ယေရုဆလင်မြို အဖြစ်ပျက်နှင့်စာလျှင် ဘာမှ မဖြစ်လောက်သေးပါ။

ဆရာ. Lagwi Bawm Luk နှင် ဆရာမြင့်စိုး (BCFF, Daly City, 14-Sep-2008)
ပြန်လည်တင်ပြသည်။

ယေရမိ မြည်တမ်း  ၃း ၂၁ -၂၅ "ထိုသို့ အကျွနိုပ်တို့ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ
မျှော်လင့်စရာ အခွင့်ရှိပါသည်"
ယေရုဆလင်မြို့ကို ဖျက်ဆီးခံရသောအခါ ပရောဖက်ကြီး ယေရမိ
မျက်ရည်ကျပြီး မြည်တမ်းရသည်။ ယေရုဆလင်မြို့ကြီးသည် မြောက်ဖက်မှလွဲလျှင် ဘက်အားလုံး ချိုင့်ဝှမ်းများဖြင့် ရန်သူများကို သဘာဝဖြင့် ကာကွယ်ထားပါသည်။ သို့သော်လည်း မြောက်ဖက်မှ လာသော ရန်သူများကို ဘုရားသခင်စေလွှတ်ခြင်းဖြင့် ဖျက်ဆီးခြင်းခံရပါသည်။ မြို့သားများ နှိပ်စက်ခံရခြင်း၊ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သောသားကို စားရပါမည်လော။ ယဇ်ပရောဟိတ်နှင့် ပရောဖက်သည် ထာဝရဘုရား၏ သန့်ရှင်းရာ ဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော၊ လူအကြီးအငယ်တို့ တုံးလုံးနေရကြပါ၏၊ အကျွနိုပ်တို့ အပျိုနှင့်လူပျိုတို့သည် ထားဖြင့်သေကြရပါပြီ။ မြို့တွင် မြေခွေးများဖြင့် ပြည့်သွားသည် စသဖြင့် ဖျက်ဆီးခံရခြင်းများကို ဖေါ်ပြထားပါသည်။ လက်ရှိ
လောကနှင့်တူသည်ဟု ထင်မိပါသည်။ 

ကချင်သတင်းဌာနအနေနှင့် အသင်းတော်တခုကို အစိုးရမှ ဖြိုဖျက်သိမ်းရန် သဘောတူကြောင်းကို ကချင်သင်းအုပ်ဆရာတပါးက ထောက်ခံစာကြေငြာခြင်းအကြောင်း သတင်းထည့်ရေးပါသည်။ စိတ်ထဲတွင် ထိုသို့အမည်နှင့် ရေးထားခြင်းအတွက် တမျိုးတမည်ခံစားရင်း မိမိမောင်းသော ကား အခြားသူနှင့်တိုက်မိခြင်းဖြစ်ခဲ့သည်။ ထိုသင်းအုပ်ဆရာအကြောင်း သတင်းရေး၍ ယာဉ်တိုက်မှုဖြစ်ရသလား ထင်မိသော်လည်း မဟုတ်နိုင်ပါ။ မှန်ကန်သည့်သတင်းကို ရေးသောကြောင့် ချော်လဲခြင်းဖြစ်သကဲ့သို့ ဖြစ်ပါသည်။ အချို့သောသူများသည် အခက်အခဲများတွေ့ရသောအခါ စိတ်ပျက်ခြင်းများစွာတွေ့ရသည်။ ကားတိုက်ခြင်း၊ နေစရာအိမ်မရှိတော့ခြင်း၊ နာမကျန်းဖြစ်လာခြင်း၊ ဆေးရုံတက်ခြင်း။ အလုပ်ပြုတ်သွားခြင်း၊ ဆေးရုံမှာ Bill ငွေတောင်းခံလွှာ များစွာရောက်လာခြင်း စသဖြင့် အခက်အခဲများတွေ့လာသောအခါ ၄င်းအဖြစ်အပျက်များသည် ခြေချော်ကျခြင်းကဲ့သို့ ခံယူပြီး၊ အလိုတော်အတိုင်း ခံလိုက်ရန်သာဖြစ်ပါသည်။ 

