လန်ဒန်ခရီးစဉ် တရားဒေသနာ - ဆရာကြီး ဦးတင်မောင်ထွန်း (ရန်ကုန်မြို့)။

၁၇-သြဂုတ်-၂ဝဝ၃

ဒီကနေ့က ကျွန်တော်တို့ ဘုရားသခင်ရဲ့ နေ့တော်လို့ခေါ်တဲ့ တနင်္ဂနွေနေ့၊ ရှင်ပြန်ထမြောက် ရာနေ့ လို့ ခေါ်တဲ့ တနင်္ဂနွေနေ့။ အဲဒီ ခွန်နှစ် ရက်မှာ ပထမရက်လို့ခေါ်တဲ့ တနင်္ဂနွေနေ့၊ အပါတ်စဉ် တနင်္ဂနွေနေ့ တော့ ကျတာပါဘဲ။ ဒါပေမဲ့ ဒီအပါတ်တော့ ပို၍ မင်္ဂလာရှိတယ်။ ထူး ကဲသော မင်္ဂလာ တပါးနဲ့ ဆင်ချင် စရာဖြစ်တဲ့ ရှင်ပြန်ထမြောက်ရာနေ့ ဖြစ်ပါတယ်လို့ပြောချင်တယ်။ ဘာကြောင့်လို့လဲ ဆိုတော့ သမ္မာကျမ်း စာနေ့တဲ့။ သမ္မာကျမ်းစာ တယ်ပြီးတော့ အံ့သြစရာကောင်းပါတယ် နော်။ ဘာကြောင့်လဲ၊ သမ္မာကျမ်းစာ ဘာကြောင့်အံ့သြစရာ ကောင်း သလဲဆိုတော့ သမ္မာကျမ်းစာကို နှုတ် ထွက်တာက ထာဝရ ဘုရားသခင် ဖြစ်တယ်။ ထာဝရဘုရားသခင်က သမ္မာကျမ်းစာကိုနှူတ် ထွက် တဲ့ အတွက်မှန်ရမယ်။ ဘုရားဆိုတာက လှည့်စားခြင်းမရှိဘူး။ မုသာ မရှိဘူး။ တခိုးဟာ အာဏာဟာ ဘယ်တော့မှနည်းမသွားပါဘူး။ ကျွန် တော် တို့ သိရပါတယ်။ အဲဒါကို တရားသိတဲ့ လူတွေ၊ စာတတ်တဲ့လူတွေ မဟုတ်၊ လူဖြစ်ရင်သိတာဘဲ။ အံ့သြ စရာနော်။ တောကြီးတွေ၊တောင်ကြီး တွေမှာ အင်မတန်ရိုင်းတဲ့လူတွေလည်း ဘုရားဆိုတာတော့ သူတို့ သိတယ်။ အတွင်းအာရုံကနေ သိတယ်။ ကျောက်တုံး ကြီး နဲ့ပေါ်တာရှိသလို၊ သစ်ပင်ကြီးနဲ့ ပေါ်တာ ရှိတယ်။ ရေတခွန်ကြီးနဲ့ပေါ်တာ ရှိတယ်။ အတွင်းသက်သေလို့ ခေါ်ပါတယ်။

 

ကျွန်တော်တို့အသီးအနှံမှာ စားရတဲ့အသီးနဲ့၊ မစားရတဲ့အသီး ဘယ်လိုသိတာတုံး။ အတွင်းကနေပြီး တော့  ဖေါ်တာဘဲ။ စားကြည့်လို့ လျှာကလေးက အရသာလေးဖြစ်ရင် အဟာရဖြစ်အောင် စားပစ် လိုက်တာဘဲ။ ဒီတော့ အတွင်းနဲ့ အပြင်က ဘုရားသခင်က ဆက်သွယ် ထားတာ ရှိတယ်။ ဒီအတွက် ကြောင့်၊ လူဟာ ဘုရားသခင်ရဲ့ သဘာဝနဲ့ ဖန်ဆင်းသောကြောင့် အခြေအနေဘယ်မှာမဆို ယဉ်ပါး တယ်၊ ရိုင်းပြ တယ်။ အရေးမကြီးဘူး။ ဘုရားဆိုတာကိုတော့ သူတို့သိစမြဲပါဘဲ။ ဒါဟာ ထူးဆန်းတဲ့ သက်သေ တခုဖြစ်တယ်။ ဘာကြောင့် လဲ ဆိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ကို အ တည်ပြုပေးတာ။ လူကိုဖန်ဆင်း တဲ့ ထာဝရဘုရားသခင်က ငါ၏သဏ္ဍန်နဲ့ ဖန်ဆင်းမယ်။ သဏ္ဍန်က ရုပ်သဏ္ဍန်ရှိသလို သဘာဝ သဏ္ဍန် ရှိသည်။ အဲဒီ သဘာဝ  သဏ္ဍန်က သက်သေထင်ရှားစေတာပါ။

အဲဒီသဘာဝ သဏ္ဍန်သက်သေ ထင်ရှား စေရာကနေ မှ နှူတ်ကပတ်ဆိုပြီးတော့၊ မောရှေခေတ် ကနေ စပြီးတော့ ကျွန်တော်တို့ မောရှေ၏ ကျမ်း တော် ငါးပါး၊ ကမ္ဘာာဦးကျမ်းကနေ တရားဟောရာ ကျမ်း အထိ၊ ပေါ်ပေါက်လာပါတယ်။ အဲဒီကနေပြီးမှ ရာဇဝင်သမိုင်းနဲ့ တွဲဘက်ပြီးတော့ ဘုရားသခင်နာမ၌ သမုတ်တဲ့ လူမျိုးတော်ကို ကြည့်တယ်။ဘုရားသခင် ရဲ့  စကားကဖြစ်တယ်။ အဲဒီလိုနဲ့ သမ္မာကျမ်း စာ နေ့ကို အထူး ကျင်းပတဲ့အဖွဲ့၊ ကော်မတီကနေ တာဝန် တွေပေးလိုက်လို့ သိက္ခာတော်ရဆရာ တူးလွန် က သမ္မာ ကျမ်းစာ အကြောင်းလေးကို ပြော သွား တယ် နော်။ သမိုင်းလေးက အံ့သြစရာဘဲ။ ၁၇၁ဝ ခုနှစ်က နေဝပါတယ်။ အဲဒီထဲမှာ အံ့သြစရာ၊ ဘုရားသခင်လုပ် တာနဲ့၊ လူလုပ်ချင် တာတွေ့ရတယ်။ လူဆိုတာက စတဲ့အရာကို ပျောက်မသွားစေချင်ဘူး။ စတဲ့အရာ ကို ကြီးကြီးလာတာဘဲတွေ့ချင်တယ်။ မဟုတ်ဘူးလား၊ ဟုတ်တယ် - ဒါကျွန်တော်တို့ရဲ့ သဘာဝဘဲ။ဒါကြောင့် ဂိုဏ်းဂနတွေက အရမ်းတကား သာထားတာ။ ဂိုဏ်းကကြီးသွားစေပြီး ခရစ်တော် သိသွား တာကို ကြည့်ဘိုနည်းတယ်။ ဦးစားလေးတွေ ဒီလိုပြောင်းပြန် ဖြစ်သွားတာကို ကျွန်တော်တို့ တွေ့ရတယ် နော်။ ဒါပေမဲ့ ကျမ်းစာကျ တော့ အဖွဲ့အစည်း သေးသေးလေး တွေကနေ ငါတို့စတာ၊ ငါတို့ကြီးတယ်ဆိုရင် အခု လောက် ကြီးမှာ မဟုတ်ဘူး။ အဲဒီကနေ တဆင့်ပြီး တဆင့် စုပေါင်းပြုလိုက်နဲ့ ပြုလာလိုက်တာ၊ဒီကနေ့ တော့  အဖွဲ့ ပေါင်းများစွာနဲ့၊ ဘာသာပေါင်းများစွာ၊ ထိရောက်စွာ ဘုရား သခင်ရဲ့ကျမ်းစာ နှူတ်ကပါတ်ကို ရရှိ သွားပြီ။ ဒီထဲမှာ ဗမာတွေက သိပ်ဂံ့ကြွားစရာရှိတယ်။ ဗမာက ဓမ္မသစ်၊ ဓမ္မဟောင်းပါရှိနေပါတယ်။ ဒါ ကျမ်းစာအသင်းကြီးရဲ့ ကျေးဇူးဘဲ

