The Gril with the Green Tattoo ! အစိမ်းရောင် Tattoo ရှင် မိန်းခလေး


Ko Chris

မကြာသေးခင်က ကြည့်လိုက်ရတဲ့ဇာတ်ကားကတော့ The Girl with the Dragon Tattoo ပါပဲ။ မင်းသမီးရဲ့ကိုယ်ခန္ဓာပေါ်မှာ Tattoo ထိုးထားမယ်ဆိုတာ ဇာတ်ကားနာမည်ကြားလိုက်တာနဲ့ သိနိုင်ပေမယ့် အဲ့ဒီဇာတ်ကားထဲမှာ မင်းသမီးက သူ့ကိုအနိုင်ကျင့်ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကြီးရဲ့ကိုယ်ပေါ်မှာ Tettoo တွေပြန်ထိုးပြီး မှတ်လောက်သားလောက်အောင် ပညာပြန်ပေးလိုက်တယ်ဆိုပါတော့။ Tattoo … Tattoo။ တချို့ Tattoo ကျတော့ရုပ်ပုံတွေ၊
အချို့ကျတော့ စာလုံးတွေ၊ အချို့ကျတော့ Bar Code တွေ၊ အချို့ကျတော့ ခရစ်ယာန်ကျမ်းပိုဒ်တွေ၊ အချို့ကျတော့ ချစ်သူရည်းစားမြင်တွေ့သဘောကျစေမဲ့

အကြောင်းအချက်တွေ...စုံနေတာပါပဲေ လ။ အင်းလေ ထိုးကြပေါ့။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပဲလေ။ ဒီ Tattoo တွေကိုတွေ့တိုင်း..တွေ့တိုင်း..ဟိုတုန်းက Tattoo အစိမ်းရောင်နဲ့မိန်းခလေးတစ်ယောက်အကြောင်းကို သတိရမိတယ်။

ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးတို့ဟာ ကျေးဇူးတော်ချီးမွမ်းခြင်းရက်သတ္တပတ် တစ်ပတ်မှာ ဖရော်ရီတာပြည်နယ်၊ ပင်စာကိုလာမြို့မှာ ရှိနေကြတယ်။ သားသမီးတွေက အိပ်ရာကို ညနေ (၆း၃ဝ)လောက်ကတည်းက အစောကြီးဝင်သွားကြတယ်။ ခရီးပန်းလာပြီလေ။ အခုတော့ ကျွန်တော်တို့နှစ်ယောက်မောပြီး ခြေပစ်လက်ပစ်နဲ့ပေါ့။ ဟိုတယ်အခန်းထဲက ထိုင်ခုံမှာထိုင်ပြီး အနားယူနေကြတယ်။ အခန်းက သိပ်မသန့်လှဘူး။ အနံ့အသက်ရှိတယ်လေ။ အဲ့ဒါနဲ့ကျွန်တော်လည်း လမ်းထွက်လျှောက်ရင်း ပတ်ဝန်းကိုလေ့လာလိုက်ဦးမယ်ဆိုပြီး ဟိုတယ်အပြင်ဘက်ကိုထွက်လာခဲ့တော့တယ်။ ဏြ ဓါတ်ဆီဖြည့်တဲ့ ရပ်နားရာနေရာကို လမ်းလျှောက်လာလိုက်မိတယ်။ ဟိုတယ်ရဲ့ဘေးမှာ ကပ်လျက်ရှိနေတာကိုး။

ပိုက်ဆံရှင်းတဲ့ကောင်တာရဲ့ အနောက်ဘက်မှာရပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးကိုတွေ့လိုက်ရတယ်။ အသက် (၃ဝ)ဝန်းကျင်လောက်ပဲရှိသေးတယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အင်မတန်မှပင်ပန်းနုံးချိနေတဲ့ပုံပေါ်တယ်။ နောက်ထပ် (၁ဝ)နှစ်ကာလများမှာ ကြုံတွေ့ရမဲ့အဆိုးတွေအားလုံး အခုပဲသူ့အပေါ်ကိုကြိုပြီး ကျရောက်ထားလို့ (၁ဝ)နှစ်လောက် ဒဏ်ခံထားရတဲ့ပုံစံမျိုး။ ငယ်ရွယ်တဲ့ကလေးဘဝအသက်တာကို လုံးဝပျော်ရွှင်စွာမခံစားရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်အမြန်ရပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစားခဲ့ရတဲ့ဘဝကို စောစီးစွာ ရောက်ခဲ့ရတဲ့ပုံပဲ။

