ဦးဂျိုးဇက်မိုးကုတ်လောပန်း ရွေလိပ်ပြာဟိုတယ်ပိုင်ရှင် (သက်သေခံချက်)


လောလောဆယ် ၂၀၁၄မှာ ရန်ကုန် ရွှေလိပ်ပြာဟိုတယ် နဲ့ မိုးကုတ် ရွှေလိပ်ပြာဟိုတယ် ၊ ဟိုတယ်၂ခုနဲ့၊ ကျောက်တွင်းများ၊ ကျောက်အရောင်းဝယ်လုပ်ငန်းတွေ၊ မြေအရောင်းအဝယ်တွေလဲ လုပ်ပါတယ်။ အသက်၃၀မှာ အရမ်းအောင်မြင်ပြီလို့ ပြောနိုင်ပါတယ်။ အများဆုံး ရငွေကတော့ ကျောက်တစ်လုံးကို ဒေါ်လာ ၅သန်း ၈သိန်း ကျောက်ရောင်းချခဲ့ရပါတယ်။ မြန်မာမိတ်ဆွေ တစ်ဦးဆီက ဈေးသိပ်မပေးရပဲ ဝယ်ယူရရှိပြီး၊ ပြန်ရောင်းခဲ့ပါတယ်။ ဒါကတော့ အများဆုံးရတဲ့ ဝင်ငွေပါပဲ။ လူအမျိုးမျိုးတွေက ကျောက်တွေ ဝယ်၊ ရောင်းလုပ်ရင်း၊ ဘာသာရေး၊ လူမှုရေးတွေ လုပ်ငန်းတွေ အများကြီး၊ ဝါသနာလည်းပါလို့ လုပ်ခဲ့ပါတယ်။ အသက်၂၀မှာ အိမ်ထောင်ကျခဲ့ပြီး၊ ၁၉၈၇ ခုနှစ်လောက်၊ အသက်၃၀မှာ ကိုယ့်ကိုယ်ကို အောင်မြင်တယ်လို့ သတ်မှတ်နိုင်ခဲ့ပါတယ်။
ဇာတိက မြစ်ကြီးနာက ဖြစ်ပြီး၊ နောက်ပိုင်း မိုးကုတ်မြို့ကို ရွှေ့ပြောင်း၊ စီးပွားရေးလုပ်ကိုင်ပါတယ်။ ဒီလိုမျိုး စီးပွားရေးအောင်မြင်တာ ဘုရားကျေးဇူးတော်ကြောင့် ဖြစ်တယ်လို့ လုံးဝခံယူပါတယ်။ ကျွန်တော့်မှာ ခရစ်ယန် ယုံကြည်သူအတွက် ဆယ်ဘို့တစ်ဘို့ (ရငွေအားလုံးရဲ့ ၁၀ပုံတစ်ပုံ) ဘုရားအတွက် ပေးလှုခြင်းကို သစ္စာရှိစွာ ခံယူခဲ့ပါတယ်။  ငွေရတာနဲ့ ချက်ချင်းဖယ်လိုက်ပါတယ်။ ဒေါ်လာ ၅သန်း ၈သိန်းရတုံးကလည်း ချက်ခြင်း၊ ၁၀ပုံတစ်ပုံ ဖယ်လိုက်ပြီး၊ ဘုရားကျောင်း၊ ကျမ်စာကျောင်းလုပ်ငန်းများကို လုပ်ပါတယ်။ တကယ်ကုန်သွားတာကတော့ ဆယ်ပုံတစ်ပုံ မကပါဘူး။ ဒါလို ဘုရားကျောင်းကို ပေးလိုက်ရမှာ ကျနော်လည်း အလုပ်လုပ်ဖို့ စိတ်ဝိညာဉ် ရှင်းပါတယ်။ မိုင်းရှုးရတနာမြေ ပေါ်လာတော့ အလုပ်ကိုင်တွေ ပေါ်လာတယ်။ တိုင်းပြည်မှာ လူတွေ အလုပ်ကိုင်မရှိဖြစ်နေစဉ် ဒါမျိုး ရတနာမြေများကို လူအများအလုပ်ရခြင်းမျိုး အလွန်ကောင်းပါတယ်။ စီးပွားရေးပေါ်လစီ ချမှတ်သူများ အလုပ်ကိုင်ဖန်တီးဖို့ ဒါမျိုး တပိုင်၊ တစ်နိုင်လုပ်ငန်းများ များစွာ လိုပါတယ်။
 