မတ်တတ်ထ ဆုတောင်းဆက်ကပ်ပါမယ်။

မင်္ဂလာရှိသောဒီနေ့မှာ မင်္ဂလာရှိသောအရာကို ကြည့်မြင်ရသောအခါ၊ နှိုင်းယှဉ်၍ တာဝန်ကိုသိ၍ ရွေးရမည့်အခါ၊ ရွေးရမည့် အခွင့်ထူး၊ ကို ကိုယ်တော်ပေးပါတယ်။ ကျွန်တော်တို့ လက်ဝယ်အပ် ထားသမျှအရာတို့သည် ကျွန်တော်တို့သည် သုံးခြင်းအားဖြင့် ဘုန်းထင်ရှားစေဘို့၊ ကိုယ်တော်ပေးတာ၊ ကိုယ်တော်အတွက် အဓွန့်ရှည်ဖို့၊ ဖြစ်တယ်ဆိုတာ ရံဖန်ရံခါ ကျွန်တော်တို့ မေ့သွားတတ်ပါတယ်။ ထိုမေ့ နေသောအပြစ်များကို လွှတ်တော်မူ၍ အစဉ်သဖြင့် ကိုယ်တော်ပေးထားသောအရာကို ကိုယ်တော့် အတွက်နှင့် နိုင်ငံတော်အဖို့ အသုံးပြုတတ်သောသူများဖြစ်ပါမည့်အကြောင်း ယနေ့မတ်တပ်ရပ်၍ ဆက် ကပ်သူ အသီးသီးနှင့်အတူ ရှိတော်မူပါ။ အာဗြာဟံကို ခေါင်းနှင့်သိသကဲ့သို့၊ ကယ်တင်ခြင်းတရားနှင့် ခရစ် တော်ကို ခေါင်းနှင့်သိသော ကျွန်တော်တို့ ညီအစ်ကို မောင်နှမများတို့ကိုလည်း နှလုံးနှင့်ကိုယ်တော်ကို သိရသောအကြောင်းကိုပေးပါမည့်အကြောင်း အလွန်ရိုသေစွာဖြင့် ဆုတောင်းဆက်ကပ်လျက် အဖ ဘုရားသခင်၏ မေတ္တာတော်၊ သားတော်၏ ကျေးဇူးပြုခြင်းဂရုနာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ သွန် သင်ဆုံးမခြင်းနှင့်တကွ ဝမ်းမြောက်ရွှင်လန်းခြင်းမင်္ဂလာ အဖြာဖြာတို့သည် ယနေ့ ဝတ်ပြုကိုးကွယ်ကုန် ကြပါသော ကျွန်တော်၊ ကျွန်မ တို့အသီးသီးတွင် ကာလအစဉ်အဆက်အမြဲ သက်ရောက်တည်ရှိ ပါစေ သတည်း။     အာမင်၊

လုကာ ၁၉း ၁၆

လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ သူဌေး ၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။ တနေ့သ၌ ထိုဆင်းရဲသားသည် သေ လွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံ ကို‚င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို‚င်း အဝေးကမြင်လျှင်၊ အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက် ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ် ကြော်လေ၏။ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက် ရှင်စဉ်အခါ ချမ်းသာရသည်ကို‚င်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကို‚င်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကိုခံရ၏။ ထိုမှတပါး၊ ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာ သို့ ကူးချင်သောသူလည်း မကူးနိုင်ဟုဆို၏။ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊ အကျွန်ုပ်၌ ညီငါးယောက် ရှိပါသည်ဖြစ်၍ သူတို့သည် ဤပြင်းပြစွာခံရာအရပ်သို့ မရောက်မည် အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက် များရှိကြ၏။ ပရောဖက်တို့၏စကားကို နားထောင်ကြစေဟု ဆို၏။ သူဌေးကလည်း၊ မဟုတ်ပါ အဘ အာဗြဟံ၊ သေသောလူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ ရှိရာသို့သွား လျှင်၊ သူတို့ သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရော ဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။

ဘာဖြစ်လိုတုံး။  ဒီမှာ တနေ့တ၌ ထိုဆင်ရဲသားအား ကောင်းကင်တမန်များကခေါ်၍ အာဗြဟံ၏ ရင်ခွင်သို့ပို့ဆောင်ကြ၏။ ဆင်းရဲသားကို အဗြာဟံရဲ့ ရင်ခွင်မှာပို့ဆောင်တယ်လို့ ကျမ်းစာကပြောတယ်။ ရောက်တော့ဘာဖြစ်လဲ။  သူဌေးက အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ လို့ ဟိုကျမှ အော်တယ်။ နောက်မကျပါနဲ့၊ ဟိုကျမှအော်လို့တော့ နောက်ကျသွားမယ်။ ဒီကနေ့ အော်ကြပါ။ ဒီကနေ့ ခေါ်ကြပါ။  ဒီကနေ့အာဗြာဟံကိုတော့ မခေါ်ကြပါနဲ့။ အာဗြာဟံကိုကွယ်တဲ့ခရစ်တော်ကိုခေါ်ကြပါ။ ခရစ် တော်ကို ခေါ်လို့ရပါမလားလို့ ထင်တဲ့လူတွေ ခရစ်တော်နာမ၌ ဆုတောင်းကြပါ။ နာမအတိုင်း ဆုတောင်း လို့ အဖြေရလိုရှိရင်တော့ ခေါ်ဖို့ရန်တဆင့်နီးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောချင်ပါတယ်။

ဒါကြောင့် ဒီနေ့၊ အာဗြာဟံလား၊ သူဌေးလားဆိုတာ ဆုံးဖြက်ပြီးတော့ နိဂုံးမှာ ကောင်းဖို့အရေးကြီး တယ်။ လောကမှာဘယ်လိုဘဲ ဆင်းရဲရပါစေ၊ နှလုံးသားက ဘုရားအပေါ်မှာ ရှိဖို့လိုတယ်။ အချို့သော သူများက ဆင်းရဲလို့ ဘုရားကို စိတ်ဆိုးတဲ့လူများလည်းရှိတတ်တယ်။ ကျွန်တော့အဖိုးလည်း ဒီလိုဘဲ။ ကျွန်တော့် အဖိုးမှာ အကိုတယောက်ရှိပါတယ်။ အကိုတယောက်က ရိုးသားတယ်၊ ကြိုးစားတယ်၊ ပညာ ရှာတယ်၊ အဲဒီတော့ သူက ကြီးလာတဲ့အခါမှာ သူက ရန်ကုန်တက္ကသိုလ်ကြီးမှာ စာကြည့်တိုက်မှူး ဖြစ်တယ်။ လခ ကောင်းတာပေါ့လေ။ ကားနဲ့ အိမ်နဲ့ဘာနဲ့။  ကျွန်တော့အဖိုးက ငယ်ငယ်တုံးက တအား ချမ်းသာပါရက်နဲ့၊ နောက်တော့ ကို့ယို့ကားယားလုပ်လို့၊ သူမဟုတ်တာတွေ ရှောက်လုပ်လို့ ဆင်းရဲသွား တဲ့ အခါမှာ၊ ကျွန် တော့ အဖေကိုပြောတယ်။ ဘုရားသခင်က ဘာများတရားသလဲ။ င့ါအကိုကျတော့ ကြည့်စမ်း၊ ကားနဲ့ အိမ်နဲ့၊ ငါ့ကျတော့ ဘာမှမရှိဘူး။  ဟာ - အရင်တုံးကပေးထားတာဘဲ၊ အဲဒီတုံးက တော့ ဘုရားကိုဘီယာ နဲ့၊ ကဇော်နဲ့၊ သေနပ်တလက်နဲ့၊ တနင်္ဂနွေဆို အမဲပစ်သွားပြီ။ ဘုရားကျောင်းဆို ဘယ်တော့မှ မလာဘူး။ စီးပွားကောင်းလို့ ဘုရားကို နောက်မှာထားတတ်တာရှိသလိုဘဲ အခြေအနေ ကောင်းလို့ မေ့တတ်တာ ရှိတယ်။

ကျွန်တော်က တဆင့်ပိုချင်တယ်။ လက်ဝယ်အပ်ထားတာ အားလုံးဟာ ဘုရားသခင်ပိုင်တုံးပါဘဲ။ ကျွန်တော်တို့ကို ဘယ်လိုသုံးမလဲလို့ အပ်ထားတာပါ။ အပ်ရုံလေးဘဲ အပ်ထားတာဖြစ်တယ်။ ဘုရား သခင်အတွက်သုံးသောသူများ ကောင်ကင်မှာ ဆုလဒ်ဖလား ရရှိအုံးမှာ ဖြစ်တယ်ဆိုတာကို ခွန်အားယူ၍ နှိုင်းယှသ် ပြီးတော့ နောက်ဆုံးသောကာလရဲ့ အရိပ်တွေဖြစ်တဲ့ တကိုယ်ကောင်းတဲ့၊ အမှတ်မထင် တကိုယ် ကောင်း၊ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတာ တကိုယ်ကောင်းပေါ့။ တကိုယ်ကောင်းဆန်သောသူ၊ ကိုယ့်ကိုယ်ကို ချစ်သောသူ၊ ငါချစ်လို့ ငါ့ကြောင်ကိုပေးမယ်၊ င့ါခွေးကိုပေးမယ်။ အချို့သောသူက ကျွန်တော့ညီက ပြောတယ်၊  ဟိုမှာ ခွေးသကျို င်္င်းရှိတယ်တဲ့၊ ခွေးတွေချည်းမြုတ်တဲ့ သကျို င်္င်း၊ အဲဒီကိုသွားပြီး သူဌေး တွေက ဂူသွင်းရတာနဲ့၊ ရှိတဲ့ပိုက်ဆံကို သုံးချင်တိုင်းသုံးနိုင်တယ်လို့၊ အလွဲအမှား နားလည်နေသော ကြောင့် သုံးတဲ့ဟာက၊ တကိုယ်ကောင်းစိတ်ကြောင့်ဖြစ်တယ်။

ကိုယ်ကိုယ်ကို ချစ်သောသူများမယ်ဆိုတဲ့အတိုင်း၊ ကျမ်းစာဟာ ပြည့်စုံလို့၊ ဒီကနေ့ ကျမ်းစာတော်နေ့မှာ ကျမ်းစာ၏ ပြည့်စုံခြင်းကို အထောက်အထားယူပြီး နှလုံးသွင်းကြပါစို့။