အဲ့ဒီနွမ်းလျနေတဲ့ သူ့ပုံစံတွေကိုကြည့်ရင်းမှ မထင်မှတ်ဘဲသူ့ရဲ့လက်မှ “X” အမှတ်အသားပုံ အစိမ်းရောင် Tattoo ကြီးကိုတွေ့လိုက်ရတော့တာပဲ။ ကောင်တာပေါ်မှာတင်ထားတဲ့ သူ့ရဲ့လက်က အဲ့ဒီ Tattoo ကြီးဟာ အသိအသာထင်အရှားကြီးဆိုတော့ ကျွန်တော်အလွန့်ကို စပ်စုမိပါတော့တယ်။သူမက ပြန်ပြောတာကတော့ 'ဒါလား? ဘာအဓိပ္ပါယ်မှကို မရှိတာ။ အမေလေ..အမေပေါ့။ သူမူးပြီး ပြန်လာတဲ့ညတစ်ညမှာ ကျွန်မလက်ကိုယူပြီးသေရာပါထိုးပေးခဲ့တာ' တဲ့။ ဟိုက်ရှားပါး။ တစ်ကမ္ဘာလုံးတုန်ခါသွားတယ်။ သူမကတော့ ခပ်ပြတ်ပြတ်ဖြေတယ်လေ။ကျွန်ေ
တ်ာက ဆက်မေးတော့ သူက 'ကျွန်မ (၁၃)နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်' တဲ့။ဟိုက်... (၁၃)နှစ်။ ပိုဆိုးပြီ။

(၁၃)နှစ်မှာ အမေက အရက်မူးပြီး သမီးရဲ့လက်မှာ  Tattoo ထိုးပေးခဲ့တယ်တဲ့။

ကျွန်တော့်အကြောင်းကျတော့ ပြန်စဉ်းစားလိုက်ကြည့်တယ်။ ကျွန်တော် (၁၃)နှစ်တုန်းကဆိုရင် ..ဘာဖြစ်ခဲ့လဲပေါ့။ အဲ့ဒီအသက်အရွယ်တုန်းကကျွန်တော့်မှာ အဝတ်အစားပြဿနာရှိတယ်။ ပိုလိုရှပ်အင်္ကျီအစား Brand ရှိတဲ့အင်္ကျီတွေ၊ Nike ဖိနပ်အစား Reebok  ဖိနပ်တွေ အမေဝယ်လာမှာကိုသိပ်ရှက်တာပဲလေ။ Brand ဆိုမှ Brand ။ Brand Drama လေ။ သူများကိုလည်း ကြွားချင်တယ်၊ အကောင်းလည်း ကြိုက်တယ်၊ အဝတ်အစားအနိမ့်ကိုဝတ်လို့ ရွယ်တူတွေအထင်သေး လှောင်ပြောင်တာကိုလည်း ရှက်တတ်တယ်လေ။ ကဲ...အဲ့ဒီအမျိုးသမီးကို အသက် (၁၃)နှစ် Tattoo  အထိုးခံရပြီးတဲ့နောက်နေ့ကိုပြန်ပို့လိုက်။ ကျောင်းရောက်ပါပြီတဲ့..လက်မှာလည်း ဧရာမအစိမ်းရောင် “X" Tattoo ကြီးနဲ့။ တခြားကျောင်းသားတွေဘြာေ
ပာမယ်ထင်လဲ?အမေရိကား အနောက်နိုင်ငံလေ။ လွတ်လပ်စွာဝေဖန်ပြောပိုင်ခွင့် အပြည့်အဝကျင့်သုံးတဲ့တိုင်းပြည်။ သူမကော ဘယ်လိုခံစားရမလဲ? အမေမူးနေတုန်းထိုးတဲ့မြင်ကွင်းကို မိတ်ဆွေမြင်ကြည့်ပြီး သူမရဲ့နေရာမှာ မိတ်ဆွေရဲ့ (၁၃)နှစ်အရွယ် လက်ကလေးကို ခဏလောက်အစားထိုးကြည့် ကြည့်ပါလား? အမေရဲ့မူးလို့တုန်နေတဲ့လက်၊ အိမ်မှာရှိတဲ့ စုပ်တံနဲ့ညကြီးသန်းခေါင်မှာ ဒုက္ခခံခဲ့ရပေမယ့် အတွေ့အကြုံလေ။

