ဒီကနေ့ အမြင်သစ်တခုရရှိခြင်း (ဓမ္မဆရာဆိုသည်မှာ)

ဒီကနေ့ အမြင်သစ်တခုရရှိခြင်း
(ဓမ္မဆရာဆိုသည်မှာ)
.
ယနေ့ တနင်္ဂနွေနေ့ ရွှေဝါထွန်းအသင်းတော်ကို ၂၃နှစ်သား အလုပ်မရှိ ပုံမှန်အလုပ်မလုပ်ချင်တဲ့ (နေစရာ စားစရာ ပူစရာမရှိတဲ့) တူတော်မောင်ကို ခေါ် ပြီး အတူ ကိုးကွယ်ဝတ်ပြုကြပါတယ်။ 
 .
ပုသိမ်မြို့အသင်းတော် ၁၄ပါးက မိမိတို့ပုံစံကျနေတဲ့ ပုံစံ ပရိုဂရမ်အတိုင်း ဝတ်ပြု ကိုးကွယ်ကြတယ်။
.
ရွှေဝါထွန်းအသင်းတော်ကတော့ ကလေးငယ်များ ဗဟိုပြု ချီးမွမ်းသီချင်းများစွာနဲ့ ရှင်သန်နေတဲ့ အသင်းတော်ဖြစ်ပါတယ်။ နံနက်၁၁နာရီကနေ နေ့၁နာရီအထိ အဖွဲ့လိုက် ဓမ္မသီချင်းပေါင်း ၁၀ပုဒ်လောက် အစည်းဝေး စ လယ် ဆုံး သီဆိုချီးမွမ်းသွားကြပါတယ်။ 
.
.
.
သင်ခဏ်းစာတခု
.
အစည်းအဝေးအပြီး သင်းအုပ် ဆရာ ဝါရှင်တန်နဲ့ စကားပြောရင်းအ လုပ်မရှိ ပုံမှန်အလုပ်မလုပ်ချင်တဲ့ (နေစရာ စားစရာ ပူစရာမရှိတဲ့) တူတော်မောင် နဲ့ မိတ်ဆက်ပေးပါတယ်။ 
.
.
ကျနော်။ 
ဆရာရေ. . ဒီ တူတော်မောင်လေ. . အခု မယုံကြည်သူနဲ့ ရီးစားရပြီး မိန်းမယူချင်နေတယ်။
(မိမိ မကျေမနပ်နှင့် လူငပျင်း တူတော်မောင် အခု မိန်းမတော့ ယူချင်နေကြောင်း လုပ်ပါဦးဆရာရယ် ဆုံးမပေးပါဦး . . သဘောရတဲ့ ကွန်ပလိန်းစကားဖြစ်ပါတယ်)။

ဆရာဂါရှင်တန်။ 
 ဟာ မယုံကြည်သူနဲ့ ချစ်ကြိုက် ယူကြတော့မယ်ဆိုတော့ သိပ်ကောင်းတာပေါ့။ 
(တူတော်မောင် မျက်နှာ ဝင်းပ အားတက်လာပါတယ်)။

ဒါ ဧဝံဂေလိ လုပ်သလိုပဲ ကိုယ့် ယုံကြည်ခြင်းကို လက်ဆင့်ကမ်းမယ်။ ကိုယ့်ချစ်သူလည်း ယုံကြည်သူဖြစ်လာမယ်လေ. . စသဖြင့် မေတ္တာနဲ့ . .ပြောပါတယ်။ 
.
မိန်းကလေး မိဘသဘောမတူလို့ လက်ထပ်ခွင့်မရ . .တဲ့ ရွှေဝါထွန်းအသင်းသားတယောက်အကြောင်း ပြောပြပါတယ်။ တယောက်ကိုတယောက် တကယ်ချစ်ပေမဲ့ မိမိတို့ အလိုကျ လက်ထပ်အတူနေ မလုပ်ပဲ ၂လကြာ ရွှေဝါထွန်းအသင်းတော်မှာ အစာရှောင်ဆုတောင်းတော့ မိဘဆွေမျိုးများ သဘောတူပြီး လက်ထပ်ပေးလိုက်တဲ့အကြောင်း . .တယောက်ကိုတယောက် ချစ်ဖို့ အရေးကြီးဆုံးဆိုတာ ပြောပြပါတယ်။