မတ်တတ်ထ ဆုတောင်းဆက်ကပ်ပါမယ်။

အဲဒီမှာမှာ  Foreign and British Bible Society  ဆိုတာ ဗြိတိလျှ အပြည်ပြည်ဆိုင်ရာ ကျမ်းစာအသင်းကြီးဆိုတဲ့ ဟိုအချိန်ကာလက အကြီးဆုံးဘဲ။ အခုနောက်ပိုင်းမှာကြတော့ ဆက်လက်ပြီးတော့ ကျမ်းစာထွက်မြောက်ရေးအတွက်ကို Summer School of Institute of Languagetic   ဆိုတဲ့ အက်စ်အိုင်အယ်က ဆက်လက်ပြီးတော့ လုပ်နေပါတယ်။ အဲဒါတွေကို ပံ့ပိုး တဲ့လူတွေကို ကျွန်တော် လွန်ခဲ့တဲ့လက ဗြိတိလျှတိုင်းနိုင်ငံ၊ လန်ဒန်တခွင်နဲ့ အနီးအပါး ရောက်တဲ့အခါမှာ သူတို့ရဲ့ ဌာနချုပ်ကိုခေါ်ပါတယ်။ တရားဒေသနာ ဝေငှရပါတယ်။ လုပ်နေတာဘဲ၊ အခု ဒိုင်နယ်က ဒိုင်လူမျိုး တွေအတွက် ကျမ်းစာဖြစ်မြောက်ရေးအတွက် စမ္မသစ်ထွက်လာပြီးတဲ့အခါ၊ ဓမ္မဟောင်းပါဆက်လုပ်ဖို့ သူငယ် လေးတယောက်ကို ပို့ဖို့၊ ထောက်ခံစာ ကျွန်တော့်ဆီမှာ လာယူလို့ ထောက်ခံပေးပြီးပါပြီ။ မကြာ သောကာလမှာ နိုင်ငံကူးလက်မှတ်ရရင် သွားပြီးတော့ အဲဒီမှာနေပြီးတော့၊ သူတို့ဘာသာစကားကို တခါ တည်း ပြန်ပြီးတော့ ကျမ်းစာဖွဲ့ဦးမယ်။ ဒီအသင်းတော်၊ ဘာမဟုတ်တဲ့ အသင်းတော်လေး တခုကနေ ပြီး တော့ ပါဝင်ရပြန်တယ်။ ဘုရားသခင်က ပါဝင်မှုကို သိပ်ကြိုက်တာဘဲ။ နည်းနည်း၊ နည်းနည်း နဲ့ အဲဒီ နှလုံး ရှိတဲ့လူတွေက ပါဝင်မှူကို ဘုရားသခင်က ကြိုက်တယ်။ တခါ တလေကျရင် ခေါင်းသိနဲ့သိတဲ့လူတွေက သိပ် သနားစရာကောင်းတယ်။ ခေါင်းသိနဲ့သိပြီးတော့မှ အတ္တက မိုးသွားလို့ရှိရင်၊ တရားပါပျက်သွားတယ်။ ဒါကြောင့် အတ္တသမားကိုတော့ မဖြစ်ပါနဲ့လို့ ကျွန်တော် ခဏခဏပြောပါတယ်၊ အတ္တသမားက ကိုယ် တတ် တာကိုဘဲ ဂုဏ်ယူနေတယ်။ အဲသလိုမဟုတ်ပါဘူး။ ဘုရားသခင် အလိုတော်ဘာရှိသလဲလို့ အစဉ်ဘဲ လေ့လာ၊ ကြည့်ရှု၊ တုံ့ပြန်ကြပါလို့ ဒီကနေ့ သမ္မာကျမ်းစာနေ့မှာ ကျွန်တော်ပြောချင်ပါတယ်။

ဒီကနေ့ရဲ့ ဒေသနာကိုတော့ ရှင်လုကာ ခရစ်ဝင်ကနေပြီးတော့ ဆင်ချင်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရာဓလေ့နဲ့ သိကျွမ်းသောတရား ဖြစ်သော်လည်၊ သိကျွမ်းခြင်းရှိသော်လည်းပေါ့။ သိကျွမ်းခြင်း ရှိသော် လည်း နှလုံးထဲက သမ္မာတရားကျမ်းစာကို မရတဲ့အတွက် ဘယ်လိုအကျိုး ဆိုးသလဲဆိုတာ ပြောချင် ပါတယ်။

ရှင်လုကာခရစ်ဝင် အခန်းကြီး တဆယ်နဲ့ခြောက်က ကျွန်တော်တို့ရဲ့ အခြေခံပြုမဲ့ ကျမ်းဖြစ်ပါတယ်။ အငယ် ၁၉ ကနေ ဖတ်ပါမယ်။ တခါသော် သူဌေးတယောက်သည်တဲ့၊ ခရစ်တော်ကိုယ်တိုင်က ဥပမာလုပ်၍ ပြော ကြားသောစကားဖြစ်ပါတယ်။ သူဌေးတယောက်သည် နီမောင်းသောကမ္ပလာနှင့် ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ် ၌ နေထိုင်ပျော်မွေ့လျက်နေ၏။   သူဌေးဖြစ်တဲ့အခါမှာ ကောင်းကြီးဆိုတာလည်းသူနား လည်နိုင်ပါတယ်။ သူကြိုးစားလို့၊ သူတော်လို့၊ သူဥာဏ်ကောင်းလို့ပေါ့၊ ဒါပေမဲ့ အခွင့်ပေးတော်မူ သော အရှင်က ဘုရားသခင်၊ ဘုရားသခင်ပေးတဲ့ အခွင့်နဲ့ သူကသူဌေးဖြစ်လာတဲ့အခါမှာ၊ သူစွမ်းရည်ကြောင့် လောကီသက်သေကရှိတယ်။ လောကီသက်သေက လောကမှာဘဲသူရဲ့ စွမ်းရည်။ သူမှာတခါတည်း ကြိုး စားအားထုတ်မှူရှိမယ်၊ ဥာဏ်ရှိမယ်၊ ဝိရိယရှိတယ်။ ပညာပါရှိတယ်။ သူအကုန်ရှိတယ်။ အဲဒီသူဌေးကြီး ဟာ  ဂုဏ်နဲ့နေပါတယ်။ ဘာအပြစ်မှမရှိပါဘူး၊ ဘယ်သူမှအပြစ်မတင်ပါဘူး၊ သူပိုက်ဆံရှိလို့ သူက နီမောင်းသောကမ္ပလာကိုဝတ်တာတို့။ ပိတ်ချောကိုဝတ်တာတို့ပေါ့နော်။  စည်းစိမ်နှင့် ယစ်မူးတာတို့ ဘာတို့ပေါ့နော်၊ ကိစ္စမရှိပါဘူး။ ပျော်မွေ့လျက်နေလည်း နေထိုက်ပါတယ်။ ဒီအထိ ထားလိုက်ပါပြီ၊ ဘာမှ ပြောစရာမရှိပါဘူး၊  ဒါပေမဲ့ ပြောစရာက ဘယ်တော့ရှိသလဲဆိုတော့၊ တနေ့တ၌ လို့ ပြောပါတယ်။ တနေ့တ၌ သူဌေးသေသွားတယ်။ သေသွားတဲ့အခါ မှာ သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကိုသူဌေး ခံရတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။ အငယ် ၂၂၊ ၂၃ ကို ကျော်ကြည့်တဲ့အခါ သူဌေးရဲ့ ဖြစ်စဉ်ကို ကျွန်တော် ထုတ်ပြီးတော့ ပြောတာ။ ဒီမှာ နှိုင်းယှဉ်ချက် ၂ ယောက်ရှိပါတယ်။

တယောက်က သူဌေးကြီး၊ တယောက်က ဆင်းရဲသား လာဇရု၊  လာဇရုကြတော့ ဆင်းရဲပြီး အနာစိမ်း တွေနဲ့၊ မျှော်နေတာ၊ ခွေးမစားတဲ့ အကျန်ကလေးတွေများစားရမလားလို့ ကြံနေတာ၊ အဟာရတောင် မပြည့်ရှာဘူး။ ဟိုမှာတော့ စည်းစိမ်နဲ့ယစ်မူးတယ်။ ဒီမှာတော့ အဟာရတောင်မပြည့်ရှာဘူး။ ဒီ ဆန့်ကျင် ဘက်သဘောတရားလေးကို ခရစ်တော်က  မြင်ကွင်းလုပ်ပြီးတော့ ကျွန်တော်တို့ကိုသင်ပါတယ်။ ဒါပေမဲ့ အဲဒီသူဌေးကြီးက မရဏာနိုင်ငံကို သေပြီးတော့ ရောက်သွားတယ်။ ဟော - ဆင်းရဲသားက ကောင်းကင် တမန်များက သူ့ကို အဗြာဟံရင်ခွင်မှာခေါ်သွားတယ်တဲ့။ ဆန့်ကျင်ဘက်က နော်၊  ဒီတော့ အနာဂါတ်ရဲ့ မင်္ဂလာက ကွာသွားတယ်။  အခု ပစ္စုပန်မှာတော့ ချမ်းသာနေတာဘဲ၊ ကုသိုလ်တရား ကံကြောင့် သီလ သာခံတော့၊ ခံစားရတဲ့ ဂုဏ်ပုဒ်နဲ့ ဘာမေ့သလဲဆိုတော့၊ ဘုရားပေးလို့ ဘုရားရှိတယ်၊ တမလွန်ဆိုတာ မေ့သွားတယ်။ ဟေ့ - ဂရုတောင်မစိုက်ဘူး။

