ဘုရားသခင်ရှာနေသောသောနှလုံးသား - ဒေဗစ်လား


Rev David Lah's Bible Study (Prepared by လောမဲ)

ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌၊ ခိုင်ခံ့စွာနေခြင်းငှါ၊ မြေကြီးတပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက်ရှိတော်မူ၏။ ဒုရာဇ၀င်ချုပ် ၁၆း၉

ဘုရားသခင်သည် သူ့အတွက် နှလုံးသားတခုလုံးကိုဆက်ကပ်မည့်သူ၊ နှလုံးသားကိုအကြွင်းမဲ့ဆက်ကပ်မည့် သူများ၊ နှလုံးသားကိုဘုရားသခင်အားလုံးလုံးလျားလျားရာနှုန်းပြည့်ဆက်ကပ်မည့်လူသားများ၊ ဘုရားသခင် တွင်စိတ်နှလုံးပြင်းပြနေသူများ၊ ဘုရားသခင်တွက်အသင့်ရှိနေသောနှလုံးသားများကို  မြေကြီး တပြင်လုံးမှာ ရှာလျှက်ရှိနေပါသည်။ ထိုသို့သောသူများကိုဘုရားသခင်သည်သူတို့ဖက်မှရပ်တည်လျှက် ကောင်း ကြီးပေး ရန်အလိုတော်ရှိသောဘုရားဖြစ်ပြီး၊ သူ့သားသမီးများကိုရွေးကောက်ပြီးချီးမြှောက်ခြင်သောဘုရား၊ သူတပါး ရှေ့မှာသူ့သားသမီးများကိုမျက်နှာရခြင်သောဘုရား၊ သူတပါးရှေ့မှာအမြှီးမဖြစ်စေဘဲ ဦးခေါင်းဖြစ်စေခြင် လျှက်ချီးမြှောက်ခြင်သောဘုရား၊ သူတပါးအသက်တာနှင့်မတူသောတမူထူးခြားသောအသက်တာဖြင့်ချီး မြှောက်ခြင်သောဘုရားဖြစ်ပါသည်။

စုံလင်သောစေတနာစိတ်ရှိပြီး နှလုံးသားမှန်ကန်သော လူငယ်သုံးဦးဘက်မှာ ဘုရားသခင်ရပ်တည်ကြောင်း ဒံယေလအနာဂ္ဂတိကျမ်း ၃ မှာတွေ့နိုင်ပါတယ်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ ဆိုသောလူငယ်  ၃ဦး ဘုရားသခင်ပေါ်မှန်ကန်ကန်သောနှလုံးသားဖြင့် ခိုင်မာစွာရပ်တည်လျှက် အခြားသောဘုရားကိုကိုးကွယ်ရန် ဘုရင်၏အမိန့်ကို လွန်ဆန်သဖြင့် မီးတွင်းသို့ ချပစ် ခြင်းခံရသော်လည်း ဘုရားသခင်သည် မီးတွင်း ထဲထိ ဆင်းလာပြီးသူတို့ဘက်တွင် ခိုင်ခန့် စွာရပ်တည်ခဲ့ပါသည်။ ဘုရားသခင်သသည် ထိုလူငယ် ၃ဦးကိုဘဲ ကောင်းကြီးပေးခြင်သောဘုရားမဟုတ်ပါ။ ကျနော်၊ ကျမယောက်စီတိုင်း၏အသက်တာတွင် ထိုကဲ့ သို့သော ကောင်းကြီးမင်္ဂလာများပေးလျှက်ရပ်တည်ခြင်နေပါသည်။

မီးတွင်းထဲမှ သခင်ယေရှုနှင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ

ခြင်္သေ့တွင်းထဲသို့ချခံရသော ဒံယေလ၊ မီးတွင်းထဲသို့ချခြင်းခံရသော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ အဖြစ်အပျက်များကို ပုံပြင်တခုလိုသဘောထားခြင်းထက် ယခုခေတ် ကျနော်တို့ယုံကြည်သူသားသမီးများ အသက်တာတွင် ဖေါ်ပြနိုင်ရန် ဆက်ကပ်မည့်နှလုံးသားများကို ဘုရားသခင်ရှာဖွေနေပါသသည်။  ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ ကဲ့သို့အဖြစ်အပျက်များကို ပုံပြင်လိုသဘောထားခြင်းထက် ယခုခေတ် ကျနော်၊ ကျမတို့အသက်တာတွင် ဘုရားသခင် ဖေါ်ထုတ်သက်သေပြခြင်နေပါသည်။

