ဘုရားဆုံးမတယ်ဆိုတာ ပါးပါးလေးလား --


ခင်မောင်ဝင်း(ရွာငံ)
သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် စိတ်နှလုံးအကြွင်းကင်းမဲ့ ယုံကြည်ခြင်းကြောင့် အပြစ်စီရင်ခြင်းကနေ လွတ်မြောက်ရတယ်။
အပြစ်စီရင်ခြင်းရင်ခြင်းကနေလွတ်ပြီဖြစ်လို့ ကျွန်တော်တို့ပစ္စုပ္ပန်မှာ လုပ်နေတဲ့အပြစ်ကို ဘုရားကလစ်လျုရှုလိုက်ပြီလား။
စုံလင်သောအပြစ်လွတ်ခြင်းအကျိုးက ဘာအပြစ်လုပ်လုပ် အဲဒိအပြစ်အတွက် ပူပန်စရာ မလိုတော့ဘူးလား။  
ဒါဆို ဘုရားကသူ့သားသမီးကို ဘာလို့ဆုံးမသေးလဲ။ဆုံးမတယ်ဆိုတာဘာလဲ။

အပြစ်စီရင်ခြင်း-
ဆုံးမခြင်းဆိုတာကိုနားလည်ဖို့ အရင်ဆုံး အပြစ်စီရင်ခြင်းအကြောင်းကို အရင်နားလည်ဖို့လိုမယ်။ အပြစ်စီရင်ခြင်းဆိုတာ ကျုးလွန်တဲ့ အ ပြစ် အတွက် သတ်မှတ်ထားတဲ့ပြစ်ဒါဏ်ကို ကျခံစေတာဖြစ်တယ်။ဒါကြာင့် တူညီတဲ့အပြစ်တစ်ခုကို ကျုးလွန်သူတိုင်း အ တွက် ပြစ် ဒါဏ်ဟာလည်းအတူ တူပဲ ဖြစ်တယ်။ အာဒံ၊ဧဝရဲ့ မျိုးဆက်လူသားတိုင်းမှာ တူညီတဲ့အပြစ်ကျုးလွန်မှု ရှိတယ်။အာဒံ၊ဧဝကျုးလွန်ခဲ့တဲ့ နား မထောင်ခြင်းအပြစ်ပေါ့။ဘုရား သခင်က လူသားတိုင်းကို အပြစ်သားလို့သတ်မှတ်ထားတယ်။ အပြစ်သားဆိုတဲ့ စကားလုံး ကျမ်းစာထဲမှာ ပါသလားလို့ မေးဖူးတယ်။ အပြစ်သား ဆိုတာ အပြစ်ပြုလုပ်ထားသူကိုဆိုလိုတယ်။အင်္ဂလိပ်ကျမ်းစာက sinner လို့ရေးတာကို ဗမာကျမ်းစာ (ယုဒသန်) မှာတော့ အပြစ်ရှိသောသူလို့ သုံး တယ်။(ဒေ ၂း၂၆၊ယာ ၅း၂ဝ)။ ဒါပေမယ့် လက်တွေ့အပြောမှာတော့ အပြစ်သားလို့ပဲ သုံးကြ ပါ တယ်။ အပြစ်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ အဘိဓမ္မာကို နားလည်တဲ့ ဒါဝိဒ်ရဲ့ဝန်ခံချက်(ဆာ ၅၁း၅)  အတိုင်း ဓမ္မပညာရှင် ပေါလုက လည်းအတည်ပြုပေးခဲ့တယ်မဟုတ်လား။ ရော၅း ၁၄ က အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသောသူတို့ကိုပင် အစိုးရ၏။ ငယ် ၁၈ မှာ တော့ တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်  လူအ ပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံကြရ၏။ ဒါကြောင့် လူတိုင်းဟာ ဘုရားသခင်ရဲ့ရှေ့မှာ အပြစ်စီရင်ခြင်းခံရဖို့ဟာ လွဲရှောင်လို့မရတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သခင်ယေရှုက အပြီးသတ် ဖြေ ရှင်းပေးခဲ့ပါပြီ။ ရောမ ၅း၁၆ ကျေးဇူးတော်အရာမှာ အပြစ်များလျက်ပင် လွတ်စေဟု စီရင်၏။ ဧ ၁း ၈- .......