ကျွန်ုပ်တို့၏ဘဏ္ဍာကို စီမံခန့်ခွဲခြင်း Practical Christian Living Course


ရဲလင်းထွန်း (အင်းစိန်)   ကျွန်ုပ်တို့၏ဘဏ္ဍာကို စီမံခန့်ခွဲခြင်း
Managing Our Finances, Practical Christian Living Course  - Lesson 22

လောကလူသားများနှင့်အသင်းတော်များတွင်၊ ငွေကိုစီမံခန့်ခွဲမှုသည် အလွန်အရေးကြီးလှ၏။ ဘဏ္ဍာကို ဘုရားထံ ဆပ်ကပ် အပ်နှံခြင်းဖြင့်  ငွေ၏ကျေးကျွန် မဖြစ်ရေး (သို့မဟုတ်) ဖြစ်နေခြင်းမှလွတ်မြောက်ရေးအတွက် ထပ်မံတင်ပြရခြင်းဖြစ်ပါသည်။

သော့ချက် ကျမ်းပိုဒ်။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ (မဿဲ၊ ၆း၃၃)

သခင်ယေရှုသည် ငွေအကြောင်းနှင့် မည်သို့လျော်ကန်စွာ အသုံးပြုရမည့်အကြောင်းကို ကျမ်းစာထဲတွင် များစွာ ပြောပြထားသည်။ သူက ကျွန်ုပ်တို့သည် ငွေ၏အရေးပါမှုကို လိုသည်ထက် ပိုပြီ အလေးအနက်မထားရန် သင်ကြားခဲ့ပြီး ငွေ၏အရေးပါမှုကို လျှော့မတွက်ရန်လည်း သင်ကြားခဲ့ သည်။ ဤသင်ခန်းစာတွင် ငွေနှင့်ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ ကျမ်းစာထဲတွင်ပြောထားသော အခြေခံသဘော တရား အချို့ကို လေ့လာ ကြမည် ဖြစ်သည်။

.
Read more: ကျွန်ုပ်တို့၏ဘဏ္ဍာကို စီမံခန့်ခွဲခြင်း Practical...

စိတ်ဝိညာဉ်များကို ခရစ်တော်ထံသို့ လမ်းပြပို့ဆောင်ခြင်း - New Life in Christ Course III , Lesson 21


စိတ်ဝိညာဉ်များကို ခရစ်တော်ထံသို့ လမ်းပြပို့ဆောင်ခြင်း

Leading Souls to Christ
New Life in Christ Course III , Lesson 21 

သော့ချက် ကျမ်းပိုဒ်။    “….သူတပါးတို့၏စိတ်ဝိညာဉ်ကို ရသော သူသည်လည်း ပညာရှိ ဖြစ်၏”  (သုတ္တံ၊ ၁၁း၃၀ခ)

                ခရစ်ယာန်အသက်တာ၏ အကြီးမားဆုံး ပျော်ရွှင်မှုများထဲမှ တစ်ခုမှာ တစ်စုံတစ်ဦးကို ခရစ်တော် ထံသို့ လမ်းပြပို့ဆောင်ခြင်းဖြစ်သည်။ စဉ်းစားကြည့်ပါမိတ်ဆွေ။ သင်နှင့်ကျွန်ုပ်သည် အခြားလူများကို ကယ်တင်ခြင်း၌ အသုံးတော်ခံအနေဖြင့် ပါဝင်နိုင်သည်။

                ခရစ်တော်ထံသို့ လူများကို မည်သူလမ်းပြပို့ဆောင်နိုင်သနည်း။ မည်သည့်ယုံကြည်သူမဆို ပို့ဆောင်နိုင်သည်။ ဤအရာသည် ရွေးချယ်ထား သော လူအချို့၏ အလုပ်သာ မဟုတ်ပါ။ ယုံကြည်သူတိုင်းသည် ခရစ်တော်၏သက်သေခံများဖြစ်ရန် ခေါ်တော်မူခြင်းခံရပြီး ယုံကြည်သူတိုင်းသည် 'စိတ်ဝိညာဉ်ကို ရရှိသူများ' ဖြစ်နိုင်သည်။ သခင်ယေရှုက ဤသို့ဆိုခဲ့သည်။ 'ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်' မဿဲ ၄း၁၉

.

Read more: စိတ်ဝိညာဉ်များကို ခရစ်တော်ထံသို့...