ဒါပေမဲ့ ဆင်းရဲသူဆင်းရဲသားကတော့ ဘာအားကိုးစရာရှိသလဲ။ ဘုရားကလွဲလို့ ဘာမှအားကိုးစရာမရှိ ဘူးနော်။  ဘုရားကလွဲလို့ ဘာမှအားကိုးစရာမရှိခြင်းနဲ့ ဘုရားကို မပါဘဲ အားကိုးစရာအပြည့်ရှိခြင်းတို့ရဲ့ အကြိုးရလဒ်ဟာ အနာဂါတ်မှာ တယ်ကွာပါလား။ ဒါက လူဆင်ခြင်လို့ရတဲ့ ကိစ္စပါ။ လူဆင်ခြင်လို့မရတဲ့ ကိစ္စက ရှိသေးတယ်။ ဆင်ခြင်လို့မရတာက ကာမဂုဏ်၊ စည်းစိမ်၌မူးရစ်ပြီးနေတဲ့သူ၊  သူလည်းသူ့တရားနဲ့၊ သူလည်းလှူရင်လှူမှာပေါ့။ တချို့သူဌေးတွေ အရမ်းလှူတာဘဲ။ လှူလို့ရှိရင်တော့ ကောင်ကင်ရောက် မယ် လို့ထင်တာ၊ လှူလို့ရောက်မှာမဟုတ်ဘူး။ မလှူနိုင်တဲ့ လာဇရုက အာဗြာဟံရင်ခွင်မှာရောက်သွားတယ် တဲ့။  လာဇရုဆိုတဲ့ အမည်ဖေါ်လို့ ကဗြည်းတွင်ပေမဲ့ အနက်အဓိပါယ်ကတော့ ဘုရားကိုယုံသောသူတဲ့။ ဘုရားကိုယုံကြည်သောသူ လာဇရု အာဗြာဟံ ရင်ခွင်မှာ ရောက်သွားတယ်။ အံ့သြစရာကြီးနော်။

အာဗြာဟံရင်ခွင်မှာ ငြိမ်းချမ်းစွာနေရသောအခါ သူဌေးက ဘယ်လိုဖြစ်သလဲ။ ဒါလေးကို ကျွန်တော်တို့ ဆင်ချင်မယ်ဆိုရင် အငယ် ၂၄၊ အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ တဲ့။ သူဌေးကြီးက အဘ အာဗြာဟံကို ကောင်းကောင်းသိတယ်နော်။ ဦးနှောက် နဲ့သိတယ်။ ဒါပေမဲ့ သူ့ရဲ့ လောကီအခြေ အနေနဲ့၊ စည်းစိမ်တွေက ခိုင်လုံလွန်းလို့၊ အာဗြာဟံကိုလည်း  နိုး၊ ဘေးချိတ်၊  ယုံကြည်ခြင်းတွေကိုလည်း ဘေးချိတ်၊ လုံးဝအရေးမစိုက်ပါဘူး။ ဒီနေ့လည်း ကျွန်တော်တို့ ဒါမျိုးဖြစ်တတ်တယ်နော်။ ကျွန်တော် ဖြစ်နေသယောင်ယောင်၊ ရှိတဲ့ သက်သေတွေကိုမြင်လာလို့ ဒါကို အခုပြောနေတာဖြစ်တယ်။

ကျေးဇူးတော်ကြောင့် ကျွန်တော်တို့မှာ သမ္မာကျမ်းစာ ရှိနေတယ်။ သမ္မာကျမ်းစာအရ အဘ အာဗြာဟံ ကို သိနေတယ်။ ကျွန်တော်တို့အားလုံးသိတယ်။ အဲ - သူဌေးလည်းသိနေတယ်။ ဒါပေမဲ့အရေးမမူ လို့   မရဏာမှာ ဆူပူနေရတယ်။ မရဏာနိုင်ငံကြီးမှာ ပူလောင်လို့ ကြည့်စမ်း၊ ဒါကြောင့်မို့လို့ မြင်ကွင်းနဲ့၊ နောက်ကွယ်ရာဆိုတာကို တွဲနေတာ သိတတ်တဲ့ လူတွေ ဂရုစိုက်ဖို့လိုတယ်။ လူတွေက သေပြီး ရင်ပြီး ရောလား၊ ဘယ်ပြီးမလဲ - သံသရာ ရှိသေးတယ် ကွယ် -- တဲ့။  သေပြီးတော့ နောက်ကွယ်မှာ သံသရာ ကြီး သိရက်သားနဲ့ ဒီကနေ့ လွတ်လမ်းကို အရေးမပြုသောသူများဟာ၊ အရမ်းကြောက်စရာ ကောင်း ကြောင်းကို သတိပေးရမှာဖြစ်သလို၊ အချင်းချင်းလည်း သတိပေးရမယ်။ သူဌေးယောင်ယောင် အဗြာဟံကို အဘ လို ခေါ်ပေမဲ့၊ အဘနဲ့ မထိုက်ဘူး၊ အာဗြာဟံရဲ့ ယုံကြည်ခြင်းသူမှာမရှိဘူး။ မရှိတော့ဘာဖြစ်သလဲ၊ မရဏာရောက်သွားတာပေါ့။

ကျွန်တော်လွန်ခဲ့တဲ့လက ဗြိတိလျှနိုင်ငံ၊ လန်ဒန်နဲ့ မနီးမဝေး ဒေသမှာ ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျွန်တော်နေတဲ့အိမ်က ချမ်းသာပါတယ်။ တော်တော်ကြီးကိုဘဲ ချမ်းသာတဲ့အိမ်ဖြစ်ပါတယ်။ လိုလေသေး မရှိ ကျွန်တော့ကိုလည်းကြည့်ပါတယ်။ အဘက်ဘက်က ဘာလိုသလဲ ကြည့်ရှာပါတယ်။

ဟောကြည့်ပါလား၊ ကျွန်တော့်ကို ခေါ်တာတို့၊ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့ လှူတာ၊ မနည်းဘူး လှူတယ်။ ဒါပေမဲ့ အလှူငွေလာခံလို့တော့ ပေးမယ်မထင်နဲ့၊ မပေးဘူး။  အဲဒီတော့ ဘယ်မှာဘတ်ဂျတ်က နာသွားသလဲဆိုတော့၊ အဲဒီ အလှူငွေခံတာက ကျွန်တော့အတွက်ဖြစ်နေတယ် (ရယ်သံများ)။ ပြီးတော့မှ သူတို့က အားနာသွားတယ်ထင်ပါတယ်၊ စာရွက်ကလေးနဲ့ ဒီအသင်းတော်ဟာ မင်းကြိုက်သလိုသုံးဖို့ လုပ် ငန်းတော်အတွက်၊ ကိုယ်အတွက်သုံးခိုင်းတာမဟုတ်ဘူး၊ လုပ်ငန်းတော်အတွက် Use it for your ministry  10 Pound  ၁ဝ ပေါင်ပေးလိုက်တယ်ဗျာ။ ကျွန်တော်အဲဒါကို ရွှေချရမလိုဖြစ်နေတယ်။ (ရယ်သံ)၊

ဒါက အပြင်လက္ခဏာ၊ အတွင်းလက္ခဏာမှာတော့ ဒီလိုမဟုတ်ပါဘူး။ အင်မတန်ပျူငှာစွာပေးပါတယ်။ သူတို့က စနစ်သိပ်ကြီးတယ်။ ဘယ်အတွက်ဘယ်လောက်၊ ဘယ်အတွက်ဘယ်လောက်၊ သူတို့မှာ ပိုပို လျှံလျှံ ပိုက်ဆံမရှိကြဘူး။ ထားလည်းမထားတော့ဘူး။ အဲဒီလိုဖြစ်နေပါတယ်။ ကျွန်တော်ပြော ချင်တာ ကဘာလဲဆိုတော့ တခါတခါ ကျွန်တော်တို့က ဦးစားမှားသွားတယ်။ ဦးစားပေးမှားသွားကြတယ် နော်။ ကားတွေလည်း ရှိတယ်၊ ဘာတွေရှိတယ်။ အိမ်ဆိုရင်လည်း ဖိတ်ဖိတ်တောက်နေတာဘဲ။  သစ်ပင်စိုက်ဆို ရင်လည်း  ကျွန်တော် ပန်းရေလောင်းရပါတယ်။ ပျိုးနှူတ်ရပါတယ်။ ခိုင်းပါဆိုတော့ လုပ်မှာလားမေးတယ်။ လုပ်မယ်ဆိုတော့ ကျွန်တော့်ကို ပျိုးနှတ်ခိုင်းတယ်။ (ရယ်သံ) ဒူးလည်းကွေးလို့မရ ကုန်းကွကြီးနဲ့ အမလေး ဗီဒီယိုများ ချောင်းရိုက်ထားရင် ကြည့်လို့ကောင်းမယ် (ရယ်သံ) ---။