ခြင်္သေ့တွင်းထဲမှဒံယေလ

ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။           ရောမ ၈း၃၁

အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊ ဆာလံ၂၃း၎

ဤကျမ်းပိုဒ်၏သက်သေသာဓကအဖြင့် ဒါဝိဒ်၏လူငယ်အသက်တာကို လေ့လာနိုင်ပါသည်။ ဒါဝိတ်သည် ဘုရားသခင်ပေါ်တွင်ထားရှိသောသူ့စိတ်နှလုံးအားကြီး၏။ ဘုရားသခင်သည် သူနှင့်ရှိမှရှိပါ့မလားဆိုသည့် သံသယစိတ်လုံးဝမရှိ။ ဘုရားသခင်မှစိတ်အားကြီးသဖြင့် စော်ကားနေသောဂေါလျကိုတိုက်မည်ဟုပြော သောဒါဝိဒ်၏စကားကို သူ့အကိုများကမာနထောင်လွှားသောစကားဟုအပြစ်တင်ခဲ့ပါသေးသည်။ စစ်ဝတ် တန်ဆာမပါဘဲ ဂေါလျတ်ရှေ့ရောက်သော ဒါဝိဒ်သည် ဘုရားသခင်၏နာမကို ဖေါ်ပြခြင်းသည် နာမတော် အားချီးမွမ်းခြင်းပင်ဖြစ်သည်။

ဒါဝိဒ်ကသင်သည်ထား၊ လှံ၊ ကိဒုန်ပါလျက်ငါ့ထံသို့လာ၏။ ငါသည်သင်ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ဓမ္မရာဇဝင်ပဌမစောင် ၁၇း၄၅

ဘုရားသခင်တွင်စိတ်အားကြီးခြင်းဆိုသသည်မှာ အလကားနေအလကားရှောက်ကြွားသည့်လူမဟုတ်၊ ဟောင်ဘွါဟောင်ဘွါစကားလည်းမပြောတတ်ပါ။ ဘုရားသခင်တွင်စိတ်အားကြီးခြင်းသည် ဘုရားသခင်ကို ယုံကြည်အားကြီးသူ၊ ဘုရားသခင်ပါလျှင်အရာခတ်သိမ်းကိုတတ်နိုင်ကြောင်းယုံကြည်သူ၊ အရာခတ်သိမ်း တွက် ဘုရားသခင်ကို ကိုးစားသူ၊ ဘုရားသခင်ပါလျှင်ဘယ်အရာမဆိုရင်ဆိုင်နိုင်သူ၊ ပြသာနာတခုဖြစ်လာ ရင် ထိုပြသာနာသည် ဘုရားသခင်ထက်မကြီးမြတ်ကြောင်းနားလည်ထားသူဖြစ်ပါသသည်။