ဒေသန္တရ အသင်းတော် New Life in Christ Course III - Lesson 18


ဒေသန္တရ အသင်းတော်
The Local Church
New Life in Christ Course III - Lesson 18

ဖတ်ရန်ကျမ်းပုဒ် ။              ။ ၁ကော ၁၂း ၁၂-၃၁

သော့ချက် ကျမ်းပိုဒ်။    ။'သင်တို့သည် ခရစ်တော်ကိုယ်ဖြစ်ကြ၏။ အသီးသီးအင်္ဂါတော်ဖြစ်ကြ၏။' (၁ကော ၁၂း ၂၇)

               နောက်ဆုံးသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကြီးမြတ်သောအစီအစဉ်ဖြစ်သော အာဒံ၏အပြစ်သားဇာတိမျိုးနွယ်မှ လူများကို ခေါ်ထုတ်၍ ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော တပါးသော ဝိညာဉ်၌ ပေါင်းစည်းစေသည့်အကြောင်းကို လေ့လာသိမြင်ခဲ့ပြီးဖြစ်သည်။ ယုံကြည်သူတိုင်း သည် ဤတပါးသောခန္ဓာဖြစ်သော အသင်းတော်၏ သင်းဝင်သူများဖြစ်သည်ကိုလည်း လေ့လာခဲ့ပြီးဖြစ်သည်။ တမန်တော် ပေါလုက ဤသို့ဆိုသည်။ 'ဤအရာသည် အလွန်နက်နဲသောအရာဖြစ်၏။ ထိုသို့ငါဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ငါဆိုသတည်း။' (ဧဖက် ၅း ၃၂)

               ဘုရားသခင်သည် ကောင်းကင်ဘုံရှိ အသင်းတော်ဖြစ်သော ခရစ်တော်၏ ကိုယ်ခန္ဓာကို ဤကမ္ဘာပေါ်တွင် ဖော်ပြတည်ဆောက်ရန် ရည်ရွယ် ချက် ရှိခဲ့သည်။ ဒေသန္တရအရပ်တစ်ရပ်ဆီ၌ ယုံကြည်သူများသည် ဆုတောင်းခြင်း၊ ဝတ်ပြုခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် နှုတ်ကပတ်တော်ကို သင်ယူ လေ့လာရန် ပုံမှန်အတူ တကွစုဝေးကြသည်။ ဤယုံကြည်သူများ စုဝေးကြခြင်းကို 'ဒေသန္တရအသင်းတော်'များ ဟု ခေါ်သည်။

              ထို့ကြောင့် သမ္မာကျမ်းစာသည် 'အသင်းတော်'ဟူသော စကားလုံးကို ရည်ညွှန်းချက် (၂)ခုဖြင့်အ သုံးပြုသည်။

.

Read more: ဒေသန္တရ အသင်းတော် New Life in Christ Course III -...

ခရစ်တော်၌ရှိခြင်း - New life in Christ Course III - Lesson 8


ခရစ်တော်၌ရှိခြင်း
In Christ
New life in Christ Course III -  Lesson 8

ဖတ်ရန်ကျမ်းချက်၊ ဧဖက် အခန်းကြီး၊ ၁ နှင့် ၂။

သော့ချက် ကျမ်းပိုဒ်။

                'လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍၊ ခပ်သိမ်းသော အရာတို့ သည် အသစ်ဖြစ်ကြပြီ။' (၂ကော၊ ၅း၁၇)

                ယခင် သင်ခန်းစာများ၌ လောကတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း သင်ခဲ့ရပြီ။ အာဒံ၏အိမ်ထောင်စုနှင့် ခရစ် တော်၏ အိမ်ထောင် တို့ဖြစ်သည်။ ကျွန်ုပ်သည် အာဒံ၏အိမ်ထောင်တွင်ရှိခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံထဲ၌ရှိသူ အဖြစ် မြင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏အိမ်ထောင်တွင်ရှိသော် ဘုရားသခင်သည် ကျွန်ုပ်ကို ခရစ်တော်၌ရှိသူ အဖြစ် မြင်တော် မူသည်။

                ဘုရားသခင်သည် လူအပေါင်းကို အာဒံထဲ၌ သို့မဟုတ် ခရစ်တော်ထဲ၌ ရှိသည်ကို မြင်တော်မူသည်။ သူသည် သင့်ကို အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။ သူသည် ကျွန်ုပ်ကိုလည်း အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။