ဒါပေမဲ့ ကျွန်တော်တရားဟောပြီးသွားလို့အပြန်မှာ အမျိုးသမီးကြီးတယောက်လာပါတယ်။ ကျွန်တော့ကို ဖိတ်ခေါ်တဲ့လူရဲ့ ယောက္ခမ၊ ကျွန်တော့ကို နားထောင်ဘို့ ဒုက္ခခံပြီးခေါ်လာတာ။ အဲဒီအဒေါ်ကြီးက တိတ်တိတ်ကလေး လက်အိပ်ထဲမှာ အိတ်ကလေးနဲ့ ကျွန်တော့အဖို့၊ မင်းကိုယ်ရေးကိုယ်တာ သုံးစွဲဖို့၊ ပေါင် လေးဆယ်ပေးတယ်။ --- နော် --၊ လာဇယုဟန်ရှိတဲ့လူက ပေါင်လေးဆယ် ပေးတယ်။  သူဌေးကြီး ဟန်ရှိတဲ့လူက ပေးစရာမရှိဘူး။ အားလုံးတော့ တွက်ပြီးပြီ၊ ပေးဘို့ကိုလည်း အတော်ပြောရတယ်၊  အဲ - ဒါပေမဲ့  ထိထိရောက်ရောက်ပြောပြီးတော့ ပေးတော့မယ်ဆိုရင်လဲ ပေါင် တရာ၊ ငါးဆယ်၊ တရာ ပေးတယ်။ အံ့သြစရာကြီး။

လိုနေတာကဘာလည်းဆိုတော့၊ နှူတ်ကပါတ်တော်ဘဲ။ နှူတ်ကပါတ်တော်ဘဲ လိုနေတယ်နဲ့ တူပါတယ်။ အဲဒီ အဓိပ္ဂါယ်မရှိတဲ့ ကြောင်တွေ၊ ခွေးတွေ အဲဒီထဲမှာလေ အမှတ်တရလေးပေါ့။ ကျွန်တော်ဟာသလို့ ပြောချင်တာတော့မဟုတ်ပါဘူး။ ကျွန်တော့ကို ခေါ်သွားပါတယ်၊ ဈေးကို၊ ပြမယ်တဲ့ တို့ဆီမှာ ဈေးဝယ် တဲ့နည်းတဲ့။  ဘာ -- မှ အရသာမရှိဘူး။ ဈေးဝယ်ရတာ အရသာမရှိဘူး။ အိမ်ကတည်းက စာရင်း လုပ်သွားတယ်။ ဘယ်လောက်ကြာမလဲ။ ဆယ်ငါးမိနစ်တဲ့။ ဟာ -- ကျွန်တော်တို့ဆီက အမျိုး သမီးတွေ များ တခါတခါ ဈေးဝယ်ရင် နေ့တဝက်ကြာတယ်။ (ရယ်သံများ)  ဘာဖြစ်လို့လဲ -- ကြည့်ပြီးတော့ အာရုံခံတယ်။ မဝယ်နိုင်သော်လည်း ဒါကြီးတွေကြည့်ပြီးတော့ ဝယ်ရင်ပေါ့။ ပိုက်ဆံကြည့်ပြီး မတတ် နိုင်ဘူး၊ မဝယ်နိုင်ဘူး၊ ကြည့်ပြီးတော့ ဝယ်ယူမယ်ပေါ့၊ ဒီကနေ့မတတ်နိုင်ဘူး၊ ပိုက်ဆံကြည့်ပြီး ဘယ်နေ့ ကြရင်လာဝယ်မယ်ပေါ့။ ဒီလိုလေးတွေပေါ့။ ကျွန်တော်တို့က။   အချိန်မရှိဘူး၊ တောက်တောက်၊ တောက် တောက်နဲ့ လှည်းနဲ့ တခါတည်းသွားတယ်။ ပြီးတော့ ပစ္စည်းကိုယူပြီးတော့ တန်းပြီးတော့ တန်ဘိုးကို နှိပ် လိုက်တယ်။ တန်ဘိုးပေါ်လာတဲ့အခါတော့ တခုပြီးတခု မှတ်ပြီး ဟိုလည်းရောက်ရော ဘယ်လောက် ပေးရ မယ်ဆိုတာ တခါတည်း သိပြီးသား။ တန်းပေးလိုက်တယ်။ ပေးပြီးတော့ ပြန်ထွက်တာ၊ ဒီလောက် မြန်တယ်။   အဲဒီထဲမှာ နှေးတဲ့နေရာက

ဘယ်နေရာလည်းဆိုတော့ ကြောင်စာ နေရာရောက်တော့ နှေးနေတယ် (ရယ်သံ)။ ကြောင်စာနေရာ ရောက်တော့ လာလာလာ၊ တဲ့။ ကြောင်စာပြမယ်။ တကယ်ကိုဘဲ အမျိုးပေါင်းကို တရာ၊ နှစ်ရာ လောက် ရှိတယ်။ ကြောင်စာ အမျိုးအစားတွေ။ ဟာ -- မင်းတို့ ကြောင်ကို ဘယ်အချိန်မှာ၊ ဘယ်အစာကို၊ ဘယ် အကောင်ကို ကြွေးဖို့ ဘယ်သူကပြောသလဲ။ ဆရာဝန်ကပြောသလားမေးတော့၊  မဟုတ်ဘူး၊ မဟုတ်ဘူး။ ကြောင်ကပြောတယ်တဲ့ (ရယ်သံ)။  ကျွန်တော် တော်တော်အံ့သြတယ်။ ကြောင်ကပြောတယ်တဲ့။  ဟာ -- ဘယ်လိုပြောတာလဲ၊   မင်းမသိဘူးလား တဲ့။ ငါ့ကြောင်လေ၊ အိမ်မှာလေ၊ ဟောဒီအစာကို မကြိုက် ဘူးဆိုရင်လေ၊ ခွက်ကိုယူပြီးပုတ်တယ်။ ပြီးတော့ မျက်နှာထားနဲ့ ငါ့ကိုကြည့်တယ်။ ပြီးတော့ ဒီလိုမပုတ်ဘူး၊ ကဗျာတောင်ပြန်ဖွဲ့တယ်။ ဖွင့်လိုက်၊ ဖွင့်လိုက်။ ဒါကိုထုတ်ပစ်လိုက်၊ မြန်မြန်ထုတ်ပစ်လိုက်။ ဒီကောင် စိတ်ကောက်သွားမယ်။ ပြီးမှ သူကြိုက်တဲ့ဟာကိုပေးတယ်။ အော်မယ် ပြုံးပြီးတော့ ကြောင်က စားတယ် တဲ့။ ကြောင်ပြုံးတာလည်းသိတယ်။ မဲ့တာလည်းသိတယ် (ရယ်သံ)။

ဘာဖြစ်လို့လည်း၊ အာရုံကရှိတာကိုး။ အာရုံ  အာရုံ၊  ဒီနေ့က မိဘများ သားတွေ၊ သမီးတွေ၊ ဘာလိုမှန်းမသိကြဘူး။ ငွေချည်းဘဲပေးနေတဲ့ မိဘတွေအများကြီးရှိတယ်။ ငွေချည်းဘဲ ပေးနေလို့ မရဘူး နော်။    နောက်ဆုံးသောကာလမှာ မေတ္တာခေါင်းပါးသော ကာလဖြစ်မယ်တဲ့။ မေတ္တာခေါင်းပါးတယ် တဲ့၊ မေတ္တာခေါင်းပါးရင် ချစ်တဲ့ လက္ခဏာ လျော့တယ်တဲ့။ အဲဒီအပိုင်းကို သူတို့မသိဘူး။ ကျွန်တော် ဟိုမှာ စာအုပ် ၂ အုပ်ဖတ်ပါတယ်။ ဟိုမှာဘဲ ဝယ်ဖတ်တယ်။ တအုပ်ကို ခုနှစ်ပေါင်ပေးရပါတယ်။ ဟိုမှာဘဲ ဝယ် ဖတ်တယ်။ ပိုက်ဆံကတော့ ရေလိုသုံးရတယ်။  ရေ  လို  သုံးရတယ်။ ကြောက်စရာကောင်းတယ်။ ပေါင် တရာလောက်ကတော့ ခဏလေးပြုတ်သွားမယ်သာမှတ်တော့။ ရထားစီးရင် ခြောက်ပေါင်။ သုံးပေါင်။ လေးပေါင် ကုန်တယ်။ တနေကုန်စီးရင်တော့ တန်တယ်။ ဒေးပလန် ပေါ့၊ ဝယ်ထားရင် ဘယ်စီးစီးရတယ်။ အဲ -- ကြားဖေါက်လို့တော့ မစီးနဲ့၊ နီးနီးလေးတောင် သုံးပေါင်ဘဲ။ ဒီလိုရှိတယ်။ တက္ကစီပေါ်တော့ မတက်နဲ့၊ တက်တာနဲ့ မောပြီသာမှတ်တော့။   ကျွန်တော်ညီ ဆရာကြီး ဦးတင်မောင်ညို၊ ဘယ်သူနဲ့မှ ပြောမထားတော့ တက္ကစီနဲ့ဘဲ အဖေါ်လုပ်တယ်။ အိမ် လိုက်ရှာတယ်။ ရှစ်ဆယ့်နဲ့ ငါးပေါင်ပေးလိုက် ရတယ်။ သူ့တူမကပြောတယ်။ အန်ကယ်လေး နာလိုက်တာ ရှစ်ဆယ်နဲ့ငါးပေါင်ပေးလိုက်ရတယ်။ ရှစ် ဆယ့်ငါးပေါင်ဆိုတာ ငွေတသိန်းလောက်ရှိတယ်။ စဉ်းစားကြည့်။ အဲဒီတော့ တက္ကစီခ ကုန်နေတဲ့ တိုင်း နိုင်ငံ ဖြစ်တယ်။ သိပ်အံ့သြစရာကြီးပေါ့နော်။ ဒါပေမဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်တော့ ဘုရား သခင်ခေါ်သွားတာ၊ ဟာ ဟိုနားကိုသွားချင်တယ် ဖိတ်တဲ့လူက ဒီနားက ဖိတ်တာ။ လာခေါ်သွားတာ ကျွန်တော် လိပ်စာလေးရှိတယ်။ သူနေတဲ့လိပ်စာရယ်။ ကျွန်တော့သွားချင်တဲ့လိပ်စာ အကိုပါ။ လိပ်စာ ၂ ခု ကြည့်လိုက်တော့ နီးနေတယ်။ နီးနေတဲ့အတွက် ဟိုကျတော့မေးတယ်။

