 
ပြောင်းလဲလာသူ တဖြည်းဖြည်းများပြားလာသည့်အခါ ၂၀၀၂ ခုနှစ် ၊ May လ ၂၀ရက်နေ့တွင် (၄၀’ x ၆၀’) မြေတစ်ကွက်ဝယ်ယူပြီး ၊ ဆုတောင်း အိမ်ကလေးတစ်လုံး ဆောက်လုပ်ကာ အတူတကွ ၀တ်ပြုကိုးကွယ်ခဲ့ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဧ၀ံဂေလိချစ်သောမြို့ပေါ်ရှိ မြို့မမြို့ဖများရဲ့ ကူညီပေးမှု ကြောင့် (၄၀’ x ၆၀’)အကွက် ၅ ကွက်ကို ထပ်မံဝယ်ယူနိုင်ပြီး ၊ ၄င်းမြေရှိရာ မနော်ဟရီ (၁)လမ်း တွင် Dr.Thein Shwe (ကိုသာဖြူကျမ်းစာကျောင်း) ကျောင်းအုပ်၏ ဦးဆောင်မှုကြောင့် လူပေါင်း ၁၀၀ခန့်ဆန့်တဲ့ ဆုတောင်းအိမ်တစ်လုံးကို ထပ်မံ ဆောက်လုပ် နိုင်ပါသည်။ ယုံကြည်သူ အသင်းသူ/သားများ သာမက အခြားသော ဧည့်သည် ယုံကြည်သူများ၊ ကျေးရွာမှ မြို့ပေါ်သို့ ကျောင်းလာနေသူများ စသည်တို့လည်း လာရောက် မိဿဟာရပွဲ ၀တ်ပြုကိုးကွယ်ကြပါသည်။
 
(ပန်းတင်ကုန်း) အသင်းစုကို ၁၉၉၉ခုနှစ် ၊ စက်တင်ဘာလ (၉)ရက်နေ့တွင် စတင် တည်ထောင်နိုင်ပြီး ၊ ဦးဆောင်သူ ဆရာစောလားနှင့်အတူ ဆရာအေအမ် ၊ ဆရာမ Grace တို့ ပါဝင်ကြပါသည်။ (ရွှေဝါထွန်း) အသင်းတော်စုကို 2001 ခုနှစ် ၊ September 14 ရက် နေ့တွင် စတင်တည်ထောင်ပြီး ဦးဆောင်သူ ဆရာစောဝါရှင်တန် နှင့်အတူ ဆရာစောဘွေထူး ၊ ဆရာအာဗြဟံ ၊ ဆရာမတီးနာတို့ ပါဝင်ဆက်ကပ်ကြပါသည်။ (ရာမည) အသင်းတော်စုမှာ ဆရာမမေကြည် ၊ ဆရာစံမင်းတို့ ဦးဆောင် ဆက်ကပ်ကြပါသည်။ ၄င်းနောက် အခြားသော အသင်းစု (၇)စုသည်လည်း ဧ၀ံဂေလိဆက်လက်ပြန့်နှံ့မှု ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
 
 
II. ဧ၀ံဂေလိလုပ်ငန်း လုပ်ဆောင်မှုများ
မြေပြန့်သာသနာရွှေဝါထွန်းအသင်းတော်စုမှ ယနေ့စီမံကိန်းစခန်းများသို့လှမ်းကာ ဧ၀ံဂေလိလုပ်ငန်း ဆက်လက်လုပ်ဆောင်ကြပါသည်။ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရွှေ ၀ါထွန်းကျေးဇူးတော်အသင်းတော်စုလေးသည် ဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်ရန် လယ်ယာ ၊ ဥယျာဉ်မြေ (၃၃)ဧက ကို ၀ယ်ယူနိုင်ပါသည်။ လယ်ယာ (၁၈)ဧက နှင့် ဥယျာဉ်မြေ (၁၅)ဧက ဖြစ်ပါသည်။ ၄င်းကို ကျောက်စရစ်ကန်ဟု အမည်ရလျက် ၊ ပုသိမ်အနောက် သလပ်ခွါကျေးရွာ အုပ်စုမှာ တည်ရှိပါသည်။ ပတ်ဝန်းကျင်၌ မယုံကြည်သူ နတ်စားကရင်များလည်း များစွာရှိပါသည်။ ကျောက်စရစ်ကန်နှင့် မနီးမဝေးတွင် ရေသိုးကြီးစီမံကိန်းစခန်းရှိပြီး ၊ ၄င်းမှ ၂နာရီခရီးအကွာတွင် ရေသိုးလေး စီမံကိန်းစခန်းရှိပါသည်။ ၄င်းဒေသများတွင် နှစ်ရှည်ပင် (ရာဘာ)များကို များစွာ စိုက်ပျိုးကြပါသည်။ အလုပ်သမားများသည် အနီးအနားရှိ ကျေးရွာ ၃-၄ ရွာမှ လာရောက်အလုပ်လုပ်ကြပြီး ၊ ဦးဆောင်သူများမှာ မယုံကြည်သူများ ဖြစ်ကြပါသည်။
 
ဒေသခံ ယုံကြည်သူများသည် မိမိတို့၏ ကျေးရွာ ၊ အသင်းတော်သို့ တနင်္ဂနွေ အပတ်တိုင်း ပြန်လည်ဝတ်ပြုကိုးကွယ်ခြင်း မလွယ်ကူသောကြောင့် သူတိုနှင့်အနီးစပ်ဆုံးတွင် ရှိသော ကျွန်တော်တို့ကို ဖိတ်ခေါ်ရာ ၊ သွားရောက်ပြီး မိဿဟာရဖွဲ့ဝတ်ပြုကိုးကွယ်ရာမှ ဧ၀ံဂေလိတရားကို မယုံကြည်သူများအား ဝေမျှသက်သေခံခွင့်ရခဲ့ကြပါသည်။ ကျွန်တော်တို့၏ ဥယျာဉ်ကလေးမှာ ဧ၀ံဂေလိလုပ်ငန်းလုပ်ဆောင်ရန် ရည်ရွယ်ချက် ပန်းတိုင်ထားရှိသောကြောင့် ယခုစုပေါင်းမိဿဟာရဖွဲ့နိုင်ရန် အဆောက်အဦးတစ်ခု ဆောက်လုပ်ထားပါသည်။ သစ် ၊ ၀ါးများဖြင့်သာ ဆောက်လုပ်ထားပါသည်။ ကျောက်စရစ်ကန် သည် ကုန်းမြေနေရာဖြစ်သောကြောင့် ၄င်းကုန်းမြေ၏ နံဘေးကို လိုဏ်ခေါင်းဖေါက်ပြီး ၊ ဆုတောင်းခန်းကလေး ဆောက်လုပ်ထားပါသည်။ ယခုလက်ရှိ ဖောက်ထားသော အခန်း (၃)ခန်းရှိသော်လည်း (၁)ခန်းတည်းသာ ကြွေသားများဖြင့် ခင်းကျင်းဆောက်လုပ်ပြီးခဲ့ ပါသည်။ တစ်ခန်းလုံး ကြွေသားဖြင့် ခင်းထားသောကြောင့် (၂)သိန်းကျော် ကုန်ကျပါသဖြင့် ဆက်လက်ပြီး ဆောက်လုပ်ရန် အခက်အခဲရှိသောကြောင့် ခဏရပ်ဆိုင်းထားရပါသည်။ သို့သော် ယုံကြည်ပါသည်။ အားလုံးပြီးစီးသွားသည်အထိ ဆောက်လုပ်နိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။ ဆုတောင်းခန်းများ ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ - လာရောက်လည်ပတ် သူတိုင်း တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်း ဆက်ကပ် နိုင်ရန် ၊ - ယုံကြည်သူတိုင်း ဆုတောင်းသူရဲကောင်းဖြစ်ရန် စသည့် ရည်ရွယ်ချက်များဖြင့်သာ ဆောက်လုပ်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့၏ ရွှေဝါထွန်းကျေးဇူးတော်အသင်းတော်စုသည် အသင်းစုမှသည် အသင်းတော်တည်ထောင်ဘို့ ရည်ရွယ်ချက်ထားသည့်အတိုင်း ယခုလဲဘဲ အသင်းတော် သဏ္ဍာန်နှင့်အညီ ဆက်ကပ်လုပ်ဆောင်ကြပါသည်။
 
 
III. ဧ၀ံဂေလိ အသီးအပွင့်များ
မြေပြန့်သာသနာတွင် အဦးဆုံးစတင်ဆက်ကပ်သော အသင်းစုမှာ ပန်းတင်ကုန်း ၊ ရွှေဝါထွန်း နှင့် ရာမညဖြစ်ပါသည်။ ၄င်းမှတဆင့် ဧ၀ံဂေလိ ပြန့်နှံ့သွားပြီး ၊ အခြားသော အသင်းစုကလေး (၇)ခု ပေါ်လာရခြင်းဖြစ်ပါသည်။ အသင်းစုတိုင်းတွင် ဦးဆောင် ဆက်ကပ်သူတိုင်း အခက်အခဲကိုယ်စီ နှင့် ရင်ဆိုင်ကြုံတွေ့ရပါသည်။ ပြောင်းလဲစလူများ သည်လည်း ယုံကြည်ခြင်း မခိုင်မာသေးသောကြောင့် သူတို့နှင့်အတူ ရပ်ကွက်ထဲတွင် ဆင်းနေရပြီး ၊ နေ့စဉ်ဝိညာဉ်အစားကျွေးရပါသည်။ ဆုတောင်းခြင်းအရာ၌ ပို၍လုပ်ဆောင် ရပါသည်။ (More Prayer more Power, Less Prayer less power , No Prayer no power) ဆိုသည့်အတိုင်း များများ ဆုတောင်းရပါသည်။ အသင်းတော်သဏ္ဍာနှင့်အညီ လုပ်ဆောင်ဆက်ကပ်သောကြောင့် ယုံကြည်လာသူ ၊ ပြောင်းလဲလာသူ များပြာလာရုံသာမက ယုံကြည်ခြင်းအရာ၌ ပို၍ခိုင်မာလာကြပါသည်။ ယခုယုံကြည်သူ အသင်းသူ/သား တချို့သည် အစာရှောင် ဆုတောင်းဆက်ကပ်တတ်လာသည်။ အသင်းတော်စု၌ ပါဝင်လုပ်ဆောင်တတ်လာသည်။ တစ်ဦးနှင့်တစ်ဦး ဝေမျှသက်သေခံ တတ်လာသည်။ မယုံကြည်သူများကို ဖိတ်ခေါ်တတ်လာသည်။ ရိုင်းပင်းကူညီလိုသော စိတ်များ ပွားများလာသည်။ အတ္တစိတ်လျော့နည်းသွားပြီး တစ်ဦးနှင့်တစ်ဦး မေတ္တာထား တတ်လာသည်။
