ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဉ် - သင်ခန်းစာ (၁၀)

ဆရာမောဇက်ထောင်ကျုံး

ဘုရားသခင်သည် လူကို  ကိုယ်ခန္ဓာ၊ စိတ် ၊၀ိညာဉ်သုံးမျိုးဖြင့်ဖန်ဆင်းသည် (၁ သက် ၅း၂၃)။ ဖန်ဆင်းစ၌ ထိုသုံးမျိုးစလုံး ကောင်းမွန်သည်။  ၀ိညာဉ်သည် ဘုရားသခင်နှင့်အဆက်အသွယ်ရှိ၍စိတ်နှလုံးလည်း ကောင်းမွန်သည်။ ကိုယ်ခန်္ဓာလည်းကျန်းမာ၍ သေဘို့  အကြောင်းမရှိ။ ဘုရားသခင်သည်  မိမိဖန်ဆင်းသမျှသောအရာတို့ ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏ (က ၁း၃၁)။ ဘုရားသခင်က အကောင်းမြင်သော အရာများထဲ တွင် လူလည်းပါဝင်သည်။  ထို့ ကြောင့်ကောင်းကြီးပေးတော်မူ၏ (က ၁း၂၈)။ သို့သော် လူသည် အ ပြစ်လုပ်သော အခါသူ၏ကိုယ်ခန်္ဓာ၊ စိတ်၊  ၀ိညာဉ်သည် ပျက်စီး သွားသည်။

ကိုယ်ခန္ဓာ

လူ့ အမြင်၌ ကိုယ်ခန်္ဓာသည် ကောင်းသည်။ ကျန်းမာသည်ဟု ထင်တတ်သည်။  သို့ သော်ဘုရားအမြင်၌-သူ့ ကို အဘယ် သို့ ဒဏ်ပေး ရ ဦး မည်နည်း၊ အဘယ်သို့ ဆုံးမရဦးမည်နည်း။  ဦးခေါင်းသည် အနာ သက်သက်ရှိ၏။ နှလုံးသည်လည်းခွန်အားအလျှင်းမရှိ။ ခြေဖ၀ါးမှသည် ဦးခေါင်းတိုင်အောင်ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏-(ဟေရှာယ ၁း၅-၆)။

. ဘုရားသခင်သည် ဣသရေလ လူမျိုးများကိုအကြိမ်ကြိမ် ဆုံးမ သော်လည်း နားမလည်နိုင်။ဒဏ်ခတ်သော်လည်း မထူးခြား။ မည်သို့ ပင်ဆုံးမ သော်လည်း မမှတ်တတ်။ သူတို့ ၏ကိုယ်ခန်္ဓာလည်း အနာသက်သက်ဖြစ်၍ ဘုရား အမြင်၌ ကျန်းမာခြင်း မ ရှိ၊ ထို့ နည်းတူ ကျွန်ပ်တို့ လည်း ဘုရားသခင်အမြင်၌ကျန်းမာ ခြင်းမရှိ၊ အချိန်မရွေးနာ နေ သော၊ နာနိင်သော ကိုယ်ခန်္ဓာပိုင်ရှင်များ ဖြစ်ြကသည်။

တဖန်အမျက်တော်ထွက်သောကြောင့်အကျွန်ပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာ ခြင်း မရှိပါ။ အကျွန်ပ်ပြုမိသော ဒုစရိုက်တို့ သည်အကျွန်ပ်ခေါင်းကို လွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ပ် မထမ်းနိင်အောင် လေးကြပါ၏။

အကျွန်ပ်မိုက်သောအမှုကြောင့် အနာတို့ သည်နံစော်၍ယွဲလျက်ရှိကြပါ၏။ အကျွန်ပ်သည်ပြင်းထန်စွာခံရ၍ အလွန်နှိမ့်ချ လျက်ကြမ်းတမ်း သော အ၀တ်ကို ၀တ်လျက်တနေ့ လုံးသွားရပါ၏။အကျွန်ပ်ခါးသည် ပူလောင် သောအနာစွဲ၍အသားသည်လည်း ကျန်းမာခြင်း မရှိပါ။ နုန့် နဲ့  ခြင်း ကြေကွဲ ခြင်းရှို၍စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ် ရပါ၏(ဆာလံ ၃၈း၃-၈)။