                'အာဒံ၌' ဟူသည် မည်သည့် အဓိပ္ပါယ် ရှိသနည်း။ အာဒံ၌ ရှိခြင်းသည် အာဒံနှင့် သူနှင့်ဆိုင်သောအရာများကို ဝေမျှခံ စားရန် ဖြစ်သည်။ မျိုးရိုးဇာတိအားဖြင့် ကျွန်ုပ်တို့သည် အာဒံ၌ ရှိတော်မူသည်။ ဘုရားသခင်နှင့်အဆက်ပြတ်ပြီ၊ အပြစ်နှင့်စာတန်၏ကျွန် ဖြစ်ကြသည်။ ဘယ်မျှ ကြောက်ဖွယ် ဖြစ်သနည်း။

.
Read more: ခရစ်တော်၌ရှိခြင်း - New life in Christ Course...

ဝှတ်ထားသောဘဏ္ဍာ ဖေါ်ထုတ်ခြင်း


SEMINAR WORKSHOP - SINGAPORE (JBCS)

1.3.2008 – 5.3.2008  မဿဲ ၁၃၊ မျိုးစေ့ကြဲမှု၊ ၀ှက်ထားဘဏ္ဍာ၊ မြက်သောပုလဲ..
Sponsored by Rev. Dr Kyaw Win (Ph.D, President of CIST)

၁။ မင်္ဂလာ ကိုးပါး
မဿဲ ၅း ၁-၁၂

၂။ အောင်မြင်ခြင်းရရှိရန် အသက်တာ၏ အုတ်မြစ်  သင်ခန်းစာ (၁)
မဿဲ - ၇း ၂၄-၂၇၊ လု - ၆း ၄၇-၄၉

၃။ ယုံကြည်သူများအာ တိုက်ခိုက်နေသည့် စာတန်၏
လက်နက်လေးမျိုး
(က) မျိုးစေ့ကြဲခြင်း၊ မဿဲ-၁၃း၁-၂၃ သင်ခန်းစာ (၂)

(ခ) ကောင်းသောမျိုးစေ့ နှင့် တောမျိုးစေ့၊ သင်ခန်းစာ (၃)
မဿဲ ၁၃း၂၄-၃ဝ ၊ ၃၆-၄၃
(ဂ) မုန်ညှင်းစေ့နှင့် ငှက်၊ မဿဲ-၁၃း၃၁-၃၂   သင်ခန်းစာ(၄)
(ဃ) မုန့် ညက်နှင့် တဆေး၊ မဿဲ-၁၃း၃၃  သင်ခန်းစာ(၅)

၎။ အောင်မြင်သော ခရစ်ယာန် အသက်တာ၏
ပထမခြေလှမ်း(၄)လှမ်း

(က) လယ်၌ ဝှက်ထားသော ဘဏ္ဍာ၊ မဿဲ-၁၃း၄၄  သင်ခန်းစာ(၆)
(ခ) မြတ်သောပုလဲရှာဖွေခြင်း။ မဿဲ-၁၃း၄၅-၄၆  သင်ခန်းစာ(၇)

(ဂ) ပိုက်ကွန်ရေထဲသို့ ချခြင်း၊ မဿဲ-၁၃း၄၇-၅ဝ   သင်ခန်းစာ(၈)

(ဃ) အိမ်ရှင်၊ မဿဲ-၁၃း၅၁-၅၂  သင်ခန်းစာ(၉)

Rev. Dr Kyaw Win  PhD  ရေးသားပြုစုသည်။

 

.
Read more: ၀ှတ်ထားသောဘဏ္ဍာ ဖေါ်ထုတ်ခြင်း

ခရစ်တော်၌ တစ်ခုတည်းသော ကိုယ်ခန္ဓာ - One Body in Christ


ခရစ်တော်၌ တစ်ခုတည်းသော ကိုယ်ခန္ဓာ -
One Body in Christ
New Life in Christ Course III
သင်ခန်းစာ (၁၇)

ဖတ်ရန်ကျမ်းပုဒ်များ ။  ဧဖက် ၁း ၁၅-၂၃၊ ဧဖက် ၄း ၁-၆

သော့ချက် ကျမ်းပိုဒ်။   'ထိုအတူ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍'  ရော၊ ၁၂း၅။