ဤကဲ့သို့ စိတ်ထားများပြောင်းလဲလာခြင်း ၊နူးညံ့သိမ်မွေ့ လာခြင်းသည် ငြိမ်သက်ခြင်းအရှင်ဖြစ်သော ခရစ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်ခြင်းကြောင့်သာဖြစ်သည်ကို အကြွင်းမဲ့ယုံကြည်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်၏ လမ်းညွှန်မှု ၊ ကူညီမစမှု ၊ ပြုပြင်မှုကြောင့် လမ်းလွှဲလမ်းမှားသို့ ရောက်နေသော သူများပင် ရံဖန်ရံခါ ၀တ်ပြုကိုးကွယ်ချိန်၌ ပေါ်လာတတ်ပါသည်။ နောက်ဆုံးရလိုက်သည့် အဖြေတစ်ခုမှာ ၀ိညာဉ်တော်အလုပ်လုပ်ဖို့အတွက် အမှုတော် ဆောင်များ ဆုတောင်းဆက်ကပ်ရုံနှင့်မရဘဲ အသင်းသူ/သူများပါ ပါဝင်ဆက်ကပ်ရန် လိုကြောင်း သိရှိလာရပါသည်။ သို့ဖြစ်၍ စည်းရုံးမှုများစွာလိုအပ်သောကြောင့် အသင်းတော်တစ်ပါးအဖြစ် ရပ်တည်လိုခြင်းသာဖြစ်ပါသည်။ ဧ၀ံဂေလိ သတင်းကောင်းဝေမျှရုံနှင့် မလုံလောက် ၊ ရိုင်းပင်းကူညီစေတနာမေတ္တာပြုနိုင်ရန်အတွက် လည်း များစွာလိုအပ်သောကြောင့် အသင်းတော်တစ်ပါးအဖြစ်ရပ်တည်လိုခြင်းသာ ဖြစ်ပါ သည်။ ဧ၀ံဂေလိသတင်းကောင်း ဝေမျှရုံနှင့် မလုံလောက် ၊ ရိုင်းပင်းကူညီစေတနာ မေတ္တာ ပြနိုင်ရန်အတွက်လည်း များစွာလိုအပ်သောကြောင့် ကျွန်တော်တို့အမှုတော်ဆောင်များ ပျင်းရိခြင်းမရှိဘဲ ကျရာကဏ္ဍတွင် အကောင်းဆုံးဆက်ကပ်လုပ်ဆောင်ရပါသည်။ အသီးအပွင့်များ ၊ များစွာဝေဆာသီးပွင့်သကဲ့သို့ ညှိုးနွမ်းခြောက်သွေ့သွားသော အသီးအပွင့်များလည်းရှိပါသည်။ စားဝတ်နေရေးအဆင်မပြေမှုကြောင့် လွယ်ကူသော အလုပ်များ လုပ်ဆောင်တတ်လာကြသဖြင့် အသင်းတော်စု၏ ဆုတောင်းရာ အိမ်တော်တွင် သူတို့အတွက် မ၀ံ့မရဲ ဖြစ်မိကြပါသည်။ သူတို့ကို တဖန်ပြန်လည်ပြီး စည်းရုံးရပါသည်။ (ခရစ်တော်က အပြစ်သားကို ချစ်တယ် ၊ ခွင့်လွှတ်တယ် ၊ အပြစ်ကိုတော့ ရွံ့မုန်းတယ်ဆိုတဲ့အကြောင်း ဟောပြောသွန်သင်ရပြန်ပါတယ်။) တချို့သော အသင်းသား/သူများသည် AIDS ရောဂါကြောင့် ယုံကြည်သူသက်တမ်း (၃)နှစ်ရှိပြီး၊ သေဆုံးသွားကြပါသည်။ ကျွန်တော်တို့အသင်းတော်စုသည် ယခင်က အရက်သမား ဖဲသမား ၊ ဖာများ ၊ သူခိုးများ ၊ ဓားပြများ ၊ လောင်းကစားသမားများ ၊ လေလွင့်နေသူ ကလေးသူငယ်များ ရှိကြပါသည်။ ယခု (၈)နှစ် (၉)နှစ် အချိန်အတွင်း များစွာဖွံ့ဖြိုးတိုးတက်လာပါသည်။
 
 
