စင်ကာပူနိုင်ငံသား မန်နေဂျာတစ်ဦး လူမွဲလို့ကြေငြာခံရသူ ယခုဘဝပြန်လည်စိုပြေလာပုံ ပြောပြတဲ့ဝမ်းနည်းဘွယ်ဇတ်လမ်း Wed, Oct 03, 2012 The Sunday Times ဂျင်မီအောင်း လူမွဲလို့ကြေငြာခံရပြီးတဲ့နောက်ပိုင်း ရှိတာကုန်၊ ဇနီးသည်လည်းကွာရှင်း၊ ချစ်လှစွာသားငယ်လဲ သေဆုံး... မ



စင်ကာပူနိုင်ငံသား မန်နေဂျာတစ်ဦး လူမွဲလို့ကြေငြာခံရသူ ယခုဘဝပြန်လည်စိုပြေလာပုံ ပြောပြတဲ့ဝမ်းနည်းဘွယ်ဇတ်လမ်း
Wed, Oct 03, 2012
The Sunday Times

ဂျင်မီအောင်း လူမွဲလို့ကြေငြာခံရပြီးတဲ့နောက်ပိုင်း ရှိတာကုန်၊ ဇနီးသည်လည်းကွာရှင်း၊ ချစ်လှစွာသားငယ်လဲ သေဆုံး...

မစ္စတာ ဂျင်မီအောင်း နဲ့ ဇနီးသည် ထရီစာလျောင်း တို့မှာ သမီး (၂၀နှစ်)၊ သာ လုကာ (၃နှစ်) နဲ့ သား ဇာဂ် (၉လ) ယခု လက်ရှိမိသားစု ဓါတ်ပုံဖြစ်ပါတယ်။ ဓါတ်ပုံရဲ့ နောက်ခံကတော့ သူ့ရဲ့ အကြီးဆုံးသားဖြစ်တဲ့ ကိုရှမ်း၊ လွန်ခဲ့တဲ့ (၈)နှစ်က သေဆုံးသွားသူရဲ့ ပုံဖြစ်ပါတယ်။ မစ္စတာအောင်း က အစိုးရအသိမှတ်ပြု ဝန်ထမ်းအရည်သွေးမြှင့်တင်ရေး အေဂျင်စီရဲ့ လေ့ကျင့်ရေးမှုးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နောက်ပိုင်းမှာ ကိုယ်ပိုင် ကုမ္ပဏီတည်ထောင်ခဲ့ပြီး ဝန်ထမ်းအရည်သွေးမြှင့်တင်မှုအလုပ်ဖြစ်ပါတယ်။ သူ့ ဘဝဇတ်လမ်းကို ဖတ်ပြီး လူတစ်ယောက်ဘဝပြန်လည် မြှင့်တက်လာဖို့ သူ မျှော်လင့်နေပါတယ်။

စင်ကာပူမှာ မစ္စတာဂျင်မီအောင်း သူ့ဘဝဇတ်လမ်းကို တတ်နိုင်သမျှ လူတွေသိအောင် ရှယ်ချင်ပါတယ်။

မှတ်ချက်။ 
၁။ လူမွဲကြေငြာခံရခြင်း ဆိုတာ ဘာလဲ။ အကျဉ်းရေးရရင် ဘဏ်နဲ့မိတ်ဆွေတွေဆီက ငွေချေးတွေချေးပြီး ရှုံးနေတဲ့လုပ်ငန်းဆက်လုပ်ရင်း နောက်ဆုံး ဘာမှပေးစရာမရှိတော့တဲ့အချိန် အစိုးရက လူမွဲကြေငြာလိုက်တော့ အကြွေးပေးစရာမလိုတော့တဲ့ မျက်နှာပြောင်၊ အရှက်တကွဲဖြစ်ရခြင်းကို လူမွဲကြေငြာခံရခြင်း Bankruptcy လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ အကြွေးမပေးနိုင်ရင် ထောင်ကျ၊ ဒါမှမဟုတ် နိုင်ငံခြားထွက်ပြေးတာမျိုးပဲ ရှိပါတယ်။ လူမွဲကြေငြာတဲ့ လုပ်ထုံးလုပ်နည်းမရှိပါဘူး။ 
၂။ ပိုက်ဆံ အလွယ်တကူချေးငှားရတယ်ဆိုရင် လူမွဲဖြစ်ဖို့လမ်းများပါတယ်။ ပိုက်ဆံချေးငွေရတော့ အမြတ်များများရအောင် လုပ်ငန်းကိုချဲ့ရင်း အမြတ်မရပဲ အရှုံးထွက်၊ ငွေထပ်ချေးနဲ့ နောက်ဆုံး လူမွဲကြေငြာခံရပါတယ်။