 
လူမှုရေးလုပ်ငန်းများ၊ ကူညီခြင်း
 
အလှုအတန်းတွေ လုပ်တယ်ဆိုတာ ဘုရားသခင်ရဲ့ အလိုတော်လား၊ ကျနော်ရဲ့ ပင်ကိုယ်စိတ်ရင်းကြောင့်လား မသိပါဘူး။ လူမှုရေးလုပ်ငန်းများ ဘယ်ကစလုပ်ရတယ်မသိဘူး။ မြို့က သေးသေးလေးဆိုတော့ အချုပ်ထဲကျရင်လဲ ကျနော်ဆီရောက်လာတယ်။ နေမကောင်းရင်လည်း ထမ်းစင်နဲ့ အိမ်ကိုရောက်လာပါတယ်။ တစ်ခါတလေ အကြောင်းအမျိုးမျိုးကြောင့်၊ ကိုယ့်မှာလဲ အခက်ခဲရှိလို့ လှုသင့်ပါရက်နဲ့ မလှုလိုက်ရတာမျိုးတွေ၊ ပြန်စဉ်းစားရင်း ညတောင် မအိပ်နိုင်တဲ့ ညတွေ အများကြီးရှိတယ်။ အဲဒီလို ပေးသင့်ပါရက်နဲ့ မကူညီလိုက်ရင် တအားစိတ်ထိခိုက်တယ်။ တစ်ချို့လည်း လိမ်တဲ့လူတွေ ရှိပါတယ်။ ဒီနေ့လဲ သူ့ဇနီး နေမကောင်းလို့ ဆေးရုံတက်မယ် ပြောပြီး အကူညီလာတောင်းပါတယ်။ တကယ်တော့ အရက်သောက်ဖို့ လာတောင်းတာပါ။ တစ်ခါတလေတော့ တပည့်ကိုပဲ ပိုက်ဆံနဲ့ လိုက်သွားခိုင်းရတယ်။ တကယ်ဟုတ်သလား မှပဲ အကူညီပေးဖို့ပါ။ တောင်ပေါ်က လီစူးအမျိုးသားတွေကို ဗ.က.ပ ခေတ်ကတည်းက ကူညီလုပ်ပေးရပါတယ်။ လူမှုရေး၊ ကျောင်းဆောက်ရေး စတဲ့လုပ်ငန်းတွေ၊ ကျနော်တို့လူမျိုးတွေက ဆင်းရဲတဲ့အတွက် ပိုပြီးလုပ်ပေးရခြင်း ဖြစ်ပါတယ်။
ကိုယ်တိုင် ပညာရေးက ၇တန်းပဲဆိုတော့၊ ပညာရေးကို အထူး အားပေးလိုပါတယ်။ သူများနိုင်ငံတွေနဲ့ ကျနော်တို့ရဲ့ ပညာရေးတော်တော် ကွာခြားနေတဲ့အတွက် ပညာရေးကို အများကြီး ကူညီလုပ်ကိုင်ပေးပါတယ်။ 
 