                ဘုရားသခင်သည် ပထမဆုံးလူ အာဒံကို မဖန်ဆင်းမီကပင် လူသားများသည် သူကိုပုန်ကန်မည်ကို သိခဲ့သည်။ သို့သော် ဘုရားသခင်၌ ကြီးမားသောအစီအစဉ်တစ်ခု ရှိခဲ့သည်။ ဘုရားသခင်ဘာကို စီစဉ်ခဲ့ သနည်း။ လူများကို အာဒံ၏အပြစ်သားမျိုးနွယ်မှ ခေါ်ယူ၍ ဝိညာဉ်ခန္ဓာ တစ်ခုဖြစ် သော 'အသင်းတော်'၌ ပြန်လည်ပေါင်းစည်းစေရန်အတွက် ဘုရားသခင် စီစဉ်ခဲ့သည်။ ဤသင်ခန်းစာတွင် အသင်းတော်နှင့် ပတ်သက်၍  ကြီးမြတ်သော အမှန်တရားများကို လေ့လာကြမည်ဖြစ်သည်။ 

အသင်းတော်

                'အသင်းတော်'ဟူသော စကားလုံးကိုကြားပါက သင်ဝတ်ပြုကိုးကွယ်သော အဆောက်အဦးကို သင်တွေးမိပေလိမ့်မည်။ သင်သည် ဘုရား ကျောင်း ထိပ်ဖျား အမိုးချွန်၊ တရားပလ္လင်၊ ခုံတန်းရှည်များနှင့် သံစုံသီဆိုသောနေရာပြသာဒ်ကို ပြေးမြင်ပေမည်။ သို့သော် ထိုအရာများသည် အဆောက် အဦး တစ်ခု သာဖြစ်ပြီး ဘုရားသခင် သူ၏ နှုတ်ကပတ်၌ ဖော်ပြထားသော 'အသင်းတော်'မဟုတ်ပါ။

                ဓမ္မသစ်ကျမ်း၌  ဖော်ပြထားသော အသင်းတော်၏ အဓိပ္ပာယ်မှာ 'ခေါ်တော်မူခြင်း ခံရသောလူများ၊ လူစုလူဝေး'ဟူ၍ ဖြစ်သည်။ အသင်းတော် သည် လူများကို ရည်ညွှန်းသည်။ အဆောက်အဦးကို ရည်ညွှန်း ခြင်းမဟုတ်ပါ။ ဘုရားသခင် ရွေးနှုတ်ထားသော ယုံကြည်သူများ ကို ရည်ညွန်းသည်။ 

  .

Read more: ခရစ်တော်၌ တစ်ခုတည်းသော ကိုယ်ခန္ဓာ - One Body in...

အသစ်သော မွေးဘွားခြင်း - A New Birth


အသစ်သော မွေးဘွားခြင်း - A New Birth
New life in Christ Course III
Lesson 7

ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။

သော့ချက် ကျမ်းပိုဒ်။ ' ယေရှုက၊ ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်

အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏' (ယော၊ ၃း၃)

                ယခင် သင်ခန်းစာ၌ ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း လေ့လာခဲ့ရပြီး ဖြစ်သည်။ ပဌမ လူ အာဒံ သည် အိမ်ထောင်စု တခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။

                အချို့သော လူများယူဆကြသည်မှာ ဘုရားသခင်သည် လူသားအားလုံး၏ ဘခင်ဖြစ်သည်။ သို့သော် ဤအယူအဆ သည် မှန်ကန်ခြင်းမရှိပါ။ ခရစ်တော်၏အိမ်ထောင်စု၌ ရှိသောသူများသာလျှင် ဘုရားသခင်သည် သူတို့၏ ဘခင် ဖြစ်သည်။ အာဒံ၏အိမ်ထောင်စုဝင်များ၏ဝိညာဉ်ရေးရာ ဘခင်သည် စာတန်ဖြစ်သည်။ လူသားအားလုံး၏ဘခင်သည် ဘုရားသခင် မဟုတ် ကြောင်း သခင်ယေရှု မြွက်ဆိုခဲ့၏။

.
Read more: အသစ်သော မွေးဘွားခြင်း - A New Birth

ဘုရားသခင်၏ဒုတိယလူ - God’s Second Man


ဘုရားသခင်၏ဒုတိယလူ -

God’s Second Man
New life in Christ Course III
Lesson 6

ဖတ်ရန်ကျမ်းချက်။ (မ၊၁း၁၈-၂၅။ဖိ၊၂း၅-၁၁။ဧ၊၁း၂ဝ-၂၃)

