တောင်းဇလား၊ကုတင်နှင့်အိုးခွက် - ပြည်ပရောက် သင်းအုပ်ဆရာ (၆)



လူတွေမှာ ဘုရားတရားနဲ့နေဖို့ အခက်အခဲ ၃ ခုကို ပြောချင်ပါတယ်

၁။ တောင်းဇလား
ရှေးခေတ်ကတည်းက အရောင်းအ၀ယ်လုပ်ရင် တောင်း၊ဇလားတွေနဲ့ ချိန်တွယ်ရောင်းရတယ်။ တနည်းအားဖြင့်ဆိုရင် စီးပွားရေးလုပ်ခြင်း လို့ပြောရမယ်။ ဘုရားတရားလုပ်ရင် စီးပွားရေးသွားမလုပ်နဲ့။ ဆန့်ကျင်ဖက်ပဲ ... လိမ်ရညာရ၊လူလည်လုပ်ရတယ် .. ပြောကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘုရားတရားလုပ်သူများလည်း စီးပွားရေးကို မှန်ကန်စွာလုပ်ရင် ရပါတယ်။ ဘာသာရေးရာဇ၀င်များမှာလည်း ဘုရားတရားနဲ့ နေသူများမှာ သူဌေးသူကြွယ်များလည်း ပါပါတယ်။ တချိန်မှာတော့ ငွေဆိုတာ ဘ၀အတွက် အဟန့်အတားဆိုတာ သိသွားတဲ့အချိန်မှာတော့ စီးပွားရေးလမ်းထက် ပိုမိုသင့်လျှော်မဲ့လမ်းကို ရောက်သွားနိုင်ပါတယ်။ အချိန်ပြည့် ဘုရားအလုပ်ပဲလုပ်တော့မယ်ဆိုရင်လည်း ... စီးပွားရေးလုပ်သူများက ပံ့ပိုးကြပါတယ်။

.

 

၂။ ကုတင်
အခုတလော ကုတင်နဲ့ဆိုင်တဲ့ ကိစ္စတွေ တော်တော်များနေတယ်။ ကုတင်ဆိုတာ .. အိပ်တဲ့ကုတင်၊ ရှင်းရှင်းပြောရရင် ဖိုမ ကိစ္စပေါ့။ ဒီကုတင်ကို သန့်သန့်ရှင်းရှင်းနဲ့ အသုံးချ အနားယူ၊ လုပ်စရာရှိတာ လုပ်ရမဲ့နေရာမှာ .. အလွဲသုံးစား၊အလွန်အကျူးတွေဖြစ်တော့ .. အခု တိုက်ဂါးဝု၊ Tigerwoods နာမည်ကျော် ဂေါက်သီးသမား၊ ဘုရားတရားလုပ်သလားတော့ မသိပေမဲ့ .. ဖိုမကိစ္စ နာမည်တော်တော်ပျက်နေတယ်၊ ၀န်ခံနေရတယ်။ စင်ကာပူမှာ နာမည်ပျက်နေတဲ့ ဂျက်နရိုး Jack Neo - တကယ့် ဘုရားတရားနဲ့နေတဲ့ ပုဂ္ဂိုလ်ကြီးပဲ၊ ရုပ်ရှင် ဒါရိုက်တာ၊ မင်းသား နာမည်ကျော် - အစိုးရကတောင် ချီးမြှောက်ထားသူ၊ မှားပါတယ် .. ၀န်ခံရတယ်။ ပုပ်ရဟန်းမင်းကြီးလည်း လိင်နာမည်ပျက် ဘုန်တော်ကြီးတွေကို အက်ရှင်ယူ၊ အလုပ်ထုတ် နေတော့ ... သတင်းစာဆရာတွေက နာမည်ပျက်ဘုန်းကြီးစာရင်းတွေ အများကြီးတင်ပြတယ်။ အရင်တုန်းက အရေးမယူခဲ့တာ တွေ ဖေါ်ထုတ် တိုက်ခိုက်နေတာ့ ... ပုတ်ရဟန်းမင်းကြီးလည်း ဒီကစ္စနဲ့အခက်ဖြစ်နေတယ်။ ကျွုန်ုပ်တို့နဲ့ ဆိုင်တဲ့အတွက် ဆုတောင်းပေးဖို့ လိုပါတယ်။

၃။ အိုးခွက်
ရှေးကာလကတည်းက လူတွေ၊ ဘုရားတရားအခမ်းနားတွေမှာ အိုးခွက် လို့ခေါ်တဲ့ အစားအသောက်ကိစ္စက မပါလို့ကို မဖြစ်ဘူး။ လှူတဲ့လူကလည်း ဘုရားကိစ္စလာတာ စားသောက်ပေးလိုက်မှ အလှူဒါနမြောက်တယ် ခံယူတယ်။ အတင်းစားခိုင်း။  ကျွန်တော်နဲ့တော့ နဲနဲဆိုင်နေပါတယ်။  ဒီအစားအသောက်ကလည်း ပါမှဖြစ်မှာဆိုတော့ .. အလွန်စားသောက်ပြီးရင်  သွေးတိုး၊ ဆီးချို၊ အစာအိမ်ရောဂါ .. စတဲ့ ဒုက္ခတွေလည်း ပါလာတယ်။

အဲဒီ ၃ မျိုး  ၁။ တောင်းဇလား (စီးပွားရေး)   ၂။ ကုတင် (ဖိုမကိစ္စ)  ၃။ အိုးခွက် (အစားအသောက်)  .. တွေကို ဆင်ခြင်နေထိုင်ရင် လောကအလုပ်၊ ဘုရာအလုပ်တွေမှာလည်း ဘုရားကောင်းကြီးရှိမှာပါ။

အားလုံးဘုရားသခင် ကောင်းကြီးပေးပါစေ ...။

ကျမ်းပိုဒ်။ 

မဿဲ ၅း ၁၄-၁၆  
သင်တို့သည် ဤလော က၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။ ၁၅ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။

ကောလောသဲ ၃း ၂၃-၂၄
လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှ တို့၌ စေတနာစိတ်နှင့်ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍၊ အမွေတော်တည်း ဟူသောအကျိုးကို၊ ထိုသခင်ဘုရား၏လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။



မောင်သာမန်



Note:
စင်ကာပူမှ ဆရာစောသြဂတ်စတတ် တရာဒေသနာကို အကျဉ်းဖေါ်ပြပါသည်။ Sermon by Saya Augustus on 11th Apr 2010
Video Link
http://jbcsshowpage.blip.tv/file/3476992/