ကျေးဇူးတော်သည် အလွန် ကြွယ်ဝပြည့်စုံသည်နှင့်အညီ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွတ်တော် မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့ သည်ခံရကြ ၏။ ဟေ ၁ဝး ၁ဝ၊ ၁၄ ၊ ၁၇-၁၈  တို့ကလည်း အပြစ်ပြဿနာကို လုံးဝသုတ်သင် ဖြေရှင်းလိုက်ပြီးပြီ  ဆိုတာ ရှင်းပြထား ပါ တယ်။  ငယ် ၁၈ မှာ နောက်တဖန် အပြစ်ဖြေသော ပူဇော်သကာကိုပြုစရာ အကြောင်းမရှိ လို့ဆိုထားတယ်။ ဒါဟာ လူသားတွေ အပြစ် စီရင်ခြင်းကနေ လွတ်ဖို့ဘာမှထပ် လုပ်နေစရာမလိုတော့ဘူး။ ဘုရားကလည်းဘာမှ မတောင်းဆိုတော့ ဘူး၊ အားလုံးလုံလောက်သွားပြီ၊ ပြီသွားပြီ လို့ပြောလိုက်တာဖြစ်တယ်။

လူသားအားလုံးရဲ့ အပြစ်အားလုံး (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်) ကိုယေရှုခရစ်အပေါ်မှာ တစ်ကြိမ်တည်းစီရင်လိုက်ပြီ။ ဒီစီရင်မှုဟာ တူ ညီတဲ့ တပြေးညီစီရင်မှုဖြစ်တယ်ဆိုတာ သတိပြုစေချင်တယ်။ တစ်ယောက်အတွက် တစ်မျိုးမဟုတ်ဘူပေါ့ဗျာ။ အနာဂတ်မှာ မလုပ်သေး တဲ့အပြစ် အတွက်ပါ စီရင်လိုက်ပြီဆိုတာကို ဖြစ်ပါ့မလားလို့ထင်တဲ့သူကရှိပြန်တယ်။ သင်ရဲ့အပြစ်အတွက် သခင်ယေရှု ပေးဆပ်တဲ့အ ချိန် မှာ သင်ဟာ အနာဂတ်  မှာပဲ ရှိနေတာကိုစဉ်းစားကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ ကဲ ဒီတော့ အမှန်ယုံကြည်သူဟာ အပြစ်စီရင်ခြင်း ကနေ လွတ်ပြီ။ အခုအ ပြစ်လုပ်မိလို့ပဲဖြစ်ဖြစ် နောင်မှာလုပ်မိမယ့်အပြစ်အတွက်ပဲဖြစ်ဖြစ် ဘုရားကစီရင်တော့မှာမဟုတ်တော့ဘူး။ တနည်း အားဖြင့်ယုံကြည်သူကို အပြစ်စီရင် မဲ့အလုပ်ကို ဘုရားသခင်ဟာ လုံးဝဖျက်သိမ်းလိုက်ပြီ။ဒါပါပဲ။ဒါဆို ယုံကြည်သူတစ်ယောက်ဟာ  အပြစ်လုပ်လည်း ဘုရားသခင်က လက်ပိုက်ကြည့်နေမှာပဲပေါ့။ ဒီလိုလား။ လုံးဝမဟုတ်ပါ။ ဆုံးမခြင်း ဆိုတာမလွဲဧကန်ရှိပါတယ်။

ဆုံးမခြင်း                                                                        
