တဏှာနဲ့ပါဝါ (၂) သခင့်စကား(အယ်ဒီတာ - မင်းအောင်သက်လွင်)


ကျနော့် လက်ကိုင်ဖုန်းထဲကို အမည်မသိ ဖုန်းတစ်လုံးက လှမ်းခေါ်လို့ထူးလိုက်မိတဲ့အခါမှာတော့ တဖက်က မိန်းကလေး တစ်ယောက်က သူ့နာမည် အရင်းနဲ့စပြီး မိတ် ဆက်ပါတယ်။ ပြီး သူ့ရင်ထဲက ပူလောင်မှု နောင်တ တရားနဲ့ မှားမိခ့တဲ့ဲ အမှားအတွက် ဘုရား သခင်ထံ ဝန်ချတောင်းပန်ရင်း လူရှေ့ ဘုရားရှေ့မှာ ဝန်ခံဖို့ ပြောဆိုလာတဲ့အပြင် သူ့လို အမှားမျိုး သူများတွေနောက်ထပ် မမှားဖို့နဲ့ သူ့လို မှားနေတဲ့သူတွေလဲ နောင်တနဲ့ ဘုရားသခင်ဆီ ပြန်လာဖို့ သက်သေခံ ရေးသားချင်တဲ့ အကြောင်းပြောလာပါတယ်။ သက်သေခံသူ flower ရဲ့ ဒီစာလေးကို ရေးသားရတဲ့ ရည်ရွယ်ချက်ကတော့ သူမှားမိတဲ့ အမှားကို ဘုရားရှေ့ လူရှေ့မှာ ဝန်ချဖို့နဲ့ သူ့လို မမှားဖို့ အသိပေးချင် တာ ဖြစ်တာမို့ သူ့ရဲ့ရည်ရွယ်ချက်လေးကို သဘောကျမိလို့ သူ့ရဲ့ ဖြစ်ရပ်မှန်ခံစားချက် သက်သေခံချက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ဆိုင်မှု ရှိလို့အမှားအယွင်း ပါခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။ မီးကိုပူမှန်းသိလျက်နဲ့ တိုးဝင်မိတ့ပဲိုးဖလံ Flower

တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။ ဒါမှမဟုတ် နောင်တ ရပြီး တို့လို သက်သေ ခံပါ။ လူကြီးတွေပြောတာ သိပ်မှန်တာဘဲနော်။ နောင်တ ဆိုတာ နောင်မှ ရတာတဲ့။ တော်တော်မိုက်တဲ့ ဒို့။ သိလျက်နဲ့ အပြစ်လုပ်မိတဲ့ ဒို့။ အခုရင်ထဲမှာ အရမ်း မွန်းကျပ်ပြီး မခံစားနိုင်တော့လို့ ဆရာမျိုးသူနဲ့ ဆရာမင်းအောင်သက်လွင်တို့ကို ရင်ဖွင့် ပြောပြမိတယ်။ ပြီးတော့ ဆရာတို့အားလုံးရဲ့ သွန်သင်လမ်းပြမှုကိုလဲ လိုချင် တယ်။ ဒါပေမဲ့ ဘုရား သခင်ဆီမှာ ဆုတောင်းပြီးမှ ဆရာတွေကို ပြောပြပါတယ်။ ဆုတောင်းပေးတဲ့ ဆရာမျိုးသူ ကိုကျေးဇူး တင်တယ်။ ဆက်ပြီးဆုတောင်းပေးပါ။ ဒီ သခင့်စကားကို ဦးဆောင်ပြီး တကယ့်စေတနာ အပြည့်အဝနဲ့ ယုံကြည်သူတွေ ရင်ဖွင့်လို့ ရအောင်။ သက်သေခံလို့ ရအောင်မေတ္တာ စိတ်နဲ့ ကူညီဆောင်ရွက်ပေးတဲ့ ဆရာမင်းအောင်သက်လွင်ကို ကျေးဇူး တင် လို့မဆုံးပါဘူး။ ဒို့ အကြောင်းရေးပြရရင်တော့-- လူတွေဟာလေ သိပ်ခက်တာဘဲ။ ပြောရင် လဲမကောင်းဘူး။ အဲဒီအထဲမှာ ဒို့လဲ အပါအဝင် တစ်ယောက်ဘဲ။ ဒို့လေ ပထမတော့ဒီအကြောင်း မရေးချင်ဘူး။ ဒါပေမဲ့ ဒို့အပါအဝင် စင်ကာပူမှာ ဘဝတူ အလုပ် လုပ်နေ ကြတဲ့ညီအစ်မတွေ သင်ခန်းစာ ယူလို့ရအောင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြီး ရေးသားလိုက်တာပါ။ ဒို့လို ရင်ဆိုင်နေရမယ်ဆိုရင် ဆုတောင်းပြီး ဝန်ချတောင်းပန် လိုက်ပါ။ ဘုရားသခင်ဟာ အချိန်တိုင်း ကောင်းမြတ်ပါတယ်။ ဖုန်းက အစ ပြဿနာ စ ၊ ကိုင်မိပါက ဒုက္ခ ရ။ ပြင်မရတဲ့ အမှားများ ၊ မီးပွာေးလးလို ပူခြစ် သွား။