အင်တာဗျူးလာမေးတဲ့ မစ္စတာဖလော့ဂိတ် ၂နာရီကြာအောင် စကားပြောကြပြီးတဲ့နောက် မစ္စတာအောင်းက သူ့ဘဝ အကြီးကျယ်ဆုံးရှုံးရစဉ်က အခြေအနေကို ပြောပြပါတယ်။ ငွေကြေးခြူးတပြားမကျန်ကုန်သွားတယ်၊ အလုပ်လဲပြုတ်သွားတယ်၊ လင်မယားလဲကွာရှင်းလိုက်ရတယ်၊ အရှက်တကွဲအကျိုးနဲ သိက္ခာကျဆင်းခဲ့ရပြီး နောက်ဆုံး သူ့ရဲ့သားကြီး ဥနောက်အမှေးရောင်ရောဂါနဲ့ သေဆုံးသွားပါတယ်။

သူ့သားအကြီး လွန်ခဲ့တဲ့ (၈)နှစ်က သေဆုံးသွားပေမဲ့ သူ့သားကြီးက သူ့ဘဝအနိုမ့်ဆုံး အခြေအနေရောက်နေချိန်မှာ သူ့ကို အားပေး၊ နှစ်သိမ့်ပေးသူ ဖြစ်ခဲ့ကြောင်းကို ပြောပြပါတယ်။

ကျနော့ဘဝဇတ်လမ်းက ဘဝဆိုတာ ဒုတိယအကြိမ် ပြန်စဖို့ အခွင့်အလမ်းပေးတတ်တယ်ဆိုတာ သက်သေပြနေပါတယ် လို့ဆိုပါတယ်။ လက်ရှိ သူက KS Distribution (KSD) ကုမ္ပဏီမှာ လုပ်ကိုင်နေပြီး၊ အလုပ်ကိုင်အသစ်၊ အိမ်ထောင်သစ်၊ နဲ့ ကားအသစ်တွေနဲ့ ဖြစ်နေပါပြီ။

သူ့ဘဝကို ကြည့်ရင် တက္ကစီကားမောင်း ဒရိုင်ဘာတစ်ယောက်ရဲ့ သားသမီး ၈ယောက်ရှိတာ သူက အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ငယ်စဉ်က နှိမ့်ချရိုးသားစွာ နေထိုင်ခဲ့ပါတယ်။ ပညာရေးကတော့ မကောင်းပါဘူး။ မစ္စတာအောင်း တန်ပနီးစ် အခြေခံပညာရေးကျောင်းမှာ မူလတန်းအောင်ပြီးတော့ စီရန်ကုန် အထက်တန်းကျောင်းမှာ ၉တန်းစာမေးပွဲကို (၃)ကြိမ်တိုင် ကျရှုံးခဲ့ပါတယ်။

သူ့အမေက သူ့အတွက် လက်သမားဆရာတစ်ယောက်ရဲ့ အကူအဖြစ် အလုပ်ရှာပေးခဲ့ပါတယ်။

သူရဲ့ မော်တော်ဆိုင်ကယ်လေးကို မောင်းပြီး ကြုံရာအလုပ်ကိုင်များကိုလဲ လုပ်ခဲ့ပါတယ် လို့ပြန်ပြောပြပါတယ်။

သိပ်မကြာခင်မှာပဲ သူက အလွန်အလုပ်များတဲ့ လူငယ်လေးအဖြစ် မင်ဒရိန်းဟိုတယ်ကြီးမျှာ အလုပ်ရပါတယ်။ နောက်ပိုင်းတော့ စူပါမတ်ကက်တခု Keasse Department Store, လပ်ကီးပလာစာမှာ ဖောင်တိန်နဲ့နာရီများ အရောင်းအကူလုပ်သူအဖြစ် အဆုံးသပ်ပါတယ်။

တနေ့မှာတော့ သူ့မိခင်ကြီးက ငိုယိုပြီး ဖုန်းဆက်ပါတယ်။ သူရဲ့ အကြီးဆုံးအစ်မကြီး ပြသနာများကို ငြင်းခုန်ပြောဆိုရင်းကနေ သူမကိုယ် သူမ သတ်သေသွားပြီ လို့ မိခင်ကြီးက ပြောပြပါတယ်။

ကျနော် အလွန်တုံလှုပ်သွားပြီး ရင်ထဲမှာ ဘာမှမရှိအောင်ဆုံးရှုံးသွားပါတယ်။ ကျနော့်ကိုယ်ကျနော် ပြန်မေးပါတယ်။ ဘာကြောင့် ဒီသာမန်ပြသနာလေးကနေ ဒီလိုဘဝကို အဆုံးစီရင်တဲ့အထိ အစ်မကြီး ဖြစ်သွားရသလဲ လို့ ဆက်ကာဆက်ကာ မေးနေမိပါတယ်။

