လူမတတ်နိင် - သင်ခန်းစာ (၁၂)

မောဇက်ထောင်ကျုံး

ယခင်သင်ခန်းစာများ၌လူ၏အခြေအနေသည်အလွန်ဆိုးဝါး၍ မကောင်းကြောင်း တွေ့ရသည်။  အမျိုးလည်းမကောင်းအကျင့် အားဖြင့်ကြည့်လျှင် လည်းမကောင်း။ ထို့ ကြောင့်အပြစ်ကင်းရန် ဖြောင့်မတ်ဘို့ ရန် ဘုရားသခင်၏ နိင်ငံတော် ရောက်ဘို့ရန် လူမတတ်နိင်ပါ။ ထိုအရာများကိုအတိုချုံး၍ဆက်လေ့ လာကြစို့ ။ အပြစ်နှင့် ပတ်သက်၍လူသည်အပြစ်ကင်းဘို့ ရန် မတတ်နိင်ပါ။ ကျမ်းစာက- အဲသယောပိလူ သည် မိမိအရေ၏အဆင်းကို၎င်း၊ ကျားသစ် သည် မိမိအကွက်အကျားကို၎င်း ပြောင်းလဲနိင်သလော။ပြောင်းလဲ နိင် လျှင် ဒုစရိုက်ကို ပြုလေ့ ရှိသောသူတို့သည်သုစရိုက်ကို ပြုခြင်းငှါ တတ်နိင်ကြလိမ့်မည်- ဟုဆိုသည် (ယေရမိ၊၁၃း၂၃)။ လူသည်အပြစ် မလုပ်ဘဲမနေနိင်ပါ။ အဲသယောပိလူ (လူမဲ)သည် အသားဖြူလာမှ ကျားသစ်သည် အကွက် အကျားပြောင်းလာမှလူသည် အပြစ် မလုပ်ဘဲနေနိင်မည်။

အပြစ်အခနှင့်ပတ်သက်၍

ကျမ်းစာက - အပြစ်၏အခသည်သေခြင်းပေတည်း - ဟုဆိုသည် (ရော၊၆း၂၃)။ လူသည် အပြစ်၏အခအတွက် အသေခံပါက မည်ကဲ့သို့ ထာဝရ အသက်ရနိင်မည်နည်း။ လူသည်မိမိ အပြစ်အတွက်အသေခံလျှင် ငရဲကျဘို့ရန် သာလျှင်ရှိသည်။ ထို့ ကြောင့် လူသည် အပြစ်၏ အခအတွက် မပေးဆပ်နိင်ချေ။

. အပြစ်ဆေးကြောခြင်းနှင့်ပတ်သက်၍

လူသည်နောင်တရ၍ နောက်ထပ်အပြစ်မကျူးလွန်ဘို့ရန်ကြိုးစား တတ်သည်။ သို့ သော်အပြစ်မလုပ်ဘဲမနေနိင်။ ထို မျှသာမက ကျူးလွန်ပြီးသော အပြစ်များသန့် ရှင်းစင်ကြယ် စေဘို့ ရန် မတတ်နိင်ပါ။ ကျမ်းစာက-လူ၏အပြစ်ကို ဖြေသော အရာကား အသွေးဖြစ် သတည်း - ဟု ဆိုသည် (၀တ်ပြု ရာ၊၁ရး၁၁)။ တဖန်- အသွေးမသွန်းလောင်းဘဲအပြစ်ဖြေလွှတ်ခြင်း မရှိ-ဟုဆိုပြန်သည် (ဟေဗြဲ၊၉း၂၂)။ လူသည် မိမိအ ပြစ်သန့် ရှင်းစေဘို့ ရန် အသွေးသွန်းစရာမရှိပါ။ တိရစ်္ဆာန် အသွေးအားဖြင့်လည်း ဘုရားသခင်က လက်မခံနိင်တော့ပါ။ မိမိအသွေး သွန်းလျှင်လည်းအပြစ်သား၏အသွေးသည် မသန့် ရှင်းပါ၊ ထို့ ကြောင့် လူသည် အပြစ်ကင်း အောင်မတတ်နိင်ပါ။

ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍

လူသည်ဘုရားသခင် က လက်ခံလာ အောင် ကုသိုလ်ကောင်းမှုကိုအားကိုး တတ်သည်။ ဆယ်ဘို့ တဘို့ လှူခြင်း၊ အ လှူငွေ ထည့်ခြင်း၊ ဆင်းရဲသားများကို မစခြင်း၊ ဘာသာရေးလုပ် ငန်းများ၌ ပါဝင်လှူဒါန်းခြင်းတို့ ဖြင့် အပြစ် ပြဿနာ ပြေလည်မည်ဟု ထင်တတ် သည်။ သို့ သော်ကျမ်းစာက-အကျွန်ပ်တို့ ရှိ သ မျှ သည်စင်ကြယ်ခြင်း မရှိပါ။  ပြုဘူးသမျှသော ကုသိုလ်ကောင်းမှု တို့သည် လည်း ညစ်သောအ၀တ်နှင့်တူကြပါ၏-ဟု ဆိုထားပါသည် (ဟေရှာယ၆၄း၆)။ လူ၏ ကုသိုလ်သည်လူ၏အမြင်၌ ကောင်းသော်လည်း ဘုရားအမြင်၌ ညစ်သောအ၀တ်နှင့် တူသည်။ ထိုမျှမက ကုသိုလ်ကောင်းမှုဖြင့် အပြစ် ပြဿနာကို မဖြေရှင်းနိင်ပါ။ ဥပမာ လူသတ်သမားတဦးသည် ကုသိုလ် မည်မျှပင် ပြုသော်လည်း အပြစ်မပြေနိင်ပါ။ လူသတ်မှုအတွက် ပြစ်ဒဏ်ခံ ရမည်သာဖြစ်သည်။

ပညတ်တော်နှင့်ပတ်သက်၍

လူသည်ပညတ်တော် လိုက်လျှောက်ခြင်း အားဖြင့်အပြစ်ကင်းမည်။ ထာဝရအသက်ရမည်ဟု ထင်တတ်သည်။ သို့သော်လည်း ကျမ်းစာက- ပညတ်တရား အလုံးစုံ ကိုစောင့် ရှောက်သည်တွင်တစုံတခု၌ မှားယွင်း ပါက ပညတ်အလုံးစုံကိုလွန်ကျူးသော အ ပြစ်ရှိ၏-ဟု ဆိုပါသည် (ယာကုပ် ၂း၁၀)။ လူသည်ပညတ်တရားအလုံးစုံကိုမလျှောက်နိင်ပါ။ လိုက် လျှောက်မည် ဟုသာ ပြောတတ်ကြသည်။ လိုက်လျှောက် ကြိုးစားသူမများပါ။  ထိုမျှသာမက ပညတ်တော် မလိုက်လျှောက်နိင်သောကြောင့် ကျိန်ခြင်းနှင့်သေခြင်းကိုသာ ဖြစ်စေသည် (ဂလာ ၃း၁၀၊ ရောမ ရး၁၁)။ ထိုကြောင့် လူသည် ပညတ်တရားနှင့်ပတ် သက်၍ ဘာမျှမလုပ်တတ်ပါ။

ဒုတိယမွေးဘွားခြင်းနှင့်ပတ်သက်၍ လူသည်ပဌမမွေးဘွားသောအခါအာဒံ၏သားသမီးအ ဖြစ်မွေးဘွားသည်။ ပဌမမွေးဘွားခြင်းသည်မိခင်ဝမ်းထဲမှ ကိုယ်ခန္ဓာအားဖြင့် မွေးဘွားသည်။ ထိုမွေးဘွားခြင်းပင်လျှင် မိမိလုပ်ဆောင်ချက်မပါပါ။ ထိုမျှသာမက သခင်ယေရှက- ဒုတိယမွေးဘွားခြင်း မခံသောသူ မည်သည်ကား ဘုရားသခင်၏နိင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟုမိန့် တော်မူ၏-(ယော၊၃း၃)။  ပဌမမွေးဘွားခြင်း မခံသော သူသည် ဤလောကထဲသို့ မရောက်ရုံသာမက ဤလောကကိုလည်း မမြင်ကြပါ။ ထို့နည်းတူ ဒုတိယမွေးဘွားခြင်း မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မရောက်ရုံမက မြင်လည်းမမြင်ရပါ။

