ဝိုင်ဝမ် ခရစ်ယန်အဖွဲ့  နဲ့ စက်ချုပ်ဧဝံဂေလိ .. မောင်ဂျိုးဇက် (ယောသပ်)

ဂျိုးဇက် ဆိုတဲ့သားငယ် မိခင်ကမတတ်နိုင်လို့ မွေးစားဖို့ပေးလိုက်တော့ ဝိုင်ဝမ် ခရစ်ယန်အဖွဲ့က မွေးစားထားပါတယ်။ အခု ၅လ ကြာပြီ. . အားလုံးကတော့ ဘုရားပေးတဲ့ သားငယ်လေးအတွက် ပြုစုရတာ အလွန်ဝမ်းမြောက်လို့ တရားဝင် မိဘအဖြစ် မွေးစားဖို့ . .၁၅နှစ်ကြာ ခရစ်တော်အမှုဆောင် ဆပ်ကပ်နေတဲ့ ဆရာမနော်လီ ၄ယောက်အဖွဲ့ အတွက် သတိရဆုတောင်းပါတယ်။ 
.
သက်သေများစွာရှိပါတယ်။

 

*******************

ကျမတို့ ပုသိမ်မြို့ကို ရောက်လာဖို့နှစ်ပေါင်းများစွာ ဆုတောင်းတယ်။ ကြိုးစားပေမဲ့ ဘုရားသခင်က အခွင့်မပေးခဲ့ပါဘူး။ လူငယ်များကို စက်ချုပ်ပညာသင်ပေးပြီး ဧဝံဂေလိ ပြောကြားဖို့ ကျမတို့ ဇနီးမောင်နှံ လွန်ခဲ့တဲ့ ၆လလောက်က ပုသိမ်မြို့ကို ရောက်လာပြီး အိမ်နေရာငှားဖို့ ကြိုးစာခဲ့တယ်။ ဈေးတွေကကြီးပြီး ဈေးချိုတဲ့နေရာကလည်း မသင့်လျော်တဲ့နေရာ ဖြစ်လို့ ထပ်ပြီးစောင့်တယ်။ အပ်ချုပ်စက် ပညာကို ဆက်ပြီးသင်ယူရင်း ဆုတောင်းခဲ့ကြပါတယ်။ ပုသိမ် ကင်မလင်းကျွန်းအထိ လမ်းလျောက် ဆုတောင်းကြပါတယ်။ လုပ်ချင်တဲ့အားကြီးပေမဲ့ ငွေကြေးက မရှိ။ 
.
ရန်ကုန် www.ywam.org ဌာနချုပ်မှာပဲ ပြန်ပြီး ဆက်လက်ဆုတောင်း လုပ်ဆောင်ကြတယ်။ ဘုရားသခင် ကောင်းကြီးပေးပါတယ်။ ဒီဇင်ဘာလ စင်ကာပူကနေ နေအိမ်ငှါးဖို့တနှစ် စပွန်စာ အလှုရှင်ပေါ်လာပါတယ်။ဘယ်သူ လှုသလဲ ဆိုတာ ကျမတို့မသိပါ။ ပေးမသိပါဘူး။ စပွန်စာမရှိလဲ သွားလုပ်ဖို့ အသင့်ဖြစ်နေချိန် ပိုပြီးအဆင်ပြေပါတယ်။ 
.
.
နေရာရပြီ. .
ဒီတခေါက်တော့ ပုသိမ်ကို အိမ်ငှားဖို့ ပြန်လာတော့ ပွဲစားတဦးနဲတွေ့ပြီး မြို့တွင်း ကုလာတန်းဈေးမှာ တလ ၁သိန်း၈သောင်းနဲ့ ၂ထပ်တိုက်တလုံး လုံးခြင်းငှားနိုင်ခဲ့ပါတယ်။ ပွဲစားခ ၅သောင်းပေးရပါတယ်။ ပါကေးခင်းထားတဲ့ သန့်ရှင်းတဲ့ တိုက်ခန်းလေးက ဘုရားသခင် ပေးတဲ့နေရာဖြစ်ပါတယ်။ ကျေးဇူးတော်ချီးမွမ်းပြီး စက်ချုပ်စက်များ ရန်ကုန်က သယ်လာပါတယ်။ ဧဝံဂေလိ ပစ္စည်းများလဲ ကျမတို့ ၄ယောက်နဲ့ အတူပါလာပါတယ်။ လိမ္မာတဲ့ အိမ်စောင့် ခွေးတကောင်ပါ ရန်ကုန်က ခေါ်လာပါတယ်။ 
.
.
သာငယ် မောင်ဂျိုးဇက် .
ကျမတို့ တိုက်ခန်းထဲမှာ အရင်နေထိုင်သူများ ချန်ထားတဲ့ ကလေးပုခက်တန်း တခု ဖြုတ်မသွားပဲ ကျန်နေတာတွေ့လို့ ဒီအတိုင်းထားထားပါတယ်။ တိုက်ခန်းရောက်ပြီး မကြာပါဘူး . . ဖုန်းလာပါတယ်. . ရန်ကုန်ဌာနချုပ်က သူတို့မွေးစားထားတဲ့ ၅လ ကလေးငယ်လေးကို ကျမတို့ ဇနီးမောင်နှံ မွေးစားဖို့ တိုက်တွန်းတော့ ကျမက မဖြစ်နိုင်ဘူး ငြင်းတယ်။ အခုမှ စက်ချုပ်မီနီစထရီ စတယ် . . လုပ်ရမှာတွေ အများကြီး . . ကလေးကို ကြည့်ရှုတဲ့ နိုင်ငံခြားသားလင်မယားက ဆက်ကြည့်နိုင်တော့ အခု မယုံကြည်သူလင်မယားက မွေးစားဖို့ ဖြစ်နေတယ် ပြောပြတယ်။ " ဝိညာဉ်တလုံး ကယ်တင်ခြင်းနဲ့ ဒီကလေးငယ်က မင်းတို့ စက်ချုပ်မီနီစတြီကို ကောင်းကြီးပေးပါလိမ့်မယ်" . .