ဆုတောင်းဥယျာဉ် (ရန်ကုန်) 2016

ဆုတောင်းဥယျာဉ် (ရန်ကုန်)
ဝိညာဉ်ရေးအတွက် အားလပ်ချိန်မှာ ဘယ်နေရာကိုသွားရမလဲ စဉ်းစားနေသူများ နောက်ဆုံးတော့ အိမ်ထောင်ဝတ်ပြုပွဲနဲ့ပဲ အဆုံးသတ်သွားပါတယ်။ တချို့ အောက်ဂိုး အပြင်စိတ်ဝင်စားသူတွေတော့ ရန်ကုန်မြို့ဆိုရင် ကန်တော်ကြီး၊ အင်းယားကန်၊ သံလျှင်သင်္ဘောစီးခရီး စသဖြင့် လိုက်ထရပ်ကားလေးနဲ့ဖြစ်စေ၊ ဗင်ကားလေးနဲ့ဖြစ်စေ စုပြီးထမင်းဟင်းချိုင့်တွေနဲ့ ခရီးသွားကြတယ်။ ၂ရက်လောက် အချိန်ပေးနိုင်ပြီး ငွေလဲတယောက် ကျပ်၂သောင်းလောက် တတ်နိုင်သူများကတော့ စုပေါင်းပြီး ပင်လယ်ကမ်းခြေ ချောင်းသာ၊ ငွေဆောင်၊ လက်ခုတ်ကုန်း၊ ငရုတ်ကောင်း စတဲ့နေရာတွေကို အပမ်းဖြေသွားတယ်။ အဲဒီနေရာတွေမှာ စုပေါင်းကိုးကွယ်ဝတ်ပြုကြပါတယ်။ မိတ်သဟာရလုပ်တယ်။ လှေစီးတယ်၊ မော်တော်ဆိုင်ကယ်စီးတယ်၊ စက်ဘီးစီးကြတယ်၊ ပင်လယ်ရေကူးပြီး ဘော်လုံး၊ ဘော်လီဘော၊ ကြက်တောင် စသဖြင့် အုပ်စုလိုက်ဆော့ကစားကြတယ်။ ပျော်စရာပေါ့။ 

ဆုတောင်း တိတ်ဆိတ်စွာနေချင်သူ၊ ကျမ်းစာပဲလေ့လာချင်သူများကတော့ သွားစရာနေရာ တော်တော်ရှားပါးပါတယ်။
.
.

တောရဘုရားပုထိုး၊ တရားစခန်းများ

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်လို့ တောင်စခန်းလေးတွေ အလွန်များလှပါတယ်။ ရန်ကုန်မန္တလေး အဝေးပြေးလမ်းမ ဘေးဝဲယာက တောင်ကုန်းတွေပေါ် ဗုဒ္ဓဘာသာ ဘုရား၊ ဘုန်းကြီးကျောင်းများ တရားစခန်းများစွာ နေရာယူထားကြပါတယ်။ အေးဆေးဆိတ်ငြိမ်တဲ့ တရားစခန်းလေးတွေပါ။ မြန်မာတနိုင်ငံလုံး အလားတူတွေ့နိုင်ပါတယ်။ 
ခရစ်ယာန်ဘာသာအမြင်နဲ့ဆိုရင် ဆုတောင်းတောင်လို့ ပြောနိုင်ပါတယ်။ ထင်ရှားတဲ့ ခရစ်ယန်များရဲ့ ဆုတောင်းတောင်၂ခုကတော့ 
.
.

မြန်မာနိုင်ငံမှာ

မြစ်ကြီးနားမြို့ နောင်နန်းက ဂျော့ဘွန်လို့ခေါ်တဲ့ ဆုတောင်းတောင်ပါ။ အနီးနားမှာ ခရစ်ယာန်ကျမ်းစာကျောင်းရှိတယ်။ တောင်အောက်မှာ ခရစ်ယာန်သချိ င်္င်းလဲ ရှိတယ်။ ကချင်လူမျိုး ခရစ်ယာန်များစွာ နေထိုင်တဲ့အရပ်ဒေသဖြစ်ပါတယ်။ မြစ်ကြီးနားမြို့က နာရီဝက်လောက် ကားမောင်းသွားရင် ရောက်ပါတယ်။ မြစ်ဆုံကို အသွား (သို့မဟုတ်) အပြန် ခရီးသွားရင်း ဝင်ရောက် ဆုတောင်းနိုင်ပါတယ်။ တစ်ဦးချင်းဆုတောင်း ဆုတောင်းခန်းများစွာ ရှိသလို အဖွဲ့လိုက် ကိုးကွယ်ဝတ်ပြုနိုင်ပါတယ်။ 