ဒီလိပ်စာလေးများသိသလား၊  သိတာပေါ့။ နီးနီးလေးတဲ့။ ငါ့ကို ဟိုထိပြန်မပို့နဲ့တော့၊ သူ့ဆီ ပို့တော့သူလည်းဝမ်းသာသွားတယ်။ ဘုရားသခင်လုပ်တာတွေ အံ့သြစရာကြီး။ ဆိုတော့ ဘာလုပ်လုပ် စားရင်လည်း အများကြီး ပိုက်ဆံကုန်တော့မယ်မဟုတ်လား။ ဆုတောင်းတာဘဲ၊ မကုန်ရဘူး။   ကျွန်တော် ဥယာဉ်ခြံတခုသွားကြည့်တယ်။ အဲဒီကိုတော့ သံဓိဌာန်နဲ့ သွားတာ။ အဓိဌာန်နဲ့ သွားတဲ့အတိုင်း ရောက် ပါတယ်။ အဲဒီရောက်တော့ မိုးရွာတယ်။ မိုးရွာတော့ မခံနိုင်ဘူး။ လက်မြှောက်ပြီး ကိုယ်တော် -- ။ မိုးက တိတ်သွားတာဘဲ။ ဒါပေမဲ့ အဲဒီဥစ္စာကို ကျွန်တော် ချီးမွမ်းတယ်။ နေကပူလာတယ်။ မိုးကတိတ်သွားတယ်၊ နေကပူလာတယ်။ ကောင်းကောင်းချီးမွမ်းတယ်။ သူ့ကိုပြောပြတော့ သူက၊ မတော်တဆ ပါတဲ့။  စိတ်ဓါတ် ကိုက ဘုရားသခင်ဘာလုပ်လုပ် မသိတော့တဲ့ စိတ်ဓါတ်ဖြစ်နေတယ်။   သနားစရာတွေ။ သနားစရာတွေ။ ဒီတော့ ကျွန်တော်တို့ ဒီမှာဆင်းရဲရတာ မင်္ဂလာဘဲ။ မဆီလျော်သော ကောင်းကြီးဖြစ်ပါတယ်။ ဘာဘဲ ဖြစ်ဖြစ် ဘုရားသခင်ကို တောင်းရတယ်။

အဘက်ဘက်က ဘာလိုသလဲ ကြည့်ရှာပါတယ်။ ကောင်းတဲ့အပိုင်းကပြောရရင် အဲဒီသူဌေးကြီးဟာ ကျွန်တော်တို့ အလေးထားပြီး အစေခံတဲ့ စိတ်ဓါတ်ကို မွေးကြပါလို့သွန်သင်နေပါတယ်။ လူတိုင်းကို ဘုရား ရဲ့ အစေကို ခံဖို့၊ ဘုရားနာမ၌ အမှူတော်ဆိုပြီးတော့ ဆရာမလုပ်ဖို့ ကျွန်တော်က အများကြီး သင်နေပါ တယ်။  အဲဒီလူကလေ ချမ်းသာတာ သူတို့လင်မယား နှစ်ယောက်၊ ကားက တစင်းစီ၊ ကားကလည်း ဈေး ကြီးတဲ့ကား၊ ရိုဗာဆိုတာ နှစ်ယောက်စလုံး ရိုဗာတစင်းစီနဲ့၊ လင်ရော မယားရော သူတို့က နှစ်ယောက် တည်းရှိတာ၊ သူတို့ခလေးတွေ၊ သူတို့အိမ်ထောင်နဲ့သူ ပြီးသွားပြီ။ အဲဒီလူက ကျွန်တော်အထုပ်ကို မတာ၊ အသက် ၇ဝ ရှိပြီနော်၊ ကျွန်တော့ အထုပ်ကိုမတာ၊ ကျွန်တော်က မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ပြောတော့၊ သူက ပြောတယ်၊ မ ပါရစေ၊ ကျေးဇူးပြုချင်လို့ပါတဲ့၊ ဧည့်ဝတ်ပြုတာပါတဲ့။ အခန်းထဲထိ ဘယ်ဟာဘယ်မှာ ရှိတယ်။ မျက်နှာသုတ်ပဝါ ဘယ်မှာရှိတယ် အကုန်လုံး ကျွန်တော့ကို ပြောပါတယ်၊ ပြပါတယ်။ ပြီးတော့ ဘိနပ်တိုက်ဖို့ရှိရင် အပြင်မှာထုတ်ထားနော် တဲ့၊ တိုက်ပေးပါရစေ တဲ့။ ဒီသူဌေးကြီးက သူအိမ်ကို ဖိတ်ပြီး တော့ ကျွန်တော်ရောက်ပြီး ဘာမှမဟုတ်တဲ့လူကို ဘိနပ်တိုက်မလို့တဲ့။ ဟာ - - မဟုတ်တာ၊ မဟုတ်တာ ကျွန်တော့မှာတော့ ဘရပ်ရှ်လည်း ပါတယ်၊ အကုန်ပါတယ်၊ ကျွန်တော်လည်း ကျွန်တော့ဘိနပ် ကျွန်တော် တိုက်တဲ့လူဘဲ။ တခုဘဲ ကျွန်တော်သတိရတယ်။

ငါတော့ သူများဘိနပ်တိုက်ဖို့လိုတယ်ဟေ့လို့၊ ကျွန်တော် သတိရသွားတယ်။ ကျွန်တော် အခွင့် အရေးရှာလို့ သူများဘိနပ်ကို ဘယ်လိုတိုက်ရမလဲလို့၊  ကျွန်တော် သံဓိဌာန်ချပြီး ပြန်လာပါတယ်နော်။ အဝတ်ကိုလည်း ကျွန်တော် တော်တော်အားနာတယ်။ ကျွန်တော် ဟာ ကျွန်တော် လျှော်တယ်။ အကျင့်လေး ဖြစ်နေပြီလေ။ အတွင်းခံ အဝတ်ကလေးဘဲ၊ ဘာမှမခက်ဘူး။ ညဆိုလျှော်လိုက်တာ မနက် ဆိုခြောက်သွားပြီ။ ဒါလေးဘဲ လှည့်လှည့်ပြီး ကျွန်တော် ဝတ်တာပါ။ စွတ်ကျယ်ဆိုရင်လည်း ဒီလိုပါဘဲ၊ ညနေဆို လျှော်ပြီး လှန်းထားလိုက်တယ်။  မဟုတ်ဘူး၊ ကျေးဇူးပြု၍ မလျှော်ပါနဲ့၊ သူမိန်မက လျှော်ပေး ပါ ရစေတဲ့။ အတင်းအကြပ်။  ဒါနဲ့ဘဲ အားနာလို့ ဒါလေးတွေပေးပြီး ဟိုအတွင်းခံတွေတော့ မလျှော် စေချင် ဘူး။ ဒီနှိမ့်ချခြင်းကြောင့် စိတ်နှလုံးနှိမ့်ချသူများရဲ့ မင်္ဂလာဟာ သူတို့အိမ်မှာ ရှိနေ တယ်။  ဝမ်းသာ စရာဘဲ၊ ကျွန်တော်ပြောချင်ပါတယ်။ အဲတာ ကို ကျွန်တော် ခွန်အားယူလာပါတယ်။

