တိရစ္ဆာန်နှင့် ပိုးမွှားများ - သင်ခန်းစာ (၈)


မောဇက်ထောင်ကျုံး

သင်ခန်းစာ (ရ)၌ လူသည်  စာတန် သားသမီး  ဖြစ်ကြောင်း သင်ခဲ့ရပြီ။  စာတန်သားသမီး ဖြစ်ကြသောကြောင့်စာတန် ကဲ့သို့  သောအကျင့်ရှိကြသည်။ နိဂုံးလည်း စာတန်နှင့်အတူ ငရဲအိုင်ထဲသို့ သွားရမှာဖြစ်သည်။ ဆက်လက်၍ လူ့ အမျိုးသည် ဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများသာ ဖြစ်ကြောင်းသင်ကြ ရမှာဖြစ်သည်။

တိရစ္ဆာန်ဖြစ်

လူသည် ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မှတ်တတ်သော်လည်း ဘုရားသခင်ရှေ့ လူမဟုတ်။ တိရစ္ဆာန်မျှသာဖြစ်သည်၊ သင်ခန်းစာ (၃)က လူသည် ကိုယ်ခန္ဓာစိတ် ၀ိညာဉ် သုံးပိုင်း အသက်ရှင်လှုပ်ရှားမှသာလျှင် ဘုရားသခင်အမြင်က လူဖြစ်ကြောင်း သင်ခဲ့ ရပြီ။ သို့  သော် ကိုယ်ခန္ဓာ စိတ် သာ အသက်ရှင်သောသူသည် တိရစ္ဆာန်ဖြစ်သည်၊ ထို့ ကြောင့် သုတ္တံ ဆရာက- အကယ်စင်စစ်ငါသည်လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏၊ လူဥာဏ်နှင့်မပြည့်စုံဟုဆိုသည် (သုတ္တံ၊  ၃၀း၂)။

. ခွေးဖြစ်သည်

ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သည် (၂ ပေ၊၂း၂၂)။ ထိုနည်းတူလူလည်း မိမိစွန့် ပြီးသောအပြစ်ကို ပြန်လုပ်တတ်သည်။

ဝက်ဖြစ်သည်

ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင် လူးပြန်သည် (၂ ပေ ၂း၂၂)၊ ၀က်သည် ရွှံ့ကိုကြိုက်သကဲ့သို့  လူသည် ညစ်ညူးသော အရာကို ကြိုက်နှစ်သက်သည်။ ထိုအရာများကိုစွန့် ပြီးမှ ပြန်ကျင့်တတ်သည်။ ထို့ ကြောင့်လူသည် ၀က်ကဲ့သို့ ဖြစ်သည်။

လူနှင့်တိရစ္ဆာန် တူညီချက်များ

(၁) ပျက်စီးခြင်းသို့ ရောက်တတ်သည်၊ ထင်ရှားသောအရာဟူမူကား။ ပညာရှိသောသူတို့သည် သေတတ်ကြ၏၊ ထိုအတူ မိုက်သောသူနှင့် တိရစ်္ဆာန် သဘောရှိသောသူတို့ သည်ပျက်စီးခြင်းသို့ ရောက်၍မိမိတို့ ဥစ္စာကိုသူတပါးတို့ အားချန် ထားကြ၏- (ဆာလံ ၄၉း၁၀)။ တိရစ္ဆာန်သည် သေဆုံး၍ပျက် စီး ခြင်းသို့ ရောက် သကဲ့သို့  လူသည်လည်း သေ ဆုံး၍ပျက်စီးခြင်း သို့  ရောက်တတ်သည်၊

(၂) လူမည်သည် ကား မိမိ ဥာဏ်အား ဖြင့်တိရစ္ဆာန်ကဲ့သို့ ဖြစ်၏  (ယေရမိ ၅၁း၁ရ)။ လူသည် ကိုယ်ကိုယ်ကို ဥာဏ်ကောင်း သည်ဟု ထင်တတ်သော်လည်း  ဘုရားသခင်ရှေ့ ၌ တိရစ္ဆာန်ဥာဏ်မျှသာရှိသည်။ တိရစ္ဆာန်များသည်စားသောက်ဘို့ ရန်သာ စဉ်းစားသကဲ့သို့  လူသည်လည်း စားသောက်ဘို့ သာစဉ်းစားတတ်သည်။ တိရစ္ဆာန်များသည် ကိုယ်ကျိုးကိုသာကြည့်တတ် သကဲ့သို့ လူသည်လည်း ကိုယ်ကျိုး ကိုသာ ကြည့်တတ်သည်။