အဲဒီအချိန်က စင်ကာပူစစ်တပ်မှာ မဝင်မနေရ စစ်မှုထမ်းနေချိန်ဖြစ်တော့ စိတ်ဖိစီးမှုများကြောင့် သေလုနီးပါးဖြစ်ရပါတယ်။  တနေ့မှာ သူ့ကို အိပ်ယာထဲ အသားရေမဲပြာရောင်နဲ့ လဲနေတာကို သူရဲ့ တူဖြစ်သူက တွေ့သွားပါတယ်။ သူ့အဖေဖြစ်သူက ဆေးရုံကို အမြန်ဆုံးသယ်သွားပြတော့ အဆုပ်အနာပေါက်နေပြီလို့ ဆရာဝန်ကပြောပါတယ်။ အဖေကပြောတယ် ..မင်း အသက်ရှင်နေတဲ့ ရက်တိုင်းက မင်းအတွက် ဘောနပ်ဆုတွေပဲ လို့ပြောပါတယ်။

စစ်မှုထမ်းခြင်း ပြီးဆုံးတဲ့နောက် (၂)ရက်အကြာမှာ အလုပ်ရပါတယ်။ အသံချဲ့စက်ပစ္စည်းများကို Bugis Street လမ်းမပေါ်က Fu Lu Shou Complex မှာရောင်းရပါတယ်။ ဒီအလုပ်ကို စိတ်လုံးဝမြှတ်နှံပြီး လုပ်ပါတော့တယ်။

၆နှစ်လောက် ကြာတဲ့အခါမှာ အရောင်းဝန်ထမ်းဘဝကနေ အရောင်းမန်နေဂျာအဖြစ်ကို ရာထူးတက်လာပါတယ်။ နောက်ပိုင်းတော့ ဆိုင်သူဌေးတွေက Boon Lay မှာ ဆိုင်တစ်ခု ထပ်တိုးချဲ့လိုက်ပါတယ်။ အဲဒီမှာ ကျနော်က စတိုမန်နေဂျာအဖြစ် အလုပ်လုပ်ရပါတယ်။ သိပ်မကြာပါဘူး။ အဲဒီအလုပ်ရဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်ကို ရောက်လာပါတော့တယ်။

ဆိုင်ကလဲ အရောင်းကောင်းပါတယ်။ အားလုံးအဆင်ပြေနေပါတယ်။

တစ်လကို လစာငွေ သုံးလေးထောင်မက ရလာပြီး၊ ကုမ္ပဏီက ပေးထားတဲ့ ကားတစ်စီး ရပါတယ်။ ၁၀တန်းတောင် မအောင်တဲ့ လူငယ်တစ်ဦး ဒါလောက်ထိအောင် အောင်မြင်လာတာ တော်တောဂုဏ်ယူဖို့ကောင်းပါတယ်။

နောက်တော့ မစ္စတာအောင်း ရဲ့ အစ်ကိုနှစ်ယောက်က ဒါမျိုး ကိုယ်ပိုင်အရောင်းဆိုင်တစ်ခု ဖွင့်ဖို့ သူ့ကိုတိုက်တွန်းလာပါတယ်။

မင်းကတော့ လုပ်ငန်းပါတနာလဲလုပ်၊ ဦးဆောင်ဒါရိုက်တာလဲ လုပ်ပါ လို့ ဆွဲဆောင်ကြပါတယ်။ ကျနော်ကို သူတို့လိုချင်တာကတော့ ကျနော်ရဲ့ ဖောက်သည်များနဲ့၊ ပစ္စည်းပို့ပေးသူများနဲ့ ဆက်ဆံရေးကောင်းလို့ ဖြစ်မယ် ထင်မိပါတယ်။ ကျနော်လည်း လက်ရှိဆိုင်မှာ အရောင်းကောင်းအောင် လုပ်ပေးနေတာကိုး။

အသက်၂၅နှစ်အရွယ်မှာ အစစအရာရာ အဆင်ပြေနေပါတော့တယ်။ ခရက်တစ်ကဒ် စာရေးမတစ်ဦးနဲ့ အိမ်ထောင်ပြုလိုက်တယ်။ သူတို့မင်္ဂဆောင်ပွဲကို လူ တစ်ထောင်လေးရာနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပပါတယ်။ ဝေါစထရိတ်စင်ကာက စားသောက်ဆိုင်မှာ မင်္ဂလာဆောင်ပါတယ်။ အခန်း(၅)ခုပါတဲ့ 5 Room Flat ကို Yishun မှာဝယ်လိုက်ပါတယ်။ သမီးတစ်ယောက်နဲ့ သားတစ်ယောက် ရရှိလာပါတယ်။

.