ဆာလံ ဆရာ သည်လူ့ အမြင်၌ရောဂါသည်အနာစိမ်းသည်မဟုတ်ပါ။ ဘုရားသခင် အမြင်၌သာရောဂါသည် အနာစိမ်းသည် ဖြစ်သည်။ တကိုယ်လုံး မကျန်းမာခြင်းသည် ဘုရားသခင်အမျက်ထွက်သော ကြောင့်၎င်း၊ မိုက်သောအမှု ကြောင့်၎င်း၊ ဖြစ်သည်။ ထို့ နည်းတူ ကျွန်ပ်တို့ သည်လည်း ဘုရားသခင် အမြင်၌ တကိုယ်လုံးကျန်းမာခြင်းမရှိ ကြပါ။

စိတ်နှလုံး

လူသည်မိမိစိတ်နှလုံးကောင်းသည်ဟုထင်တတ်သည်။ စိတ်ချုပ်တီး နိင်မည်ဟုထင်တတ်သည်။ ကိုယ့် ကိုကိုယ် စိတ်ထား မွန်မြတ် ကြောင်း၊ သူတပါးကဲ့သို့ စိတ်ထားမယုတ်ကြောင်းပြောဆိုတတ်ကြသည်။ သို့ သော် စိတ် နှလုံး သည် လုံးဝ မကောင်းတော့ကြောင်း ကျမ်းစာ အားဖြင့် သိရသည်။

အပြစ်အစစိတ်နှလုံးမှ

ဘုရားသခင်သည်ကောင်းကင်တမန်မင်း (လူစီဖာ) ကိုအ ကောင်း ပကတိ ဖန်ဆင်းခဲ့သည်။ အလွန်လည်းချီးမြှောက်ခဲ့သည် (ယေဇကျေလ ၂၈း၁၂-၁ရ)၊  သို့သော်သူသည်စိတ်နှလုံးအထဲမှဘုရား ဖြစ်ချင်လာသည် (ဟေရှာယ ၁၄း၁၂-၁၅)။ ထို့ ကြောင့်သူ့ ကို ဘုရားသခင်က ခုတ်လှဲလိုက်သည်။ ထိုအခါ သူသည် ဘုရားသခင်၏ ရန်သူ တည်းဟူသော စာတန်အဖြစ်သို့ ရောက်သွားသည်။ လူစီဖာ သည် စိတ်နှလုံးအားဖြင့်စတင် ပျက်စီးသည်။ လူစီဖာ၏ စိတ်နှလုံး မှအပြစ်စတင်သည်။

လူ၏စိတ်နှလုံးသို့ ကူးစက်

ဘုရားသခင် ဖန်ဆင်းထား သော အာဒံနှင့်ဧ၀တို့ ၏ စိတ်နှလုံး များသည် အကောင်းပကတိ ဖြစ်ခဲ့သည်။ သို့ သော်စာတန်က ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားလျှင်ဘုရားသခင်ကဲ့သို့ ဖြစ်မည်ဟုလိမ်ညာခဲ့သည်။ အာဒံနှင့်ဧ၀တို့ သည်ဘုရား သခင် ကဲ့သို့ ဖြစ်ချင်သော စိတ်ဖြစ်လာသည်။

ထို့ကြောင့် ကောင်း မကောင်း သိကျွမ်းရာ အသီးကိုစားကြသည်။ သူတို့ စိတ်နှလုံး လည်းယိုယွင်း ပျက်စီးသွားသည်။  သူတို့ မှ မွေးဘွားလာသောလူသားတိုင်းလည်း စိတ်နှလုံးယိုယွင်း ပျက်စီးပြီးသားနှင့် မွေးဘွားကြသည်။