သခင်ယေရှုက ရေနှင့်  ၀ိညာဉ်တော်အားဖြင့် မွေးဘွားရမည်ဟု ဆိုသည်။ မည်ကဲ့သို့ ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဘွားရ မည်နည်း။ ရေနှစ်ခြင်း ခံခြင်းအားဖြင့် မွေးဘွားရမည်လော။ ရေနှစ်ခြင်းအားဖြင့် ဖြစ်လျှင် ရေနှစ်ခြင်း ခံသူတိုင်း ဘုရားသခင်၏ နိုင်ငံတော် ရောက်မည်။ သို့သော်ရေနှစ်ခြင်း ခံသူတိုင်း ဘုရားသခင်၏ နိုင်ငံတော်ရောက်မည်မဟုတ်။ ၀ိညာဉ်တော်အားဖြင့် မည်သို့ မွေးရမည်နည်း။ လူအားဖြင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒုတိယမွေးဘွားခြင်းနှင့် ပတ်သက်၍ ဘာမျှမတတ်နိုင်ပါ။

ထာဝရအသက်နှင့် ပတ်သက်၍

လူသည် ထာဝရအသက်ရဘို့အကျင့်ကောင်းခြင်း၊ ပညတ်တော်လိုက် လျှောက်ခြင်း၊ အလှူပေးခြင်း၊ ဘာသာရေးလိုက်စားခြင်း စသည်ဖြင့် အမျိုးမျိုးကြိုးစားတတ်ကြသည်။ သို့သော် ထာဝရအသက်သည် ထိုအရာများ၌မရှိ။ ဘုရားသခင်က ထာဝရအသက်ကို ခရစ်တော်၌ ထည့်ထားသည်။ ထို့ကြောင့် ခရစ်တော်ရမှသာ ထာဝရအသက်ရနိုင်ပေမည် (၁ယော၊၅း၁၁-၁၂) သို့ဖြစ်လျှင် ခရစ်တော် မပါဘဲ မည်ကဲ့သို့ ထာဝရအသက်ရနိုင်မည်နည်း။ လူသည် ထာဝရအသက်ရဘို့ရန် မည်သို့မျှ မလုပ်တတ်ပါ။

စာတန်နှင့် ပတ်သက်၍

လူသည်စာတန်၏ သားသမီးဖြစ်သည်။ သခင်ယေရှုက သင်တို့သည် သင်တို့အဘတည်းဟူသော စာတန်မာရ်နတ်မှ ဆင်းသက် ကြ၏-ဟု ဆိုသည် (ယော၊၈း၄၄)။ အဘစာတန်နှင့် မည်ကဲ့သို့ အဆက်ဖြတ်မည်နည်း။ လူအားဖြင့် မည်သို့မျှ မလုပ်တတ်ပါ။

အာဒံနှင့် ပတ်သက်၍

လူသားတိုင်း အာဒံမှ ဆင်းသက်ကြသည်။ ထို့ကြောင့် အာဒံနည်းတူ အပြစ်နှင့်ကျိန်ခြင်းခံရသည်။ မွေးရာပါအပြစ်ရှိကြသည်။ ထို့ကြောင့် အာဒံနှင့် အဆက်ပြတ်ဘို့ လိုသည်။ ထိုသို့အာဒံနှင့်အဆက် ပြတ်ဘို့ ရန်မည်သို့ လုပ်ရမည် နည်း။ လူအားဖြင့် မတတ်နိင်ပါ။

သို့ ဖြစ်လျှင်မည်သို့ လုပ်ရမည်နည်း

ဤမေးခွန်းသည် လူတိုင်း မေးသင့်သော မေးခွန်းဖြစ်သည်။ မေးခွန်း မမေး သူများသည် မိမိတို့ ၏အခြေအနေကို မသိ၊ ပြသနာလည်းမရှိ၊   ထို့ကြောင့် ကြောက်ရမှန်း လည်း မသိသောကြောင့်လွတ်လမ်းကိုလည်းမရှာ၊   မိမိတို့ အပြစ်၌ ပျက်စီးမည်သာဖြစ်သည်။

ဤမေးခွန်းကို ဣရေလ လူမျိုးများက တမန်တော် များထံမေးခဲ့ဘူးသည် (တမန်၂း၃ရ)။ ထိုဣသရေလ လူများ အနေဖြင့်မိမိတို့၌ ဘာမျှ မလို ဘုရားဖက်၌ စိတ်အားကြီး၍ ဘုရားတရားနှင့်နေသောသူများဟူ၍ ထင်မှတ်ကြသည်။ ဘုရားဖက်၌ စိတ်အားကြီးသောကြောင့် သူ