အဆင်မပြေမှုတစ်ခု ဖြစ်လာပါတယ်။ သူနဲ့သူ့ပါတနာတို့ Chua Chu Kang မှာ ဆိုင်ခွဲတစ်ခု ဖွင့်တဲ့အခါ ထင်သလို ဖြစ်မလာပါဘူး။ အဲဒီမှာ ပါတနာနဲ့ တင်းမာမှုတွေဖြစ်ပေါ်လာပြီးနောက် အမှိုက်ကစ ပြသာတ်မီးလောင်သလို ပြသနာအကြီးကျယ်ဖြစ်လာပါတော့တယ်။

သူတို့နှစ်ယောက် အဆင်မပြေဖြစ်လာပြီး သူ့ပါတနာက Boon Lay အရောင်းဆိုင်၊ သူကတော့ Chua Chu Kang အရောင်းဆိုင်ကို ခွဲဝေ လုပ်ကိုင်လိုက်ပါတယ်။

တကယ်တော့ ကျနော်က ဒီအလုပ်ကို လုံးဝမလုပ်ချင်တော့ပေမဲ့ ကျနော့်ပါတနာက ခွဲပေးစရာ ပိုက်ဆံမရှိလို့ မလုပ်ချင်ပဲ ဆိုင်တစ်ခုယူပြီး ဆက်လုပ်ရတယ် ..လို့ မစ္စတာအောင်း ပြောပြပါတယ်။

ဒီ ပါတနာနဲ့ပဲ ဆက်လုပ်ရင် သင်္ဘောမြုတ်တဲ့အခြေအနေကို ရောက်နေပါပြီ။ မစ္စတာအောင်း က သူဈေးရောင်းတဲ့နေရာမှာတော့ ကျွမ်းကျင်ပေမဲ့ စီမံခန့်ခွဲတဲ့နေရာ၊ ငွေကြေးလုပ်ငန်းတွေမှာတော့ အားနည်းတယ်ဆိုတာ ဝန်ခံပြောဆိုပါတယ်။

ပိုပြီး အရူးထမိတာတော့ သူ့ကိုပေးလိုက်တဲ့ Boonlay မှာ နောက်ထပ်အရောင်းဆိုင်တစ်ခု ထပ်ဖွင့်လိုက်မိပါတယ်။ ဒီတော့ အခြေအနေပိုဆိုးသွားပါတော့တယ်။

ကျနော် လုပ်ငန်းကို ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ပါဘူး။ ပစ္စည်း ဆပ်ပလိုင်းလုပ်သူတစ်ဦး ဆပ်ပလိုင်းမပေးပဲ ရပ်ဆိုင်းလိုက်တော့ ဈေးကွက်တစ်ခုလုံး သူ့အခြေအနေမဟန်မှန်း သိသွားပါတယ်။ မစ္စတာအောင်း ပြောရင်း အသံတုန်လာပါတယ်။

ဒါနဲ့ လုပ်ငန်းလဲ ရုတ်တရက် ရပ်ဆိုင်းသွားလိုက်ရပြီး အကြွေး ဒေါ်လာ(၆)သိန်း တင်သွားပါတယ်။

၁၉၉၅ ခုနှစ် ကျနော် အသက်(၃၀) အရွယ်မှာ အကြွေးတွေ မပေးနိုင်တော့ လူမွဲကြေငြာခြင်း ခံလိုက်ရပါတော့မယ်။ ကျနော် မန်နေးဂျင်းဒါရိုက်တာလုပ်နေရာကနေ အခုလိုဖြစ်လာတော့ အထွေထွေမန်နေဂျာ အလုပ်မျိုး လိုက်ရှာလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်မှာ အလုပ်ရှာဖို့ စီဗွီ cv တောင်မရှိရှာပါဘူး။

အလုပ်ရှာပေမဲ့လဲ မရပါဘူး။

နောက်ဆုံးတော့ ဝင်ငွေရအောင် ကျပမ်းအလုပ်တွေ လုပ်ရပါတော့တယ်။ နိုင်ငံခြားငွေအိတ်ချိန်းမှာ လစာမရှိပဲ ကော်မရှင်စားအလုပ်ကို ဝင်လုပ်ပါတယ်။

ဒီအလုပ်က ကော်မရှင်စား လုပ်ငန်းဖြစ်တော့ ကျနော့်မိတ်ဆွေ အပေါင်းသင်းတွေကို နိုင်ငံခြားငွေအိတ်ချိန်းမှာ ရင်းနှီးမြှတ်နှံဖို့ လိုက်ဆွဲဆောင်ရပါတယ်။ သူတို့ ရင်းနှီးမြှတ်နှံမှ ကျနော် ကော်မရှင်ရမှာကိုး။