ဒါဝိဒ်နှင့်ဂေါလျတ်

ဘုရားသခင်ထံတွင်စိတ်အားကြီးရန်စုံလင်သောနှလုံးသားရှိရန်လိုပါသသည်။

ထို့ကြောင့် အဓိကကျသည့်အချက်သည် သင်၏နှလုံးသားပင်ဖြစ်သည်။ သင်နှလုံးသားတွင်အဓိက စွဲကပ် သည့်အရာသည် ဘယ်အရာနည်း၊ သင့်နှလုံးသား၏အလိုခြင်အတောင့်ဆုံးအရာသည် ဘယ်အရာနည်း။ သင့်နှလုံးသားမှအချစ်ဆုံးပုဂ္ဂိုလ်သည် မည်သူနည်း။ သင်တန်ဖိုးအထားဆုံးအရာပုဂ္ဂိုလ်သည်မည်သူနည်း၊ သင့်နှလုံးသားမှအစွဲလမ်းဆုံးသူသည်ခရစ်တော် ဖြစ်နေလျှင်၊ သင်အလိုအပ်ဆုံးအရာသည် ခရစ်တော်ဖြစ် လျှင်၊ သင်၏အချစ်ဆုံးသည်ခရစ်တော်ဖြစ်လျှင်၊ သင်၏အရာခပ်သိမ်းဟာခရစ်တော်ဖြစ်နေလျှင် သင်၏စိတ် နှလုံးသည်ပြည့်စုံသော စိတ်နှလုံးဖြစ်ပြီး ထိုစိတ် နှလုံးကို ဘုရားသခင်က ကာကွယ်ခြင်၊ ထိုစိတ်နှလုံးကို ဘုရားသခင်ကကောင်းကြီးပေးပြီး ချီးမြှောက်ခြင် သောဘုရားဖြစ်သည်။

လုပ်ရပ်ဘယ်လောက်ဘဲမှန်မှန် နှလုံးသားမမှန်ပါက ဘုရားသခင်ဘယ်လိုမှကောင်းကြီးပေးလို့မရပါ။ ဥပမာ အနေဖြင့် ရှင်ပေါလုကိုကြည့်နိုင်ပါသည်။ ပေါလုသည် ခရစ်တော်မသိခင် သူ၏အမည်မှာ ရှောလုဖြစ်၏။ ရှောလုသည် ဘုရားတွင်စိတ်အားကြီးသူတယောက်ဖြစ်ပြီး ယုံကြည်သူခရစ်ယာန်များကို လိုက်သတ်နေသူ ဖြစ်သည်။ သူသည်ဂျုးလူမျိုးတဦးဖြစ်ပြီး ဖန်ဆင်းရှင်ထာဝရဘုရားကိုယုံကြည်ပြီး စိတ်အားကြီးသူဖြစ်သည်။ နှလုံးသားမှန်သော်လည်း လုပ်ရပ်မှားသဖြင့် ဘုရားသခင်ကိုယ်တိုင်အတွေ့ခံပြီးပြုပြင်ခဲ့ပါသဖြင့် ရှောလုမှ ပေါလုသို့ပြောင်းလဲခဲ့ပြီး သေသိအထိခရစ်တော်၏ဒေသနာခရီးကို လျှောက်လှမ်းခဲ့ပြီး ခရစ်တော်အတွက် သေခံခဲ့ပါသည်။

ကျနော်တို့အသင်းတော်ထဲတွင်လည်း လုပ်ရပ်မှန်ပြီး နှလုံးသားမမှန်သောသူများစွာကိုတွေ့နေရပါတယ်။ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ အလှုငွေမှန်မှန်ပေးခြင်း၊ ၀တ်ကောင်းစားလှဖြင့်ပွဲတော်ယူခြင်း သီချင်းဆို ခြင်း၊ သီချင်းသာဆိုနေသော်လည်းစိတ်နှလုံးကဘုရားသခင်ထံမှာမရှိဘဲ အတွေးမျိုးစုံဖြင့်အပြင်ရောက်နေ ခြင်း၊ အစရှိသဖြင့်လုပ်ရပ်အားလုံးမှန်နေသော်လည်း နှလုံးသားမှန်ကန်မှုမရှိ၊ နှလုံးသားကဘုရားထံမှမရှိ သဖြင့် ဘုရားသခင်ကကောင်းကြီးပေးလို့မရသလို ထိုသူများဖက်တွင် ဘုရားသခင်ကခိုင်မာစွာရပ်တည် ပြီးချီးမြှောက်၍မရပါ။ အလူငွေထည့်သည့်ခါ အငယ်ဆုံးသောငွေ ၁ကျပ်တန် ၂ကျပ်တန်တွေကိုမှ ရှာထည့် လေ့ရှိသော်လည်း Mc Donald KFC သွားလျှင် ဒေါ်လာ ၂၀၊ ၃၀ ကုန်တာဘာမှမဖြစ်။ ဘုရားသခင်သည် ထည့်ဝင်သောအလှုငွေအနည်းအများကို ကြည့်သည်မဟုတ်၊ ဘုရားသခင်ပေါ်စိတ်နှလုံး စေတနာ ဘယ် လောက်ပေးဆပ်နိုင်တာကိုကြည့်နေတာဖြစ်တယ်။  ထို့ကြောင့် သင်ဘာဘဲလုပ်လုပ် သီ ချင်းဘဲဆိုဆို၊ အ လှုငွေဘဲထည့်ထည့်၊ လုပ်အားဘဲပေးပေး ဘုရားသခင် ကိုသိတဲ့စိတ် ချစ်တဲ့စိတ်၊ ဘုရား သခင်ကိုတန်ဖိုး ထားတဲ့စိတ်၊ ဘုရားသခင်ကိုကျေးဇူးတင်လွန်းတဲ့စိတ်ဖြင့်လုပ်ဆောင်တတ်ရန်အရေးကြီးပါသည်။ ဘာသာ ရေးထုံးတမ်းစဉ်လာထဲမှာလုပ်ဆောင်နေခြင်းထက်၊ ဘုရားသခင်ကိုတကယ်သိတဲ့စိတ်၊ ဘုရားသခင်ကိုတ ကယ်ကြောက်တဲ့စိတ်၊ ချစ်တဲ့စိတ်တွေဦးထိပ်ထားလျှက် ဘုရားသခင်ကို တိုက်ရိုက်ကိုးကွယ်ခွင့်ရတဲ့အခြေ အနေကို တန်ဖိုးထားတတ်ရန်လိုပါသည်။