အစဉ်မပျက်ဆိုးညစ်

မြေကြီးပေါ်တွင်လူအပြစ်ကြီး၍ စိတ်နှလုံးအကြံ အစည်ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်မြေကြီးပေါ်မှာလူကို ဖန်ဆင်းတော်မူသည်ကို နောင်တ ရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ (က၊ ၆း၅)။

အဘယ်ကြောင့်ဘုရားသခင်သည်လူကို ထိုသို့ မြင်ပါသနည်း။ ဘုရား သခင်သည် မကောင်းမြင်ဝါဒရှိသလော။ ဤအရာကို သိရှိနိင်ရန် ဥပမာအားဖြင့်ပြော ဘို့လိုသည်။ အစိုးရအမြင်မှာသူပုန်သည် အစဉ်မပျက် ဆိုးညစ်ခြင်း သက်သက်ရှိ သည်။ အကျင့်ကောင်း သော သူပုန်နှင့်အကျင့်ဆိုးသော သူပုန်သည် အစိုးရအမြင်၌ အတူတူပင်ဖြစ်သည်။ သူတို့ ၏အကျင့်ကြောင့်မဟုတ်၊ အစိုးရ၏အုပ်စိုးခြင်းကို မခံ သောကြောင့်သူ၏ ရန်သူဖြစ်သောကြောင့်ထိုသို့ မြင်ရခြင်းဖြစ်သည်။

ထို့ နည်းတူလူလည်းဘုရားသခင်၏အုပ်စိုးခြင်းကိုမခံ၊ မိမိကိုယ်ကို မိမိ အုပ်စိုးသောကြောင့်၎င်း၊ ဘုရားသခင်၏ ရန်သူစာတန်ကို ထောက်ခံ သောကြောင့် ၄င်း၊ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ကျမ်းစာက-ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့် ငါတို့ သည်ဘုရားသခင် နှင့် မိဿဟာယဖွဲ့ ခြင်းကျေးဇူး ကိုခံရ သည်မှန်လျှင် - ဟုဆို သည်(ရောမ၊၅း၁၀)။ လူသည် ဘုရားသခင်၏ရန်သူ၊ သူပုန်ဖြစ်သည်။ဘုရား သခင်သည် မိမိရန်သူကိုအကောင်းမမြင်နိင်ချေ။

သူပုန်သည်အစိုးရအမြင်၌  ပြန်လည်ကောင်းလာဘို့ ရန်မှာအလင်းဝင်ဘို့ သာလျှင်ရှိသည်။ ထို့ နည်းတူ လူသည် ဘုရားသခင်၏ အမြင်၌ ပြန်လည် ကောင်းလာဘို့ ရန်မှာ လက်မြှောက်အရှုံးခံဘို့ရန်သာရှိသည်။ ကိုယ်ကျင့်တရား မည်မျှပင်ပြင်စေကာမူ ဘုရား၏ ရန်သူ ဘ၀ မကောင်းနိင်ပါ။

ယိုယွင်းပြီ

စိတ်နှလုံးသည် ခပ်သိမ်းသော အရာတို့ ထက် စဉ်းလဲတတ်၏၊ အလွန် ယိုယွင်းသော  သဘောရှိ၏။စိတ် နှလုံး သ ဘောကို အ ဘယ်သူ သိနိင်သနည်း (ယေရမိ၊၁ရး၉)။ ဘုရားအမြင်၌စိတ်နှလုံးသည် ကောက်ကျစ် စဉ်းလဲ သည်။  အလွန် ယိုယွင်းနေပြီ ဖစ်သောကြောင့် ကောင်းကွက်မရှိတော့ပါ။ ယိုယွင်း နေသော အရာတခုသည်အသုံးပြု၍မရတော့ပါ။  လွှတ်ပစ်ဘို့သာ ရှိသည်။  ထို့နည်းတူ ယိုယွင်းနေပြီဖြစ် သော စိတ်နှလုံးသည်လည်းပြုပြင်၍မရပါ။ လွှတ်ပစ် ဘို့ရန်သာရှိသည်။