ဒီအလုပ်လုပ်ရင်း သူငယ်ချင်းတွေ တော်တော် ဆုံးရှုံးသွားရပါတယ်။ သူငယ်ချင်းတွေ ဒေါ်လာတစ်သောင်းကနေ လေးသောင်းအထိ ဒီရင်းနှီးမြှတ်နှံမှုလုပ်ငန်းမှာ အရှုံးပေါ်ကြပါတယ်။ အခြေအနေက အရမ်းဆိုးဝါးနေပေမဲ့ ကျနော်က ဒီအလုပ်ကို ဆက်လုပ်ပါတယ်။

ဝင်ငွေ အခြေခံလစာ မရှိတော့ မိသားစုစရိတ်အတွက် ဆွေမျိုး၊ မိတ်ဆွေတွေဆီက ငွေချေးရပါတော့တယ်။ သူ့ကို မိတ်ဆွေတွေက နာမည်ပေးကြတယ်။ တရုပ်လို သင်္ကြန်အမြောက်တဲ့။  ဝမရှိပဲ ဝိလုပ်ချင်တဲ့ အပြောကြီး၊ အဆန်မပါတဲ့ အသံမြည်တဲ့အမြောက် လို့ အမည်ပေးထားပါတယ်။

ငွေကို ကိုယ်ထင်သလို သုံးပါတယ်။ စနစ်တကျ ဘတ်ဂျတ်လုပ်မထားပဲ သုံးစွဲပါတယ်။

အဲဒီအချိန်မှာပဲ သူ့အိမ်ထောင်ရေး အက်ကြောင်းတွေ ဖြစ်လာပါတော့တယ်။

သူတို့ဇနီးမောင်နှံ မိသားစုငွေကြေးအခက်ခဲ အကြီးကျယ်ဖြစ်လာချိန်မှာတော့ မစ္စတာအောင်းရဲ့ ဂုဏ်သိက္ခလဲ အရမ်းကျဆင်းနေပြီ ဖြစ်ပါတော့တယ်။ ကျနော်ကို ခင်မင်လေးစားတဲ့ သူငယ်ချင်းတွေလဲ ကျနော့်မှာ ဘဝရည်မှန်းချက်မဲ့နေတဲ့အဖြစ်ကို တွေ့ပြီး ကျနော်ကို အလွန်ပေါင်းသင်းရခက်တဲ့လူ အဖြစ် သတ်မှတ်လာပါတော့တယ်။

သူ့ဇနီးသည်ရဲ့ လုပ်ငန်းမိတ်ဆွေတစ်ဦးက သူ့အတွက် တစ်လ ဒေါ်လာနှစ်ထောင် လစာရတဲ့ အရောင်းဝန်ထမ်းအလုပ်ကို ရှာပေးပါတယ်။ သွားလာခရီးစရိတ်လဲ ရပါတယ်။

အဲဒီအလုပ်က တော်တော်ဟန်ကျသွားပါတယ်။ ပုံမှန်လစာဝန်ငွေ မရှိပဲ တစ်နှစ်လုပ်ကိုင်နေပြီးတဲ့နောက် အခုပုံမှန်ဝင်ငွေရလာပါတယ်။ သင်္ဘောအတွက် ကျောက်စူး၊ ကြိုးတွေ၊ သံချိန်းကြိုးတွေ ရောင်းရတဲ့အလုပ်ပါ။

လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားတော့ မြန်မြန်ပဲ ရာထူးတိုးတက်လာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာ အလုပ်ကိုင်အဆင်ပြေပြီး၊ ဒု-အထွေထွေမန်နေဂျာ ရာထူး ရလာပါတော့တယ်။ ဒါပေမဲ့ အတိတ်က သစ္ဆေအရိပ် သူ့ကို ခြောက်လှန့်နေဆဲပါ။

သူ့ရဲ့လုပ်ငန်းတစ်ခုလုံး ဆုံးရှုံးသွားတာက တစ်ပိုင်း၊ ပေးစရာအကြွေးတွေနဲ့ ဝိုင်းခံထားရတာက တစ်ပိုင်း အခြေအနေမကောင်းပါဘူး။