နောက်တခုက ဘာရှိသလဲဆိုတော့ သတင်းစာထဲမှာ ကျွန်တော်ကြည့်တယ်။  သူတို့ကပြတယ်။ ဒီမှာ ကြည့်စမ်းတဲ့၊ ကြော်ငြာလေးတခု။ ကျွန်တော်ကြည့်တယ်၊ ဘာမှ စိတ်ပါစရာ ကြော်ငြာမတွေ့ဘူး။ ကျွန်တော်မေးတယ် ဘာကြော်ငြာလည်းဆိုတော့ ဟောဟိုမှာ၊ ကြောင်လေ တဲ့။ ကြောင်ဖြူလေး၊ ပန်းရောင်ဖဲကြိုးကလေးနဲ့ ဒီကြောင်ရဲ့လက်မှာ လက်စွပ်ကလေးရှိတယ်။ လည်ပင်းမှာ လည်ပတ်ရှိတယ်။ လည်ပတ်မှာ နာမည်လည်း ထိုးထားတယ်၊ ကြောင်လည်ပတ်မှာ ဆွဲကြိုးအသီးကလေးလုပ်လို့၊ စိန်တဲ့ဗျာ၊ အဲဒီမှာလည်း စိန်စီထားလို့ အဲဒီမှာရေးထားတယ်၊ မင်းကြောင်ကို မင်းချစ်ရင် မင်းအသက်တာရဲ့ အချစ် ဆုံးကလေး တဲ့။ ရေးတဲ့လူကလည်း သိပ်တော်တာနော်၊ မင်းရဲ့အချစ်ဆုံးကလေးကို မေတ္တာမပြချင်ဘူးလား တဲ့။ ဒီ လည်ပတ်ကလေးက သုံးထောင်ထဲပါ တဲ့။ ကျပ်သုံးထောင်မဟုတ်ဘူးနော်၊ မမေ့နဲ့။   ပေါင်သုံး ထောင်၊ သုံးထောင်ထဲပါ  တဲ့၊  ဈေးကိုကြည့်ပြီးတော့ လုပ်ချင်ကြပြီ၊ လုပ်ချင်ကြပြီ။ ဒီကြောင်ကို ဝယ်ပေး ချင်နေကြပြီ။  ကျွန်တော့အိမ်က အင်မတန်နာမည်ကြီးတဲ့ ခက်စိတ်ဆိုတဲ့ စည်းဝေးကြီးသွားတက်ရမယ်။ သူကြောင်က ဒုက္ခ၊ ယူသွားလို့လည်းမရဘူး။ ထားခဲ့လို့လည်း စားဘို့ရာမရှိဘူး။ ဟော်တယ်မှာ သွား ထားရတယ်။ ကြောင်ဟော်တယ်ဆိုတာရှိတယ်  (ရယ်သံ)။  အဲဒီ ကြောင်ဟော်တယ်မှာ သူကြိက်တဲ့ အခန်းဆိုပြီးတော့ ၊ နှစ်တိုင်း သူတို့ ဟောလီးဒေးသွားတော့ ဒီကြောင်ကို သွားသွားအပ်တယ်။ သိနေပြီ။ သူ့ရဲ့ ဟော်တယ်အခန်းကို ဒီကနေပြီး လှမ်းပြီး ဘွတ်ကင်လုပ်ထားတယ်။ ကြည့်လိုက်ရင် ဒါလေးတွေက သူပိုက်ဆံနဲ့ သူလုပ်တာ ဘာဖြစ်လဲ။ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဘုရားသခင်အပ်ထားတဲ့ အရာတွေ ကို ဘာာစိုးကဲ့သို သုံးဘို့ရာလိုတယ်။ ငါ့ဟာဘဲလို့ သုံးခြင်းဟာ အပြစ်ဖြစ်တတ်တယ်။

အဲဒီမှာ အလှူငွေခံတာကို ကျွန်တော်ပြောချင်တယ်။ ကျွန်တော်ကြည့်တယ်၊ ပန်ကန်ပြားလေးနဲ့။ အိတ်ကို နှိုက်တယ်။ ယောက်ျားကြီးဘဲနှိုက်တယ်အောက်မေ့တယ်၊ ပြီးမှ ကြေးနီပြားကိုရှာတာကိုး၊ ကလောက်နဲ့ ထည့်လိုက်တယ်။  အမျိုးသမီးကလည်း သူအိပ်ကြီးကို ဖွင့်ပြီး နှိုက်တယ်။ ကြေးနီပြားဘဲ။  အကုန်လုံး ကလောက်၊ ကလဲ့ နဲ့ ကျွန်တော့်ရှေ့ရောက်တော့ အပြားကလေးတွေဘဲတွေ့တာဘဲ။ ကျွန်တော်ကတော့ အပြားမရှိဘူး (ရယ်သံ)။ ကျွန်တော်က ပေါင် ၂ဝ တန် လက်ဆုပ်ထားပြီးပြီ၊ ကိုင်ထားပြီးပြီ။  ကျေးဇူးတော်ချီမွမ်းပြီး ၂ဝ ထည့်တော့ ကျွန်တော့ဟာကြီးက အပေါ်မှာ မိုးနေတယ် (ရယ်သံများ)။ ဒါ တကယ်ဖြစ်တာနော်။

ဒီတော့ကာ သူတို့တွေက ကပ်စီးနည်းလှချည်လား၊ အဲဒီလိုတော့မဟုတ်ဘူး။

ခုနကပြောတဲ့ နှိမ့်ချတာတော့ သိပ်ကောင်းတယ်။ ဟော - သာသနာကြတော့၊ လှူပြန်တယ်ဗျာ။ မနှမျောဘူး။ ကျွန်တော့်ကို ဖိတ်ခေါ်တာက လေယာဉ်စရိတ် အသွားအပြန် ပေါင် ၅ဝဝ ပေးရတယ်။ ဒါ ကျွန်တော် ဒီမှာဝယ်လို့။ ဟိုမှာဝယ်ရင် ၇ဝဝ ထက်မနည်းပေးရမယ်။ စည်းကမ်းတွေကလည်း ကျပ်ပါဘိ၊ သုံးပြီးလို့ရှိရင် ဒီပန်ကာကို ၁၅ မိနစ် အနည်းဆုံးဖွင့်ထားပါ၊ ဘာဖြစ်လို့လဲဆိုတော့ အနံ့အသက် တခြားလူကို ကူးမှာစိုးလို့တဲ့။ ဒါတွေကို ဖတ်ရ၊ မှတ်ရသေးတယ်။

တပါတ်ကို ပေါင် ၈၅ဝ ကုန်တယ်။ အဲဒါ စားသောက်တာမပါဘူး။  စားသောက်တာက သတ်သတ်။ အဲဒါလည်း သူတို့က အကုန်ခံတာဘဲ။ ဘုရားကိုချစ်တယ်။ ဒါပေမဲ့ သတိလစ်တာကိုပြောတာပါ။ ကျွန်တော် တို့လည်း ဘုရားကိုချစ်တာပါဘဲ။ ဒါပေမဲ့ အသေးအဖွဲကအစ ဘုရားသခင်ပိုင်တယ်ဆိုတာကို စွဲထားဖို့ တယ်ကောင်းပါလား။ ကျွန်တော်က သတိရသွားပါတယ်။ နောက်ဆုံးသောကာလမှာ လူတွေက ဘုရားတရားကို လိုက်စားယောင်ဆောင်ပြီးတော့ သမ္မာတရားမရှိတဲ့ အချိန်ကာလ ရောက်အုံးမယ်တဲ့။ တိမောသေက ဒီလို သတိပေးထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က စဉ်းစားတော့ သြော် - သူဌေးကြီးဟာ ဟိုအချိန်မှာဖြစ်ပေမဲ့၊ ဒီအချိန်များ ငါတို့လည်း ဖြစ်နိုင်တယ်နော်။ သေသွားရင် ချန်ရစ်ခဲ့ရမှာများအမျိုးမျိုး၊ နာမည်ကြီးပြီးကျန်ဘို့။ ဘုရားသခင်ထံရောက်ဘို့က သိပ်အရေးကြီးပါတယ်။

ဟိုတိုင်းပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၃ဝ တုံးက၊ ပညာသင်တဲ့အချိန်။ အဲဒီတုံးကတော့ ကားစုတ်ကလေးတွေ အားလုံးစီးနိုင်တယ်။ အခု လူတိုင်းမှာ ကားတစင်း၊ နှစ်စင်း၊ အသစ်ချည်းဘဲ၊ လူတွေက အားလုံးချမ်းသာ နေကြတာ။  ဘုရားကျောင်းမှာကြတော့ ၃ ယောက်နဲ့၊ တပိုင်းဘဲရှိတယ်။ ဘုရားကျောင်းကိုလာတဲ့လူ သိပ်နည်းသွားပြီနော်။ နိုးထနေတဲ့ အသင်းတော် ဆိုပြီး ကျွန်တော့်ကို ခေါ်သွားတယ်။ လူတွေကို ကြည့်ရင်သိတယ်။ ရွနေတာဘဲ။ အဲဒီ နိုးထနေတဲ့ နေရာကိုခေါ်သွားတဲ့အခါမှာ ကြိုပြီးတောင်းပန်တယ်။ ဒီရောက်ဖူးတဲ့ အဒေါ်ကြီးက သူတို့ကို ပြောပြတာကိုး ။ ဒီမှာဆိုရင် ၉ နာရီကျော်ကျော်လာရင် နေရာ မရဘူး။

အိုး - ဗမာပြည်မှာ၊ သူများတကာကပြောရင်တော့ ဗုဒ္ဓြွဘာသာတိုင်းပြည်၊ ဖိနှိပ်နေသလ၊ို နှိပ်စက်လို့ ခရစ်ယန်တွေတောင်မှ မရှိတော့ဘူးလားလို့ထင်နေတဲ့တိုင်းပြည်။ သူတို့လာကြည့်တဲ့အခါ ဒီမှာ  လျှံ နေ တယ်။ နောက်ကျလို့ရှိရင် နေရာမရဘူး။ ပြောပြထားတယ်။ သိနေပြီ၊ အဲဒါ သူတိုကအားနာနေတယ်၊ တိုးတိုးလေးနဲ့၊ သူတို့ဘုရားကျောင်းကို ကျွန်တော်တက်တဲ့အခါမှာတော့ ဘယ်လောက်လာမလဲဆိုတာ၊ ဟိုဒင်းတဲ့ ဒီအချိန်က ဟောလီးဒေး စီးစင်းဖြစ်လို့ အပန်းဖြေသွားနေတာလည်းရှိတယ်။ အချို့သော သူတွေက အသက်ကြီးလို့ မလာနိုင်ဘူး။ ဒါလေးတွေ ကြိုပြောထားတာ စိတ်မပျက်ဘို့။ ကျွန်တော်က ပြောတယ်၊ စိတ်မပျက်ပါဘူး၊  ၅ ယောက်လာရင်လည်း ကျွန်တော်က ဒီအတိုင်းဘဲ၊ ဒီ ၅ ယောက်ကို အားရ၊ ပါးရ ဝေငှရရင် ကျွန်တော် ကျေနပ်တယ် ။ ၄၅ ယောက်တောင်လာတယ်၊ ကလေးမပါကြဘူး။ အသက်ကြီးသူတွေဘဲ။ ဆန်းဒေးစကူးကလေးလေးတွေ ၇ ယောက်လောက် သီချင်းလေး တပုဒ်ဆိုပြီးတော့ သူတို့ဆရာမနဲ့သူတို့၊ ပြေးတာဘဲ။ အဲ - ကျန်တဲ့လူ၊ တကယ်စိတ်ထဲမှာပါအောင် နားထောင်တယ်။ မနက်မှာဟောပြီး ညနေလည်း ဟောအုံးမယ်ပြောတော့၊ ညနေမှာ ၆ဝကျော်လောက်လာနားထောင် ကြတယ်။