မကောင်းသောအရာသာထွက်

သူတို့၏လည်ချောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏ (ရောမ ၃း၁၃)။ သင်္ချိုင်း တွင်း ဖွင့် လျှင်အပုပ်အနံ့ သာလျှင် ထွက်လာ မည်။ ထိုနည်းတူ လည်ချောင်းသည်စိတ်နှလုံး၏အ၀ဖြစ်၍ စိတ်နှလုံး မကောင်းသော ကြောင့် လည်ချောင်းမှ မကောင်းသောအရာများသာ ထွက်တတ်သည်။

သခင်ယေရှုက- ခံတွင်းမှထွက်သောအရာမူကားနှလုံးထဲမှထွက် လာ ၍လူကိုညစ်ညူးစေသောအရာဖြစ်သည်၊မကောင်းသောကြံ စည်ခြင်း။ လူအသက်ကိုသတ်ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ် နှင့်မှား ယွင်းခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့ အသရေ ကိုဖျက်ခြင်းအရာတို့ သည်နှလုံးထဲမှ ထွက်လာ ၍လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏-ဟုဆိုသည် (မ၏ဲ ၁၅း၁၈-၁၉)။

အပြစ်ဒုစရိုက်ဟူ သမျှကိုယ်ခန္ဓာအားဖြင့် လုပ်ရသော်လည်း ကိုယ်ခန္ဓာကို စေခိုင်းသောသူသည်စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံး သည် ကောင်းပါက ကိုယ်လက် အင်္ဂါ များသည် အကောင်းကိုသာ ပြုလုပ်ကြမှာဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင်က-ငါသည်စိတ်နှလုံးကို ကြည့်ရှုသော ဘုရားဖြစ်သည်-ဟုဆိုသည် (ယေရမိ ၁၁း၂၀။ ၁ရး၁၀။ ဆာလံ ရး၉။ ၁ ရာ ၁၆းရ)။ထာဝရဘုရားသည်လူ့ စိတ်နှလုံးကို စစ်ဆေးသောအခါလုံးဝမကောင်းကြောင်းတွေ့ ရသည်။

ကျောက်ကဲ့သို့ မာ

စိတ်နှလုံးသစ်ကိုငါပေးမည်၊ သဘောသစ်ကိုသွင်း ထားမည်။ သင်တို့ကိုယ်ခန်္ဓာထဲကကျောက် နှလုံးကိုနှုတ်၍ အသားနှလုံးကို ပေးမည်။ (ယေဇကျေလ ၃၆း၂၆)။ လူသည်မိမိစိတ်နှလုံးပြောင်းလဲဘို့ ကြိုးစားတတ် ကြသည်။ ပြောင်းလဲနိင်မည်ဟုလဲထင်တတ်သည်။ သို့  သော်ဘုရားသခင်က လူအထဲ၌ ကျောက်နှလုံးရှိ၍ထိုနှလုံးကိုထုတ်ယူ၍အသားနှလုံးနှင့်အစားထိုးမှသာ ရမည်ဟု ဆိုသည်။ ထိုသို့ အစားထိုး ရန် ဘုရားသခင်ကသာ တတ်နိင်သည်။ လူမတတ်နိင်။မိတ်ဆွေ၏စိတ်နှလုံးကိုဘုရားသခင်ကအစားထိုးပေးဘို့ သဘောတူပါသလား။