သူနဲ့သူ့ဇနီးသည်တို့ ၁၉၉၇ ခုနှစ်မှာ ကွာရှင်းပြတ်စဲလိုက်ပါတော့တယ်။

ကျနော် ဘဝသစ်ကို မစတင်နိုင်ပါဘူး။ ဆုံးရှုံးသွားတဲ့ ဘဝဟောင်းကိုပဲ ပြန်တမ်းတနေမိပါတယ်။ တခါတလေ သူရတဲ့လစာငွေရဲ့ တစ်ဝက်ကို ဖိုးဒီ ထီထိုးပစ်လိုက်တာမျိုး လုပ်နေဆဲဖြစ်ပါတယ်။ အသုံးအစွဲ မဆင်မခြင်တဲ့ အကျင့်ဆိုးက သူ့ကို ငွေကြေးပြသနာထဲကို ပြန်ဆွဲချနေပါတယ်။

၂၀၀၁ ခုနှစ်မှာ သူ့ကုမ္ပဏီအတွက် အွန်လိုင်းအရောင်းလုပ်ငန်းကို အရောင်းဆိုင်တစ်ခုအတွက် စတင်လုပ်ဆောင်ပါတယ်။ အဲဒီအွန်လိုင်းအရောင်းလုပ်ငန်း မအောင်မြင်လို့ ကုမ္ပဏီမှာ သူ့အခြေအနေမဟန်တော့ပါဘူး။

သူဌေးအသစ်ပြောင်းသွားတော့ မစ္စတာအောင်းလဲ အလုပ်လုပ်ချင်တဲ့စိတ် ကုန်သွားပါတယ်။ အလုပ်လဲပြုတ်သွားပါတော့တယ်။ အဆိုးထဲက အကောင်းကတော့ သူ့မိသားစုနဲ့ ဇနီးဟောင်းတို့က သူ့ကို လုံးဝ စွန့်ပစ်မသွားပါဘူး။ အိပ်စရာနေရာနဲ့ စားစရာတွေ လိုအပ်ရင် အမြဲပေးကမ်း မေတ္တာပြတယ် ..လို့ ကျေးဇူးတင်စကားပြောပါတယ်။

အဲဒီအချိန်မှာ မိမိကိုယ်ကို ပြန်ဆန်းစစ် မေးမြန်းပါတယ်။ ငါ... ဘာဖြစ်နေတာလဲ။ လူတွေက ငါ့ဆီကို ဘာကြောင့်မလာတော့သလဲ... ဘာတွေမှားနေသလဲ.. ငါ့မှာ မာန်မာန များနေသလား... လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးတွေ သိပ်များနေသလား .. ဘာကြောင့် ငါကျဆုံးရသလဲ... စသဖြင့်ပေါ့။

အလုပ်လက်မဲ့ ဖြစ်နေချိန် ကိုယ့်အားနည်းချက်တွေကို သုံးသပ်မိတာ လပေါင်းတော်တော် ကြာပါတယ်။ နေ့တိုင်း ဘတ်စ်ကားနဲ့ အောချပ်လမ်းမမှာရှိတဲ့ Border ဆိုတဲ့စာအုပ်ဆိုင်ကို သွားပြီး Self Help Book ဆိုတဲ့ ဘဝတိုးတက်အောင်မြင်ရေး စာအုပ်တွေကို တနေ့လုံး ဖတ်တယ်။ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကို မြင်လာအောင် ပြုပြင်နိုင်အောင် ကြိုးစားပါတယ်။

ညပိုင်းမျာ ဆဲဗင်းအီလဲဗင်း ဆိုင်မှာ မန်နေဂျာအလုပ်ကို လုပ်ပါတယ်။

 

ဘဝအသစ် တဖန်မွေးဖွားလာခြင်း

အခွင့်အလမ်းသစ်တစ်ခု ပေါ်လာပြန်ပါတယ်။ အရင်ကုမ္ပဏီက အကြီးကဲတစ်ဦးက သူ့ကို လက်ထောက် အရောင်းမန်နေဂျာရာထူး ကမ်းလှမ်းလာပါတယ်။

ကျနော့်ကိုယ်ကို ကျနော်ပြောပါတယ်။ ငါအကောင်းဆုံးဖြစ်အောင် အလုပ်လုပ်ရတော့မယ်၊ ကျဆုံးလို့ လုံးဝမဖြစ်တော့ဘူး... လို့ပြောမိပါတယ်။

အလုပ်လုပ်ရင်း (၆)လပဲ ကြာတယ်။ (၉)နှစ်အရွယ်ရှိတဲ့ ကျနော့်သားကြီး ဦးနှောက်ကင်ဆာ ရောဂါနဲ့ ဆေးကုသမှုခံရပါတယ်။ ဆရာဝန်ကပြောပါတယ်။ ကျနော့်သား ဦးနှောက်ထဲမှာ လေးစင်တီမီတာရှိတဲ့ ဦးနှောက်အမှေး ကြူမာရှိနေတယ် လို့ဆိုပါတယ်။