ဆုံးမခြင်းဆိုတာဘာလည်း။ ဓမ္မဟောင်း၊ ဓမ္မသစ် နှစ်ခုလုံးမှာသုံးတဲ့ ဆုံးမခြင်းစကားလုံးဟာ ပဲ့ပြင်ခြင်း၊ လမ်းတည့်ပေးခြင်း၊ အမှားပြင် ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။ အပြစ်အတွက် ဒါဏ်ပေးခြင်း၊ စီရင်ခြင်းလို့ အဓိပ္ပါယ်မရပါဘူး။ ဘုရားသ ခင်ရဲ့ ဆုံးမခြင်းအကြောင်းကို ဟေဗြဲ ၁၂း ၄-၁၂ ထဲကနေ အဓိကထားပြီး တင်ပြချင်ပါတယ်။ ဒီကျမ်းပိုင်းရဲ့ လိပ်စာကတော့ ယုံကြည်သူဆီ ကို ဆိုတာ သေချာပါတယ်။ ငါ့သားဆိုတဲ့ လိပ်မူခြင်းကနေ ဒါကိုသေချာစေပါတယ်။

ဘာကြောင့်ဆုံးမတာလဲ ။
ကျမ်းစာကရှင်းရှင်းလင်းလင်းပြောတာက ကျွန်တော်တို့ဟာ ဘုရားရဲ့သားတွေဖြစ်လို့ပါပဲ။ အဖေဆိုတာသူ့ရဲ့ သားတွေကို ဆုံးမရမယ်။ ပဲ့ပြင်ရမယ်။ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ချစ်လို့ဖြစ်တယ်။(၁၂း ၆-၇) မချစ်ရင်လွတ်ထားလိုက်မယ်။ ဖြစ်ချင်တာဖြစ်ပေါ့။ အပြန်အ လှန် အနေနဲ့ပြောရရင် သား၊ သမီး တိုင်းဟာသူ့မိဘရဲ့ ဆုံးမတာခံရမှာဖြစ်တယ်မဟုတ်လား။သူ့ရဲ့ဆုံးမတာကိုခံစရာမလိုဘူး။ ခံလည်းမ ခံ ခဲ့ဖူးဘူး ဆိုရင် တော့ အဲဒိလူဟာ ဘုရားရဲ့သားမဟုတ်လို့ပဲ။ကျမ်းစာကဒီအတိုင်းပြောတယ်။( ၁၂း၈)။ ဒီတော့ ဘုရားသခင်ဟာ သူ့ရဲ့သား တွေကို ချစ်တဲ့အတွက် သေချာပေါက်ဆုံးမမယ် ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဗျာ ၃း၁၉) ငါချစ်သမျှသောသူတို့၏ အပြစ်ကိုငါ စစ်ဆေး၊ သူတို့ကိုဆုံးမတတ်၏။ ဘာကြောင့်ဆုံးမတာလဲ။ချစ်လို့။


ဘယ်လိုဆုံးမသလဲ
စင်္ကာပူက တရားဟောဆရာတစ်ယောက် ရေးတဲ့စာအုပ်ထဲမှာ ဒီလိုရေးထားတာဖတ်ဖူးတယ်။ ဒီ ဟေဗြဲမှာပြောတဲ့ ဆုံးမခြင်း ဆို တာ မိဘကသူ့ရဲ့ကလေးငယ်ကို နှုးညံ့သိမ်မွေ့ပျော့ပျောင်းညှင်သာစွာ စောင့်ရှောက်ပဲ့ထိမ်းပေးခြင်း ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘုရားသခင် ဟာချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်။ သိုးထိမ်းဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဂျိုးငှက်။ နှုးညံ့တယ်။ သိမ်မွေ့တယ်။ ဒါအမှန်ဘဲလား။ ဟုတ်ကဲ့။ ဒီယူဆမှုမှာ အမှန်တရားရဲ့ အစိတ်အပိုင်းတချို့ ပါဝင်နေတယ်ဆိုတာ ငြင်စရာအကြောင်း မရှိပါဘူး။ ဒါပေ မယ့် ဒါဟာအချိန်တိုင်း၊ အခြေအနေတိုင်း အတွက်မဟုတ်ဖူး ဆိုတာနဲ့ ဘုရားသခင်မှာ ဒီလက္ခဏာတွေပဲ ရှိတာ မဟုတ်ဖူးဆိုတာကိုတော့ အထက်ကပြောတဲ့ဆရာ မသိပဲ မနေဘူးလို့ ကျွန်တော်ယုံကြည်တယ်။သိသိကြီးနဲ့ ဆုံးမခြင်းကိစ္စမှာ ခဏနှာစေးထားတာ ဖြစ်နေမလားတော့ မသိပါဘူး။ ဒီတော့ ဘုရားသခင်ရဲ့ ဆုံးမခြင်းဟာ ဘယ်လိုလဲ။ ပါးပါးလေးလား။ ထူတတ်သလား။ကျမ်းစာမှာသုံးတဲ့ စကားလုံးတွေကနေ လေ့လာကြည့်ရအောင်။