 
ထောင်အကျဉ်းသားဘဝရောက်ခဲ့ရခြင်း

ထောင် ၁၂ နှစ်၊ ၃လ ကြာ ထောင်ချခံရပါတယ်။  အပက(၃) .. သစ်အမှုပါ။ တကယ်တော့ မဟုတ်ပါဘူး။ ခရစ်ယာန်၊ လူမျိုးစုအဖြစ်နဲ့ ကျနော်ကို မကျေနပ်တဲ့ အုပ်ချုပ်ပိုင်းလူ တချို့က အမှုလုပ်ခံရတာပါ။ ထောင်ကျခါစ အရမ်းစိတ်ဆိုးတယ်။ ဒါလောက်တောင် နိုင်ငံတော်နဲ့အတွက် ပေးလှု၊ လုပ်ကိုင်ပေးတာတောင် ထောင်ကျခံရတယ်ဆိုတော့ အရမ်းစိတ်ပျက်၊ စိတ်ထိခိုက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ထောင်ကျတဲ့အတွက် ကျနော့်မှာ အကျိုးကျေးဇူးကြီး ၃ခု ရခဲ့ပါတယ်။
၁။ ဘုရားကို ပိုပြီးသိနားလည်၊ ကိုးစားလာခဲ့ပါတယ်။ ပထမ တစ်လမှာ စိတ်ဆိုးတယ်။ လူကြီးပိုင်းကို အများကြီးလုပ်ပေးခဲ့တယ်။ ဥပမာ မှိုင်းရှုးရတနာမြေ၊ ပေါ်လာတယ်။ အရင်က ကားလမ်းတစ်လျှောက်လုံးမှာ မှောင်ခို၊ ကုန်ပစ္စည်းများ သယ်  တာချီလိတ်၊ တောင်ကြီးထိ မှောင်ခိုလုပ်ငန်းတွေ ရော့သွားရတယ်။ မှိုင်းရှုးရတနာမြေ ကို လုပ်ပေးတဲ့အတွက် မှောင်ခိုလုပ်ငန်းတွေ ရော့သွားပြီး၊ လူတွေအများကြီး အလုပ်ကိုင်ရရှိ၊ ဘဝအဆင်ပြေလာကြတယ်။ ဒါကို စဉ်းစားမိပြီး ကျေနပ်မိလာပါတယ်။

၂။ အရေးယူတဲ့ ပုဂ္ဂိုလ်တွေကို အရမ်းစိတ်ဆိုးတယ်။ သူတို့ ဗုဒ္ဓဘာသာ အများကြီးလုပ်ပေးခဲ့တယ်။ လူမျိုးရေး၊ဘာသာရေးအတွက် အနှစ်၂၀ ထောင်ချခဲ့တယ် လို့ခံစားရတယ်။ အမိန့်ချပြီး တစ်လလောက် တော့ လေးတယ်။ နောက်တော့ အထုပ်ကြီးကို ပစ်ချလိုက်တယ်။ နေ့တိုင်း စောစောထ၊ ထမ်းစဉ်နဲ့လူ အောက်မှာရောက်နေပြီ။ ကူညီပေးပြိး၊ အဖမ်းခံရသူတွေလဲ ကူ၊ နောက်မှ ကျောက်အရောင်းအဝယ်တွေ လုပ်ရပြီး၊ ည၉နာရီနောက်ပိုင်း သိပ်ပင်ပမ်းတယ်။ အရက်ပဲ သောက်ပြီး တင်းရှင်းတွေဖြေရတယ်။ ထောင်ထဲ မရောက်ရင် အခုလောက်ဆို အရက်ကြောင့်ဆို အရက်ကြောင့် သေလောက်ပါပြီ။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကိစ္စတွေ အများကြီးရှိလို့ အရက်ပဲ အဖေါ်ပြုရတာကိုး။

၃။ နောက်ဆုံးတစ်ခုက ရေဒီယိုတော့ နားထောင်ပေမဲ့ ၊ စာဖတ်တာ မလုပ်နိုင်ပါဘူး။ ထောင်ထဲရောက်မှ ကျမ်းစာကို ၃ခါ၊ ၄ခါ ပြီးသွားတယ်။ သမိုင်းကို အရမ်းကြိုက်တော့ အစ္စရေး၊ က္ကိုသရေလ လူမျိုးတွေအကြောင်း သိပ်သိလာတယ်။ ယာကုပ်ကနေ စပြီး၊ က္ကိုသရေလလူမျိုးတွေ ဘာလို့ ရာဇဝင်တွေ သိလာရသလဲ..ဆိုတော့၊ ဥပမာ ကျနော်တို့လူမျိုးတွေ လူမျိုးစုသမိုင်း ကျမ်းစာထဲထည့်ထားနိုင်တာ .. လူအနေနဲ့မလုပ်နိုင်ဘူး။ ဘုရားမှုတ်သွင်းထားလို့ပဲ ဖြစ်ရမယ် ..လို့ သိလာရတယ်။ လူမှုရေး၊ စီးပွားရေး စာအုပ်ကောင်းကောင်းလေးတွေ အများကြီး ဖတ်ခဲ့ရပါတယ်။ ကမ္ဘာပြား ဖရက်မင်ရေးတဲ့ စာအုပ်တွေ အများကြီးဖတ်ခဲ့ရတယ်။
 