ကျနော် စိတ်ထဲမှာ ပြောင်ခါသလင်း ဖြစ်သွားပါတော့တယ်။ အခုလိုဖြစ်နေတာ ဘာအဓိပ္ပါယ်လဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရပါတော့တယ်။ ကျနော့်ဘဝက ဘာအဓိပ္ပါယ်ရှိပါတော့သလဲ ဗျာ...လို့ မျက်ရည်များနဲ့ ပြောပြပါတယ်။

ခွဲစိတ်ကုသမှု နှစ်ကြိမ်လုပ်တယ်။ ကီမိုးသာရဖီ ကင်ဆာကုသမှု အကြိမ်ပေါင်း ၃၃ကြိမ် ကုသပါတယ်။ ဆေးရုံရဲ့ အင်မာဂျင်စီအခန်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဝင်ထွက်ကုသမှု လုပ်ပြီးနောက် သားကြီး သေဆုံးသွားပါတယ်။

သူ့မျာ ဘရိန်းကြူမာရှိတယ် သိပြီး (၇)လ နဲ့ (၇)ရက်တိတိ ကြာတဲ့အချိန်မှာ သားကြီးသေဆုံးသွားတာ အမှတ်ရပါတယ် ..လို့ ငြိမ်သက်စွာနဲ့ မစ္စတာအောင်း ပြောပြပါတယ်။ ဒီ ဆေးကုသနေတဲ့ကာလအတွင်း ကျနော် ဖခင်နဲ့ သားကြီးတို့ဟာ အလွန်နီးကပ်စွာ ပြောဆိုနေထိုင်ကြပါတယ်။ သားကြီးနဲ့အတူ နေ့တိုင်း တစ်ရက်ကို အနည်းဆုံး နှစ်နာရီ လဲလျှောင်းအတူနေထိုင်ခဲ့တယ်လို့ ပြောပြပါတယ်။

သားကြီးက ကျနော်ဆီက ဆေးလိပ်ဖြတ်ဖို့ ကတိတောင်းခံပါတယ်။ ကျနော့်မိဘများကို ချစ်ဖို့လဲ တောင်းဆိုပါတယ်။ အလုပ်ကြိုးစားလုပ်ပါ၊ ဒါမှ ကိုယ်ပိုင်အိမ်ဝယ်နိုင်မယ်၊ ဒါမှ သူများအိမ်ငှားနေလို့  နှင်ထုတ်ခံရတာတွေ မခံရတော့ဘူး...လို့ သားကြီးပြောက ပြောပါတယ်။

သားကြီးသေဆုံးလို့ အရမ်းဝမ်းနည်းကျေကွဲ ခဲ့ရပြီး၊ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိအောင် ကြံစည်မိပါတယ်။ မလုပ်ဖြစ်တာကလဲ သားကြီးကို ကတိပေးထားတာတွေ ပြန်သတိရလို့ ဖြစ်ပါတယ်။

ကျနော့်ကိုယ် ကျနော်ပြောပါတယ်။ တော်ပြီ...တော်ပြီ။ လူတွေ ကျနော်ကို ကြည့်ပြီး ကျဆုံးနေတဲ့ဘဝ လို့ပြောတာ မဖြစ်စေရဘူး။

သူ အလုပ်ကို အပြင်းအထန် ကြိုးစားလုပ်ကိုင်ပါတော့တယ်။ ဥရောပတိုက်ကို ခရီးထွက်ပြီး ကုမ္ပဏီ ထုတ်ကုန်များကို ဈေးကွက်တင်တယ်။ သူ့ကို  လက်ထောက် အရောင်းမန်နေဂျာ ရာထူးကနေ ဒု-အထွေထွေမန်နေဂျာ ရာထူးတိုးသွားပါတယ်။

မူလဌာနချုပ် စင်ကာပူမှာပဲ စီနီရီဈေးကွက်မန်နေဂျာ ရာထူးနဲ့ ပြန်ရောက်လာပါတယ်။ ကုမ္ပဏီ ဝန်ထမ်းများကို စိတ်ဓါတ်မြှင့်တင်ရေး၊ အသင်းအဖွဲ့တည်ဆောက်ရေး နဲ့ ကော်ပိုရေးရှင် လူမှုရေးတာဝန်များကို လုပ်ဆောင်ရပါတယ်။

KSD's Chief Operating Officer C.K. Eng အသက်၅၀ ကပြောပါတယ်။ မစ္စတာအောင်း အများကြီးပြောင်းလဲသွားပြီ လို့ပြောပါတယ်။

