တရုပ်နှစ်သစ်ကူ-စင်ကာပူယုဒသန်အသင်းတော်မှဖိတ်ခေါ်ခြင်း (7 Mountains - David Lah)



နှစ်စဉ် တရုပ်နှစ်သစ်ကူးရုံးပိတ်ရက်ဆိုရင် စင်ကာပူ၊မလေးရှားနိုင်ငံရောက် မြန်မာခရစ်ယာန်အသင်းတော်၊ မိတ်သဟာရများဟာ Family Camp, Bible Study, Retreat စသဖြင့် စုစည်းလုပ်ဆောင်ကြပါတယ်။ ဒိနှစ် စင်ကာပူမှာလည်း အီလင်းအသင်းတော်၊ ကရင်အသင်းတော်များ၊ ကချင်အသင်းတော်၊ လစ်တဲမြန်မာ၊ ဂရေ့စ်မြန်မာ၊ စီအိုအက်မြန်မာ စသဖြင့် များစွာသောမြန်မာကျမ်းစာလေ့လာခြင်းများကို ဓမ္မဆရာများအားဖိတ်ခေါ်၊ ဒေသနာ၊ ကျမ်းစာလေ့လာခြင်းများလုပ်ဆောင်ကြပါတယ်။

စင်ကာပူယုဒသန်အသင်းတော်မှ ၄ရက်လုပ်ဆောင်မဲ့အစီအစဉ်ကို အသင်းတော်လူငယ် ဖေ့စ်ဘုတ်မှကူးယူရရှိပါတယ်။
၂၁ရက်နေ့၊ စနေနေ့ ည၇း၃၀နာရီမှ၉နာရီ - ဆရာဒေးဗစ်လား
၂၂ရက်နေ့၊ တနင်္ဂနွေနေ့ ညနေ၅း၃၀မှ၈နာရီ - ဆရာဒေးဗစ်လား
၂၃ရက်နေ့၊ အင်္ဂါနေ နေ့၁၀-၁၃နာရီ၊ ည၇း၄၅-၉း၃၀နာရီ - ဆရာဒေးဗစ်လား၊ ညနေ ၃-၅နာရီ ဆရာသြဂတ်စတပ်၊ဆရာတိုးစက်
၂၄ရက်နေ့၊ ဗုဒ္ဓဟူး နေ့ န့၁၀-၁၃နာရီ၊ ည၇း၄၅-၉း၃၀နာရီ - ဆရာဒေးဗစ်လား ညနေ ၃-၅နာရီ ဆရာမျိုးသူ၊ ဆရာရဲဝင့်လတ်
၂၃၊၂၄ ညနေ၆း၄၅-၇နာရီ ဆရာမင်းအောင်သက်လွင်

7 Mountains Sermon ဆဲဗင်းမောင်းတိန်းကျမ်းစာလေ့လာခြင်းကိုဟောပြောပို့ချပါမယ်။
ဆရာဒေဗစ်လားဟာ ကနေဒါနိုင်ငံမှ မြန်မာပြည်နှင့်တကမ္ဘာလုံးရှိ မြန်မာအသင်းတော်များထံ တရားဒေသနာဟောကြားနေသူဖြစ်သည်။ အဆိုတော်စံပီးက လတ်တလော ဆရာဒေးဗစ်လားနှင့်အတူမြန်မာပြည်ခရီးစဉ်တွင် စကော်ပီယံဂိုဏ်းသားများမှ နောင်တရပြောင်းလဲလာသူ၂ဦး ကိုရဲနိုင်တို့အကြောင်းကိုလည်း သက်သေခံ၊သီဆိုချီးမွမ်းခဲ့ပါသည်။

လာရောက်ကြားနာပြီး မိသားစုအချိန်များကို ခံစားမျှဝေနိုင်ရန် မုရန်မှ သတင်းအဖြစ်တင်ပြပါသည်။
၂၃၊၃၄ (၂)ရက်အတွက် အစီအစဉ်များ မနက်၉နာရီမှ ည၉နာရီအထိရှိရာ မနက်စာ၊နေ့လည်စာ၊ညစာများကို ပြင်ဆင်ထားပါသည်။ ၀င်ကြေးမရှိပါ။
နေရာ အမှတ်၄၅၊ သော်မဆွန်လမ်း  No.45 Thomson Road, 5 mins walk from Novena MRT
Website:  http://jbcs.org.sg  

Download CNY2012.Program - click here

မုရန်