
မဟာအမှုတော်မြတ်ကြီး
The Great Commission
New Life in Christ Course III
Lesson 19
ဖတ်ရန် ကျမ်းစာ ။ ရောမ၊ ၁ဝ-၁၅။
သော့ ကျမ်းချက်၊ ။'သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ ' (မာ၊ ၁၆း၁၅)
အသင်းတော်နှင့် ပတ်သက်သော အံဘွယ်သောအကြောင်းအရာ အချို့ကိုလေ့လာခဲ့ပြီ။ အသင်းတော်သည် ခရစ် တော်၏ခန္ဓာ ဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့၏။ ခရစ်တော်သည် အသင်းတော်၏ဦးဂေါင်းဖြစ်ပြီး၊ ယုံကြည်သူများသည် သူ့ခန္ဓာ၏ အဖွဲ့ဝင်များဖြစ်သည်။
စာတန်၏မကောင်းမှုစနစ်များ အလယ်၌ ခရစ်တော်သည် သူ၏အားကြီးသော၊ အောင်မြင်သော တန်ခိုးနှင့် အလုပ် လုပ်နိုင်ခြင်း၊ ထင်ရှားနိုင်ရန် သူ၌ခန္ဓာ ရှိတော်မူသည်။ အသင်းတော်အားဖြင့် ဤလောက၌ သူ၏အသက်တာနှင့် သူ၏ အလုပ်များကို ဖေါ်ပြလျက်ရှိသည်။
.