ဝိညာဉ်

ဘုရားသခင်သည် တိရစ်္ဆာန်များကို ၀ိညာဉ်မပါဘဲ ဖန်ဆင်းသည်။ သို့သော် လူကိုဖန်ဆင်းသောအခါဝိညာဉ်ထည့်ပေးထားသည်။ အကြောင်းမှာ ၀ိညာဉ်ရှိသော သူသည်ဘုရားသခင် ကိုကိုးကွယ်၍ မိဿဟာယဖွဲ့ ဘို့ ရန်ဖြစ်သည်။နံဝိညာဉ်ရှိသော သူတိုင်း ဘုရားသခင်ကို ကိုးကွယ်ဘို့ လိုသည်။ ကောင်းကင်တမန်များလည်း နံဝိညာဉ် ဖြစ်သောကြောင့် ဘုရားသခင်ကို ကိုးကွယ်ကြသည်။ လူတိုင်း နံဝိညာဉ် ရှိသောကြောင့် ဘုရားသခင်ကိုကိုးကွယ်ရမည်။ သို့ ဖြစ်၍ နံဝိညာဉ်ရှိသော လူသည် ဘုရားသခင်ကို မကိုးကွယ်လျှင်တိရစ်္ဆာန်ဖြစ်သည်။

ဝိညာဉ်ပိုင်းသေ

အာဒံနှင့်ဧ၀သည်အစပိုင်းကဘုရားသခင်နှင့်မိဿဟယဖွဲ့ နိုင်သည်။ ၀ိညာဉ် ရေးရာ၌ဘုရားနှင့် အဆက် အသွယ်ရှိခဲ့သည်။သို့  သော် အပြစ်ကြောင့် ဘုရားသခင်နှင့်အဆက်အသွယ် ပြတ်တောက်သွား ခဲ့သည်။ ဘုရားသခင်၏ ၀ိညာဉ်နှင့် လူ၏၀ိညာဉ် အဆက်အသွယ် မရှိသောကြောင့် ၀ိညာဉ်ပိုင်းဆိုင်ရာ၌ အသေဖြစ်သည်။ ၀ိညာဉ်ပိုင်း သေခြင်းသည် ကိုယ်ကာယ သေခြင်းနှင့်မတူ။ ကိုယ်ကာယ သေလျှင် ခံစားချက် မရှိတော့ချေ။ သို့ သော်ဝိညာဉ်သည် ခံစားချက် ရှိသေးသည်။ ၀ိညာဉ်သည် ခံစား ချက် မရှိပါက မီးငရဲအိုင်၌ဒုက်္ဓဆင်းရဲ ခံစရာ အကြောင်း မရှိ။ ၀ိညာဉ်ပိုင်းသေခြင်း သည် ဘုရား နှင့်အဆက် အသွယ်ပြတ်၍ဘုရား၏ အလိုတော်လည်း နားမလည်ခြင်း ဖြစ်သည်။

ဘုရားဆာငတ်

လူ. ၀ိညာဉ်သည် ဘုရားသခင် ကိုပြန်လည် ဆာငတ် နေသည်။ သမင်ဒရယ်တို့ သည်ရေစီးသော ချောင်း ကိုတောင့်တသကဲ့သို့ အကျွန်ပ် ၀ိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါသည်ဘုရား၊  ငါ့ဝိညာဉ် သည် ဘုရားသခင်တည်း ဟူသောအသက်ရှင်တော်မူသော ဘုရား ကိုငတ်လှ၏။ အဘယ်ကာလမှဘုရားသခင်အထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း (ဆာ၊၄၂း၁-၅)။