သြော် မိဘပေးတဲ့ အမွေဆို
တာ ဒါမျိုးလည်း ရှိပါလားလို့ ကောက်ချက်ချလိုက်မိတယ်။ သေရာပါလေ...။

ခရီးစဉ်တစ်လျှောက်လုံး မိဘတွေပေးလိုက်တဲ့သေရာပါ အမှတ်ဆိုးကြီးတွေအကြောင်းကို စဉ်းစားနေမိတော့တယ်။ အမှတ်ကောင်းတွေလည်း ရှိပါတယ်။ ဘယ်လိုအမှတ်အသားပဲဖြစ်ဖြစ်လေ...ကိုယ့်ပေါ်မှာဘယ်လိုအမှတ်အသား ရှိနေလဲဆိုတာ ကိုယ့်ကိုကိုယ်သိဖို့တော့ လိုမယ်ထင်တယ်။ ပြန်မဆန်းစစ် ကြည့်သင်ဘူးလား? မိဘတွေသာမက ငယ်သူငယ်ချင်းတွေ၊ ရည်းစားဟောင်းတွေ၊ လုပ်ဖော်ဆောင်ဖက်တွေကရော ကိုယ့်အပေါ်မှာ ဘာတံဆိပ်တွေ..သေရာပါရိုက်ပေးလိုက်ကြသလဲ? တခါတခါကျတော့ သူတို့ Tattoo ထိုးလိုက်ပြီဆိုတာကိုမသိဘဲနဲ့ အထိုးခံလိုက်ရတဲ့အချိန်များ ရှိနေခဲ့မလား?

နှစ်အနည်းငယ် နောက်ပြန်ရွေ့ပြီး အလုပ်အကြောင်းကို စဉ်းစားလိုက်တယ်။ လုပ်ဖော်ဆောင်ဖက်တစ်ယောက်က.. ကျွန်တော့်ဆီကို Memo တစ်စောင်ယူလာပေးပြီး၊ အဲ့ဒီ Memo မှာပါတဲ့ Memo ရေးတဲ့ဝန်ထမ်းရဲ့ အသုံးမကျ
တဲ့စာစီပုံတွေ၊ Memo မှတ်တမ်းတင်ပုံတွေကို သေချာဖတ်ပြီး...အကောင်းဆုံးပြန်ပြင်ဆင်ပေးဖို့ ပြောတယ်။ အဲ့ဒီ Memo ကိုရေးတဲ့ အသုံးမကျတဲ့သူဆိုတာ ကျွန်တော်ဖြစ်နေတယ်ဆိုတာကို သူလုံးဝမသိဘူးလေ။သြော်..တိုက်ဆိုင်လေစွဤလောက..ဤလောက။ အနီရောင်စာလုံးကွင်းကြီးတွေ ကွင်းထားပြီး 'သုံးစားလို့မရဘူး' ဆိုတဲ့ စာတမ်းကို Memo မှာမှင်အနီရောင်နဲ့ ထင်းနေအောင်ရေးထားတယ်။ ဒီစာရွက်ကိုကိုင်ပြီး ကျွန်တော်စားပွဲရှိရာသို့ လျှောက်လှမ်းတာတဲ့ခြေလှမ်းတိုင်းဟာ လေးလံလို့ပေါ့။


ရှက်လည်းရှက်မိတယ်။ ခံပြင်းတာလည်း ဖြစ်မိတယ်။ လုံးဝကို တန်ဖိုးမရှိတဲ့ဘဝကို အပို့ခံလိုက်ရသလိုပဲ။ ချက်ချင်းဆိုသလို ဘုရားရှင်ဝင်ရောက်လာပြီး ကျွန်တော့်ရဲ့အဲ့ဒီအတွေးတွေကို တွေးနေတာကို ဖြတ်တောက်ပေးပစ် လိုက်တယ်။ ပြီးတော့သူက 'အဲ့ဒီ Memo ဟာ သားရဲ့တန်ဖိုးကိုသတ်မှတ်တဲ့ Memo မဟုတ်ဘူးလေသား။ အဖေပြောချင်တာ ကတော့ သားဟာ အဖေရဲ့သားပဲလေ' တဲ့။