သူများ ခံရစဉ်တွင် ဘုန်းဂုဏ်တော်ထင်ရှားစေခြင်းအတွက် ချီးမွမ်းခံယူရန် ပြောနိုင်သော်လည်း ကိုယ်တိုင်ခံလိုက်ရစဉ်တွင် ဘာမှမပြောနိုင်တော့ပါ။ ကျေးဇူးတော်လည်း မချီးမွမ်းနိုင်တော့ပါ။ သို့သော် နှလုံးသားတွင်း ဘုရားသခင်ရှိနေပါက လောက ဒုက္ခများတွင် ကျေးဇူးတော်ကို ချီးမွမ်းနိုင်မည်ဖြစ်ပါသည်။

ဘုရားသခင်ကိုမျှော်လင့်သောသူများသည် ငြိမ်သက်ခြင်းကိုရပါသည်။ ဟေရှာရ ၄၀ တွင် ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်၊ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသော်လည်း မမောကြ။ မိမိတို့ ဘ၀တွင် မျှော်လင့်ခြင်းများနှင့် အသက်ရှင်နေရပါသည်၊ ဆန်ဖရန်စစ္စကို မြို့တွင် အိမ်ခြေမရှိသူ Homeless များစွာ ရှိပြီး လူများထံမှတောင်းစားနေသည်ကို တွေ့ရသည်။ ထိုသူများ ဆိုင်းဘုတ်တခုကို ထောင်ထားသည်ကို ကြည့်မိရာ  Homeless but not Hopeless ဟုရေးထားသည်ကို မှတ်သားမိပါသည်။

ကျွနိုပ်တို့ ခံရသော ဆင်းရဲဒုက္ခများသည် ယေရုဆလင်မြို အဖြစ်ပျက်နှင့်စာလျှင် ဘာမှ မဖြစ်လောက်သေးပါ။

သို့သော် မျှော်လင့်ချက်ရှိပါသည်။ A slip, Not a Fall ဟူသော
ဒေသနာကို အခက်အခဲများတွေ့နေသူများ အတွက် ခြေချော်ခြင်းပုံပမာနှင့်ယှဉ်ပြီး  "ကမ္ဘာကိုပြောင်းလဲ
ရန်ရည်ရွယ်လုပ်ဆောင်သူ၏ သေခါနီးမှ မိမိကိုယ် ပြောင်းလဲအောင်လုပ်ဖို့ သတိရခြင်းဥပမာ"  နှင့်
ယေရမိမြည်တမ်း ကဗျာ၅ပုဒ်အကြောင်း အားပေးပြောကြားသွားခဲ့ပါသည်။
Praise Songs (Web Link)

မှတ်ချက်။
ဆရာဘောင်လု Lagwi Bawm Luk  သည် စင်ကာပူနိုင်ငံတွင် နှစ်အတန်ကြာနေထိုင်ခဲ့ပြီး အမေရိကားသို့ ပြောင်းရွေ့အခြေချနေထိုင်ခဲ့သူဖြစ်ပါသည်။ စင်ကာပူနိုင်ငံ ဂျပ်ဆန်မြန်မာနှစ်ခြင်းအသင်းတော်မှ ဆရာသြဂတ်စတပ် မှ ဆရာဘောင်လုတို့ မင်္ဂလာပွဲကို စင်ကာပူနိုင်ငံ ကပ်ဘာကမ် ကချင်နှစ်ခြင်းအသင်းတော်တွင် လက်ထပ်ထိမ်းမြှားပေးခဲ့ပါသည်။ ယခုအခါ (၂၀၀၉) ဆန်ဖရန်စစ္စကို ဒေလီစီးတီးမြန်မာအသင်းတော် BCFF တွင်အမှုတော်ထမ်းဆောင်လျှက်ရှိပါသည်။
Daly City BCFF New Year 2009