တောင်ငူမြို့ရောက်သူများ သံတောင်ကြီး ဆုတောင်းတောင်ကို သွားရောက်နိုင်ပါတယ်။ တောင်ငူမြို့ကနေ တနာရီကျော် ကားမောင်းသွားရင်း တောင်ကိုပတ်ပြီးကားလမ်းရှိပါတယ်။ တောင်ထိပ်ကတော့ နွေရာသီမှာတောင် တော်တော်အေးပါတယ်။ အလွန်လှပတဲ့ တောင်ပေါ် ဆုတောင်းစခန်းဖြစ်ပါတယ်။ အုပ်စုလိုက် ညအိပ်နေထိုင်ဖို့ ဟိုတယ်၊ တည်းခိုခန်း မရှိပေမဲ့ ဒေသခံများရဲ့ အိမ်မှာ တည်းခို ချက်ပြုတ်စားသောက် စခန်းချနိုင်ပါတယ်။ ကရင်လူမျိုး ယုံကြည်သူခရစ်ယာန်များစွာ နေထိုင်ပြီး လဘက်၊ ကော်ဖီ၊ ခြံလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ အခုတော့ ဗုဒ္ဓဘာသာ ဘုရားပုထိုးကျောင်းတွေလည်း တခြားတောင်တွေပေါ်မှာ တည်ဆောက်ထားကြပါပြီ။ 
.
.

အမေရိကန်နဲ့ဗီယက်နမ်း

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နားက ဗွန်တောင်းပင်လယ်ကမ်းခြေမှာ ကာသိုလစ်ခရစ်ယန်များက လက်ဝါးကားတိုင်ကို တောင်ထိပ်ပေါ်တည်ထားပြီး၊ ဆုတောင်းဝတ်ပြု အလည်အပတ်သွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ခရစ်ယန်ဘာသာထွန်းကားတဲ့အတွက် ဆုတောင်းဥယျာဉ်တွေ အမြောက်အများရှိပါတယ်။ ရေမီးအစုံအလင်း ပေတရာကားလမ်းနဲ့ ကျေးငှက်တိရိစ္ဆာန်များ ထင်းရူးပင် သစ်တော်များကြောင့် ၃ရက်တာကာလ လန်းဆန်း အားသစ်လောငာ်းစေပါတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ဆွေးနွေးခြင်း၊ အပြန်လှန် ဒေသနာပြောကြား သုံးသပ်ခြင်းများကို လုပ်ဆောင်ပြီး ရင်းနှီးမှု ပိုမိုခိုင်မြဲစေပါတယ်။ ခရစ်တော်ကို ဗဟိုပြုတဲ့ ခရစ်ယန်အသက်တာကို ကျောက်ဆောင်ရဲတိုက်အလား ဆောက်တည်နိုင်ပါတယ်။ ဝိညာဉ်ရေး နိုးထမှုများစွာ ဖြစ်စေပါတယ်။ 
အလားတူ အရှေ့တောင်အာရှနိုင်ငံများမှာလည်း ဆုတောင်း၊ ဝတ်ပြု၊ ဆိတ်ငြိမ်တဲ့ ခရစ်ယာန်ဆုတောင်းဥယျာဉ် နေရာ၊ အဆောက်ဦများစွာ ရှိပါတယ်။ အင်ဒိုနီးရှား တောကြီးမျက်မဲထဲမှာ ကြက်ကြီးတကောင်လို လူထောင်ချီ ဆုတောင်းနိုင်တဲ့ အဆောက်အဦးကြီးတခု ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်ကြည့်ရှုနေပုံ သတင်းကြားရပါတယ်။ 
.
.