သော့ချက် ကျမ်းပိုဒ်။

                 'အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊  တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏' (ရော၊၅း၁၉)

လူက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း

                ဘုရားကပထမဆုံးလူ၊အာဒံကိုဖန်ဆင်း၏။  သူ၏ဘုန်းကိုထင်ရှားစေရန် လူမျိုးနွယ်ကို အလိုရှိတော်မူ၏။ သို့သော် အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့၏။ အာဒံသည် မိမိတဦးထဲ အပြစ်သားဖြစ်ခဲ့ခြင်းသာမဟုတ်၊ လူသားအားလုံး ကိုလည်း အပြစ်သားများဖြစ်စေ၏။ ဘုရားသခင်၏ အသက်ရရှိရမည့် အစား ဘုရားသခင်နှင့်အဆက်ပြတ်ခဲ့၏။ ဘုရား၏ပကတိ ရှိရမည့်အစား၊ လူသည်အပြစ်နှင့် အတ္တအုပ်စိုးခြင်းသာရှိ၏။ ဤကမ္ဘာ လောက ကို အုပ်စိုးရမည့်အစား အပြစ်နှင့်စာတန်၏ကျွန် ဖြစ်ခဲ့ရ၏။ လူ၊ အပြစ်သားမျိုးနွယ်သည် ဘုရား၏ဘုန်းတော်နှင့်ရည်ရွယ်ချက်ကို မည်ကဲ့သို့ ပြည့်စုံစေနိုင်မည်နည်း။ အဖြေမှာ၊ မဖြစ်နိုင်ပါ။

.
Read more: ဘုရားသခင်၏ဒုတိယလူ - God’s Second Man

အာဒံထဲ၌ - New life in Christ Course 3


အာဒံထဲ၌   
In Adam

New life in Christ Course 3,   Lesson 5 

ဖတ်ရန်ကျမ်းချက်။ ရော၊ ၅း၁၂-၂၁။ ဧ၊ ၂း၁-၁၃။

သော့ချက် ကျမ်းပိုဒ်။ 'အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူအပေါင်းတို့သည် အပြစ် ရောက်သည် နည်းတူ၊....' (ရော၊ ၅း၁၉)

                ယခင် သင်ခန်းစာများ၌ ကျွန်ုပ်တို့သည် ဤလောကထဲသို့ အပြစ် ဘယ်ကဲ့သို့ဝင်ရောက်လာသည်ကို မြင်ခဲ့ရပြီ။ မဌမဦး ၌ စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီ၊ ဘုရားသခင်ကိုဆန့်ကျင်ရန် သူ၏နိုင်ငံကိုထူထောင်ခဲ့၏။ ထိုနောက် အာဒံသည်လည်း စုံစမ်းခြင်းကို ခံရပြီးနောက် သူသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့၏။

.
Read more: အာဒံထဲ၌ - New life in Christ Course 3

ဖြစ်ရပ်မှန်များ၊ ယုံကြည်ခြင်း၊ ခံစားချက်များ Lesson 1


ဖြစ်ရပ်မှန်များ၊ ယုံကြည်ခြင်း၊ ခံစားချက်များ
Facts, Faith, and Feelings
Practical Christian Living Lesson 1

 သော့ချက် ကျမ်းပိုဒ်။   ။သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သော စိတ်ရှိ၍ ၀မ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော် မူပါစေသော။ (ရောမ၊ ၁၅း၁၃) 

 ချစ်သောမိတ်ဆွေ၊

                သင်သည်အဘယ်ကြောင့် အချို့သောအချိန်များတွင်ယုံကြည်ခြင်း ကြီးဟန်တူပြီ၊ အချို့သောအချိန်များတွင် ယုံကြည်ခြင်း အားနဲ့ဟန် တူကြောင်း သင် စဉ်းစား မိနေပါသလါး။ သင်၏ယုံကြည်ခြင်းအားကြီးလာအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို စဉ်းစားမိပါသလား။

                သင်၏ခံစားချက်များသည် အဘယ်ကြောင့် အပြောင်းအလဲမြန်သည်ကို စဉ်းစားမိပါသလား။ သင့်ခံစားချက်များ အတွက် သင်ဘာ လုပ်နိုင်ကြောင်း စဉ်းစား မိပါသလား။

.
Read more: ဖြစ်ရပ်မှန်များ၊ ယုံကြည်ခြင်း၊ ခံစားချက်များ...

မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်ကို မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။ Lesson 4


စောဂေးလယ် 
မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်ကို မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။
How to overcome feeling of inferiority?
Practical Christian Living -  Lesson 4

 သော့ချက် ကျမ်းပိုဒ် ။     ။   ရောင့်ရဲသော စိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။  (၁ တိ၊ ၆း၆)         

 ချစ်သောမိတ်ဆွေ

     လူ့ဘ၀မှာလူတိုင်းလိုလို တစ်ကြိမ်တစ်ခါသို့မဟုတ်တစ်ကြိမ်မက ကြုံတွေ့ရသော ခက်ခဲမှုပြဿနာများ ရှိပါ သည်။ အချို့ လူများအဘို့ တစ်သက်တာလုံး ကြုံတွေ့ရသော ရေရှည်ပြဿနာဖြစ်ကာ အထူးသဖြင့် လူငယ်များအဖို့ နာကျင် ဝေဒနာ ဖြစ် ပြီး ထိခိုက်နစ်နာလှပါသည်။ 

ဤကဲ့သို့ ထိခိုက်နာကျင်နစ်နာစေသည့် ပြဿနာကား အဘယ်နည်း။

 မိမိသည် အခြားလူများလောက် မကောင်းကြောင်း၊ မိမိသည် အကျဉ်းတန်၍အခြားသူများကဲ့သို့ တပ်မက်ဖွယ်မကောင်းခြင်း၊ မိမိသည်နုံအ၍ အခြားသူများက မိမိထက်လိမ္မာပါးနပ်ထက်မြတ်ကြောင်း၊ မိမိသည်ဆုံးရှုံးသူ၊ရှုံးနိမ့်သူဖြစ်ကြောင်း စသည့် ခံစားချက်များဖြစ်သည်။ ၄င်းကို မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်များဟုခေါ် သည်။

 

.
Read more: မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်ကို...

အကျွန်ုပ်တို့၏ အလုံးစုံတို့၌ အလုံးစုံဖြစ်သော ယေရှုခရစ် - Lesson 9

 



အကျွန်ုပ်တို့၏ အလုံးစုံတို့၌ အလုံးစုံဖြစ်သော ယေရှုခရစ်

Jesus Christ, Our ALL IN ALL

သင်ခန်းစာ (၉)

                '...ထိုစည်းစိမ်ကား၊   ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော် ပေ တည်း' (ကော၊ ၁း၂၇)

 

ချစ်သောမိတ်ဆွေ၊

                ကျွန်ုပ်တို့သည်သခင်ယေရှုနှင့်ဆိုင်သော အံ့ဘွယ်သောအကြောင်းများစွာကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့လေ့ လာခဲ့ရာတွင် သူသည် ဘုရားသခင်ကတိတော်နှင့်ဆိုင်သောကယ်တင်ရှင်၊ တန်ခိုးကြီးသောဘုရား၊ ကြီးမြတ်သောဆရာ၊ ဘုရား၏သိုးသငယ်၊ ထမြောက်ခြင်း အရှင်၊ အလုံးစုံတို့၏သခင်၊ ကြီးမြတ်သော ကိုယ်စားပြုအကျိုးဆောင်သူနှင့် ကြွလာမည့် ရှင်ဘုရင် ဖြစ်သည်။ ယေရှုခရစ်သည် ဤအရာများသာမက သာ၍များသော အရာများလည်းဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏တန်ခိုး၊ ကျွန်ုပ်တို့၏သန့်ရှင်းခြင်း၊ ကျွန်ုပ်တို့၏ အောင်မြင်ခြင်း၊ ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်း၊ ကျွန်ုပ်တို့၏ခွန်အား၊ ကျွန်ုပ်တို့၏စိတ်ရှည်ခြင်း၊နှင့် သာ၍များစွာသော အရာများဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ လိုအပ် သော အရာတိုင်းအတွက် ဘုရားသခင်သည် ခရစ်တော်ကို ကျွန်ုပ်တို့၌ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းစာက 'ထိုသို့ သင်တို့သည် သား ဖြစ်သောကြောင့် အဗ္ဗအဘ ဟုခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွတ် တော်မူ သည်' ဟုဆိုသည်။(ဂလာ၊ ၄း၆)

.
Read more: အကျွန်ုပ်တို့၏ အလုံးစုံတို့၌ အလုံးစုံဖြစ်သော...