 
ထောင်မှပြန်ထွက်လာပြိး၊ စီးပွားပြန်စခြင်း

တစ်နှစ်ခွဲအတွင်းမှာ ဒါတွေ ပြန်ဖြစ်လာပါတယ်။ ထောင်ကျခြင်းဟာ အကျိုးနဲစေတာ မဟုတ်ပါဘူး။ ဘုရားသခင် ပြင်ဆင်ထားပေးတာပါ။ ထောင်ကျနေစဉ် စီးပွားရေး ရပ်သွားပါတယ်။ သားတွေလဲ မလုပ်တတ်ပါဘူး။ အခု ၁၂နှစ် ပြန်ထွက်လာမှ အသစ်ပြန်စရပါတယ်။ ထောင်ထဲမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၂နှစ်၊၃နှစ်လောက် မိသားစုအချိန်ပေး၊ မိတ်ဆွေများကို ဂတိပေးခဲ့တာတွေ တော်တော် ပျက်ကွက်ခဲ့ပါတယ်။ အရာရာ အားလုံးကို ကိုယ်ပဲလုပ်ရတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။

နိုင်ငံခြားသားဖြစ်နေတဲ့ မြန်မာပြည်ကလူ၊ ဓမ္မဒေသနာတွေ လိုက်ဝေငှနေတဲ့သူနဲ့ ဆွေးနွေးတဲ့အခါ သူကပြောတယ်။ ဘုရားအတွက် ဆယ်ဘို့တစ်ဘို့၊ လုံးဝမထိရဘူး။ ငါးပြားတစ်စေ့ ထိတဲ့လူ ဓမ္မဆရာတောင် သူ့အိမ်ကို ထိခိုက်တယ် ..ဆိုတဲ့အကြောင်းကို၊ သူ့ကိုယ်တွေ့များနဲ့ ကျနော့်ကို ပြောပြပါတယ်။  ကျနော်လည်း ဆယ်ဘို့တစ်ဘို့၊ သစ္စာရှိဖို့၊ အကြွေကိုလဲ လဲစရာမလိုဘူး။ လုံးဝမထိနဲ့၊ လိုလို့ ယူသုံးတာမျိုး လုံးဝ မထိဖို့၊ အစ်မတွေကို ထောင်ထဲက မှာရတယ်။ နေဗုခနေဇာ မင်းကြီးလက်ထက်၊ ယေရုဆလင်က ဗိမာန်တော်က သိမ်းသွားတဲ့ ရွှေ၊ငွေ ခွက်တွေနဲ့ စပျစ်ရည်သောက်တာ ညချင်း ဘုရင်သေဆုံးရတယ်။ ဘုရားဥစ္စာကို လုံးဝ မထိရဘူးလို့ ခံယူပါတယ်။ ကျနော်ကိုလဲ ဒီဆယ်ဘို့ တစ်ဘို့ကြောင့် ဘုရားက ပိုပြီးကောင်းကြီးပေးတယ်လို့ ခံယူပါတယ်။
 
 
လက်ရှိအစိုးရသစ် အခြေအနေကိုပြောပါဦး။

အရင်တုံးက အမြင်ကပ်ပုဒ်မ ခါးသီးမှုတွေ အခု မရှိတော့ပါဘူး။ ဒါပေမဲ့ မမေ့နိုင်ပါဘူး။ သားသမီးတွေလဲ ပညာရေးတစ်ပိုင်းတစ်စ ဟိုမရောက်သည်မရောက် ဖြစ်ခဲ့တယ်။ ကိုယ့်ကို အားကိုးတဲ့ လူတွေလည်း ထိုင်းနိုင်ငံရောက် ..လွင့်ပျောက်ကုန်ရတယ်။ ကျမ်းစာသင်ကျောင်းလဲ အဲဒီတုံးက သိန်း၃၀၀ကျော် ကုန်ခဲ့တယ်။ မိဘမဲ့ကလေးများနဲ့ စီမံခန့်ခွဲနေပါတယ်။ ဒါကို ဖျက်ခိုင်းတယ်။