IV. မြေပြန့် သာသနာကွင်း အမည် ၊ အမှုတော်ဆောင်များဦးရေအမည် နှင့် အသင်းသား/ သူများ ဦးရေ
စဉ် နေရာ အသင်းစုအမည် အမှုတော်ဆောင်အရေအတွက် အသင်းသားဦးရေ နှင့် အမည်စာရင်း
၁။ ပန်းတင်ကုန်း ခရစ်တော် ၁။ ဆရာစောလား ၃၁၃ ဦး
၂။ ဆရာစောအယ်
၃။ ဆရာမ Grace
၂။ ရွှေဝါထွန်း ကျေးဇူးတော် ၁။ ဆရာဝါရှင်တန် ၂၈၇ ဦး
၂။ ဆရာဘွေထူး
၃။ ဆရာအာဗြဲဟံ
၎။ ဆရာမထီးနာ
၅။ ဆရာမန်းအုံးသွင်
၃။ ရာမည မေရှိယ ၁။ ဆရာမ မေကြည် ၅၂၃ ဦး
၂။ ဆရာစံမင်း
၎။ မြို့ချောင်း ဗက်လင်ကြယ် ၁။ ဆရာဂျောရှုးဝါး ၃၅ ဦး
၅။ ထုံးဘို ရှာလုံ ၁။ဆရာကလူသေး ၄၂ ဦး
၆။ ရေကြည်ဦး မေသလ ၁။ ဆရာဦးထွန်းလင်း ၆၆ ဦး
၇။ ကင်မလင်းကျွန်း ဧမာနွေလ ၁။ ဆရာရောဂျယ်ဂျယ် ၄၂ ဦး
၈။ ပေါက်ကုန်း တိဗေရိ ၁။ ဆရာမယဉ်ယဉ်ချော ၃၃ ဦး
၉။ ရေကြည် သက်စမ်းရေ ၁။ ဆရာမတင်ဇာဖြူ ၂၇ ဦး
၁၀။ငှက်ပျောတော ကန်ကြီးဒေါင့် ၁။ ဆရာမရောဂျယ်ဂျယ် ၂၀ ဦး
စုစုပေါင်း အမှုတော်ဆောင် ၁၇ဦး ၊ အသင်းသားစုစုပေါင်း ၁၃၈၈ ဦး
 
 
 
 
V ရည်ရွယ်ချက် နှင့် မျှော်မှန်းချက်
၁။ မိမိခြေထောက်အပေါ် မိမိရပ်တည်လျက် အသင်းတော်တစ်ပါးစီ အဖြစ် တည်ထောင်နိုင်ရန်။
၂။ မြေပြန့်သာသနာတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ရန် ။
VI မယုံကြည်သူမြန်မာ(ဗမာ)လူမျိုးများထံသို့ ဧ၀ံဂေလိ လုပ်ဆောင်ခြင်း (မြေပြန့်သာသနာ)
 
မြေပြန့်သာသနာ၏ အဦးဆုံးသော အသင်းစုမှာ (၁) ပန်းတင်ကုန်း (၂) ရွှေဝါထွန်း (၃) ရာမည တို့ဖြစ်ပါသည်။ အသင်းတော်တစ်ပါးအဖြစ် စတင်တည်ထောင် ဖွဲ့စည်းနေသော ကြောင့် လစဉ်အသုံးစရိတ်များ ပိုများလျက်နေပါသည်။ စားဝတ်နေရေး ၊ သာရေး ၊ နာရေး ၊ (၃)လတစ်ခါ ကိုသာဖြူကျောင်းသို့ လာရောက်နှစ်ခြင်းခံရသည့်အချိန် ကားခအသွားအပြန် စသည်ဖြင့် ကုန်ကျမှုများစွာရှိပါသည်။ ရွှေဝါထွန်းအသင်းစုကလေးသည် ဘော်ဒါဆောင်လုပ်ဆောင်ခဲ့သည်မှာ (၈)နှစ် ရှိပါပြီ။ မူကြိုကျောင်းက (၃)နှစ်ရှိပါသည်။ ၂၀၀၈-ခုနှစ်တွင် စပါးစိုက်ပျိုးခြင်း ၊ အခြားသော သီးပင်စားပင်များ စိုက်ပျိုးခြင်းများပြုလုပ်ပါသည်။ ကျောင်းသူ/သားများ ၊ မှီခိုသူများ ၊ အလုပ်သမားများ ၊ စားစရိတ် လစဉ် (၅)သိန်း မက ကုန်ကျပါသည်။ ဘုရားသခင် ကျေးဇူးတော်ကြောင့် အရှက်တကွဲ မဖြစ်ခဲ့ပါ။ အခမဲ့စာဖတ်ဝိုင်း ရှိပါသည်။ (၁၀)တန်း ကျောင်းသား/သူများလည်း Tuition ပို့ပေးရပါသည်။ သူတို့မှာ ဆင်းရဲကြသောကြောင့် သားသမီးကလေးများ ကျောင်းမပို့နိုင်သဖြင့် ကူညီပို့ပေးပြီး ဘော်ဒါမှာ ထားခြင်းအားဖြင့် လိမ္မာရေးခြားရှိစေရန် လုပ်ဆောင်ခြင်းသာဖြစ်သည်။ ၀ိညာဉ်ရေးရာမှာလည်း ပို၍ရင့်ကျက် စေလိုသောကြောင့်လည်း ဖြစ်ပါသည်။ အိမ်ထောင်ကွဲဒုက္ခရောက်နေသူများလည်း အလုပ်ခင်း ပေးရပါသည်။ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များကို အရင်းအနှီး ထုတ်ပေးရပါသည်။ (၄)ဦး (၅)ဦး အရင်းအနှီးထုတ်ပေးလျှင် ကျန်သောသူများလည်း လိုချင်လာကြသည်။ တစ်ချို့က အရစ်ကျနှင့် ပြန်ဆပ်သော်လည်း တစ်ချို့ကျတော့ လုံးဝ ပြန်မဆပ်နိုင်သော သူများလည်း ရှိပါသည်။ ဘုရားသခင်ပေးသော ခွန်အားဖြင့်သာ အမှုတော်မြတ်၍ စိတ်မပျက်ဘဲ ယနေ့ထိတိုင် လုပ်ဆောင်နိုင်ခြင်းသာ ဖြစ်ပါသည်။
လေးစားစွာဖြင့်
အမှုတော်မြတ်၌
(မြေပြန့် သာသနာ) ၂၀၀၉ ဝိညာဉ်သစ်မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည်။ 
.
.
.
သတင်းကောင်း...
၈.နိုဝင်ဘာလ.၂၀၁၇ မှာ ရွှေဝါထွန်းအသင်းတော်ကို ကချင်ပြည်နယ်၊ ကချင်လူမျိုးအဖွဲ့ ၂၅ဦး၊ တရက်တာ မြေပြန့်သာသနာ လေ့လာ၊ အတူ ကိုးကွယ်ဝတ်ပြုကြပါမယ်။ ဒီဇင်ဘာလမှာ ပုသိမ်နယ် အသင်းတော်များရဲ့ နှစ်စဉ် တစ်ပတ်ကြာ အစည်းအဝေး (ဓမ္မသဘင်) အတွက် ညအိပ်၊အစားအသောင် ရွှေဝါထွန်းအသင်းတော်မှာ တာဝန်ယူရန် အလှည့်ကျလာပါတယ်။ သတိရဆုတောင်းပေးကြပါရန်။ 
.
ပုံ - ရွှေဝါထွန်း အသင်းတော်သို့ စိုက်ပျိုးမွေးမြူရေး လာရောက်လေ့လာသူတစ်ဦးအား ဧ၀ံဂေလိတရား သတင်းကောင်း သက်သေခံပြောကြားနေသော ဆရာဝါရှင်တန်။ 
.
မုရန်
၂.နိုဝင်ဘာ.၂၀၁၇
.
Facebook Link (Murann)
https://www.facebook.com/groups/murann/permalink/1498547233572640/

Threesome