ပြည်ပရောက် သင်းအုပ်ဆရာ (၅)



ခက်ခဲနေရင် .. ပြန်စစ်ပါ။ ဘုရားဝန်ဆိုတာ ကြီးမှာပါ .. သို့သော် ပေါ့တယ်။

ဘာသာတရားအားလုံး ကောင်းပေမဲ့၊ တကယ်ကျင့်နိုင်မလား.. သခင်ခရစ်တော်ကတော့ မကျင့်နိုင်မှန်းသိလို့ မေတ္တာနဲ့ခေါ်တဲ့ဘုရား...
နှုတ်ကပတ်တော်ကို ခံယူတော့မယ်ဆိုရင် အကြွင်းမဲ့ခံယူပါ။ မပျက်စီး၊မဖေါက်ပြန်သော နှုတ်ကပတ်တော်ဖြစ်ပါတယ်....
http://www.burmesebible.com/images/mca.20years.htm

.



အမ်စီအေ အသင်းတော် အနှစ်၂၀ကာလကို စဉ်းစားပါတယ်။ သခင်ခရစ်တော်ရဲ့ နှုတ်ကပတ်တော်အားဖြင့်သာ .. အခုဆို အသင်းတော် (၈)ပါးဖြစ်လာပြီ၊ နောင်အနှစ်၃၀ ကြာရင် ဘာဖြစ်လာမလဲ၊ ဘုရားက ဘာတွေ ဆက်လုပ်မလဲ ကျွန်တော်တို့မသိနိုင်ပါဘူး။ လူ့အနေနဲ့ကတော့ လုပ်စရာတွေအများကြီးပါ။ သို့သော်လည်း ဘုရားပါရင် ပေါ့တယ်။ မစခြင်း မပါလာရင် လေးတယ်။ ကျွန်တော့အဖေ (ဆရာကြီးဦးတင်မောင်ထွန်း) ကပြောခဲ့တယ် .. သား.. ငါ့ဝန်ဟာ ပေါ့တယ်။ ထမ်းဖို့လည်း လွယ်တယ်။ လေးလာရင်တော့ မိမိဝန်ဖြစ်နေတယ်။ ဘုရားအလိုတော် မဟုတ်တော့ဘူး။ ခက်ခဲနေရင် .. ပြန်စစ်ပါ။ ဘုရားဝန်ဆိုတာ ကြီးမှာပါ.. သို့သော် ပေါ့တယ်။ ဟာလေလုယ...

ဒီကနေ့ အသင်းတော်မှာ သင်းအုပ်၊ ဆရာတွေ ရှိပါတယ်။ ဘုရားခန့်ထားသူတွေ .. ဘုရားအလိုတော်အတိုင်း လိုက်လျှောက်ရန်ဖြစ်ပါတယ်။ မှန်ကန်သော အသင်းတော်ဆိုတာ နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်ပြီး၊ အမှန်အတိုင်းဟောပြောရပါမယ်။ အမ်စီအေ အသင်းတော် Home Cell ကနေ မြောက်များစွာ နိုင်ငံရပ်ခြားတွေရောက်သွားကြတယ်။ အမှုဆောင်များလည်း ထွက်ပေါ်လာတယ်။ မဟာချိုင်အသင်းတော်လည်း ၂ပါးဖြစ်လာတယ်။ ဟာလေလုယ...

ရှင်ယောဟန်ခရစ်ဝင်မှာ .. နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်။ ကျေးဇူးတော်အားဖြင့် လည်းကောင်း၊ သစ္စာအားဖြင့်လည်းကောင်း ကိုးကွယ်ရန်ဖြစ်တယ်။ အမ်စီအေ အနှစ်၂၀ခရီးကို ဓါတ်ပုံများ ပြန်ကြည့်ရင် နှုတ်ကပတ်တော် ရရှိမှုနဲ့အတူ ဓါတ်ပုံထဲပါသူ ပုံသဏ္ဍန်အားဖြင့် ပြောင်းလည်းလာတာကို တွေ့ရပါတယ်။ ရှေးခေတ်ကာလက မောရှေက ဘုရားကို အဖ လို့မခေါ်ရဲကြဘူး။ ဒါဝိပ်မင်းကြီးလည်း အဖ လို့မခေါ်ဝံ့ဘူး။ ဒါ ပညတ်တော်ခေတ်က။ ဒီကနေ့ ခရစ်တော်ကို ကျေးဇူးတော်အားဖြင့် အဖ လို့ခေါ်လို့တယ်။ (ဟာလေလုယ)။ မွေးတဲ့မိဘတောင် စိတ်ဆိုးလွန်းလို့ သားသမီးများကို စွန့်လွှတ်တာမျိုးရှိတယ်။ ဘုရားသခင်ကတော့ သမ္မာတရားအားဖြင့်လည်းကောင်း၊ ကျေးဇူးတော်အားဖြင့်လည်းကောင်း ယုံကြည်သူများကို မစွန့်လွှတ်တဲ့ အဖဘုရားဖြစ်ပါတယ်။

ခက်ခဲနေရင် .. ပြန်စစ်ပါ။ ဘုရား ..၀န်ဆိုတာ ကြီးမှာပါ .. သို့သော် ပေါ့တယ်။
ဘာသာတရားအားလုံး ကောင်းပေမဲ့၊ တကယ်ကျင့်နိုင်မလား.. သခင်ခရစ်တော်ကတော့ မကျင့်နိုင်မှန်းသိလို့ မေတ္တာနဲ့ခေါ်တဲ့ဘုရား...
နှုတ်ကပတ်တော်ကို ခံယူတော့မယ်ဆိုရင် အကြွင်းမဲ့ခံယူပါ။ မပျက်စီး၊မဖေါက်ပြန်သော နှုတ်ကပတ်တော်ဖြစ်ပါတယ်....

Rev.Dr. u Zaw Min(D.D) sermon 27.6.2010 M.C.A Bangkok
ဒေသနာအပြည့်အစုံကို နားဆင်ရန် ...Audio Sermon Website @ http://mcathailand.com


မောင်သာမန်


အယ်ဒီတာ။ ဇူလိုင် ၆ - ၈ ရက် ၂၀၁၀ တွင် အမ်စီအေ ၂၀နှစ်မြောက် နှစ်ပတ်လည်တွေဆုံပွဲကို ထိုင်းနိုင်ငံ၊ ပတရားမြို့တွင် သွားရောက်ကျင်းပမည်ဟုသိရပါသည်။ အမ်စီအေ မိခင်အသင်းတော်မှာ အသင်းတော်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရှိပါသည်။ Myanmar Christian Assembly Senior Pastor - Rev.Dr. U ZawMin (+66815633502) This email address is being protected from spambots. You need JavaScript enabled to view it. Senior Pastor - Rev.Dr. LaZum TuJa (+66814977072) This email address is being protected from spambots. You need JavaScript enabled to view it., Assistant Pastor - Rev. SaiAye (+66870805255) This email address is being protected from spambots. You need JavaScript enabled to view it., Music Pastor - Rev. U MahnTunMya (+66813445410) This email address is being protected from spambots. You need JavaScript enabled to view it., #196 Ekamai Soi 16, Sukhumvit 63, Bangkok Thailand

*******************************************