မိဘမဲ့ကလေးကျောင်း ဖြစ်ပေါ်လာပုံ ပြောပြပါဦး.. လူစူးလူမျိုးတွေ၊ မိဘမဲ့၊ ဘိုးဘွားရိပ်သာတွေ လုပ်ချင်ပါတယ်။ မိုးကုတ်က အဆင်ပြေသူပဲ ပြေတယ်။ တခြားလူတွေ ဘာမှလုပ်စားလို့ မရဘူး။ ကလေးတွေ၊ ဆင်းရဲသူတွေ များတော့ နောက်ဆုံး ဆုံးဖြတ်လိုက်တယ်။ ၁၉၉၆ လောက်မှာ
လက်ရှိအစိုးရကတော့ အရင်ထက်စာရင် ပိုကောင်းလာတာ သေချာပါတယ်။ ဒါပေမဲ့ နာမလည်ပဲ လုပ်နေရတဲ့ အစိုးရလူကြီးများရှိနေပါသေးတယ်။ ဥပမာ ရန်ကုန်ဟိုတယ် ဆောက်တဲ့ကိစ္စ ဗိုလ်ချုပ်ထွန်းကြည်ကို တိုင်ပင်တယ်။ ဦးသန်းရွှေအကြောင်း မေးတယ်။ စိတ်ရင်းမဆိုးပါဘူးတဲ့။  ဗိုလ်ချုပ်ကျော်ဘလဲ ဒီလိုပဲ ပြောခဲ့တယ်။ ၁၉၉၄လောက် ဟိုတယ်ကို စတင်ပြီး၊ ၂၀၀၀ ခုနှစ်လောက် အဆင်ပြေမယ် မျှော်လင့်ခဲ့တယ်။ နိုင်ငံရေးအခြေအနေ အရ၊ ကျနော်တို့၊ သူတို့ နှစ်ယောက် တွေးတာတွေနဲ့ တခြားဆီဖြစ်သွားခဲ့တယ်။ ကျနော်လဲ ထောင်ထဲရောက်သွားခဲ့ရပါတယ်။ ဒါက အရင်က အဖြစ်ပျက်တွေပါ။ အခုလဲ ၅၀း၅၀ လောက် ထားရဦးမှာပဲ။ အခုတော့ မဆိုးပေမဲ့ ဥရောပ၊အမေရိက အကြီးစားတွေက ထိထိရောက်ရောက် ဝင်မလာသေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲပြီး ရလဒ်အရပဲ သူတို့လာကြမယ် ထင်ပါတယ်။
 
 
မိုးကုတ် လက်ရှိကျောက်လောကအခြေအနေ
 
အခုလောလောဆယ် ထောင်ကထွက်လာချိန် ကျောက်ဈေး အရမ်းကောင်းတယ်။ ၁၂နှစ်တုန်းက သိန်း၂၀ တန်တာ၊ အခု သိန်း၂၀၀၀ ဖြစ်သွားတယ်။ ဟိုတုန်းက အလကားပေးတဲ့ ကျောက်ညံ့တောင် အခု သိန်း၎၊ ၅ထောင် တန်နေတယ်။ အခွင့်အလမ်းကတော့ ဆင်းရဲသူ၊ ဆင်းရဲသားတွေအတွက် ကောင်းတယ်။ ရောင်းလို့ရတယ်။ အရင်က မရောင်းရပဲ လက်ထဲကပ်နေရင် အခက်ခဲ အများကြီးဖြစ်တယ်။ အခုတော့ မရောင်းရမရှိ။  အခု ကျောက်ထွက်နှုန်း အရင်ထက် ပိုထွက်လာပါတယ်။ ကျောက်လုပ်ငန်း မိုးကုတ်မှာ လာလုပ်ချင်ရင် လာလုပ်ကြပါ။ အကျိုးအမြတ်ကို ဒီမှာပဲ ပြန်သုံးပေးကြဖို့၊ ဒီမြို့မှာ ကူညီသင့်တာတွေ လုပ်ပေးကြဖို့ ပြောချင်ပါတယ်။
အခု မြန်မာပြည်မှာ အချမ်းသာ တေဇ၊ အောင်ကိုဝင်း၊ မက်ဇော်ဇော် တွေဖြစ်ပါတယ်။ အရင် ၁၂နှစ်ကတော့ ဒီလောက်မဟုတ်သေးပါဘူး။ လီစူး ဦးအောင်သိန်းနဲ့ အဆက်သွယ်ရှိပါတယ်။၊ သူလဲ အိမ်ကိုလာပါတယ်။
 