ဒီကနေ့ဘုရားသခင်ဟာ ဒါဝိဒ်ကဲ့သို့၎င်း၊ ဒံနယေလကဲ့သို့၎င်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကဲ့သို့ ၄င်း သက်သေပြကောင်းကြီးပေးရန် စုံလင်မှန်ကန်သောနှလုံးသားပိုင်ရှင်များကို မြေကြီးတပြင်လုံးမှာရှာဖွေ နေပါတယ်။ အသင်မိတ်ဆွေ..အဆင်သင့်ဖြစ်ပြီလား။

ဆက်လက်ပြီး ဓမ္မရာဇ၀င်တတိယစောင် အခန်ကြီး ၁၇ တွင်ဧလိယအကြောင်းတွေ့နိုင်ပါသည်။ ဓမ္မဟောင်းကျမ်းထဲတွင် သေသောသူကိုပြန်ရှင်ပြန်နိုင်သောပထမဆုံးသောလူပုဂ္ဂိုလ်ဖြစ်ပြီးဘုရားသခင်မှ တိုက်ရိုက်ရွေးချယ်ခန့်ခွဲ သောလူလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဧလိယသည် ဘုရားသခင်ထံ တွင် စိတ်နှလုံးမှန်ကန် အားကြီးပြီးဘုရားသခင်စိတ်နှလုံးဖြင့်တွေ့သောသူလည်းဖြစ်သည်။ ရှောလမုန် မင်း ကြီးသေဆုံးပြီးနောက်ပိုင်း ဣသရေလတိုင်းပြည် နှစ်ပိုင်းကွဲခဲ့ပါသည်။ တပိုင်းကို ရှောလမုန်သားယောဗောင် ကအုပ်ချုပ်ပြီး နောက်တပိုင်းကိုဣသရေလအနွယ်ဝင် ယေရောင်ဗောင်ကမင်းပြုအုပ်ချုပ်ပါတယ်။ ဗိမာန် တော်ရှိသောယေရူရှလင် သည် ယောဗောင်၏အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဣသရေလလူမျိုးများအားလုံး ဗိမာန်တော်ရှိရာ ယေရှုရှလင် မြို့သို့ယစ်ပူဇော်ရန်သွားသည်ကို ယေရောဗောင်မှစိုးရိမ်လာပြီး ရွှေဖြင့်လုပ် သောနွားသူငယ်ရုပ် ၂ရုပ်ကိုပြုလုပ်ပြီး နံ့သာပေါင်းပူဇော်လျှက် ကိုးကွယ်ကြရန်စီစဉ်ပါသည်။

