ရောမ ၈း၂၈ သိပ်မှန်ပါတယ်။ ဒုက္ခဆင်းရဲရောက်ရင်လဲ ကျေးဇူးတော် ချီးမွမ်းပါ။

တခါက သဌေးမင်းတယောက် သူ့သစ်စက်မှာ ကိုယ်တိုင်ဝင်လုပ်ရင်း လက်မတစ်ချောင်း လွှစက်ထဲဝင်သွားပြီး ပြက်သွားပါတယ်။ သွေးသံရဲရဲနဲ့ အင်မတန်နာကြင်ရပါတယ်။ တပည့်လူရင်းက အမြန်ပဲ ဆေးရုံပို့ကုသနိုင်ပေမဲ့ လက်မပြတ်ကို ပြန်မဆက်နိုင်တော့ပါဘူး။

အဲဒီတော့ ၂ယောက်စလုံးကလဲ ခရစ်တော်ကို ယုံကြည်သူတွေဖြစ်တော့ တပည့်က ဆရာ့ကို နှစ်သိမ့်ပါတယ်။ ရောမ ၈း၂၈ ''ဘုရားသခင်ကိုချစ်သောသူတည်းဟူသော သူတို့သည် ကြံစည်တော်မူသည့်အတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့ ပြုစုကြသည်ကို ငါတို့သိကြသည်'',တဲ့ဆရာရေ။ ဒီလိုဖြစ်ရတာ အကျိုးရှိစေမယ်တဲ့ ဆရာရေ...လို့ပြောတော့ သူဌေးကြီးက သိပ်နာနေတဲ့ကြားက ဒေါသဖြစ်ရပါတယ်။ စိတ်ထဲမှာ တေးထားပါတယ်။

နောက် ၂ပတ်လောက်ကြာတော့ လက်မပြက်တဲ့အနာလည်း သက်သာပျောက်ကင်းသွားပြီးနောက် သူဌေးကြီးက လူယုံတပည့်နဲ့အတူ တောပစ်မုဆိုး အပမ်းဖြေထွက်ကြတယ်။ သူ့ လူယုံတပည့်ကို ဒုက္ခရောက်မှုအကြောင်း သင်ခန်းစာပေးချင်လို့ သူမြှတ်ထားတဲ့ ရတနာသေတ္တာ တွင်းတခုထဲကြိုးနဲ့ဆင်းခိုင်းပြီး ကြည့်ခိုင်းတယ်။ တပည့်အောက်ရောက်သွားချိန် ကြိုးပြန်ဆွဲလိုက်ပြီး ပြောတယ်။

''ဆောရီးပဲ တပည့်ရေ။ မင်းတယောက်ထဲ ကျင်းထဲ ဒုက္ခခံနေပေတော့။ ငါလက်ပြက် ဒုက္ခရောက်တုန်းက မင်းပြောခဲ့တဲ့ ကျမ်းပိုက် ရောမ ၈း၂၈ အတိုင်း မင်း အကျိုးရှိမလား ကြည့်ပေါ့ကွာ။ ဘိုင်ဘိုင်'' ... ဆိုပြီး ထွက်သွားပါတယ်။

ခဏကြာတော့ တောထဲက လူရိုင်းတွေ သူဌေးကြီးကိုဖမ်းသွားပြီး ရေချိုး သန့်စင်ပေးတယ်။ မျက်ခုံးမွှေးတွေဆွဲပေးပြီး လူသားယစ်ပူဇော်ဖို့ သူဌေးကြီးကို ကြိုးတုတ် သူတို့ယစ်ပရောဟိတ်ဆီခေါ်သွားတယ်။ သေပြီ ဆိုပြီးကြောက်လန့်နေတဲ့ သူဌေးကြီးကို သူတို့ယစ်ပရောဟိတ်က အသေချာစစ်ဆေးတော့ လက်မတခု မပါလို့ အင်္ဂါ မစုံတဲ့အတွက် လွှတ်လိုက်တယ်။

ဒီတော့မှ တောထဲက အိမ်အမြန်အပြန် ကျင်းထဲချထားတဲ့ သူ့တပည့်ကို ထုတ်ပါတယ်။

တပည့်ကိုပြောပြတယ်။

'' မင်းပြောတဲ့ ရောမ ၈း၂၈ က သိပ်မှန်တယ်ကွ။ ငါက လက်မပြက်သွားတုန်းက ငါ့အကျိုးရှိစေဖို့ ဖြစ်လာရမယ် မင်းပြောခဲ့တုန်းက သိပ်စိတ်ဆိုးခဲ့တယ်။ မင်းကို ကျင်းထဲချပြီး ဒုက္ခရောက်အောင် လုပ်ခဲ့ပါတယ်။ ဟုတ်တယ်ကွ သူလက်မပြတ်နေလို့ လူရိုင်းတွေရဲ့ သတ်ဖြတ်ယစ်ပူဇော်ခံရဖို့ကနေ သီသီကလေး လွတ်မြောက်ခဲ့တယ် '' လို့ပြောပြပါတယ်။

အဲဒီအခါ တပည့်က ကြက်သီးတဖြန်းဖြန်း ထရင်း ပြောပါတယ်။

''ဟာ ..ဆရာကျနော့်ကို ကျင်းထဲချထားခဲ့တာ ကျနော် စိတ်မဆိုးဘူးဆရာရေ။ ရောမ ၈း၂၈ က ဆရာကို အကျိုးရှိစေသလို ကျနော်ကိုလဲ အက်ျုးရှိစေပါတယ်'' လို့ပြောပါတယ်။

ဆက်ပြောတာကျတာ့ ''တကယ်လို့သာ ကျနော် ကိုကျင်းထဲချမထားပဲ ဆရာနဲ့အတူ လိုက်သွားရင် ဆရာကတော့ လက်မပြတ်နေလို့ အသတ်မခံရဘူး။ ခြေလက်အင်္ဂါစုံတဲ့ ကျနော်ကတော့ ယဇ်ပူဇော်ခံရပြီး သေပြီဆရာရေ'' တဲ့ဗျာ။

ရောမ ၈း၂၈ သိပ်မှန်ပါတယ်။ ဒုက္ခဆင်းရဲရောက်ရင်လဲ ကျေးဇူးတော် ချီးမွမ်းပါ။ မကြာခင် အဲဒီဒုက္ခဆင်းရဲကြောင့် သင် အကျိုးရှိစေမယ် ဖြစ်ပါတယ်။
*
*
*
ကိုးကား ၂၀၀၉ ခုနှစ် ဆရာဦးကျော်ဝင်း Ph.D Old Testament စင်ကာပူနိုင်ငံ ယုဒသန်နှစ်ခြင်းအသင်းတော် ''ယောသပ်အောင်မြင်ခြင်းအသက်တာ'' တရားဒေသနာမှ။