ယေရှုအား ပြုစုခြင်း (HCF ဒေါ်ကာမဂ္ဂဇင်း)

မမလေး ကျွန်မက စင်ကာပူနိုင်ငံရဲ့ Nursing Home တခုမှာ အလုပ်လုပ်နေရသူပါ။ ကျွန်မ တာဝန်ကျနေတဲ့ အဆောင်က အမျိုးသမီးများ စိတ်ရောဂါဌာနအဆာင်ပါ။ အဲဒီမှာ အဖွားတစ်ယောက်ဟာ အင်မတန်မှ ခေါင်းမာပါတယ်။ ဘယ်အရာမဆို သူပဲသိ၊ သူပဲတတ်၊ ပြောရင်လဲ နားမထောင်ဘူး၊ ရေချိုးခိုင်းလည်း မရ၊ အင်မတန်မှလည်း ညစ်ပတ်ပါတယ်။ အရာရာကို သိတယ်ဆိုတဲ့ မာရေ၊ကျောရေ ပုံစံမျိုးဆိုတော့ နဲနဲလေးမှ စိတ်ရှည်ချင်စရာ မကောင်းပါဘူး။ တာဝန်အရ လုပ်ပေးနိုင်သလောက လုပ်ပေးပေမဲ့ စေတနာတော့ သိပ်မရှိလှဘူး။ . တစ်နေ့၊ ကျန်မ Home Cell တစ်ခုသွားရင်း ဆရာတော် သြဂတ်စတတ် (ဆရာဘုတ်) က တရားဒေသနာ ဝေငှပါတယ်။ Nursing Home တွေမှာ ပြုစ၊ ကြည့်ရှုပေးနေရတဲ့ အဖိုးအဖွားတွေကို ပြုစုတဲ့အခါ သခင်ယေရှုကို ပြုစုတယ်လို့ပဲ သဘောထားပါ။ ဘာပဲလုပ်လုပ် လူအမှုကို ဆောင်ရွက်ခြင်းမဟုတ်ပဲ ဘုရားရဲ့ အမှုကို ဆောင်ရွက်တယ်လို့ သဘောထားရင် ဘယ်နေရာ၊ ဘယ်လိုအခြေအနေမှာမဆို အဆင်ပြေမှာပါ ဆိုတဲ့ တရားဟောချက်ပါပဲ။ နောက်နေ့ နံနက်၊ ကျွန်မ အလုပ်စ၀င်ချိန်မှာပဲ ပြဿနာ အစုံလင်ပေါင်းများစွာနဲ့ အဖွားရဲ့အမှု စတင်ပါတယ်။ နံနက်ဆိုရင် နံနက်စာကျွေးရမယ်။ ဆေးတိုက်ရမယ်။ အင်ဆူလင် ဆိုတဲ့ဆေးထိုးရမဲ့ လူနာကလည်း ရှိသေးတယ်။ ကျွန်မလည်း စိတ်တိုတိုနဲ့ အဲဒီအဖွားရဲ့ ကုတင်နားကို ရောက်သွားတယ်။ ရေမချိုး၊ အ၀တ်မလဲ၊ အိပ်ယာခင်းကိုလည်း လက်မခံတဲ့အပြင် သူ့ကိုယ်ပေါ်က သေးစော်နံနေတော့ ကျွန်မရဲ့ဒေါသစိတ်က အပြင်ထန်ဆုံးရောက်သွားတယ်။ ကျွန်မ အသံခပ်ပြက်ပြက်နဲ့ ဟဲ့ .. အဖွားရေ .. လို့ ခေါ်လိုက်ပြီးမှ မနေ့က ဆရာ့ရဲ့ တရားဟောချက်ကို ချက်ချင်းသတိရသွားတယ်။ ဒီနေရာမှာ ယေရှုဆိုရင် ဒီလိုအသံနဲ့ ပြောမလား။ ချက်ချင်းပဲ ကျွန်မရဲ့ မျက်နှာနဲ့အသံကို ပြောင်းလိုက်ပြီး၊ သူ့ကို ချိုသာတဲ့စကား၊ ပြုံးတဲ့မျက်နှာနဲ့ ကောင်းကောင်းမွန်မွန် ရှင်းပြလိုက်တော့ သူ ရေချိုးခန်းထဲဝင်ပြီး ရေချိုး၊ အ၀တ်အစားလဲတော့တယ်။ အိပ်ယာခင်း၊ ခေါင်းအုံးစွတ်၊ စောင်တွေလည်း လဲခွင့်ရတယ်။ သူရေချိုးပြီးတာနဲ့ နံနက်စာ စားဖို့ စားသောက်ခန်းထဲ သူထွက်လာပြီး၊ ကျွန်မကို တရုပ်လို "ကမ်းရှာ" ကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မက Praise the Lord လို့ ချီးမွမ်းလိုက်ပါတယ်။ ပြီးတော့ "ဘုရားသခင်၊ သမီးကို ခွင့်လွှတ်ပါ"။ သမ္မာကျမ်းစာထဲက သူတို့အား ပြုစုသမျှသည် ငါ့အားပြုစုပြီ" ဆိုတဲ့ သခင်ယေရှုရဲ့ စကားတခွန်းကို သတိရစေခဲ့ပါတယ်။ အဲဒီအချိန်မှာ "သခင်" သာဆိုရင် ဆိုတဲ့ စကားက ကျွန်မရဲ့ ရင်ထဲမှာ စွဲမြဲကျန်ရစ်စေပါတယ်။ ကျွန်မတို့ သူနာပြုတွေ ကျွန်မကဲ့သို့ မဖြစ်ရအောင် သတိရှိကြရအောင်နော်...။ မမလေး မြန်မာပြည်တွင်ထုတ်ဝေသော HCF DORCAS MAGAZINE (Healthcare Christin Fellowship - Myanmar in Singapore) ဒေါ်ကာမဂ္ဂဇင်း အမှတ်စဉ် (၃)၊ ဇူလိုင် ၂၀၀၉ မှ ကောက်နုတ်ဖေါ်ပြပါသည်။ ဒေါ်ကာမဂ္ဂဇင်း အတွက် စာမူများကို အောက်ပါအတိုင်း ပေးပို့နိုင်ပါသည် ဆရာစောထိအယ် (စင်္ကာပူ) 65 80603034 ဆရာတင်ဝင်းမှန် (စင်္ကာပူ) 65 98007333 ဆရာစောအောင်နိုင် (စင်္ကာပူ) 65 86822795 (HCF တပည့်တော်ဖြစ်ခြင်း) ဆရာမ အယ်ဒီးဗာ (မြန်မာ) 01 641980 (HCF) email: This email address is being protected from spambots. You need JavaScript enabled to view it. HCF (MIS) စင်ကာပူအပတ်စဉ်မိတ်သဟာရ တနင်္လာနေ့ - ဆရာမနော်လွင်လွင်မောင် နေအိမ် (97589625) ဗုဒ္ဒဟူးနေ့ - ဆရာမနော်လားဘယ်၏ နေအိမ် (96749571) ကြာသပတေးနေ့ - ဆရာမနော်အယ်ဝါး၏ နေအိမ် (90212365) သောင်္ကြာနေ့ - ဆရာမနော်ဆဲဖွယ်၏ နေအိမ် (97526857) လစဉ်မိတ်သဟာရ .. လ၏နောက်ဆုံးအပတ် အင်္ဂါနေ့ ညနေ၅-၉နာရီ နေရာ Boy's Bridde Building, 105 anges Ave Singapore 169695 http://www.hcfsg.co.cc/