ပုသိမ်မြို့ (ချောင်းသားကမ်းခြေ ခရီးတထောက်)

ရွှေဝါထွန်းအသင်းတော်ကတော့ လူနေအိမ်ကြား မြို့တိုးချဲ့ကွက်သစ်မှာ တပည့်တော်စုကလေးအဖြစ် ၃နှစ်စတင်ခဲ့ပါတယ်။ အခုတော့ ဝါးပိုးဝါးကြီးများနဲ့ ဆောက်ထားတဲ့ လူထောင်ချီ ဝတ်ပြုကိုးကွယ်နိုင်တဲ့ အသင်းတော်ကြီးဖြစ်နေပါပြီ။ ချောင်းသာပင်လယ်ကမ်းခြေသွားတဲ့ လမ်းမှာ ငါးကန်အင်းကြီးနဲ့ တောင်ကုန်းပတ်လည် မြေဧက ၂၀လောက်ကို ဆုတောင်းဥယျာဉ် (ဆုတောင်းအင်းရေကန်) လုပ်ဖို့ ဆုတောင်းလုပ်ဆောင်နေပါတယ်။ ဘဝအခက်ခဲများဖြစ်နေသူများအတွက် ဘုရားသခင်နဲ့မိတ်ဖွဲ့နိုင်တဲ့ တိတ်ဆိတ်တဲ့ နေရာလေးဖြစ်ဖို့၊ လုပ်အားပေး ဓမ္မဆရာများလည်း ပါဝင်ကြဖို့.. ရူပါရုံရတယ်လို့ ဆိုပါတယ်။ 
.
.
.

ရန်ကုန်မြို့နေသူများအတွက်

ဆုတောင်းတောင်တခုတော့ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ရေကန်တူးပြီး မိုးရေများ စုဆောင်းမယ်။ ပတ်ဝန်းကျင်က နွေအခါရေအခက်ခဲ ဖြေရှင်းနိုင်မယ်။ တောင်ကုန်းလေးတွေမှာ သစ်ပင်၊ စားပင်တွေ စိုက်ပျိုးမယ်။ ဆုတောင်းခန်းလေးတွေ တည်ဆောက်မယ်။ သမ္မာကျမ်းစာသင်တန်း ရက်တို ရက်ရှည် အားသစ်လောင်းသင်တန်းတွေ လုပ်ကြမယ်၊ မိတ်သဟာရဖွဲ့ကြမယ်။ စိတ်ကူးယာဉ်မိပါတယ်။ 
ဘယ်သူတွေက ဘယ်လိုတည်ဆောက်ကြမလဲ ..မေးခွန်းရှိပါတယ်။ 
ဆုတောင်းခြင်းနဲ့ စတင်တယ်လို့ ခရစ်ယန် ယုံကြည်ခြင်းအားကြီးသူများက အခိုင်အမာဆိုပါတယ်။ မြန်မာပြည်ကြီး ပြောင်းလဲအောင် နေ့တိုင်း အဆက်မပြတ်ဆုတောင်းပေးသူ အများကြီူးရှိပါတယ်။ တချို့ဆုတောင်းချက်တွေက ခဏလေးနဲ့ အကောင်ထည်ဖေါ်နိုင်ပေမဲ့ တချို့ကတော့ နှစ်ပေါင်းများစွာ ကြာပါတယ်။ 

အသင်းတော်တွေက စုပေါင်းပြီး ရန်ကုန်ဆုတောင်းဥယျာဉ် တည်ဆောက်ဖို့ (သို့မဟုတ်) သင်းအုပ်ဆရာတစ်ဦးဖြစ်စေ အသင်းတော်တစ်ခုဖြစ်စေ အဖွဲ့အစည်းတစ်ခုဖြစ်စေ ဦးဆောင်မှုနဲ့ဖြစ်လာတော့ပါမယ်။ ခရစ်တော်ဘုန်းတော်ထင်ရှားမဲ့ ဆုတောင်းဥယျာဉ်လေးတွေ အသင်းတော်တွင်းမှာပဲ တည်ဆောက်ကြရပါမယ်။  Murann.2016