ကျွန်တော်တို့ရဲ့ ဗမာကျမ်းစာ(ယုဒသန်) မှာတော့ ဆုံးမခြင်း စကားလုံးကိုပဲ ပုံသေသုံးထားပါတယ်။ အင်္ဂလိပ်ကျမ်းစာတွေမှာတော့ အခန်းငယ် တစ်ခုနဲ့တစ်ခု မတူပဲ  ဆုံးမခြင်းဆိုတဲ့စကားကို ဝေါဟာရ အသုံးပြောင်းပြီးသုံးထားပါတယ်။နောက်ပြီး အင်္ဂလိပ်ဘာသာပြန် ကျမ်းကွဲ တွေမှာ  ကျမ်းပိုဒ်တစ်ပိုဒ်ထဲကိုပဲ မတူညီတဲ့ ဘာသာပြန်မှုတွေရှိပါတယ်။ ဒါကတော့ မူရင်း ဂရိ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက အဲဒိလိုဘာသာ ပြန်နိုင်တဲ့ အဓိပ္ပါယ်တွေသက်ရောက်နေလို့ ဖြစ်တယ်။ ဝေါဟာရပြောင်းတာသက်သက်လို့တော့ပြောလို့မရပါဘူး။ ဆုံးမခြင်းသဘောနဲ့ သူ့ရဲ့အတိမ်အ နက်ပါ ပြောင်းလဲသွားပါတယ်။ စကားလုံးအားလုံးကိုစုစည်းလိုက်ရင် ဆုံးမခြင်းရဲ့ပုံသဏ္ဌာန်၊ ပမာဏကို ပိုပြီး ထင်ထင်ရှားရှား နားလည်နိုင်လာပါ တယ်။ ဒီတော့ ဟေဗြဲ ၁၂း၎-၁၂ ထဲမှာ ဆုံးမခြင်းအတွက်သုံးထားတဲ့ အင်္ဂလိပ်ဘာသာပြန်စ ကားလုံးတွေကိုကြည့်ရအောင်။
chasten (အပြစ်ပေးဆုံးမသည် )၊  punish ( ပြစ်ဒါဏ်ပေးသည် )၊  whip ( ကျာပွတ်နှင့်ရိုက်သည် )၊  courage(အ ပြစ်ဒါဏ် ပေးသည် ၊ ကြိမ်ဆော်သည် )၊  discipline ( စည်းကမ်းကြပ်မတ်သည်၊စည်းကမ်းရှိအောင် ဒါဏ်ခပ်သည် )၊  train( လေ့ကျင့်သင်ကြား ပေးသည် )၊   correct    (အမှားပြင်ပေးသည် )၊  rebuke ( ပြစ်တင်ကြိမ်းမောင်းသည် )၊  reprove ( ပြစ်တင်ကြိမ်းမောင်းမာန်မဲသည် )၊  showing your wrong  (   အ မှားဖော်ပြသည်  ) ဆိုတဲ့ စကားလုံး တွေဖြစ်ပါတယ်။ ကဲ ဒီစကားလုံးတွေကို သုံးသပ်ကြည့်ရင် ဘုရားသခင်ရဲ့ဆုံးမခြင်း ဆိုတာ အမြဲတမ်းပျော့ ပြောင်းညှင်သာနှုးညံ့နေတာမဟုတ်ဘူးဆိုတာ တွေ့ရပေလိမ့်မယ်။ မှားနေသူရဲ့ အသိတရားပေါ်မူတည်ပြီ လိုအပ်သ လိုကိုင်တွယ်သွားမှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ ကိုင်တွယ်မှုသက် ရောက်တဲ့အခါ ခံစားရတဲ့သူဘယ်လိုဖြစ်နိုင်လဲဆိုတာကိုလည်းသတိပေး ထားပါတယ်။ ဆိုလိုတာက