(မိဘ ဆွေမျိုး ယုံကြည်သူများရဲ့ ပြစ်တင်ခြင်း ခံနေရတဲ့ တူတော်မောင်မျက်နှာ ဝင်းပ ခေါင်းထောင်လာပါတယ်)။
.
.
.
ကျနော်။ 
ဆရာရေ . . သူ့အသက်က ၂၃နှစ်. . ၈တန်းနဲ့ ကျောင်းမနေတော့ဘူး . . လခစား အလုပ်ဆို လုံးဝမလုပ်ချင်ပဲ . .သူ့ အဒေါ်အိမ်မှာ . . သူအိပ်ချင်တဲ့အချိန်အိပ် ထချင်တဲ့အချိန်ထ။ ခိုင်းရင်တော့ အကောင်းဆုံးလုပ်ပေး တတ်ပေမဲ့ ဝင်ငွေမရှိပဲ ဘယ်လိုအိမ်ထောင်တခု မိန်မယူမလဲ . . 
(မိမိ ကွန်ပလိန်းဖြစ်သည်။ ဆုံးမပေးပါဦး ဟု သွယ်ဝိုက်ပြောဆိုခြင်းပါ)။
.
ဆရာဝါရှင်တန်။ 
ဟာ. . ကျနော်နဲ့တော်တော်တူတယ်။ ကျနော်လဲ ကျောင်းဆက်မတက် အလုပ်မရှိ ဝင်ငွေမရှိပဲ မိန်းမယူခဲ့တယ်။ 
(တူတော်မောင် မျက်နှာ ဝင်းပ အားတက်လာပါတယ်)။

ကျနော့် ဇနီးသည်ကတော့ ယောင်္ကျားရလဲ ကျောင်းပညာဆက်ကြိုးစားလို့ ဘွဲ့တွေ တခုပြီးတခုရတယ်။ ဒေါက်တာဘွဲ့တောင်ရလို့ အသင်းတော်မှာ အဝေးသင် OBC Online Bible College ပို့ချနေတယ်။

ကျနော်ကတော့ အလုပ်မရှိ ဝင်ငွေမရှိပဲ မိန်းမယူတော့ ၇နှစ် ဒုက္ခခံရခဲ့တယ်။ ယူပါ ယူလို့ရပါတယ် . .ဒါပေမဲ့ ကျနော့်လို ၇နှစ်ဒုက္ခ မခံစေချင်ဘူး . . လို့ ပြောရင်း အသက်၇၀ မှာတောင် ကန်ဇွန်းခင်စိုက် ဝင်ငွေကောင်းနေတဲ့ အလုပ်ကြိုးစားသူ အဖိုးကြီးအကြောင်း မေတ္တာနဲ့ ပြောပြပါတယ်။ တယောက်ကိုတယောက် ချစ်ဖို့ အရေးကြီးဆုံး ဆိုတာလဲ ပြောပြန်ပါတယ်။
.
.
.
ကျနော်။ 
ဒါပေမဲ့ ဆရာရယ် . .သူက ဘုရားကျောင်း အပါတ်စဉ် မှန်မှန်မသွားဘူး . .ရှောင်ပြေးနေလေ့ရှိတယ်ဆရာ. . လို့ ထပ်တိုင်လိုက်တော