(၃)တိရစ္ဆာန်များသည် ဘုရားသခင်ကို မကိုးကွယ်ကြ။ အစာစားသောအခါ၌လည်း ကျေးဇူးတော်မချီးမွမ်းကြ။ သူတို့ကို ဖန်ဆင်းသော အရှင်ကို မသိကြ။ ထိုနည်းတူ လူလည်း မိမိဖန်ဆင်းရှင်ကို မသိကြ။ ထာဝရဘုရားကို ကိုးကွယ်ခြင်း။ ကျေးဇူးတော်ကို ချီးမွမ်းခြင်းမပြုကြ။ ကိုးကွယ်သောသူများလည်း ဟန်ပြသာလျှင် ကိုးကွယ်ကြသည်။ စိတ်နှလုံးမူကား ဘုရားသခင်နှင့်ဝေးလှ၏ (မ၊၁၅းရ-၉)။

ဗာဗုလုန်ရှင်ဘုရင်နေဗုခ်နေဇာသည် ဘုရားသခင်၏ချီးမြှောက်ခြင်း  ခံခဲ့ရသော်လည်း  ကိုယ့်ကိုယ်ကို  အထင်ကြီးလျက် ဘ၀င်မြင့် သောအခါ ထာဝရ ဘုရားက တိရစ္ဆာန်စိတ်ပေါက်စေလျက် တိရစ္ဆာန်ကဲ့သို့ တောထဲ၌ ခုနှစ်နှစ်နေရသည်။ ခုနှစ်နှစ်ပြည့်သောအခါ ထာဝရ ဘုရား ကိုပြန်လည်ချီးမွမ်း၍ လူစိတ်ပြန်ဝင်ကာ လူစုထဲ၌အာဏာ ပြန် လည်တည်မြဲသည် (ဒံယေလ ၄း၂၈-၃ရ)။  ထိုသို့  ဘုရား သခင် ဖြစ်စေခြင်းမှာ လူသည် တိရစ္ဆာန် ကဲ့သို့ ဖြစ်၍ ဘုရားသခင်ကို ကိုးကွယ်ချီးမွမ်း မှသာ လူ ဖြစ်ကြောင်း သိစေဘို့ ရန်ဖြစ်သည်။

ပိုးမွှားမျှသာ

လူသည် တိရစ္ဆာန်ကဲ့သို့ ဖြစ်သည်သာမက ဘုရားအမြင်၌ ပိုးမွှားး မျှသာဖြစ် ကြောင်းကိုကျမ်းစာအားဖြင့်သိရှိရသည်၊ ကျမ်းစာ က- သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့၌ ကုသိုလ်ကို အဘယ်သို့ရနိင်သနည်း၊ လူမိန်းမ ဘွားမြင်သော သူသည် အဘယ်သို့သန့် ရှင်းနိင် သနည်း၊ လသော်လည်းအလင်း  မရှိ။ ကြယ်သော်လည်းရှေ့ တော်၌မဖြူစင်။ ထိုမျှမကတီကောင် ဖြစ်သောလူ၊ ပိုးရွ ဖြစ်သောလူသားကို အဘယ် ဆိုဘွယ်ရာ ရှိသနည်း(ယောဘ ၊၂၅း၎-၆)။

တီကောင်

လူသည်ဘုရားသခင်ရှေ့၌တီကောင်ဖြစ်သည်။ လူနှင့်တီကောင် တူညီသော အချက်များမှာ-

(၁) ရွံစရာကောင်းခြင်း။ တီကောင်သည် ရွံစရာကောင်းသကဲ့သို့ လူသည် ဘုရားသခင်ရှေ့ ရွံစရာကောင်းသည်။ တီကောင်ကမိတ်ဆွေထံ မိမိအသက်စွန့်  လျက်စား ဘို့ ရန်သော်၎င်း၊  စေခိုင်းဘို့ ရန်သော်၎င်း၊ ဆက်ကပ်ပါက မိတ်ဆွေ လက်ခံနိင်ပါမည်လော။ ထိုနည်းတူ ရွံစရာကောင်းသော လူသားများ၏ ဆက်ကပ်ခြင်းကို ဘုရားသခင် နှစ်သက် လက်ခံတော်မမူ။

(၂) မြေကြီးကို ကြိုက် နှစ်သက်၊ တီကောင်သည် မြေကြီးကိုကြိုက်နှစ်သက်၍ မြေကြီးကိုသာ စားသကဲ့သို့ လူသည်လည်း ကောင်းကင် အရာထက် မြေကြီးအရာ ကိုသာ စွဲလန်း နှစ်သက်သည်။

(၃) မြေကြီးသာရှိ၊ တီကောင်၏၀မ်းထဲ၌မြေကြီးသာ ရှိသကဲ့သို့ လူ၏ စိတ်နှလုံး ထဲ၌လည်း မြေကြီးအရာသာရှိသည်။