နွေ ခေါင် ခေါင် တောထဲတွင် စိမ်းစမ်းရေ များ ခန်းချောက်၍မြစ်ချောင်းများ ၌သာရေရှိတော့သည်။ထိုအခါသမင်ဒရယ်များသည် ရေအလွန်ဆာသောကြောင့် ရန်သူကိုပင်မမှုနိင် တော့ဘဲမြစ်ချောင်း ရှိရာသို့ ရေသောက်ဘို့ သွားတတ် သည်။ ထို့ နည်းတူလူ၏၀ိညာဉ်သည် ဘုရားသခင်ကို ငတ်လှသည်၊ လူ၏၀ိညာဉ်သည် ဘုရားသခင်ကိုငတ်သောကြောင့်အနီးဆုံးဖြစ်သော စိတ်သည် ငြိမ်သက်မှုမရှိနိင်ချေ၊ စိတ်နှလုးံ ငြိမ်သက်မှုရှိစေရန်အရက်၊ မူးယဇ်ဆေးဝါး၊ရုပ်ရှင်၊အပျော်အပါး၊ပွဲများ ငွေ၊ မိန်းမ ယောက်ျား၊အားကစား၊ နိင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာရေး၊ အလုပ်၊ ၀ါသနာတခုခုဖြင့်ရှာဖွေကြသည်။သို့ သော် ထိုအ ရာများသည် ဆားရေ သောက် သကဲ့သို့ ပို၍ငတ်စေသည်။ စစ်မှန်သောငြိမ်သက်မှုကို မပေးနိင်။ အမှန်မှာ ၀ိညာဉ်ငြိမ်သက်မှု ရှိမှစိတ်ငြိမ်သက်မှုရရှိမှာဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေအပါအ၀င် လူတိုင်း၏၀ိညာဉ်သည် ဘုရားသခင်ကို ဆာငတ်လျက်ရှိသည်။ မိတ်ဆွေ၏၀ိညာဉ်သည် ဘုရားသခင် နှင့်တွေ့ မှသာ တင်းတိမ် ရောင့်ရဲ မှာ ဖြစ်သလိုထာဝရ အသက်လည်း ရရှိမှာဖြစ်သည်၊ သို့ သော် အရေးကြီး သည်မှာ မိတ်ဆွေ သည် ကိုယ်ခန်္ဓာအသက်ရှင်စဉ်သာ ဘုရားသခင်နှင့် တွေ့ဘို့ရန် အခွင့် ရှိသည်။ ကိုယ်ခန်္ဓာ သေ ပြီး မှ ဆို လျှင် အလွန် နောက်ကျသွား ပြီဖြစ်သည်။ ထို့ ကြောင့်မိတ်ဆွေမသေမှီမိတ် ဆွေ၏၀ိညာဉ်သည် ထာဝရဘုရားနှင့် တွေ့ဘို့လိုကြောင်း အသိပေးလိုသည်။

သင်ခန်းစာ (၁၀) မှမေးခွန်းများ

၁။            ဘုရားသခင်က လူ၏ခန်္ဓာ စိတ် ၀ိညာဉ်ဖန်ဆင်းစ၌မည်ကဲ့သို့ ရှိခဲ့သနည်း။ ---------------------------

၂။            လူ၏ခန္ဓာသည်အဘယ်ကြောင့်နံစော်၍ရိယွဲလျက်ရှိသနည်း။---------

၃။            မိတ်ဆွေသည်ဘုရားအမြင်၌ကျန်းမာပါသလား။ -------------------

၎။            အပြစ်၏အစသည်အဘယ်ကဖြစ်သနည်း။---------------------

၅။            မည်သူ၏စိတ်နှလုံး၌ အပြစ်စသနည်း။-----------------------

၆။            လူ့ စိတ်သည်အစဉ်မပြတ်မည်ကဲ့သို့ ရှိသနည်း။---------------

ရ။            လူကိုမည်သည့်အရာကညစ်ညူးစေသနည်း။-----------------

၈။            ကျောက်ကဲ့သို့မာသောစိတ်သဘော အစားဘုရားသခင်ကမည်ကဲ့သို့သော စိတ်ကိုပေးမည်နည်း။------------------

၉။            ၀ိညာဉ်ပိုင်းသေခြင်းသည်မည်သူနှင့်အဆက်ပြတ်ခြင်းဖြစ်သနည်း--------------------------------------------

၁၀။          လူ၏၀ိညာဉ်သည်မည်သူကိုဆာငတ်သနည်း။ ----------------------

ဆရာမောဇက်ထောင်ကျုံး