စ ရေးရရင် ဖုန်းက တဆင့် ခင်မိပြီး ချစ်သွားမိပါတယ်။ ထွက်ပေါက်ရှာတာလား။ ဘာလားတော့ ပထမ မသိပါဘူး။ နောက်တော့ တဆင့်ပြီး တဆင့် တက်သွားတယ်။ နယ်ကျွံကာ ဟော်တယ်အထိ ရောက်သွားပါတယ်။ သိပ်မိုက်တဲ့ ဒို့ပါ။ ပြီးတော့ဒို့က အပျိုလဲ မဟုတ်။ အိမ်ထောင်သည်။ ကလေး၂ယောက် အမေပါ။ အဲဒါ သူ့ကိုလဲပြောပြတယ်။ သူက ဒို့ဘက်က ဘာဘဲ ဖြစ်နေ ဖြစ်နေ ရအောင် ယူမယ်တ့။ဲ ကလေး၂ယောက်ကိုလဲ တာဝန်ယူမယ်ပေါ့။ ဒါပေမဲ့ ဒို့ မပျော်ဘူး။ ဒို့က အမြဲတမ်းဘုရားကျောင်း သွားပြီး။ အိမ်ရှင်တွေနဲ့လဲ အလုပ်ထဲမှာ အဆင်ပြေနေတဲ့သူပါ။

နောက်တော့ ကျမ်းပိုဒ် တစ်ခုကို ဖတ်မိပြီး အရမ်း တုန်လှုပ်သွားခ့မဲိပါတယ်။ အ့ဒဲီ ကျမ်းပိုဒ်လေးကတော့ ၁ကော ၆း၁၃-၂ဝ (ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဖို့ ဖြစ်သည်မဟုတ်--- မတရားသော မေထုန်ကို ကြဉ်ရှောင်ကြလော့။--- )ချစ်သော ညီအစ်မများဖတ်ကြည့်ကြပါ။ ဒို့ အခု နောင်တ အကြီးအကျယ် ရသွားပါပြီ။ စဉ်းစား ကြည့်လေ။

ဘုရားသခင်က သူ့ပုံနဲ့အညီ ဒို့လူသားအားလုံးကို ဖန်ဆင်းခ့တဲ ယ်။ ဒါပေမဲ့ ဒို့တွေက ညစ်ညူးအောင် လုပ်နေကြမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ ခရစ်တော် အနေနဲ့ မသင့်တော်ပါဘူး။ ပထမတော့ သူက ဒို့ကို အရမ်းချစ်တယ်လို့ပြောခြ့တယ်။ အောင်မယ်လေးချစ် လိုက်တာမှ တုန်နေတာဘဲတ့။ဲ တော်တော် ရယ်ရပါတယ်။ ချစ်မှာပေါ့ သူလိုချင်တာရနေ တာကိုး။ သူ့လိုအင်ဆန္ဒတွေ ပြည့်ဝတုံး ပျော်မှာပေါ့။ နောက်တော့ ဒို့အမှားတွေ သိလိုက်တဲ့ အချိန်မှာတော့ မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်တယ်။ သူအရမ်း ဒေါသ ထွက်ပြီးအော် လိုက်တာ တကယ့် ကျားတိရိစ္ဆာန် အတိုင်းဘဲ။ ရှိသေးတယ် အဲဒီက စပြီး ညစ်တီးညစ်ပတ် စကားတွေ ပြောလိုက်တာမှ အိုး စုံလို့ဘဲ။ ချစ်သော ညီအစ်များ ဒို့လို အဖြစ်မျိုးကြုံခ့ရဲ င် မကြောက်ပါနဲ့။ ဘုရားသခင်ဟာ ဒို့ရဲ့ ကွယ်ကာရာ ပါဘဲ။ ဒီဇာတ်လမ်းကမပြီးသေးပါဘူး။ ဒို့ တင်မကဘူး၊ အခု သတင်းထွက်နေတာ စုံနေတာ ဘဲ။ ယုံကြည်သူမိန်းကလေးတစ်ချို့ ဘုရားကျောင်းက အပြန်မှာ အပျော်ရည်းစားနဲ့ တွဲသွားတွဲလာလုပ်တယ် ဆိုပြီး သွားပုပ်လေလွင့် ပြောနေကြပါသေးတယ်။ ရှက်လိုက် တာ။ မလုပ်ကြပါနဲ့တော့။ ဒို့လဲ မလုပ်တော့ဘူး။ မမိုက်တော့ဘူး။ ဒို့ရဲ့ ခင်ပွန်းသည်ကို ပြစ်မှားမိတဲ့အတွက် အရမ်းခံစားရတယ်။ သူကတော့ မြန်မာပြည်မှာ ဘာမှ မသိရှာပါဘူး။ အခု သူကဒို့ကို ခြိမ်းခြောက်တယ်။ သူနဲ့ အတူတူ မအိပ်ရင် တို့ အလုပ် လုပ်နေတဲ့ အိမ်အထိလိုက်လာပြီး ဒို့သူဌေး ရှေ့မှာ ဒို့ကို အရှက်ခွဲမယ်။ အလုပ်ပြုတ်အောင်လုပ်ပြီး မြန်မာပြည်ကို ခေါ်သွားမယ်တဲ့။ ဟားဟားဟား။ အရူး၊ စင်ကာပူမှာ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။