လို့ တိုက်တွန်းသံကြောင့် ကျမနှလုံးသား အရည်ပျော်လာတယ်။ နောက်တော့ ကျမ ပြန်စဉ်းစားတယ်။ ကျမယောင်္ကျားကို မေးတော့ သူက လိုချင်တယ် ချက်ခြင်းပြောတယ်။ တိုက်ခန်းမှာလဲ ကလေးပုခက်က အဆင်သင့် ရှိနေတာ အံ့သြဘွယ်ပါ။ ဒီလိုနဲ့ ၅လ သားငယ်လေး မောင်ဂျိုးဇက် ကျမတို့ဆီ ရောက်လာတယ်။ တလ နို့မှုန် ၄ဘူး တဘူး၁သောင်းကျော်နဲ့ ၅သောင်းလောက်ကုန်ပါတယ်။ . . ဘုရားသခင်က သနားမစမယ် ယုံကြည်ပါတယ်။ 
.
.
ကျမကတော့ ဝိုင်ဝမ် ခရစ်ယန်အဖွဲ့နဲ့ လွန်ခဲ့တဲ့ ၁၅နှစ် စတင်ပါဝင်ဆပ်ကပ်တော့ နှစ်ခြင်း နောက်ခံမို့ စိုးရိမ်တာရှိတယ်။ ခရစ်ယန်အဖွဲ့ တချို့အသင်းဖွဲ့ တချို့က တယူသန်တာတွေ မိဆ္တာပရောဖက်ပုံစံတွေ ရှိလို့ စိုးရိမ်ပေမဲ့ နှစ်ကာလကြာလာတော့ အရမ်းပျော်မွေ့လာပါတယ်။ ၃ပါးတစ်ဆူ ယုံကြည်သူအဖွဲ့ပါ။ အဖွဲ့ပါဝင်သူများကို ပုံမှန်ထောက်ပံ့မှုမရှိပါ။ မိမိဖာသာ လွတ်လပ်စွာ လုပ်ဆောင် ဆုံးဖြတ်ခွင့်ရှိပါတယ်။ စတင်ခဲ့သူ Loren & Darlene Cunningham အသက်ရွယ်ကြီးလာပေမဲ့ သွာလာဝေငှဆဲပါ။ နိုင်ငံပေါင်းများစွာ တိုးချဲ့ သက်ပေါသပြနေပါတယ်။ ဇန္နဝါရီ ၁၁..၁၂ . . ၂ရက် ရန်ကုန်ကို ရောက်ရှိ ဝေငှမှာဖြစ်ပါတယ်။ သူတို့၂ယောက် အားဖြင့် မိမိကိုယ် အပြစ်သားဆိုပြီး အားငယ် မကောင်မြင်တာတွေ ပျောက်ဆုံးသွားပြီး မိမိဟာ ဘုရားသားဖြစ်ကြောင်း အပြစ်လွှတ်ခြင်းခံရတဲ့ အကောင်းမြင်စိတ်ရှိလာကြောင်း။ အနာရောဂါကင်ခြင်းလဲ စိတ်ဝင်စားပြီး လွတ်မြောက်ခြင်း သက်သေများစွာ ရရှိပြောင်းလဲခဲ့ပြီး သခင်ယေရှုရဲ့ကျေးဇူးတော်ကို ချီးမွမ်းဝမ်းမြောက်နေကြောင်း သက်သေခံပါတယ်။ 
.
အတူပါလာတဲ့ ၄ဦးစလုံး မြန်မာလူမျိုးများဖြစ်ပီး ခင်ပွန်းသည်က လွန်ခဲ့တဲ့ ၇နှစ်မှာ ခရစ်တော်ကို လက်ခံပြီး အိမ်ထောင်ပြု ခဲ့ကြပါတယ်။ မယံကြည်သူ ၃လပဲနေရမဲ့ ကင်ဆာရောဂါသည် ဘဝက ခရစ်တော်ကို လက်ခံပြီး ကင်ဆာပျောက်ကင်းလို့ ဝိုင်ဝမ်မှာဆပ်ကပ်နေသူ အမျိုးသမီးတဦး။ ကလေးဘဝကတည်းက ဝိုင်ဝမ်ခြံပေါက် မိန်းကလေးငယ်တဦး . . ၄ဦး . .ဖြစ်ပါတယ်။ ဒီနေ့ စက်ချုပ်သင်တန်းဖွင့်ပွဲ . . ခရစ်စမတ်ပွဲ . . ကျမမွေးနေ့ပွဲ . .အိမ်သစ်တက်ပွဲ . . မြို့ခံ ပိုးကရင်နှစ်ခြင်းအသင်းတော် နဲ့အတူ ချစ်မိတ်ဆွေများနဲ့ ဝတ်ပြု ကိုးကွယ် ဆက်ကပ်အပ်နှံပါမယ်။ 
.
သတိရ ဆုတောင်းပေးကြပါ။ 
YWAM Myanmar , Nawaday Garden Shophouse, Building 3, No 24, Hlaing Tharyar, Yangon +95(0)95131168. (Pathein +95(0)9795828511 ) This email address is being protected from spambots. You need JavaScript enabled to view it.