ကမ္ဘာကြီး တအားကိုအေးမြသွားတယ်။ အားအင်တွေပြည့်လာလိုက်တာ။ အဖေ့ကိုကျေးဇူးတင်လိုက်တယ်။ စာတန်ရဲ့ဖျက်ဆီးမှုအောက်ကနေ ကျွန်တော့်ကို ချက်ချင်းအချိန်မှီ ဝင်ကယ်လိုက်လို့လေ။

စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ခွန်အားအပြည့်နဲ့ပေါ့။ Memo ကိုသတ္တိရှိရှိ အစအဆုံး တလုံးမကျန်ပြန်ဖတ်ပစ်လိုက်တယ်။ ငြိမ်သက်ခြင်းအောက်မှာရှိနေတဲ့ ပြတ်သားတဲ့၏စိတ်ဓါတ်အပြည့်နဲ့လေ။ အကောင်းဆုံးပေးဆပ်လိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကောင်းဆုံးအလုပ်တစ်ခုကိုအဲ့ဒီကုမ္ပဏီအတွက်လုပ်ပေးခဲ့လိုက်တယ်။

အဲ့ဒီနေရာမှာ ဘုရားရှင်သာ မဝင်ခဲ့ဘူးဆိုရ
င် ကျွန်တော်ဘာဖြစ်မလဲ? မိတ်ဆွေကတော့ ထင်မှာပဲလေ။ ဒါဘာဆန်းသလဲလို့? ဒါဘဝပဲလေ။ ဒီထက်ဆိုးတာကိုတောင် တွေ့ချင်တွေ့ရဦးမှာပေါ့။ Drama လာရိုက်မနေနဲ့ စသည်ဖြင့်ပေါ့...။မှန်ပါတယ်။ ဒါပေမဲ့ အကြီးတွေတွေ့ပြီး အကြီးတွေကို မေ့ပစ်လိုက်နိုင်ပြီး အသေးလေးတစ်ခုက မမေ့နိုင်ဘဲ ခြလိုလှိုက်စားပြီး မကြာခင်ဘဝတစ်ခုလုံးကို ဖြိုဖျက်ပစ်လိုက်နိုင်တာကို မမေ့သင့်ဘူးလေ။ မဟုတ်ဘူးလား? ဒါကြောင့် ကိုယ့်ပေါ်မှာရှိနေတဲ့အမှတ်အသား အသေးလေးတွေကို အထူးဂရုစိုက်ပါလို့ပြောချင်တယ်။

စိတ်ပညာအရ လူဆိုတာ အကြီးမားဆုံးဆုံးရှုံးမှုတွေ၊ အနာတရဖြစ်မှုတွေကို အမြန်ဆုံးမေ့ပျောက်လိုက်နိုင်ပေမဲ့ မထင်မှတ်တဲ့အသေးလေးတွေ ကျတော့ အရိုးစွဲအောင် စိုက်နေရစ်ကြတတ်တယ် တဲ့။ ဒါကိုပဲ မီးမောင်းထိုးပြချင်တာပါ။ မြင်တယ်ဟုတ်။