သူု့ကို ငါပထမ တွေ့ကာစက အွန်လိုင်း အရောင်းလုပ်ငန်းမှာ သူက အမြဲတမ်းညှိုးငယ်နေတယ်။ မလန်းဆန်းဘူး။ အလုပ်တွေ တိုးပြီးတာဝန်ပေးတော့ သူမလုပ်နိုင်ဘူး။ ဒီတော့ သူအလုပ်ထွက်ရတာပေါ့...လို့ ပြောပါတယ်။

အခု Mr. Eng လက်အောက် ဌာနကို ပြန်ရောက်လာချိန်မှာတော့ သံမဏိစိတ်ဓါတ်နဲ့ဖြစ်နေပါပြီ။

မစ္စတာအောင်း ပိုပြီး အာရုံစူးစိုက် လုပ်ကိုင်လာတယ်။ လက်ရှိရာထူးမှာ ကောင်းမွန်စွာ လုပ်ကိုင်ပြသတယ်။ ဝန်ထမ်းတွေကို အလုပ်လုပ်ချင်လာအောင် နှိုးဆော်နိုင်ပါတယ်။ အသင်းဖွဲ့တည်ဆောက်ပေးနိုင်တယ်။ စိတ်ဓါတ်မြှင့်တင်ပေးနိုင်တယ်။ အလွန်လေးစားစရာကောင်းတဲ့လူ လို့ပြောပါတယ်။

မစ္စတာအောင်း နဲ့ သူ့ဇနီးဟောင်းနဲ့သမီးကို ပုံမှန်တွေ့ဆုံးပါတယ်။ နောက်ပိုင်း မစ္စတာအောင်း အချစ်သစ် ထရီဆီယာလျောင်း ကို တွေ့ရှိခဲ့ပါတယ်။ မစ္စတာအောင်းက သူ့ဘဝကို ပြောပြတာ ငြိမ်သက် ကြာမြင့်စွာ နားထောင်ပါတယ်။ နောက်ပိုင်း သူမက မက်ဆေ့ ပို့ပေးပါတယ်။ ဘဝဇတ်လမ်းကို နားထောင်ရတာ သူမ နှလုံးသားက လေးလံပြီး သူမအနေနဲ့ အတောင်ပံကျိုးနေတဲ့ ငှက်အလား ခံစားရပါတယ်..လို့ မစ္စတာအောင်းက ပြန်ပြောပြပါတယ်။

၂၀၀၇ ခုနှစ်မှာ လူမွဲကြေငြာ ခံရခြင်းက ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ မစ္စတာအောင်းနဲ့ မစ္စလျောင်း တို့ ၂၀၀၈ ခုနှစ် ဇန္နဝါရီလမှာ လက်ထပ်ပါတယ်။ အခုအခါမှာ သားငယ် လုခ် (၃)နှစ် နဲ့ ဇာခ် (၉လ) ရှိပြီး၊ အိမ်အသစ်ကတော့ အခန်း(၃)ခန်းရှိတဲ့ Toh Tuck Road က ကွန်ဒိုတိုက်ခန်း လွန်ခဲ့တဲ့ (၃)နှစ်က ဝယ် ဖြစ်ပါတယ်။

အလုပ်ရှင်ကိုယ်တိုင် ချီးမွမ်းပြောဆိုရတဲ့ အစိုးရအသိမှတ်ပြု ဝန်ထမ်းမြှင့်တင်ရေး အေဂျင်စီ သင်တန်းမှုး မစ္စတာအောင်း၊ အခုတော့ ကိုယ်ပိုင် ကုမ္ပဏီပိုင်ရှင်အဖြစ် လုပ်နေတာ ၂လကြာပြီ ဖြစ်ပါတယ်။

သားကြီး သေဆုံးပြီးတဲ့နောက်မှာ ကုမ္ပဏီများစွာက ဝန်ထမ်းတွေကို စိတ်ဓါတ်မြှင့်တင်ရေး စကားများစွာ ပြောရပါတယ်။ မိမိဘဝဇတ်လမ်းကို ရှယ်ပါတယ်။ ဝန်ထမ်းများလည်း သူတို့ဘဝအသစ် ဖြစ်လာမယ် မျှော်လင့်ပါတယ်။

သူက ပြောပါတယ်။ ကျနော်တို့အားလုံးရဲ့ ဘဝဆိုတာ ဒုတိယအကြိမ် ပြန်စဖို့ အခွင့်အလမ်းပေးစမြဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အပေါ်မှာပဲ မူတည်ပါတယ်..လို့ ပြောပြပါတယ်။

တကယ်တော့ မစ္စတာအောင်း က ဘုရားသခင်နဲ့ သူ့မိသားစုအကြောင်း
Book Name: Breakthrough by Jimmy Ong  (၂၀၁၂)