သင့်ကိုဘုရားက ဆူံးမလာတဲ့အခါ သင့်စိတ်ထဲမှာ အဲဒီလိုတွေမဖြစ်ဖို့ သတိပေးထားတာဖြစ်တယ်။ ဘယ်လို ကြိုသတိပေးထားလဲ ကြည့်ရအောင်။  အခန်းငယ်ငါးမှာ ပေါ့။ ဗမာကျမ်းစာအရ ဒုတိယစာကြောင်းမှာ သင်၏အပြစ်ကို စစ်ဆေးတော်မူ သောအခါ စိတ်မပျက်နှင့် ။  အဲဒိစိတ်မပျက်နှင့် ဆိုတဲ့စကားစုက ဆုံးမခြင်းခံရစဉ် ဖြစ်ပေါ်လာနိုင်တဲ့ခံစားမှုကို ကြိုတင်သတိပေးချက် ဖြစ်တယ်။ မတူညီတဲ့ အင်္ဂလိပ်ဘာသာပြန်ကွဲတွေမှာတော့ ဒီလိုသုံးထားတယ်။ faint  (မူးမေ့မလိုဖြစ်သည်၊သတိလစ်သည်)   discourage ( စိတ်ပျက် အားလျော့သည်)၊  resent (မခံမရပ်နိုင်ဖြစ်သည်)၊   lose heart( စိတ်ဓါတ် ကျသည်) ။  အဲဒီလိုဖြစ်သွားနိုင်တယ်။ ဖြစ်မသွားပါနဲ့ပေါ့။ ကဲ ဒါဆိုပါးပါးလေးလို့ပြောလို့ရပါ့မလား။


ဆုံးမခြင်းရဲ့ရည်ရွယ်ချက်
ဘာကြောင့်ဘုရားကကျွန်တော်တို့တွေ အမှားလုပ်ရင် ဆုံးမနေရတာလည်း။အပြစ်စီရင်ခြင်းကို ရုတ်သိမ်းပြီးပြီ၊ကယ်တင် ခြင်း ပေး ပြီးပြီပဲ၊ ထားလိုက်တော့ပေါ့။ သန့်ရှင်းတဲ့ဘုရားက ကျွန်တော်တို့ကိုကယ်တင်ခြင်းကိုရောက်စေကတည်းက သူ့မှာရည်ရွယ်ချက်ရှိတယ်။ အဲဒါဘာလည်းဆို ရင် ကောင်းတဲ့အကျင့်မှာ ကျင်လည်ဖို့(ဧ ၂း၁ဝ)၊ပြီးတော့ သူသန့်ရှင်းသလို သူ့သားတွေကိုသန့်ရှင်းတဲ့အသက်တာ ရှိစေလိုတဲ့အတွက်ကြောင့်ဖြစ် တယ်။(၁ပေ ၁း၁၆၊ဟေ ၁၂း၁ဝ)။ဒါကြောင့် အဲဒိအလိုတော်ထဲကနေ ချော်ထွက်သွားတဲ့သူကို ဘုရားက နည်း မျိုးစုံနဲ့ပြန်ဆွဲထဲ့မှာပဲ။တကယ်တော့ဒါ ဟာ ကြီးမားတဲ့ဘုရားမေတ္တာရဲ့ စီးဆင်းမှုဖြစ်တယ်။ဝမ်းနဲစရာကောင်းတာက ဘုရားရဲ့ဆုံးမခြင်း မေတ္တာကိုနားမလည်၊လက်မခံလိုတဲ့သူတွေက ဆုံးမ ခြင်းဆိုတာမရှိဘူး။ ဒီလိုသာဆုံးမတတ်ရင် ဘုရားဟာ အပြစ်မရှိအပြစ်ရှာနေတဲ့ ကမ္ဘာ့ ရဲမင်းကြီးပေါ့ဆိုပြီး ခနဲ့ချင်ကြသေးတယ်။ကြားရတာ စိတ် လည်းဆိုးချင်တယ်။သနားလည်းသနားတယ်။ ဒီလိုလက်မခံ၊ ရှောင်ထွက်လို့ ဘုရားလက်ကလွတ်မှာမှမဟုတ်တာဗျာ။
တကယ်တော့ ဘုရားဆုံးမတာကိုကြောက်ရမယ့်အရာမဟုတ်ဘူး။ဝမ်းမြောက်စွာ လက်ခံရမယ့်အရာ။အစကတည်းက အသက်တာကို ဘုရား နှစ်သက်တဲ့ အလိုတော်လမ်းထဲမှာလျှောက်ချင်တဲ့သူအတွက်တော့ ကိုယ်လမ်းချော်သွားမိတဲ့အချိန်မှာ  ဘုရားကပြန်တဲ့ပေးတာကို ပဲ့ပြင်ခြင်း ကျေးဇူးတော်ဆိုပါလားလို့နားလည်ပြီး  ကြည်နှုးဝမ်းမြောက်မှာအမှန်ဖြစ်တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းမှာမလွဲ ဧကန်ဖြစ်တယ်။(ဟေ ၁၂း၁၁)