 
မိသားစုနှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ
 
အိမ်ထောင်ရေး၊ ဒုတိယအိမ်ထောင်၊ ကလေးထပ်မွေးမယ်။ အရင်က ၇ယောက်၊  သမီး၃ယောက အားလုံးပေါင်း ၁၀ယောက်ပါပဲ။ မိသားစု အားလုံး အဆင်ပြေပါတယ်။
ကမ္ဘာကြီးက လောပန့်၊ လူသားတွေကို ဘာမှာချင်ပါသလဲ... ကျနော့်နှလုံးသားမှာ ခရစ်ယန်ဘာသာကလွဲပြီး ဘယ်ဘာသာမှ မသွားဖူး၊ အိမ်ထောင်ရေးအဆင်မပြေ၊ စိတ်ညစ်ပြီး အရက်သောက်ဖြစ်တယ်။ ရန်ကုန်ဟိုတယ် လုပ်နေရတယ်။ အရာရာ အားလုံး တစ်ယောက်ထဲ ဖြစ်နေတယ်။ စိတ်ချရမဲ့သူ မရှိဘူး။ အရက်၃ပက်လောက် သောက်ပြီး၊ ကားမောင်းပြီး သွားအိပ်မယ်၊ မိုးကလဲ ရွာနေတယ်။ မမျှော်လင့်ပဲ ခရစ်တော်ရဲ့ ကြေးရုပ်ဆီကို ရောက်သွားတယ်။ ကားပေါ်က မီးထိုးထားပြီး ဆင်းလိုက်တယ်။ တခါးပိတ်ပြီး မိုးကုတ်မြို့ကို အဲဒီကနေ ကြည့်ရင် ရှင်းရှင်းမြင်ရတယ်။ အချိန်က ည ၁၁နာရီလောက် မိုးစိုလာပြီး၊ အော်ပြီးငိုမိလိုက်တယ်။ ဆုတောင်းလိုက်ပါတယ်။ ရန်ကုန်ဟိုတယ် ပိုက်ဆံအခက်ခဲရှိတယ်။ ဟိုတယ် ပြီးမြောက်ချင်တယ်။ ကျောက်လုပ်ငန်းလည်း အခက်ခဲရှိတယ်။ တစ်မိနစ်လောက်ပဲ ဟိုတယ်က ဂုဏ်သိက္ခာအရို ပြီးမြောက်ချင်တယ် ဆုတောင်းလိုက်တယ်။ ကားဆီ ပြန်လာတယ်။ ကိုယ်ကလဲ စိုနေတယ်။ တစ်ရှုးနဲ့ သုတ်လိုက်ပြီး၊ ဂျာကင်ကိုခင်းပြီး ကားထဲဝင်၊ တောင်ဆင်းပြီး မောင်းပြန်လာခဲ့တယ်။ ရေကန်နားရောက်ချိန် ခေါင်းက ရေမစိုဘူး၊ အကျီကလည်း မစိုဘူး၊ မိုးဒါလောက်ရွာနေတာ ခေါင်းရေမစိုဘူး။ တော်တော် အံ့သြမိတယ်။ တစ်ယောက်ယောက်က ထီးဆောင်းပေးသလား ..