အဲ - အားနည်းတဲ့ အပိုင်းနဲ့၊ ဝမ်းနည်းတဲ့အပိုင်း ဒီကျမ်းပိုဒ်နဲ့ ဆိုင်တာကို ကျွန်တော်ပြောချင်တယ်။ အများသောသူတွေ သူတို့တိုင်းပြည်မှာ ယုံကြည်သူများဖြစ်ပါတယ်။ ညီအစ်ကိုများအသင်းတော်နဲ့ သက်ဆိုင်သူများ တချို့ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အိမ်တွေမှာ ဘာတွေရှိသလဲဆိုတော့ စည်းစိမ်၌ ကာမဂုဏ်၊ ရစ်မူးနေတယ်ဆိုတာကို ကျွန်တော်တွေ့တယ်။ အပြစ်ရှာတာမဟုတ်ဘဲနဲ့ ဖြူစင်စွာပေါ့။ ဒါ ငါတို့ကို ကောင်းကြီးပေးတာဘဲ။ ငါတို့လုပ်လို့ ရထားတာဘဲ၊ ငါတို့ခံစားရမှာပေါ့။ ခံစားရမဲ့ ကိစ္စက ဘာ မှလည်း ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ တအိမ်လုံးမှာ ပန်းချီကားတို့၊ တကား တကားကို မနည်းဘူး ပေးရတယ်။ ပန်းချီ၊ ပန်းချီ၊ တချပ်ကို မနည်းပေးရတယ်။ ပြီးတော့ အရုပ်ကလေးတွေ၊ ခရစ်ကက် ခေါ်မလား။ အဲဒီ အရုပ်ကလေးတွေက စင်တိုင်းမှာ ပြည့်နေတယ်။ ငှက်အရုပ်ကလေးယူမလား၊ ခွေးအရုပ်ကလေးယူမလား။ ကြောင်ရုပ်ကလေးယူမလား။ ဗမာပြည်က ဆင်ရုပ်တောင်ပါသေးတယ်။ ဒါက ဗမာပြည်က၊ ဒါက ကိုးရီးယားက၊ လှည့်ပြီးသွားလို့ ယူလာတဲ့ဟာတွေ၊ စီနေတာဘဲ။ အဲဒီဟာတွေကို ဖုန်သုတ်ဖို့ လူကိုငှားရတာ တနာရီကို ခုနှစ်ပေါင်ပေးရတယ်။ တပါတ်ကို တရက်တည်းလာတယ်။ ခုနှစ်ပေါင်၊ အပါတ်တိုင် ၄ နာရီလုပ်တယ်ဆိုတော့ ၂၈ ပေါင်။ လကုန်ရင် ရာကျော်သွားပြီး၊ ပေးတယ်။ ဘာဖြစ်လည်း ငါ့ပိုက်ဆံနဲ့ငါပေးတာပေါ့။ ဟုတ်တယ်၊ ပေးနိုင်သောအစွမ်းနဲ့။ ဒါကြောင့် လုပ်နိုင်လို့ လုပ်နေတဲ့လူတွေကို ဒီနေ့ကျွန်တော်ပြောချင်တယ်

လုပ်နိုင်လို့ မလုပ်ကြပါနဲ့၊  လုပ်သင့်တာကို လုပ်ကြပါ။

ဒါသိပ်အရေးကြီးတယ်နော်။ လုပ်နိုင်တာကို မလုပ်ပါနဲ့၊ လုပ်သင့်တာကို လုပ်ပါ။ ဟာ  - သူတို့မှာ သမီးတွေဆိုရင်လည်း သူတို့ဖာသာ သွားပြီ၊ သားတွေဆိုရင်လည်း သူတို့ဖာသာ သွားပြီ။ အမလေး သူတို့ဘယ်တော့ တွေ့မလဲ၊ ခရစ်စမတ်မှဘဲ တွေ့တော့မယ်တဲ့။ ခလေးတွေနဲ့ ဝေးတယ်။ ခရစ်စမတ်မှဘဲ တွေ့တော့မယ်။ အဲဒါလေးလဲ နာရီပိုင်းကလေးဘဲ။ ပချုပ်ပချက်လေးနဲ့ဘဲ ပြီးသွားတာ။  အဲဒီတော့ သူတို့ ဘာနဲ့မိတ်လုပ်ရသလဲ။  ကြောင်နဲ့ မိတ်လုပ်ရတယ်။ ကြောင် ကြောင်၊ ကျွန်တော်နေတဲ့ အိမ်မှာတောင် မောက်စီ ဆိုတဲ့ ကြောင်ရှိတယ်။ အောင်မလေး အဲဒီကြောင်၊ ကျွန်တော်ကိုလေ မင်းလေ၊ ရက်ကြီးလွတ် သွားတယ်တဲ့။ ဟုတ်လား ဘာနေ့ရက်ကြီးလဲ။ ကျွန်တော်က သြဂုတ်လ ၄ ရက်နေ့ပြန်မှာကိုး၊ ၅ရက်နေ့ မှာ မွေးနေ့ကျတယ်။ ကြောင်မွေးနေ့ ငါတို့ကျင်းပမလို့တဲ့၊  ဟာ - - ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ မိတ်သဟာရမရှိဘူး။

ချစ်သောညီအစ်ကို မောင်နှမတို့၊   ကာမဂုဏ်၌ စည်းစိမ်၊ ဥစ္စာရှိသော်လည်း၊ မိတ်သဟာရမရှိဘူး။ သိပ်ဝမ်းနည်းစရာကောင်းတယ်နော်။  ကျေးဇူးတော်ကြောင့် ကျွန်တော်တို့မှာတော့ သဟာရရှိတယ်။ ကျွန်တော်တို့မှာ လူအချင်းချင်း သဟာရရှိပါတယ်။ ဗမာပြည်မှာ မင်္ဂလာက တယ်ဖျာတာဘဲ။ ဒါကို လာဇရုကဲ့သို အာရုံကိုထားပြီးတော့ ဘုရားသခင်ရှေ့တော်ကို ဝင်ဖို့ရာ ဂရုစိုက်ဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

U Tin Maung Tun

၁၇-သြဂုတ်-၂ဝဝ၃ 
ညီအစ်ကိုများအသင်းတော်၊ ရှစ်မိုင်၊ ရန်ကုန်တွင် ဟောကြားသောဒေသနာဖြစ်ပါသည်။

ညီအစ်ကိုကြီးဦးတင်မောင်ထွန်းသည် အသက်ငယ်ရွယ်စဉ်ကမှစ၍ ဘုရားသခင် အား ချစ်ကြောက်ရိုသေသူဖြစ်ပြီး၊ ဝံဂေလိလှုပ်ရှားမှုများတွင် အားကြိုးမာန်တက် ပါဝင်အဝေခံခဲ့ပါသည်။ ၁၉၆၇ ခုနှစ်မှစ၍၊ ရန်ကုန်မြို့ ၈ မိုင် ဟေဗြုန်ညီအစ်ကိုများ အသင်းတော်၏ သင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၄င်းနောက် ၁၉၇၃ ခုတွင် ဂိုဏ်ပေါင်းစုံ သာသနာလုပ်ငန်းဖြစ်သော ခရစ်တော်၏ သက်သေခံလုပ်ငန်းကို စတင်တည်ထောင်ခဲ့ပြီး၊ တဖက်မှ မြန်မာပြည်ဆိုင်ရာ အရှေ့ဖျားအသံ တာဝန်ခံအဖြစ် ပူးတွဲအမှုတော်ဆောင်ခဲ့ပါသည်။

သူ့အသက်တာတွင် ဆောင်ရွက်ခဲ့သော အမှုတော်ဆောင်ခြင်း၏ အောင်မြင်မှု များကို ဂုဏ်ပြုသောအားဖြင့်၊ ၁၉၉၈ ခုနှစ်တွင် ဓမ္မပါရဂူဘွဲ့   (DD) - Doctor of Divinity ချီးမြှင့်ခြင်းခံရပါသည်။ ၄င်းအပြင်လူမျိုးဘာသာမခွဲခြားဘဲ၊ လူသားချင်း စာနာထောက်ထားသော ခရစ်ယာန်အစေခံခြင်းအတွက် နှစ်တရာကျော်စွာဘွဲ့ကို (International Biographical Centre, Cambridge) အဖွဲ့က ၂ဝဝဝ ပြည့်နှစ်တွင် ချီးမြှင့်ခဲ့သည်။ အလားတူ (American Biographical Institute)  အဖွဲ့ကလည်း ၂ဝဝဝ ပြည့်နှစ်အတွက် Man of the Year  ဘွဲ့ကိုချီးမြှင့်ခဲ့ပါသည်။