ကျွန်တော့်ရဲ့တင်ပြချက် ဟုတ်၊ မဟုတ်ဆိုတာကို စာဖတ်သူမိတ်ဆွေ မစစ်ခင်ဘဲ အခုကျွန်တော့်ဘာသာ ပြန်ဆန်းစစ်ကြည့်တယ်။ တနည်းအားဖြင့်ကျွန်တော့်ကိုယ်ခန္ဓာပေါ်မှာ ဘာအမှတ်လေးတွေ ရိုက်နှိပ်လိုက်ထားသလဲလို့လေ။ တွေ့လိုက်ရပါပြီ။ ချက်ချင်းကို တွေ့လိုက်ရတာ။ 'တခြားလူတွေပြောတာကိုယုံလွယ်ပြီး သိပ်ဂရုစိုက် လွန်းတယ်ဆိုတဲ့ Tattoo  ပါပဲ။ ကိုယ့်ကိုယ်ကို ဘယ်သူဆိုတာမေ့သွားပြီး လူ(ဇာတိပကတိလူ)တွေရဲ့ မှတ်ချက်ကို သိပ်ကြိုက်နေမိတဲ့..ကျွန်တော်ပါတကား။ 'ပြောပါဦး ကျွန်တော်ကောင်းကြောင်း'၊ 'ကြားချင်လွန်းလို့' ။ ရုံးမှာလည်း လုပ်ဖော်ကိုင်ဖက်တွေကို မထင်ရင်မထင်သလို ကြွားတတ်တဲ့ ကျွန်တော်လေ။ အထူးသဖြင့် 'မိန်းမကတောင် ဂုဏ်ယူပြီးပြောလိုက်သေးတယ်။ အဲ့ဒါကျွန်တော်ပေါ့' ဆိုတဲ့လေသံလေးနဲ့ ခပ်ကြွားကြွားလေးပြောလေ့ရှိတတ် တယ်။ အလိုလေး...မြတ်စွာဘုရားသခင်...ထာဝရအဘ ကယ်တော်မူပါ။ ကျွန်တော် တကယ့်ကို Tattoo ထိုးခံထားရပါလား။ Moral Support ဆို ဆိုပြီး တကယ်တော့ ကျွန်တော့်ကိုသူတို့အပြောနဲ့ဝိုင်းပြီး ရေတိမ်နှစ်သတ်နေကြတာပါလား? 'ပြောပေး'နဲ့'ကြားချင်' အုပ်စုနှစ်စုလုံးဟာမာနတ်ရဲ့တန်ခိုးဖြစ်တဲ့ 'လှည့်စားခြင်း' နိယာမကို အပြည့်အဝကျင့်သုံးနေကြပါလား?။ 'ပြောပေး' ဆိုတဲ့အုပ်စုကတော့ ဧဝအုပ်စုလေ။ စာတန်က လှည့်ဖြားပြီးလို့ စာတန်ခန့်ထားတဲ့ လက်ထောက်တွေပေါ့။ သူတို့ကပြောတဲ့နေရာမှာ ရှယ်တော်တယ်။ ဖုံးမယ်။ ဖာမယ်။ 'အလုံး' ကို 'အပြား' ဖြစ်အောင်ပြောမယ်။ မြှောက်ပြောတဲ့သူတို့စကားတွေကို Moral Support လို့ခေါင်းစဉ်တပ်ကြမယ်။ 'ကြားချင်' ဆိုတဲ့အုပ်စုကတော့ အာဒံလေ။ 'အာပလာ' ဖြစ်နေလို့ အဲ့ဒီသူများရဲ့ Deception  'ဒဏ်'ကို နားက သိပ်ကြားချင်နေတဲ့သူတွေပေါ့။

မှတ်ချက်ချတာကတော့ လာ'ပြောပေး'တဲ့သူတွေကို ဝေဖန်စရာအကြောင်းကိုမရှိဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူတို့က မာနတ်နဲ့ အပေးအယူလုပ်သူတွေလေ။ အပြောခံရတဲ့ ကျွန်တော်တို့ဘဝကိုသာ ကျွန်တော်တို့မှတ်ချက်ချသင့်တယ်။ ဆိုလိုတာက 'ရေတိမ်ဆက်အနစ်ခံပြီး၊ သူများသတ်တာကိုဆက်ငုံ့ခံနေမလား? ဒီအချိုးကိုပြင်မလား? ဆိုတာပါပဲ။

ကဲ...ဒီ Tattoo အပြင်ဘာရှိသေးလဲ။ ဆက်ရှာကြည့်စမ်းလို့ ကိုယ့်ကိုယ်ကို အမိန့်ပေးလိုက်တဲ့အခါမှာတော့ ..ဟော-တွေ့လိုက်ရပြန်ပါပြီ..နောက်တစ်ခု။ 'အားငယ်တတ်တဲ့ Tattoo ' လေ။ အဲ့ဒါလည်း Satanic Deception (စာတန်ရဲ့လှည့်ဖျားခြင်းတမျိုးပဲ) ဘာကိုနေရင်းထိုင်ရင်း အားငယ်နေမိပါလိမ့်..တွေ့ပြီ။ Attention Seeker (အားလုံးရဲ့စိတ်ဝင်စားမှုကို ၂၄။၇ လိုချင်သူ)။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့မိန်းမ၊ အမျိုး၊ မိတ်ဆွေအားလုံးကို လုပ်ကြံလိမ်လည်ထားတာကတော့ 'စိတ်ထိခိုက်တတ်တယ်' ဆိုတဲ့ Tattoo  နဲ့ပဲ။