စဉ်းစာခဲ့တယ်။ ဒါလဲမဖြစ်နိုင်ဘူး။ တစ္ဆေသရဲများ ငါ့ကို ခေါင်းရေမစိုအောင် လုပ်သလား လို့ လန့်လာတယ်။ တစ်ရှုးစက္ကူ ၂ထုပ် လွှင့်ပစ်တာ သတိပြန်ရပြီး၊ တောင်ကုန်းပေါ်ပြန်တက်တယ်။ ကျက်သီးတွေ ထလာပြီး တစ်ရှုးပစ်ထားတဲ့ ၂ထုပ်ကို တွေ့တယ်။ မိုးဒါလောက် ရွာတာ ရေမစိုခြင်းကို  တစ္ဆေသရဲပဲ စိတ်ကူးမိပြီး၊ အိမ်ပြန်လာတယ်။ အိမ်မှာလဲ အိပ်မပျော်နိုင်ဘူး။ အကျီကလဲ ခြောက်နေတယ်။
အဲဒီအဖြစ် ဖြစ်ပျက်ပြီးနောက် တစ်ပတ်၊နှစ်ပတ်လောက်မှာ ယူအက် ၁သန်းကျော် ၊ ၂သန်းလောက် ရလာခဲ့တယ်။ နိမိတ်လက္ခဏာ ပဲလို့အောက်မေ့တယ်။ လိုနေတဲ့ ငွေလဲ အဆင်ပြေသွားပါတယ်။  ဘုရားစစ်၊ ဘုရားမှန်ဖြစ်တယ်လို့ ဘုရားက ဖေါ်ပြ၊ သက်သေပြတယ်လို့ပဲ ခံယူပါတယ်။ အဲဒီနေ့က တစ်ယောက်ထဲဆိုတော့ အရက်လဲများများ မသောက်တတ်လို့၊ အဲဒီတုန်းက ကြက်သီးထ ဖြစ်ခဲ့ရတာတွေ မူးလို့ဖြစ်တာမဟုတ်ဘူး၊ နိမိတ်ပြသလိုပဲ လို့ ခံယူပါတယ်။
ထောင်ထဲမရောက်ခင်ကတော့ အိပ်မက်မကောင်းဘူး။ ဓမ္မဆရာနဲ့ခေါ်ပြီးဆုတောင်းပါတယ်။ လုပ်သင့်တာတော့ လုပ်ပါမယ်။ ဆုံးဖြတ်လို့မရတာမျိုး ဆိုရင် ဘုရားသခင်အလိုတော်ပဲ ရှိပါတယ်။ ကျနော်ကတော့ လူမှုရေးနဲ့ ဝိညာဉ်ရေး ခွဲခြားထားပါတယ်။ လူမျိုး၊ ဘာသာမရွေး ကူညီပါတယ်။ ဝိညာဉ်ရေးကတော့ ဆယ်ဘို့တစ်ဘို့နဲ့၊ ဘုရားကိုးကွယ် ဝတ်ပြုခြင်းပေါ့။ ကိုယ့်ဘဝကိုလဲ ကိုယ်ကျေနပ်ပါတယ်။
 