တို့အမြင်၌ သခင်ယေရှုကို လမ်းလွဲဦးဆောင်သူဟူ၍ သတ်လိုက်ကြသည်။ သို့သော်မိမိတို့လုပ်ဆောင်ချက်မှားယွင်းကြောင်းနှင့် ကယ်တင် ခြင်းနှင့် အပြစ်လွှတ် ခြင်းအဘို့ အလို့ ငှါမတတ်နိင်ကြောင်း သိရှိလာကြ သောအခါ တမန်တော်များထံအဘယ်သို့ ပြုရမည်နည်းဟု မေးကြသည်။

ထိုမေးခွန်းကိုဖိလပ်္ပိမြို့ ထောင်မှူးကလည်းရှင်ပေါလု နှင့်သိလတို့ ထံမေးခဲ့ ဘူးသည်။ ပေါလုနှင့်သိလတို့ သည်ထောင် ထဲ၌ ဘုရားသခင်ကိုချီးမွမ်းကြသောအခါ ဘုရားသခင်၏တန်ခိုး တော်ကြောင့်ထောင်တံခါးများပွင့်ကုန်သည်။ ထိုအခါ ထောင် သားများ ထွက်ကုန် ပြီဟုထင်မှတ်သဖြင့် ထောင်မှူး သည်ကိုယ် ကိုယ်ကိုသတ်သေဘို့ ကြံစည်သည်။ သို့ သော် ပေါလု နှင့်သိလတို့ က တားကြသည်။ ထိုအခါ ထောင်မှူး သည် ပေါလုနှင့် သိလတို့၏ ခြေရင်း၌ တုန်လှုပ်ပြတ် ၀ပ် လေ ၏။ သူ တို့ ကို ပြင်သို့ ထုတ်ပြီးလျှင်- သခင်တို့ အကျွန်ပ်သည် ကယ်တင်ခြင်း သို့  ရောက်အံ့ သောငှါ အဘယ်သို့ ပြုရမည်နည်းဟုမေးလျှောက်လေ၏-(တမန် ၁၆း၂၅-၃၀)။

ထိုသို့ သော မေးခွန်းမေးသူများသည် ဘေးကြပ်နံကြပ်တွေ့ သူများ လူ့ အပိုင်း၌ အခက် အခဲကြုံ၍ ဘာမှမလုပ်တတ်သော အခြေအနေမျိုးမှသာ မေးလေ့ ရှိသည်။  မိတ်ဆွေ သည်ထိုမေးခွန်းကို မေးပြီလော။ သို့ မဟုတ် မေးစရာမ လိုဟု ထင်သလော။

သင်ခန်းစာ (၁၂) မှ မေးခွန်းများ

၁။            လူသည်အပြစ်မလုပ်ဘဲနေနိင်ပါသလား။----------------------

၂။            လူသည်သုစရိုက်တည်းဟူသောကောင်းမှုလုပ်ရန်လူမဲသည်ဘာလုပ် ရမည်နည်း။-----------------------

၃။            လူသည်အပြစ်၏ အခသေခြင်းကိုပေးဆပ် နိင်ပါသလား။ ---------------

၎။            လူ့ အပြစ်ဆေးကြောရန်လူ၌ သန့် ရှင်းသောအသွေးရှိပါသလား။---------

၅။            ကုသိုလ်ကောင်းမှုသည်အပြစ်ပြဿနာကိုဖြေရှင်းနိင်ပါသလား။------------

၆။            ပညတ်တရားသည်မည်သည့်အရာသာဖြစ်စေနိင်သနည်း၊ ----------------

ရ။            ဒုတိယမွေးဘွားရန်လူသည်တတ်နိင်ပါသလား။--------------------------

၈။            ခရစ်တော်မပါဘဲထာဝရအသက်ရနိင်ပါသလား။-------------------------

၉။            စာတန်နှင့်အာဒံ အမျိုးမှ မည်သို့ ပြတ်နိုင်မည်နည်း။--------------------

၁၀။          ထောင်မှူးက မည်သို့ မေးသနည်း။-------------------------------------

ဆရာမောဇက်ထောင်ကျုံး