ပထမွှအေအသသ က သူများက ကိုယ့်ပေါ်လာ လားထိုးသွားတာ။ ဒုတိယွှအေအသသ ကိုမြင်ဘူးတဲ့လူတိုင်းက 'ဟဲ့...မပြောနဲ့လေ။ စိတ်ထိခိုက်သွားမယ်။ ဖုံးကြဟဲ့၊ဖာကြဟဲ့နဲ့ပေါ့' ။ 'ဒါတွေကို တွေ့လိုက်ရတိုင်း ကျွန်တော်ကတော့ ပီတိတွေဖြာလျက်၊ ကျေနပ်လျက်ပေါ့။ ငါ့ကိုဂရုစိုက်ကြပါလားဆိုပြီးဂုဏ်ဒြပ်အပြည့်နဲ့ မျက်နှာမော်လို့ပေါ့။ တကယ်တမ်းကျတော့ နောက်ကွယ်မှာ လူတိုင်းက 'ရှက်တတ်အောင် ကြိုးစားပါစာရင်း' ထဲကို ကျွန်တော့်ကိုသွင်းထားကြတာလေ။ အမှားတွေ...အမှားတွေ။ သိပါတယ် မှားမှန်း။ ဒါပေမဲ့ ကြိုက်တယ်လေ။ ကြားရတာ သိပ်အရသာရှိလို့။

ကဲ...နောက်ထပ်ဘာများရှိဦးမလဲ? ရှာကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာလုံးဝကို ဘာ Tattoo မှထပ်မတွေ့တော့ဘူး။ သေချာရဲ့လား။ ပြန်ဆန်းစစ်ကြည့်ဦးဆိုပြီး စစ်ကြည့်လိုက်တော့ ဟော..တွေ့လိုက်ရပါပြီ။ တတိယနဲ့ နောက်ဆုံး Tattoo ။ ဒါပေမဲ့ ကိုယ်ခန္ဓာပေါ်မှာမဟုတ်ဘူး။ သော့ခတ်သိမ်းထားတတ်တဲ့ စိတ်နှလုံးထဲမှာဝင်ထိုးသွားတာ။ ကိုယ်တိုင်ထိုးတာလဲ မဟုတ်ဘူး။ သူများကဝင်ထိုးတာလဲမဟုတ်ဘူး။ ဒါဆိုဘယ်သူလဲ..ဒီမကောင်းတဲ့အလိမ်မှတ်ချက် Tattoo ကိုထိုးတာ ဘယ်သူလဲ? မကောင်းတာမှန်သမျှရဲ့ ဖခင်ပဲပေါ့။ အလိမ်ရှင် မာနတ်အစုတ်အပြတ်လေ။ ထိုးထားတဲ့ ရေးသွင်းချက်တွေကတော့ ငါဟာ –

* ဆိုးတဲ့ လင်ယောင်္ကျားပါလား?
* ခိုးတတ်တဲ့ဝန်ထမ်းပါလား?
* ရုပ်ဆိုးတဲ့အကျည်းတန် အမည်းစက်တွေ အပြည့်နဲ့ပါလား?
* သေရင် ငရဲကိုရောက်ဖို့ ပိုများပါလား?
* ဘုရားရဲ့ သားဆိုတာ ဟုတ်မှဟုတ်ရဲ့လား?
စဉ်းစားကြည့်ရင် ကြောက်စရာကြီးပါမိတ်ဆွေ။
* စာတန်က ဒီအမှားတွေကို (တတိယ Tattoo အနေနဲ့) စိတ်ထဲမှာ ထိုးထားလိုက်ပြီးနှင့်ပြီ။
* စစ်ကြည့်လိုက်လို့ တွေ့လိုက်ရတာ။
* မစစ်များ မစစ်ရင်တော့...ရင်လေးစရာ။ သေတဲ့အထိပေါ့ ...ရှိနေမယ့်ွှအေအသသ တွေလေ။
* ကိုယ်ကလည်း ကိုယ်ကိုယ်တိုင် ဒုတိယ Tattoo ကိုထိုးပြီး သူများကိုပြပြီး အချက်ပေးထားသေးတယ်။ 'သတိ-စိတ်ထိခိုက်တတ်သည်' တဲ့။
*  သူများရဲ့ လာထိုးတဲ့ ပထမွှအေအသသ ကလည်းရှိနေသေးတယ်။ 'ြ<ွကားနိုင်သမျှြ<ွကားပါ' တဲ့။
*  ဒီကြားထဲ ဘုရားဆီကလာတဲ့ ကောင်းချီးမင်္ဂလာကို စာတန်က လာခိုးတာက ခဏ၊ ခဏ။
* ကိုယ်ပိုင်ဆိုင်တဲ့ အချိန်တွေကို စာတန်က လာလာခိုးပြန်သေးတယ်။