ယေရေဗောင်ကိုယ်တိုင်ရုပ်တုကို မကိုးကွယ်သော်လည်း သူ့တိုင်းပြည်မှာလူများ ယောဗောင်အုပ်ချုပ် သည့်တိုင်းပြည်သို့ ယစ်ပူဇော်ရန်မသွားစေ လိုသဖြင့် နွားသူငယ်ရုပ်တုကိုပူဇော်ရန် သွေးဆောင်ရင်း သူကိုယ်တိုင် ဘုရားနှင့်ဝေးခဲ့ပါသည်။ ဣသရေလ လူမျိုးများလည်းဘုရားနှင့်တဖြေးဖြေးဝေးခဲ့ပါသည်။ ထိုတိုင်းပြည်၂ပြည်တွက် ဘုရားသခင်ရွေး ကောက် သော ဧလိယ ရှိပြီး ၄င်း၂နိုင်ငံနှင့်ဘုရားသခင်စကား ပြောသောအခါ ဧလိယကိုဘဲသုံးပါသည်။ တဘက်တွင် လည်း ရှင်ဘုရင်ရွေးကောက်သော ယစ်ပုရောဟိတ် အမြောက်အများလည်းရှိသည်။ ယစ်ပုရောဟိတ်အ မြောက်အများရှိသော်လည်း ဘုရားသခင်သည် စိတ် နှလုံးစုံလင်မှန်ကန်ပြီးလူ့အကြိုက်မဟောတတ်သော ဧလိယ ကိုသာ စကားပြော၏။ ယနေ့ကမ္ဘာပေါ်တွင် ဘုရားအမှုတော်ဆောင်အများကြီးရှိပါသည် သို့သော် ဘုရားအသံရှိသော အမှုတောင်ဆောင် အနည်းငယ် ရှိပါသည်။ ဘုရားသခင်ကို အသုံးပြုတဲ့အမှုတော်ဆောင် အများကြီးရှိသလို ဘုရားသခင်အသုံးပြု သောအမှု တော်ဆောင်အနည်းငယ်ရှိပါသည်။

ဓမ္မရာဇ၀င်တတိယစောင် အခန်ကြီး ၁၈ တွင်ဣသရေလရှင်ဘုရင်နှင့်လူမျိုးများ ဘုရားသခင်ကို ဆန့်ကျင် ပြီး ထာဝရဘုရား၏ပိညတ်တော်ကိုစွန့်လျှက် ဗာလဘုရား၊ အာရှုရဘုရားများကို ကိုးကွယ်လာသဖြင့် ဘုရားသခင်က ဣသရေလတိုင်းပြည်ကို အစာရေစာခေါင်းပါးခြင်းဖြင့်ဒဏ်ခတ်ပါတော့သည်။ ထို့ကြောင့် ဧလိယက အီဂျစ်နိုင်ငံမှ ခေါ်ထုတ်ခဲ့သော ဖန်ဆင်းရှင်ဘုရားသည် ဗာလဘုရား၊ အာရှုရဘုရားမဟုတ် ကြောင်းလိုက်ဟောတော့သည်။ သို့သော်လည်း ဧလိယက တဦးတည်းဖြစ်နေပြီး ဗာလပရောဖက်အရေ အတွက်က ၄၅၀၊ အာရှုရပရောဖက်က အယောက် ၄၀၀ နှင့်ထိပ်တိုက်ရင်ဆိုင်တော့သည်။ဧလိယသည် ၄င်းပရောဖက် ၈၅၀ နှင့် အာဟပ်မင်းကိုစိန်ခေါ်ပါတော့သည်။

ဧလိယကလည်း ငါကိုးကွယ်သောကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ငါသည်ယနေ့ အာဟပ်မင်းအားကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ သြဗဒိသည်အာဟပ် မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည်ဧလိယကို ကြိုဆိုအံ့သောငှါသွား၍၊ တွေ့မြင်သောအခါ၊ သင်သည်ဣသရေလ အမျိုး ကိုနှောက်ရှက်သော သူမှန်သလောဟု မေးလျှင်၊ ဧလိယက၊ ငါသည်ဣသရေလအမျိုးကိုမနှောက်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရာ၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအ မျိုးကိုနှောက်ရှက်ကြပြီ။  ဓမ္မရာဇ၀င်တတိယ ၁၈း ၁၅-၁၈

