ဆရာဦးကျော်ညွန့် ခရစ်စမတ်စကားလက်ဆောင်။ ပုသိမ်

ဆရာဦးကျော်ညွန့် 
ခရစ်စမတ်စကားလက်ဆောင်။ ပုသိမ်
.
အသက်၇၇နှစ်ရှိပြီး သမီး မိသားစုနဲ့အတူ ပုသိမ်မြို့ ဧရာဝတီတိုင်းရွာများကို လိုက်လံ ဧဝံဂေလိပြောပါတယ်။ မနက်ပိုင်းက ထုံးဖိုတပည့်တော်စု အသင်းတော်မှာ ဆရာဦးသိန်းရွှေက မာန်၅ဖျာ အောင်သော ယေရှု ဖွားမြင်ကြောင်း ဟောပြောပါတယ်။ ဒီည ခရစ်စမတ်ည မှာလည်း ယေရှုဘုရားရဲ့ မာန်၅ဖျာ တခြားနည်းနဲ့အောင်မြင်ကြောင်း ပြေပြလိုပါတယ်။ ကျနော်ငယ်စဉ်က ဗုဒ္ဓဘာသာ အသိုင်းဝိုင်းမှာ ကြီးပြင်းလာတော့ ဘုရားချင်း မတူခြားနားချက်များစွာ ရှိကြောင်း။ မိခင်က အပျိုစင်က ဝိညာဉ်တော်မှုတ်သွင်းပြီး ဖွာမြင်ကြောင်း။ နွားစားခွက်မှာ နှိမ့်ချစွာ မွေးဖွားရတာလည်း နားမလည်စရာဖြစ်ပြီး နှိမ့်ချအစေခံခြင်း စံပြဖြစ်ကြောင်း။ ရောဂါများမခံစားရပဲ နောက်ဆုံး အသက်၃၃နှစ်မှာ လက်ဝါးကပ်တိုင်ပေါ် ညှင်းပမ်းနှိပ်စက်ခံပြီး အသေခံသွားတာ လူအပေါင်းတို့ အတွက်ဖြစ်ကြောင်း။ . . အသေခံရပြီး ၃ရက်မြောက်မှာ ရှင်ပြန်ထမြောက်ပြီး ဘုရားသခင်ရဲ့ လင်္ကျာဘက် ကောင်ကင်နိုင်ငံတော်မှာ စိုးစံရမဲ့အကြောင်း . . ကြိုတင်ပြောပြခဲ့ပါတယ်။ လက်ခံယုံကြည်သူများ မယုံသူများ အားလုံး အတွက် ယေရှုဟာ လက်ဆောင်မွန်အဖြစ် မွေးဖွားလာကြောင်း။ 
.
ဧဝံဂေလိဆိုတာ ယေရှုကောင်းမြတ်ကြောင်းတွေ ပြောကြားခြင်းပါ။ မိမိ ငယ်စဉ်က မြန်မာ့လက်ရွေးစင် (အမြင့်ခုန်) နဲ့ အောင်ဆန်းကွင်းကို ရောက်ခဲ့စဉ် ယေရှုကို လက်မခံသေးပါ။ တပ်မတော်ထဲမှာ ဆိုးသွမ်း သောက်စား ကြမ်းတမ်းတဲ့ဘဝ နေခဲ့စဉ် တဖြေးဖြေး ခရစ်တော်ကို သိရှိနားလည် လက်ခံလာခဲ့ ပါတယ်။ အခု အသက် ၇၇နှစ်ပေမဲ့ သေဖို့ လုံးဝစိတ်မပူ ဘုရားသခင် ကောင်းမြတ်ကြောင်းကို သက်သေခံ လိုက်ပြောနေတာ ဝမ်းမြောက်တယ်။

အရက်သောက်သူများတော့ သောက်နေချိန် မူးပြေချိန် အချိန်မရွေးပဲ ဆိုင်ထဲထိလိုက်ပြောပါတယ်။ အဘကလည်း ပြောပြန်ပြီ ဆိုပြီး လူငယ်တွေ ရှောင် ပတ်ပြေးလဲ ပြောရမှာပါပဲ။ ခရစ်တော် ကောင်းမြတ်ကြောင်း နားထောင်ရင်းနဲ့ ယုံကြည်ခြင်း တဖြေးဖြေး ရလာတာနဲ့ သောက်စားအကျင့်ဆိုးများ ခရစ်တော်အားဖြင့် ပျောက်သွားတာ ကိုယ်တွေ့ပါ။ 
.
တပည့်တော်များစုဝေးရာကို မိတ်ဆွေများကို ခေါ်လာကြပါ။ မိမိတို့ ယုံကြည်သူတိုင်း ခေါ်လာကြဖို့ သွန်သင်ပေးကြဖို့ တိုက်တွန်းပြောသွားပါတယ်။ .
.
ခရစ်စမတ်မှာ မိတ်ဆွေအားလုံး ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာ မင်။ 
.
ပုံ - ပုသိမ် ကာသိုလစ်ဘုရားကျောင်း ခရစ်စမတ်ည။