သက်သေခံချက်.. ငွေကြေးတရားမ အမှုခင်း

မြန်မာပြည်မှာ ယေရှုကိုယုံကြည်သူများ ညှငိးပမ်းနှိပ်စက်ခံရပါသလား..မခံရပါ..ဖြေရပါမယ်။
ယေရှုကိုယုံကြည်ပြီး ယေရှုကိုချီးမွမ်းမေတ္တာထားမဲ့အစား..မယုံကြည်သူများကို ငရဲရောက်မယ် တဲ့ထိုးပြောတဲ့ တစောက်ကန်းယုံကြည်သူများကြောင့်သာ..ညှင်းပမ်းခြင်းခံရတာများပါတယ်။
.
မနေ့က ရန်ကုန် လှိုင်သာယာတရားရုံးမှာ..အိမ်မြေအရောင်းဝယ်မဖြစ်လို့ ငွေသိန်းတထောင် ပြန်မပေးပဲနှစ်ချီ အချိန်ဆွဲနေလို့ ပြန်ရလိုကြောင်း ရှေ့နေနဲ့ တောင်းပါတယ်။ ငွေယူသွားသူက မပေးတဲ့အပြင် သူ့ဂုဏ်သိက္ခာ ကျဆင်းစေမှု (အသရေဖျက်မှု) နဲ့ သိန်း၂ထောင် ရော်ကြေးရလိုကြောင်း တန်ပြန်တရားစွဲပါတော့တယ်။ နှစ်ချီကြာတဲ့အမှုမှာ နောက်ဆုံးသက်သေအဖြစ် နော်လားမူ တရားရုံး မှာအစစ်ခံပါတယ်။ တရားသူကြီးက အမှန်ကန်ဆုံးဖြတ်တယ်လို့ နာမည်ကြီးတာကြောင့် ၂ဖက်သက်သေများစွာ ကျမ်းကိုင် ကျိန်လုနီးပါး ကျမ်ကျိမ်ရပါတယ်။ ထုံးစံအတိုင်း ဇတ်တိုက်ထားသလို ဖြေဖို့ လိမ်လည်တာတွေလဲ ပါမှာဖြစ်တော့ နော်လားမူ စိတ်ပျက်မိပါတယ်။
.
ပိုက်ဆံချမ်းသာသူများ ငွေကြေးတရားမ အမှုခင်းမှာ တပြားမရပေမဲ့ သက်သေခံအဖြစ် ပါဝင်နေရပါတယ်။ အမှန်တရားပဲ တရားဥပဒေစိုးမိုးစေချင်ပါတယ်။ သိန်း၂ထောင် အသေရေဖျက်မှုနဲ့ တရားစွဲသူကတော့ ဆိုင်ရာပိုင်ရာ အပိုင်ချည်ထားတယ် ပြောကြပါတယ်။

.
တရားသူကြီးကိုကြည့်လိုက်တော့ သူများတွေပြောသလို ကြောက်စရာလဲမကောင်းပါ။ အေးအေးဆေးဆေးပဲ မြင်ရပါတယ်။
.
ဘာလူမျိုးလဲ..(ကရင်ပါ)
ဘာကိုးကွယ်သလဲ..(ခရစ်ယန်ပါ).
.
တရားသူကြီး တချက်ငြိမ်သွားပါတယ်။
.
မေးတာတွေ ဖြေတော့ တခြား ကျမ်းကျိန်တာတွေ သူများတွေလိုရှည်ဝေး မကျိန်ရတော့ပဲ..အမှုကိုအမှန်ကန်ထွက်ဆိုပါမည်..လို့ပဲ အေးအေးဆေးဆေး ကျမ်းကျိန်လိုက်ရတယ်။
.
ဝက်ခြံထဲလဲရောက်ရော ဇတ်တိုက် ၃ရက်လောက် ရှေ့နေရေးထားတာတွေ အားလုံး မေ့သွားပါတော့တယ်။ မေးသမျှကို အမှန်အတိုင်း ကြည့်ကောင်းအောင်ဖြေတယ်..တဖက်ကရှေ့နေက ကန့်ကွက်ပြောသံကိုလဲ..ကျမကြားတဲ့အတိုင်း ပြောတာလို့ လှည့်ဖြေတယ်။ အားလုံးတိတ်ဆိတ်သွားပြီး ထူပူပူနဲ့ တရာခွင်ပြီးသွားပါတယ်။
.
တရားသူကြီးက အနိုင် အရှုံး ၂ခုထဲက တခုခုဆုံးဖြတ်ပါလိမ့်မယ်။
.
.
မြန်မာပြည်သားတွေ သိနေကြပါပီ။ ကျနော်တို့ယုံကြည်သူ အစစ်အမှန်များက မဟုတ်မမှန် လိမ်လည် ဥပဒေလက်တလုံးခြား လာပ်ပေးခြင်း တတ်နိုင်သရွေ့ မလုပ်ဖူးဆိုတာ သတင်းကောင်းပါ။ ဘုရားသခင် ဘုန်းတော်ထင်ရှားစေပါတယ်။
.
တရားရုံးအမှုက ရှုံးချင် ရှုံးသွာနိုင်ပေမဲ့ ယေရှုနောက်လိုက်ရင် ယေရှုလိုပဲ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ချစ်ခြင်းမေတ္တာတွေ ရပါတယ်။ ဒီဘဝ ရှုံးသွားတောင် ကောင်းကင်ဘုံအဖက စောင့်နေပြီး ထာဝရအသက်ပေးပါတယ်။