အခုမှပဲ အကျွတ်တရားရပြီး ကိုယ့်ကိုယ်ကို (Fully Scan လုပ်ကြည့်လိုက်တော့) အရာအားလုံးကို လုံးလုံးမြင်မိတော့တယ်။ အမှားကိုမြင်ပြီ။ ဟုတ်ပြီ...ဘာလုပ်မလဲ? အရေးကြုံလာရင် အမြဲတမ်းလုပ်လေ့ရှိတတ်တဲ့ အမှုတော်ဆောင်ကောင်းတစ်ယောက်ရဲ့ စံနမူနာကို ပြန်မှတ်မိလိုက်တယ်။ သူဘယ်တော့မှလူတကာဆီဖုန်းဆက်ပြီး အကူအညီမတောင်းဘူး။ ဒူးထောက်ချလိုက်ပြီး ဘုရားကို ပြောတော့တာပဲ။

ကိုယ့်ဒူးတွေကို အမိန့်ပေးလိုက်တယ်။ 'ဒီ Tattoo (၃)ခု ကိုယ့်ဘဝထဲမှပပျောက်ဖို့ ဒူးထောက်စမ်း' လို့လေ။ ဘုရားဆီမှာ ဝန်ချတော့တာပေါ့။ ဆုတောင်းနေစဉ် အကုန်လုံးဝန်ချတောင်းပန်ပြီး နောင်တရမိတယ်။ ပြန်လည်း မလုပ်ဖြစ်အောင် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုတောင်းဆက်ကပ်မိတယ်။ကဲ...ဆုတောင်းပြီးပြီ။ အခုဘာဆက်လုပ်မလဲ။ ငါဘယ်လို ဒီ Tattoo (၃)ခုကို ပြင်ရမလဲ? စဉ်းစားနေခိုက် ဘုရားရှင်ဝင်လာတယ်။ 'ပျောက်သောသား'ပုံပြင်လေးကို ချက်ချင်းကျွန်တော့်အား အမှတ်ရစေတယ်။ သူပြောခဲ့တဲ့ သူ့ရဲ့စကားလုံးတွေလေ။ တောင်းပန်စကားပြောပြီးရင် 'အဖေ..ကျွန်တော့်ကိုအဖေ့ရဲ့အစေခံ သာသာပဲထားပြီး ပြန်လက်ခံပါ' လို့ ပြောမယ်လို့ကြံစည်ခဲ့ပေမဲ့လည်း 'အဖေ..ဘုရားရှင်နဲ့အဖေ့ကို ကျွန်တော်ပြစ်မှားမိခဲ့ပါပြီ၊ ကျွန်တော့်ကိုသားလို့ခေါ်ဖို့ မထိုက်တန်ပါဘူး' လို့ပဲ ပြောနိုင်ခဲ့တယ်။ Make me like one of your hired man ဆိုတဲ့စကားလုံး (၈)လုံးကို မပြောနိုင်ခဲ့ဘဲ ဘာကြောင့်'ကျွန်တော့်ကို သားလို့ခေါ်ဖို့မထိုက်တန်ပါဘူး' လို့ ပြောပြီး အဆုံးသတ်ခဲ့တယ်လို့ မိတ်ဆွေထင်ပါသလဲ?