 
နိဂုံး
 
ကိုယ်ရရှိတဲ့ ကောင်းကြီးမင်္ဂလာ ၁၀% ဆယ်ဘို့တစ်ဘို့ ဘုရားအလုပ်အတွက် ၊ ကိုယ့်ပိုက်ဆံမဟုတ်ဘူး ဆိုတာ သစ္စာရှိဖို့၊ သော့ချက်ဖြစ်ပါတယ်။ ဘုရားကို အရမ်း အားကိုးလွန်တာကို မကြိုက်ဘူး။ ဘုရားသခင်က မှုတ်သွင်းတဲ့ တန်ခိုးတွေ ရှိပါတယ်။ တခါတလေ မဖြစ်နိုင်တာတွေ တောင်းတာမျိုးတွေ တွေ့ရတယ်။ ဘုရားကို ဘာလုပ်ပေးမလဲ စဉ်းစားစေချင်တယ်။ ဆုတောင်းပါ။ လိုတာထက် အားကိုးတဲ့စိတ် အရမ်းလွန်သွားရင် ပေါ့ပေါ့ဆဆ နဲ့ လုပ်တဲ့အခါ၊ အရာရာဘုရားပေးမှာပဲ တဖက်စွန်း၊ မဖြစ်စေချင်ပါဘူ။ ကျနော်တို့မှာ ဘုရားပေးတဲ့ ဆုကျေးဇူးတွေကို အသုံးချရမှာ ဖြစ်ပါတယ်။ အခု အမေရိကန် ဒုံးပျံ၊ အင်္ဂါဂြိုလ် သွားတာတွေ၊ ဘုရားသခင်က ပေးထားတဲ့ စွမ်းအားတွေ ရှိနေပြီးသားပါ။ ကျန်းမာရေးဆိုရင်လဲ ဆေးစားစရာမလိုဘူး.. ဆိုတဲ့၊ ဆေးမစားပဲ အစာရှောင်ဆုတောင်းတာ။ မိတ်ဆွေတစ်ဦး မသေလို့တော်သေးတယ်။
 
အခုလက်ရှိ အစ္စလမ်းနဲ့ဗုဒ္ဓ ဖြစ်နေတဲ့ ပြသနာတွေအတွက်၊ ခရစ်ယာန်များ ဆုတောင်းဖို့လိုပါတယ်။ ဒေါသတွေ ရှေ့တန်းမတင်ပဲ ၊ အခုလိုအချိန်မှာ ဘုန်းကြီးလိုလူမျိုးတွေကို သွားမထိခိုက်ဖို့ ရှိပါတယ်။ အိမ်ထောင်ကျရင်တောင် ဗုဒ္ဓဘာသာပဲ ဖြစ်ရမယ် ဆိုတာမျိုး လွှတ်တော်မှာ တင်ဖို့လုပ်နေတယ်။ အင်ဒိုနီးရှား၊ မလေးရှားမှာ လည်း မြန်မာတွေ၊ ဖြစ်သွားတာတွေ ရှိလို့ အများကြီး သတိထားရမယ် ဖြစ်ပါတယ်။
 
ကချင်ငြိမ်းချမ်းရေး၊အတွက်၊ ပြည်တွင်းစစ်ပွဲတွေမှာ အစိုးရလူကြီးတွေ ခံစားရသလို၊ ကျနော်တို့တိုင်းရင်းသားတွေပဲ၊ ခံစားရပါတယ်။ ကချင်ခေါင်းဆောင်ပိုင်းမှာလည်း ပြုပြင်စရာတွေ ရှိပါတယ်။ တပ်မတော်မှာလည်း ခရစ်ယန်ဆို ရာထူးမတက်တော့ဘူး။ ဗမာတပ်မတော် ဖြစ်သွားတဲ့အခါ လူမျိုးရေးဖြစ်သွားတယ်။ ကချင်မှာလည်း သူ့ရဲ့ကချင်မှ၊ လီစူးတွေလဲ အများကြီးရှိပါတယ်။ ကချင်မျိုးနွယ် ၆ခုရှိတာကို စည်းရုံးဖို့လိုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တတ်နိုင်သမှ လုပ်ပေးဖို့ပါပဲ။
 
ကံကောင်းသလား၊ ဘုရားကောင်းကြိးပေးသလား... ခရစ်ယာန်တွေအတွက် ဘုရားကောင်းကြီးပေးတာ ဖြစ်ပါတယ်။ ကံကောင်းတယ် ပြောလို့မရပါဘူး။ ကိုယ့်ဖက်ကနေ ဘုရားကျောင်းကို ဘာပြန်ပေးနိုင်သလဲ ဆိုတာ၊ ဘာလုပ်ပေးနိုင်သလဲဆိုတာ ကိုယ်ထိလက်ရောက် လုပ်နိုင်မှ၊ ဘုရားထံမှ ကောင်းကြီးရမှာ ဖြစ်ပါတယ်။
 

The End... Sep 10, 2013 
by Gospel Interview, MEDIA4CHRIST  This email address is being protected from spambots. You need JavaScript enabled to view it.

Threesome