ပြီးရင် ဒို့နာမည် ပျက်အောင် ဖျက်ဆီး မယ်တဲ့ လုပ်ပါစေ။ ဘုရားသခင်က နောင်တရပြီးပြန်လာတဲ့ သူ့သားသမီးတိုင်းကို လက်ကမ်း ကြိုဆိုလျှက်ပါ။ ဒို့ကို ရန်သူရှေ့မှာ လဲကျခွင့်မပေးဘူးဆိုတာ ဒို့ ယုံကြည် တယ်။ ဒီစာကိုဖတ်ပြီး ဒို့ကို အထူး ဆုတောင်းပေးပါ။ ဒီနေ့မှစပြီး ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်တော့မယ်။ မလိမ္မာ တစ်ခါမိုက်တ့။ဲ ဒို့မိုက်ပြီးရင် အခုအားလုံး ပြင်လိုက်ပြီ။ မိုက်တယ်ဆိုတာ မကောင်း ဘူးနော်။ အထူးသတိပေးချင်တာက မယုံကြည်သူ ရည်းစားတွေ ဘယ်လောက် ပြောပြော မယုံပါနဲ့။ မချစ်မိခင် အရင် စဉ်းစားပါ။ စပြီး မချစ်တာက အကောင်းဆုံးပါ။ သူက အားတိုင်း ဒို့ကိုခေါ်တယ်။ ဒါပေမဲ့ ဒို့က ၂လ ၃လ မှ တစ်ခါသူနဲ့ လိုက်သွားတယ်။ တစ်နှစ် လောက်ရှိပြီ။ အဒဲီလို ရံရွှာပြီး စက်ဆုပ်ဘွယ် ကောင်းတဲ့ အလုပ်နဲ့ နေရာကို ဘယ်တော့မှ မသွားတော့ဘူး၊ မလုပ်တော့ဘူးလို့ ဘုရား ရှေ့ လူရှေ့မှာ သခင့်စကားစာစောင် ကနေပြီး။ သက်သေခံ လိုက်ပါရစေ။ ကောင်း ကောင်း မွန်မွန်ဘဲ အသက်ရှင်တော့မယ်။ အမိုက်မ ဒို့အတကွ် ဆုတောင်း ပေးကြပါ။ ခွင့်လွှတ်ကြပါလို့။ လူဆိုတာ ကိုယ်စိုက်တဲ့အတိုင်းရိတ်ရမယ်။ ကောင်းပြီး အသီးအနှံ ပြည့်ဖြိုးတဲ့ စပါးဘဲ ရိတ်ချင်တယ်။ ငရဲ မသွားချင်ဘူး။

ကောင်းကင်နိုင်ငံဘဲ သွားချင်တယ်။ နေပူရင် အားတွေ ကုန်ခမ်းပြီး မောတတ်တ့ဒဲို့၊ ငရဲမီးဆိုရင်တော့ မတွေးရဲ စရာဘဲ။ နောင်တနဲ့ ဘုရားသခင်ဆီ ပြန်လာကြပါလို့။ ဒို့လို နောင်တရပါ လို့ ရင်ထဲမှာ မွန်းကျပ်နေရင် ဆရာတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး ဆုတောင်းခိုင်းပါ။ ဘုရားသခင်က သင့်ရဲ့ ဝန်ထုတ်တွေကို ပေါ့သွားအောင် တကယ် လုပ်ပေးမှာ ပါ။ ဒို့မိဘတွေ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဘုရားရှင်ရဲ့ ဘုန်းတော် ရှုတ်ချမခံရဖို့၊ မိဘ စိတ်မဆင်းရဲဖို့၊ ခင်ပွန်းသည် စိတ်သောက မရောက်ဖို့၊ ကလေး၂ယောက်ပထွေးနဲ့ မနေရဘဲ။ အဖေအရင်းနဲ့ နေရဖို့-- အားလုံး အားလုံးသော လုပ်ခ့သဲ မျှအမှားတွေကို ဝန်ချလိုက်ပါပြီ။ ဒို့ လုံးဝ မဟုတ်တာ မလုပ် တော့ ပါဘူး။ ဒီ သက်သေခံချက်ရေးပြီးတဲ့အချိန်မှာ ဒို့ စိတ်တွေ တည်ငြိမ်သွားပါပြီ။ ကျေးဇူးတင်ပါတယ် သခင်။ ပွင့်သောပန်းတိုင်းမွှေးကြပါစေ။ အာမင်။ ယေရှုနာမဖြင့် - Flower

သခင်စကား၊ ဒီဇင်ဘာ၂၀၁၁မှတဆင့်ဖေါ်ပြသည်။
http://thelordword.com/documents/lw134.pdf




http://thelordword.com