အာဟပ်မင်းသည်လည်း ဧလိယပြောသည့်အတိုင်း ပရောဖက် ၈၅၀ နှင့် ဣသရေလလူမျိုးများကို ကရမေ လတောင်သို့စုဝေးစေ၏။ မည်သည့်ဘုရားသည်စစ်မှန်သောဘုရားဖြစ်ကြောင်းသက်သေပြရန် ပရောဖက် ၈၅၀ မှမီးမပါဘဲယစ်ပူဇော်ရန်ပြင်ဆင်စေပြီးတဖက်မှာလည်း ဧလိယက မီးမပါဘဲ ယစ်ပူဇော်ရန်ပြင်ဆင်စေ လျှက် မိုးပေါ်မှမီးကျလာအောင်ဆုတောင်းရန်သဘောတူကြပါသည်။  ထို့နောက် ဧလိယက-

သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်းထာဝရဘုရား၏ နာမတော် ကိုဟစ်ခေါ် မည်။ မီးဖြင့်ထူးတော်မူ သောဘုရားသည် ဘုရားသခင် မှန်ပါစေဟု လူများတို့ အားပြောဆိုလျှင်၊ လူအပေါင်း တို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ တဖန်ဧလိယက၊ သင်တို့သည်များသော ကြောင့် နွားတကောင်ကို အရင်ရွေ့း၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြ လော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊  သူတို့သည်လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည်ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန် ကြ၏။ ဓမ္မရာဇ၀င်တတိယ ၁၈း၂၄-၂၆

ဧလိယယဇ်ပူဇော်ခြင်း

မိုးချုပ်ခါနီးထိ ဗာလပုရောဖက်များဆုတောင်းသော်လည်း ယစ်ကောင်သည် မီးမလောင်ဘဲရှိနေပါသည်။ ထို့ နောက် ဧလိယသည် ဘုရားသခင်တွက်ယဇ်ပလ္လင်ကိုပြင်ဆင်ပြီး အပိုင်းပိုင်းဖြတ်ထားသော ယဇ်ကောင်ပေါ် သို့ ရေဗုံးအပြည့်ဖြင့် ၃ ကြိမ်တိုင်အောင်လောင်းခိုင်းပြီးမှဆုတောင်းသော်-

ထိုအခါထာဝရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။ လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။    ဓမ္မရာဇ၀င်တတိယ ၁၈း၃၈-၃၉

ချစ်သောညီအစ်ကိုမောင်နှမတို့- ကျနော်တို့ကိုးကွယ်သောဘုရားသည် အသက်ရှင်သောဘုရားဖြစ်ကြောင်း သက်သေထူနိုင်ပါသည်။ အသက်ရှင်သောဘုရားကိုကိုးကွယ်လျှင် သက်သေရှိရမယ်။ ထိုကဲ့သို့သက် သေ ထူနိုင်ရန် ဘုရားသခင်အလိုတော်ရှိနေပါသည်။ ဘုရားကိုသိပြီး ဘုရားနှင့်အဆက်သွယ်ရှိလျှင် ကျနော်တို့ ဘုရားဟာ အသက်ရှင်တဲ့ဘုရားဖြစ်ကြောင်း မိမိတို့မိသားစု၊ အသင်းတော်၊ လူမျိုး၊ နိုင်ငံ နှင့် ကမ္ဘာမှာသက် သေထူနိုင်မှာဖြစ်တယ်။