(၄) မြေကြီးထဲ၌နေ၊ တီကောင်သည် မြေထဲ၌နေသကဲ့သို့ လူသည်လည်း မြေကြီး အရာ ထဲ၌သာပျော်မွေ့ သည်။

(၅) မည်သူကိုမျှမနိင်၊ တီကောင်သည် မည်သူ့ ကိုမျှ မနိင်သကဲ့သို့ လူသည်လည်း စာတန်၊ အပြစ်၊အနာရောဂါ၊ သေခြင်းတို့ ကိုမနိင်။

ပိုးရွ

ပိုးရွသည် လောက်ကောင်များကို ဆိုလိုသည်။ လောက်ကောင်နှင့်လူ တူညီသော အချက်များ။

(၁) ပိုးရွသည်ရွံစရာကောင်းသကဲ့သို့ လူလည်း ရွံစရာကောင်းသည်။

(၂) ပိုးရွသည် အ ပုပ် အနံ့ များ ကြိုက် သကဲ့သို့   လူလည်း မကောင်းသော ဒုစရိုက် အပြစ်များကို ကြိုက်နှစ်သက်သည်။

(၃) ပိုးရွသည် ညစ်ညူးသောနေရာ၌ နေသကဲ့သို့ လူသည် ဒုစရိုက်နှင့် ညစ်ညူးသောနေရာ၌ ပျော်မွေ့ တတ်သည်၊ ဘုရားတရား ပြောဆို သော နေရာ၌ မပျော်တတ်၊

(၄) ပိုးရွ၏အထဲ၌ရွံစရာသာ ရှိသကဲ့သို့ လူ၌စိတ်နှလုံးသည် အလွန်ရွံစရာ ကောင်းသည်။ ထို့ ကြောင့် မိတ်ဆွေသည် အရပ်ရှည်ပါက တီကောင်ရှည်ရှည်၊ ပိုးရွရှည်ရှည်ဖြစ်သည်။ မိတ်ဆွေသည် ၀ပါက ပိုးရွ၀၀၊ တီကောင်၀၀ဖြစ်သည်။ မိတ်ဆွေသည် ပိန်ပါက တီပိန်လောက်ပိန် ဖြစ်သည်၊ တီကောင်နှင့်ပိုးရွသည် လူအတွက်အသုံးမ၀င်သကဲ့သို့လူသည်လည်း ဘုရားသခင်အတွက်အသုံးမ၀င်ချေ၊ သို့ သော် လူသည် မိမိ အခြေအနေကိုမသိသောကြောင့် ဘုရားသခင်ထံ၌ ဆက်ကပ် လှူဒါန်းခြင်းအားဖြင့် မျက်နှာရဘို့  ကြိုးစားတတ်ကြသည်။

သင်ခန်းစာ (၈) မှမေးခွန်းများ

၁။            ကိုယ်ခန္ဓာနှင့်စိတ်သာအသက်ရှင်လှူပ်ရှားသောသူသည်လူ ဖြစ်သလော တိရစ္ဆာန်ဖြစ်သလော။ --------------------------

၂။            ခွေးသည်မိမိအံဖတ်ကိုပြန်စားတတ်သကဲ့သို့ လူသည်ဘာလုပ်တတ် သနည်း။---------------------

၃။            ၀က်သည်ရွှံ့ကိုကြိုက်သကဲ့သို့ လူသည်ဘယ်အရာ ကိုကြိုက် သနည်း။----------------------

၎။            သုတ္တံ ၃၀း၂။သုတ္တံဆရာက သူသည်ဘာဥာဏ်နှင့်မပြည့်စုံဟုဆိုသနည်း။ ------------------

၅။            တိရစ္ဆာန်များသည်ဘုရားသခင်ကိုကိုးကွယ်တတ်သလော။------------

၆။            နေဗုခ်နေဇာသည်မည်သူကိုချီးမွမ်းမှလူ့ စိတ်ပြန်ဝင်လာသနည်း။ --------------------------

ရ။            တီကောင်နှင့်လူကြိုက်သောအရာသည်အဘယ်အရာနည်း။-----------

၈။            တီကောင်နှင့်လူအထဲ၌မည်သည့်အရာသာရှိသနည်း။-----------------

၉။            ပိုးရွနှင့်လူ၌တူညီချက်များကိုဖေါ်ပြပါ။---------------------------------------------------------------------------

၁၀။          မိတ်ဆွေသည်ဘုရားသခင်ရှေ့ ၌ တီကောင်နှင့်လောက်ကောင်ဖြစ်ကြောင်း ၀န်ခံပါသလား။-----------------------------

ဆရာမောဇက်ထောင်ကျုံး