ဆရာဝါရှင်တန်။ 
ဟာ. .ဒါတော့မဖြစ်ဘူး။ ဘုရားကျောင်းတော့ မှန်မှန်လာရမှာပေါ့ . .လို့ ပြောပါတယ်။
.
.
.
မိမိ အတွက်သင်ခန်းစာကြီး
.
ကျနော်ဟာ သူများအပြစ်ကို မြင်ရင် မနေသာဘူး။ အခု လူစိတ်ဝင်စားနေတဲ့ NLD ဥပဒေအကြံပေး ဦးကိုနီ ကို ပစ်သတ်သူကို အုတ်ခဲနဲ့ လိုက်ထုရင်း လူသတ်သမားက ပြန်ပစ်လို့ သေသွားတဲ့ တက္ကစီမောင်း ဦးနေဝင် စိတ်ဓါတ်ရှိတယ်။ မဟုတ်မခံ အကျင့်ပျက် လာပ်စားတာတွေ လူပျင်းတွေ သူတောင်းစားတွေကို မောင်းထုတ် ဝေးဝေးနေချင်တယ်။

အခု တူတော်မောင်လည်း မယုံကြည်သူမိန်းမကို ယူချင်တယ်။ လခစားအလုပ် လုံးဝမလုပ်ချင် ငပျင်း ဖုန်းပဲပွတ်နေပြီး နေ့တိုင်း နေဖင်ထိုးမှထ. . JBCS ဆရာတွေ သံတွဲ ကျမ်းစာသင်တန်း တက်ပီး ပြောင်းလဲသလို နှစ်ခြင်းခံပြီး . . အခု ဘုရားကျောင်းဘေးမှာနေ ဘုရားကျောင်းမတက်ပြန်ဘူး။ ဒုတ်နဲရိုက် မေတ္တာလက်သီးစာ ကြွေးရမဲ့အရွယ်လဲမဟုတ် . .အပြစ်တင်စရာချည်းပါပဲ။
အရက်မသောက်ဲမရိုက် ဆေးလိပ်မသောက် ကွမ်းမစား ဘောလုံးလောင်းကစားမလုပ် . .ကောင်းတာချည်းပဲ . ဒါတွေမမြင် တော့ပါ။ ဝင်ငွေမရှိတာပဲ မြင်ပါတယ်။

(စကားချပ်။ . .အလုပ်မလုပ်ချင် ပျင်းယိသော ဝေလေလေများစွာ ပုသိမ်ဒေသ ဝက်ရွံ့လူးသလို မိမိဒေသမှာပဲ ငပိနဲ့ ဖြစ်သလိုစားနေကြပါတယ်)။
.
ဆရာဝါရှင်တန် ကတော့ ဆိုးညစ်မှုတွေကို ပထမဆုံး အက်ရှင်က ဟာ ကောင်းတာပေါ့ . . ဆိုပြီး ထောက်ခံလိုက်တယ်။ နှစ်သိမ့်မှု ဦးဆုံး ရင်ထဲက မေတ္တာနဲ့ ပြောပါတယ်။ မေတ္တာနဲ့ ပုံပမာနဲ့ ချိုသာစွာ နှစ်သိမ့်စကားပြောပါတယ်။ (စကားချပ်။ သူလဲ ဒေါသကြီးသူပါပဲ. .ကိုယ့်အသင်းသား ရင်းနှီးသူများကို ဒေါသနဲ့ အပြစ်တင်တတ်ပေမဲ့ ခရစ်တော်မေတ္တာနဲ့ ပြန်ဖုံးအုပ်နေဆဲ ဖြစ်ပါတယ်)။

အဲ..ဘုရားကျောင်း မသွားတာကိုတော့ "ဟာ ကောင်းတာပေါ့ . . " . လုံးဝမပြောပဲ . ."ဟာ ဒါတော့မဖြစ်ဘူး. .ချက်ခြင်းပြန်ပြောတာ တွေ့ရပါတယ်။
.
.
ဖတ်ရှုသူအပေါင်း ခရစ်တော်မေတ္တာအားဖြင့် အကောင်းမြင်စိတ် ပိုပြီးရှိကြပါစေ။ "အကောင်းအားဖြင့် အဆိုးကိုနိုင်လော့". . အာ မင်။
.
မုရန်အီဇင်း

https://www.facebook.com/murann.ezine/posts/1339612286105376