ဘုရားသခင်အတွက်သက်သေထူရန်လူအများကြီးမလိုပါ။ မိမိတယောက်စီ၏အသက်တာဖြင့် သက်သေထူ နိုင်ပါသည်။ ဘုရားအမှုတော်ဆောင်တာကောင်းတယ်၊ ဘုရားတွက်ဆပ်ကပ်တာကောင်းတယ်၊ ဘုရားသ ခင်သားသမီးဖြစ်တောကောင်းတယ် သို့သော်ဘုရား အသံရှိရဲ့လား၊ ဘုရားနှင့်မိတ်သဟာရရှိပြီလား၊ ဘုရား သခင် ၌တကယ်ဘဲကိုးစားတဲ့အသက်တာရှိပြီလား၊ ဘုရားသခင်၌ တကယ်ဘဲစုံလင်သောစေတနာရှိပြီ လား။ မရှိသေးလျှင်တော့ ကျနော်တို့အသက်တာမှာ ဘုရားသခင်အလုပ်လုပ်၍မရသေးပါ။

ယေရမိ ၁၇း၉-၁၀

စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့် အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။

စိတ်နှလုံးသည် အရာခပ်သိမ်းထက်စဉ်းလဲတယ်။ ဒါကြောင့်ဘုရားသခင်သည် စိတ်နှလုံးကိုဘဲစိတ်ဝင်စားပြီး ကြည့်တော်မူတယ်။ စိတ်နှလုံးကို စစ်ဆေးတယ်။ ချစ်သောမိတ်ဆွေတို့- ဘုရားသခင်လိုခြင်သော စိတ်နှလုံးကို ပေးဆပ်ဖို့အဆင်သင့်ဖြစ်ပြီလား။

ငါ့သား၊ သင့်နှလုံးကို ငါ့အားပေး လော့၊၊   သုတ္တံ ၂၃း၂၆

အာဗြဟံကို ဘုရားသခင်က ဣဇက်ကိုတောင်းခြင်းတွင် ဘုရားသခင်သည် ဣဇက်ကိုလိုခြင်တာမဟုတ်၊ အာဗြံဟံ၏ နှလုံးသားကို လိုခြင်တာဖြစ်တယ်။ ထို့ကြောင့် မိတ်ဆွေတို့နားလည်ရမည်မှာ ဘုရားသခင် သည် ကျနော်တို့မှာ တောင်းခြင်းသည် လိုခြင်လို့တောင်းတာမဟုတ်၊ ပေးခြင်လို့တောင်းတာဖြစ်ကြောင်း နားလည်တတ်ရန်လိုပါသည်။ ဘုရားသခင်အလိုရှိသော ကျနော်တို့ နှလုံးသားကို ပေးနိုင်လျှင် ကျနော်တို့ စိတ်နှလုံးအလိုပြည့်စုံရသောအခွင့် ကိုဘုရားသခင်ကပြန်ပေးမှာဖြစ်တယ်။ ထို့ကြောင့်ဤကဲ့သို့ ခက်ခဲဆိုး သွမ်းသောနောက်ဆုံးကာလမှာ ဘုရားသခင်ဟာ ကျနော်တို့နှလုံးသား ကိုတောင်းပြီး ကျနော် တို့ကို ချီး မြှောက်တော့မယ်၊ အသုံးပြုတော့မယ်၊ လမ်းပြတော့မယ်၊ မစတော့မယ်ဖြစ်တယ်။

အလိုတော်သည် ကောင်းကင်ဘုံမှာပြည့်စုံသကဲ့သို့မြေကြီးပေါ်တွင်ပြည့်စုံရန် ကျနော်ကျမအယောက် စီတိုင်းရဲ့အသက်တာကို ဘုရား သခင်အသုံးပြုခြင်နေပါတယ်။ ယောက်စီတိုင်း နှလုံးသားများကိုပြင်ဆင် လျှက် ယနေ့မှစပြီး စုံလင်သောစေတနာနှလုံးသားဖြင့် ဘုရားသခင်ကိုဝန်ချတောင်းပန်လျှက် မိမိအသက် တာ ကို ဆက်ကပ်ကြပါစို့။

ဆရာတော်ဒေးဗစ်လား၏ ကျမ်းစာလေ့လာခြင်းသင်ခန်းစာကိုပြန်လည်ဝေဌခြင်းဖြစ်ပါသည်။ လောမဲ