မှတ်ချက်။
ဆရာလုခ် (Bawn Luk Lagwi @ Ba Aung) BCFF Daily City Burmese Fellowship Ordination အခန်းအနားကို 25-March 2012  6pm (Sunday) တွင် ဆန်ဖရန်စစ္စကို ကိုးရီးယားနှစ်ခြင်းအသင်းတော်တခု Korean First Baptist Church of San Francisco, 220 Avalon Drive, CA 94015  Contact: 1 (510) 789 9275, 1(650) 515 1434  တွင် ပြုလုပ်မည်ဖြစ်ပါသည်။ အားလုံးလာနိုင်သူများအတွက် ဆရာလုခ် ကိုယ်စားဖိတ်ကြားပါသည်။

ဆရာလုခ်သည် ဒေလီစီးတီးမြိုရှိ လူသာရီယန်အသင်းတော်တွင် မြန်မာမိသားစုမိတ်သဟာရကို ဆရာ၆ပါးဖြင့် ၀တ်ပြုကိုးကွယ်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ၂၀၀၈တွင် ဆရာဦးဘရွှေ၊ ဆရာဦးမြအေး၊ ဆရာမဒေါ်ခရစ်စတင်းအန်း၊ ဆရာဆလိုင်းမြင့်စိုး၊ ဆရာမတ်မို၊ ဆရာဘောင်လုခ် .. ၆ပါးတို့ဖြင့် ကိုးကွယ်ဝတ်ပြုခဲ့သောအသင်းတော်တခုဖြစ်သည်။ ဆရာလုခ် ဆန်ဖရန်စစ္စကိုသို့ ရောက်ပြီး၊ ကချင်လူမျိုးစုများနှင့် နှစ်စဉ် ကချင်အခန်းအနား၊ ကိုးကွယ်ဝတ်ပြုခြင်းများ၊ လူမှုရေးများကို လုပ်ဆောင်ခဲ့ပြီး၊ မြန်မာအသိုင်းအ၀ိုင်းတွင်လည်း တက်ကြွ၊နိုးထစွာနှင့် ပါဝင်ကူညီလေ့ရှိပါသည်။ ကချင်တူဒေး အဇွဲ့အားဖြင့် စည်းရုံးလုပ်ဆောင်ခဲ့ပါသည်။ ဆန်ဖရန်စစ္စကို Baptist Seminary မှ အချိန်ပြည့် M.Div ဆည်းပူး၊ ဘွဲ့ရရှိခဲ့ပါသည်။   ဆန်ဖရန်စစ္စကိုတွင် တဦးတည်းနေထိုင်သော်လည်း စင်ကာပူ၊ကချင်မိတ်သာဟာရတွင် လက်ထပ်ခဲ့သော သူ၏ဇနီးနှင့် သားငယ်တို့ရှိရာ ထိုင်းနီုင်ငံသို့ နှစ်စဉ်သွားရောက်တွေ့ဆုံလေ့ရှိသည်။ ၂၀၁၀တွင် ၁၀စုနှစ်ခွဲခွာနေထိုင်ခဲ့ရသော ဆရာလုခ်မိသားစု၊ ဆန်ဖရန်စစ္စကိုတွင် ပြန်လည်ဆုံစည်းနေထိုင်ရပြီနောက်၊
D.Min မာစတာဘွဲ့အတွက် ဆက်လက်ဆည်းပူးလျှက်ရှိသည်။ ကျေးဇူးတော်ချီးမွမ်းပါသည်။

ဆရာဘောင်လု၏ သိက္ခာတင် အခမ်းအနားအတွက် အားလုံးသတိရဆုတောင်းပေးပါရန်

နာမတော်အားဖြင့်
ဇော်အောာင် (မုရန်၊ အယ်ဒီတာအဖွဲ့)