ဆိုလိုရင်းက 'ဘုရားနဲ့အဖေကို ကျွန်တော်ပြစ်မှားမိပါပြီ' လို့ ပြောပြီး 'ကျွန်တော့်ကို ကျွန်တစ်ယောက်ကဲ့သို့ ပြန်လက်ခံပြီး၊ ကျွန်တန်းလျားမှာတော့ထားပေးပါ' လို့ နိဂုံးသတ်ပြောပြီး တိုးလျှိုးတောင်းပန်မဲ့ သူ့ရဲ့တောင်းပန်ချက်ပါ။ ဒါပေမယ့် 'အစေခံကျွန်' Tattoo အပိုင်း လုံးဝပျောက်ထွက်သွားတယ်။ဟာလေလုယာ။ အဖေက လုံးဝ အဲ့ဒီစကားလုံး (၈)လုံးကို ပြောခွင့်မပေးလိုက်ဘူး။ ပြောချင်တာက 'ဘုရားနဲ့ အဖေ့ကို ကျွန်တော်ပြစ်မှားမိပါပြီ' လို့တောင်းပန်တဲ့စကားပြော ပြီးတာနဲ့တပြိုင်နက် အဖေဟာ စကားအားလုံးကိုဖျက်တောက်လိုက်ပြီး သားကိုဘာမှဆက်မပြောစေတော့ဘူး။ 'အစေခံကျွန်Tattoo ' လုံးဝမထိုးစေရဘူးလေ။ အဖေ ကိုယ်တိုင်ကလည်း သားကို 'အစေခံကျွန် Tattoo ' မထိုးသလို၊ သားကိုယ်တိုင် သူ့ကိုယ်သူ 'အစေခံကျွန် Tattoo 'ထိုးမှာကိုလည်း လုံးဝမဖြစ်စေလိုက်ဘူး။ အဖေဟာ သားရဲ့ 'အစေခံပဲဖြစ်စေပါရစေ' ဆိုတဲ့စကားကို လုံးဝမထွက်စေဘဲ ပိတ်ပစ်လိုက်တယ်။ ကျေးဇူးကြီးလိုက်တာ အဖေရယ်...။

အဲ့ဒီပျောက်သောသား အိမ်ပြန်လာတဲ့နေ့ဟာ ထိုးထားသမျှ Tettoo အားလုံး ပပျောက်သွားတဲ့နေ့ပါ။
မိတ်ဆွေ ...ဘုရားသခင်ဆီကို ပြန်လာပါ။ ဒီသဘောပါပဲ။
*  ဝက်စားကျက်ထဲမှာ လူးလှိမ့်နေခဲ့ပြီး ဝက်စာ စားခဲ့ရတဲ့ဘဝ (တနည်းအားဖြင့် သူများကျွေးတာစားရတဲ့ဘဝွှအေအသသ တစ်)
* ညဥ့်ငှက်ပြည့်တန်ဆာများနဲ့ တစ်ကုတင်ထဲသွားအိပ်ခဲ့တဲ့ဘဝ (တနည်းအားဖြင့် ကိုယ့်ဘဝကို သူတို့နဲ့ တစ်ဘဝထဲဖြစ်စေအောင် ကိုယ့်ကိုယ်ကို Tattoo ထိုးတဲ့ဘဝ ( Tattoo နှစ်)
* ကျွန်ဖြစ်စေရမယ့်ဘဝ (တနည်းအားဖြင့် စာတန်ပေးတဲ့ အကြံနည်းလမ်းနဲ့ ကျွန်ဖြစ်စေတဲ့ဘဝ Tettoo သုံး)
ဒီလွှိုအေအသသ တွေဘယ်လောက်ပဲ ရှိခဲ့ရှိခဲ့ မိတ်ဆွေခရ
စ်တော်ဘုရားရှင်က သင့်ကို
* သူ့မေတ္တာနဲ့ သူ့ရဲ့ချစ်သားအဖြစ် လက်ခံတယ်။
* သူ့အသွေးနဲ့ ရွေးဝယ်ထားတဲ့သားအဖြစ် သင့်ကိုသူမြင်တယ်။ သူ့အသွေးနွဲှ့Tattoo တွေကို ဆေးပြီးဖျောက်ဖျက်ပစ်လိုက်တာပါ။

ကဲ...မေးပါရစေ ..သင့်မှာရှိတဲ့ ဘာ Tattoo ကိုအခုပဲ ဖျောက်ဖျက်ပစ်ချင်ပါသလဲ ပြောပါမိတ်ဆွေရယ်။
အစိမ်းရောင် Tattoo  နဲ့ မိန်းခလေးရေ ..မင်း Tattoo ရှိရှိသမျှ အားလုံးပပျောက်ပါစေ။

ဘုန်းစည်းစိမ်၌စံပါယ်သောခရစ်တော်၏ကြီးမြတ်သောနာမတော်၌

ဘာသာပြန်ဆိုသူ
Chris Htet Naing U

(အဖိုးဆရာကြီးဦးမောင်ဦးနှင့်အဖွားဆရာမကြီးဒေါ်ခင်ဆုံတို့အားဂုဏ်ပြုလျက် ရေးသားပါသည်။)
(This email address is being protected from spambots. You need JavaScript enabled to view it. သို့တုန့်ပြန်ချက်များကိုပေးပို့ခြင်းဖြင့် အပြန်အလှန်ဆက်သွယ်ကြရအောင်)

THANK YOU & GOD BLESS YOU.