မစ္စတာပိုလန် ဧဝံဂေလိ ပြောခြင်း..

ဒီမိတ်ဆွေနဲ့အဖွဲ့ မြန်မာပြည်ရောက်လာပြီး ယေရှုအကြောင်း လိုက်လံပြောကြပါတယ်။ ပုသိမ်မြို့ ရပ်ကွက်တခုမှာ အိမ်ရှေ့ ဖျာခင်း ဧဝံဂေလိ ပြောပါတယ်။
သူအမည်က မစ္စတာပိုလန် .. ဟိုး ပိုလန်နိုင်ငံကနေ ထိုင်းနိုင်ငံရောက်လာပြီး ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျတဲ့ ကောဖီလုပ်ငန်းရှင်တဦးပါ။ မြန်မာပြည်ကို ဧဝံဂေလိ ယေရှုအကြောင်း မေတ္တာနဲ့ လူကြီးကလေးများကို ဝေငှနေတာပါ။
.
.

''ဘုရားသခင် ဖန်ဆင်းရှင် ဒီလောကကြီးနဲ့ လူတွေကို ဖန်ဆင်းပါတယ်။

'' အလွန်အံ့သြဘွယ် ဘုရားသခင် လူသားတွေကို အရမ်းချစ်ပါတယ်။ မိတ်ဆွေတို့ကို ချစ်ပါတယ်။

'' မိတ်ဆွေတို့ကို အနာရောဂါ ပျောက်စေလိုပါတယ်။ ပျော်ရွှင်ဝမ်မြောက်စေလိုပါတယ်။ ချစ်ခြင်းမေတ္တာ ပေးလိုပါတယ်။ အခက်ခဲဒုက္ခများက ကယ်တင်လိုပါတယ်။

'' ဘုရားသခင်က သူ့ရဲ့ သားတော် ယေရှုကို မိတ်ဆွေတို့ဆီ စေလွှတ်ပါတယ်။

'' ယေရှု ချစ်ခြင်းမေတ္တာ မိတ်ဆွေ သားသမီးတို့အပေါ် အလွန်ကြီးမားလှပါတယ်။

'' ယေရှုက သူ့အသက်ကို စွန့်ပြီး လက်ဝါးကပ်တိုင်မှာ ကျနော်နဲ့ မိတ်ဆွေများရဲ့ အပြစ်များအတွက် အသေခံပါတယ်။ ယေရှု သင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ အသက်အသေခံ ချစ်ခြင်းမေတ္တာ ပြသပါတယ်။

'' အခုဆို ယေရှုဟာ ပြန်လည်အသက်ရှင်လာတယ်။ ကောင်းကင်ဘုံမှာ မိတ်ဆွေတို့ကို စောင့်မျော်နေပါတယ်။
.
အတူပါလာတဲ့ မလေးရှားလူမျိုး ကိုးရီးယားလူမျိုး တိုင်ဝမ်လူမျိုး (၅)ဦး ဟာလေလုယ သီချင်း ကြွေးကြော်ချီးမွမ်းရင်း ဝမ်းမြောက်ပျော်ရွှင်နေတဲ့ ကလေးလူကြီး တဦးစီကို ကောင်းကြီးပေး ချစ်ခြင်းမေတ္တာပြ ဖျားနာသူများကို နှစ်သိမ့် ခွန်အားပေးခဲ့ကြပါတယ်။
.
.
'''''''''''
မြန်မာပြည်ကို နိုင်ငံခြားသား များစွာ (၂၀၁၅ မှာ ၅သန်းကျော်) လာရောက်ချိန်မှာ စစ်မှန်တဲ့ ဧဝံဂေလိ ယေရှုချစ်ခြင်းမေတ္တာ လာရောက်ပြောကြား ပြသတဲ့ အဖွဲ့များလဲ ပါရှိပါတယ်။ ပိုပြီး ထိရောက်စွာ ပြောဖို့ကတော့.. မြန်မာလူမျိုး အချင်းချင်း မကြာခဏ လာရောက်မေတ္တာပြ ပြောကြားခြင်းဖြစ်ပါတယ်။

ဧဝံဂေလိ ပြောတဲ့ အသင်းတော် ဘုရားသခင် အလိုတော်ရှိပါတယ်။

အလှုငွေပေး ကြွေးမွေးပြီး သြဝါဒတွေ လာပြောတဲ့ အဖွဲ့တွေလဲ အများကြီးရှိပါတယ်။ ဒီအဖွဲ့ကတော့ ငွေ အကြွေးမွေး မပါပါဘူး။

''ယေရှုရဲ့ ချစ်ခြင်းမေတ္တာ'' ပါရှိမှ လူတွေရဲ့ နှလုံးသားကို ထိရောက်ပါတယ်။

''''
သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှ သို့ သွား၍ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ (မာကု ၁၅း၁၅)
''''