ဆုံးမခြင်းရဲ့သဘောသဘာဝ
ကလေးတစ်ယောက်ကို ဘယ်လိုဆုံးမရမလဲဆိုတာ နားလည်တဲ့ပုံမှန်မိဘတစ်ယောက်ပင်လျှင် ထစ်ကနဲဆိုတုတ်ဆွဲရိုက်၊ နရင်းအုပ် ဆို တာမရှိပါဘူး။လူသားမိဘထက် လူအကြောင်းပိုနားလည်တဲ့ ဘုရားသခင်က ဘယ်သားကို ဘယ်လိုဆုံးမရမလဲဆိုတာ  ကောင်းကောင်း  နားလည် တာပေါ့။ စကားနဲ့(နှုတ်ကကတ်တော်နဲ့)စမယ်။ပတ်ဝန်းကျင်ဖြစ်ပျက်မှုတွေနဲ့လည်းသင်မယ်။ဖြောင်းဖြောင်းဖျဖျလေးပေါ့။ အဲဒိမှာ ပဲ အမှားသိပြီးပြုပြင် ရင်ရပ်မယ်။ ဒါမှမရသေးရင် နောက်တဆင့်တက်မယ်။ ဒီအဆင့်မှာ နားလည်သွားရင် ရပြီ။ မရရင် နောက်တဆင့် ပေါ့။ ဘုရားကစိတ်ရှည်တဲ့ ဘုရား၊အကောင်းကို အမြဲမျော်လင့်နေတဲ့ဘုရား မဟုတ်လား။(သု ၂၉း၁)
ဒါကြောင့် အပြစ်လုပ်မိတာ၊ မှားတာချင်းတူတာတောင်မှ အမှားပြင်ပေးတာ၊လိုအပ်လို့ဆုံးမခံရတာချင်းတူမှာ မဟုတ်ဘူး။ တစ် ယောက် ချင်းရဲ့ လည်ပင်းခိုင်တာချင်းမတူဘူး မဟုတ်လား။နဲနဲပြန်ဆက်စပ်ရရင် အပြစ်စီရင်တာကျတော့ ဒီလိုမဟုတ်ဘူး။အပြစ်တူရင် ပြစ်ဒါဏ်အတူတူပဲ၊ ဒါကွာခြားတယ်။ ဆုံးမမှုပမာဏက ဘယ်လောက်ပြင်းထန်သွားနိုင်လဲ။ ဘယ်လိုမှ နောင်တမရနိုင်ဖူးဆိုရင်တော့ အသက်ရှင်နေခြင်းကြောင့်ရမယ့်အ ခွင့်အရေးတွေ ဆှုံရှုံးစေလိမ့်မယ်။ ဒါကိုသေပြစ်လို့ခေါ်ကြတယ်။ မြေကြီးပေါ်မှာဆက်ထားလို့ သူ့အတွက်လည်းအကျိုးမရှိ သူတပါးအတွက်လည်းအ ကျိုးမရှိတော့တဲ့ ဒီလူကို သူ့ယုံကြည်ခြင်းကြောင့်ရထားတဲ့ ထာဝရနေအိမ်ကို ပြန်ခေါ်ထားလိုက်တာပေါ့။ ဒီနေ့ မြေကြီးပေါ်မှာ အသက်ရှင်နေတယ် ဆိုတာ ထာဝရကာလအတွက် ပြင်ဆင်ဖို့ရတဲ့အချိန်နာရီ အခွင့် အရေးမဟုတ်လား။ ဒါကိုလက်လွတ်သွားပြီပေါ့။ ဒါကြောင့် ဘုရားဆုံးမခြင်းမှာ ပါးသလား ထူသလားဆိုတာက အမှားလုပ်တဲ့သူရဲ့ ပြူ ပြင်မှုကို ခံယူတဲ့အပေါ်မှာ မူတည်တယ်။


ဘယ်လိုတုန့်ပြန်မလဲ
ကဲဒါဆို ဘုရားသခင်ရဲ့ဆုံးမခြင်းနဲ့ ပတ်သက်ပြီးအကြမ်းပြင်းတော့ ရပါပြီ။ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ ကျမ်းစာကနေ ဆက်သင် ယူရ အောင်။ပထမဆုံးတော့ ဟေဗြဲမှာပါတာကို အရင်လေ့လာရအောင်။အခန်းငယ်ငါးမှာ ထာဝရဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ ထုံးစံအတိုင်း တခြားဘာသာပြန်မှုတွေကိုကြည့်ရအောင်။  despise (အထင်အမြင်သေး၊မလေးမစားလုပ်သည်)၊  angry (ဒေါသဖြစ်သည်)၊ think lightly (ပေါ့ ပေါ့သဘောထားသည်)၊ ဘုရားသခင်က ဆုံးမတဲ့အခါ အဲဒီလိုသဘောမထားနဲ့ လို့သတိပေးထားတာဖြစ်တယ်။ အလေးအနက်သဘောထားပြီး အခြေအနေအပေါ် အာရုံစိုက်ဖို့လိုတယ်။ဒါပထမအဆင့်။

ပြီတော့ ကိုယ်အပြစ်ကို ဝန်ချတောင်းပန်ရမယ်။ ဒီမှာပြဿနာနဲနဲ ရှိတယ်ဗျ။ ဝန်ချတောင်းပန်ခြင်းဆိုတာ မလိုဘူးလို့ မိုက်မိုက် မဲမဲပြောတာ ကြားရတယ်။ဘုရားက ကာလသုံးပါး အပြစ်တွေကို ခွင့်လွတ်ပေးပြီး ဖြစ်လို့အပြစ်အတွက်တောင်းပန်နေစရာ မလိုတော့ ဘူးဆိုပြီ ဓမ္မဥာဏ်ကွန့်မြူး လိုက်တာဖြစ်တယ်။ အပြစ်စီရင်ခြင်းကနေ လွတ်ခြင်းရဲ့ သဘောအတိုင်း အပြစ်စီရင်မခံရဖို့ တောင်းပန်စ ရာ မလိုပါဘူး။စီရင်ခြင်းက ပြီးသွားပြီကိုး။ အခု ၁ ယော ၁း၉ မှာ တောင်းပန်ခိုင်းတာက ဒီအတွက်မဟုတ်ပေဘူးလေ။ အရင်ဆုံး လက်ခံရ မှာက ဒီကျမ်းချက်ဟာ ပြောင်းလဲပြီးသားလူ၊ ယုံကြည်သူကို ပြောတာဖြစ်တယ်ဆိုပဲ။ ကျမ်းအဆက်အစပ်အရ ဒါငြင်းခုံစရာအ ကြောင်းမ ရှိပါ။ ငါတို့အပြစ်ကိုလွတ်၍လို့သာပြော ထားတာဖြစ်ပြီး အပြစ်စီရင်ခြင်းမှ လွတ်ခြင်းလို့ ပြောထားတာမဟုတ်ဘူး။ အထက်မှာပြောခဲ့သ လိုပဲ ကိုယ့်အမှားကိုစောစောသိပြီး ဝန်ချတောင်းပန်ရင် နာကျဉ်မယ့် ဆုံးမခြင်းကနေ လွတ်ရတာပေါ့။ ဒီမှာအရေးကြီးတာက စစ်မှန်တဲ့ ဝန်ချတောင်းပန်ခြင်း ဖြစ်ဖို့လိုတယ်။ ခွင့်လွတ်ခြင်းကိုတောင်းခံတဲ့ အခါမှာ ပူးတွဲယူရမယ့်အရာရှိ တယ်။ အဲဒါက ဒုစရိုက်အပြစ်ကနေ သန့်ရှင်းစေခြင်းဖြစ်တယ်။ တနည်းအားဖြင့်ဆိုရင် ဒီအပြစ်ကို ထပ်မံမလုပ်စေတော့တဲ့ အပြစ်ကိုအောင်ဲမြင် ခြင်းဖြစ်တယ်။ဒါကြောင့် မိမိအပြစ်ကိုသိပြီး ခွင့်လွတ်ခြင်းအတွက်သာမကပဲ အပြစ်ကနေအောင်မြင်ခြင်းရဖို့ ဆန္ဒရှိရမယ်။ဒါမှ စစ်မှန်တဲ့ ဝန်ချ တောင်းပန်မှုဖြစ်  တယ်။ ဂတိတော်အတိုင်း အကျိုးကိုခံစားရမယ်။


ယုံကြည်သူတချို့အားဖြင့် ကိုယ့်ရဲ့အမှားကိုသိမြင်စေတာဟာလည်း ဘုရားသခင်ရဲ့ပြော့ပြောင်းညှင်သာတဲ့ဆုံးမပဲ့ပြင်မှု နည်းလမ်း တစ်ခုဖြစ် တယ်။ဒါကြောင့် ပွင့်လင်းပြီးထင်သာမြင်သာရှိတဲ့ မိဿဟာရရှိဖို့လိုတယ် (၁ယော ၁း၇)။ အလင်းထဲမှာရှိတယ်ဆိုတာ ဟန် ဆောင်ဖုံး ကွယ်မှုမရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်တယ်။ဒါမှ တစ်ယောက်နဲ့တစ်ယောက် အပြစ်ဖော်ပြလို့ရမှာပေါ့(၂တိ ၃း၁၇)။ မေတ္တာပြ ထောက်စာကြည့်ရှုလို့ရမယ်မဟုတ်လား (ဟေ ၁ဝး၂၄-၂၅)။ဒီလိုလူဟာ လမ်းမှားနေရင်တောင် လမ်မှန်ပြန်ရောက်ဖို့ လွယ်တာပေါ့။
နောက်ဆုံးခွန်အားပေးခြင်တာကတော့ ဘုရားသခင်ဟာ ကျွန်တော်တို့ကို လမ်းကြောင်းမှန်မှာရှိဖို့အတွက် အထပ်ထပ်အနည်းနည်း  ဆုံးမမှာမှန်ပေမဲ့ အဲဒါကိုမြော်လင့်ပြီးကြောက်ရွံ့စိတ်နဲ့အသက်ရှင်ရမှာမဟုတ်ဘူး။ ငါအပြစ်လုပ်ရင် ဘုရားကဆုံးမမှာ၊ငါ့ကိုဆုံးမတော့မ လားမသိဘူးဆိုတဲ့ အ တွေးက အပြစ်လုပ်မယ့်စိတ်ကနေ စနေတဲ့အသက်တာ ဖြစ်နေတယ်။ ဒါဟာအရှုံးရဲ့ အစလို့ပြောလို့ရတယ်။ ကျေးဇူးတော်ရဲ့ ပဲ့ပြင်မှုအောက်မှာ အပြစ်ကိုအောင်မြင်တဲ့သူဆိုတာအမှန်သိပြီး ဘုရားသားတစ်ယောက်ပီပီ အသက်ရှင်နေတဲ့သူဖြစ်တယ် ဆိုတဲ့ အမှန်တရားပေါ်မှာရပ်ပြီး အသက်ရှင်ရ မယ်။(သု ၃း၅-၆၊ဧ ၅း၁)။ဘယ်အခြေအနေမှာဖြစ်ဖြစ်၊ဘယ်အချိန်မှာဖြစ်ဖြစ် ဘုရားထံရဲရဲ ဝံ့ဝံ့တိုးဝင်ပြီးအားယူရမယ်၊အကူအညီယူရမယ်(ဟေ၄း၁၆)။


ကျွန်တော်တို့ကမှားတတ်တယ်ဗျာ။ဒါကိုသိနေတဲ့ဘုရားက စောင့်ကြည့်ပြီး ထိမ်းသိမ်းပဲ့ပြင်ပေးနေတယ်။ဘယ်လောက်ကျေးဇူး တင်ဖို့ကောင်းသလဲ။ဝမ်းမြောက်ဖို့ကောင်းသလဲ။ဒါကိုအတွေးချော်ပြီး ဘုရားကအပြစ်လိုက်ရှာနေတာပဲလို့ တွေးရင်တော့ ကျေးဇူးတော်တခု ဆုံးရှုံးရပြီပေါ့။
ဒါကြောင့် ဘုရားဆုံးမခြင်းဆိုတာ ဘုရားရဲ့သဘောကိုသိတဲ့သူ၊ ဘုရားနဲ့သွားလာရတာပျော်မွေ့တဲ့သူ၊အသက်တာကို ဘုရားရဲ့ အလို တော် အောက်မှာရှင်လိုသူအတွက် ပါးတာထူတာ အရေးမကြီးတော့ပါဘူး။ကောင်းးကင်အဖရဲ့ မေတ္တာနဲ့ ထိတွေ့ရခြင်းလို့ ခံစားရမှာ အမှန်ဖြစ်တယ်။
ဘုရားသခင်ရဲ့ကျေးဇူးတော်မေတ္တာတစ်ပါးဖြစ်တဲ့ ဆုံးမသွန်သင် အမှားပြင်ပေးခြင်းရဲ့ အရိပ်အောက်မှာ လွတ်လပ်ခြင်း၊သန့်ရှင်းခြင်း အ သက်တာရရှိပြီး အောင်မြင်လျက် ဘုရားဘုန်းထင်ရှားစေသော သူတွေဖြစ်ပါစေ။                                                                  

ခင်မောင်ဝင်း(ရွာငံ)