(၅) အပြစ်ဖြေရာယဇ်ပူဇော်ခြင်း - သင်ခန်းစာ (၁၅)


ဆရာမောဇက်ထောင်ကျုံး

ဘုရားသခင်က မောရှေအားဖြင့် အပြစ်ဖြေရာ ယဇ် ပူဇော်နည်းကို ဣသရေလ လူများအား သင်ပေးခဲ့သည်။ အပြစ် ကျူးလွန်သောအခါ   နောင်တ ရရုံနှင့်မရပါ၊ ဆုတောင်း၍လည်း အပြစ်သား၏ဆုတောင်းခြင်းကို ဘုရားသခင်က နားမထောင် (ဟေရှာ ၅၉း၂)၊ အပြစ်၏အခသည် သေခြင်း ဖြစ်သည်။ ထို့ ကြောင့် အပြစ်ကို အသက်နှင့်လျော်ရသည်။ ဆပ်ရသည်။ ထိုအရာကို နား လည်နိင်ရန် အောက်ပါကျမ်းပိုဒ်ကိုကြည့်ကြစို့။

တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော် ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကို ပြုမိသည်အရာတွင်၊ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ် တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို ပရိသတ်စည်းဝေးရာ တဲတော် တံခါး နား ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့၍ ထာဝရဘုရားအား ဆက်ရမည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့ တော်၌ နွားကိုသတ်ရမည၊်၊ ဘိသိက်ခံသော ယဇ်ပုေုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ မိမိလက်ညိုးကို အသွေး၌ နှစ်၍ သန့်ရှင်းရာ ဌာနတော် ကုလားကာရှေ့ ၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော် အတွင်း၊ ထာဝရဘုရားရှေ့  တော် မှာ ရှိသောနံ့ သာပေါင်းမွေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို ပရိသတ် စည်းဝေးရာ တဲတော်တံခါး ရှေ့ ၌ ရှိသော မီးရှို့ရာယဇ်ပလ္လင် ခြေရင်းနားမှာ သွန်ရမည်။ မိသဟာယယဇ်ပြုသော နွား၏ဆီဥကို ယူသကဲ့သို့ အပြစ်ဖြေရာ ယဇ်ပြုသော နွား အအူကို ဖုံးသော ဆီဥ၊ အအူနှင့် ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့် တကွ အသည်းပေါ်၌ ရှိသော အမြေးတည်းဟူသော နွားဆီဥ ရှိသမျှကို ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ နွား၏ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသား၊ ရှိသမျှတည်း ဟူသော၊ နွားတကောင်လုံးကို တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသောအရပ် သို့ ယူသူသွား၍ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန် ထားရာ အရပ်၌ မီးရှို့ရမည် (၀တ်ပြု ၄း၁-၁၁)။

. ဤနေရာ၌ အပြစ်ကျူးလွန်သော သူသည် ဘိသိက်ခံသော ယဇ်ပုရောဟိတ်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ဘုရားသခင်၏လူ၊ ဘုရားသခင် ၏ အမှုဆောင်ဖြစ်သည်။ သူကျူးလွန်သော အပြစ်လည်း တမင်သက်သက်မဟုတ်။ တရားကိုမသိ၍ ကျူးလွန်မိခြင်းဖြစ်သည်။ သို့ သော် ထာဝရဘုရားက ထိုအပြစ် အတွက် အပြစ်မပေးဘဲ မနေ။ လူသားများကဲ့သို့ နားလည်မှုအားဖြင့် ခွင့်မလွှတ်။ ကျမ်းစာက ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏ ဟုဆိုထားသည် (တရားဟော ၄း၂၄)။ မီးသည် ယုံကြည်သူ မယုံကြည်သူ အားလုံးလောင်စေသည်။ သိသည်ဖြစ်စေ မသိသည် ဖြစ်စေ လောင်တတ်သည်။ ထို့ နည်းတူ ဘုရားသခင်သည် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အပြစ်ကျူးလွန်လျှင် ပြစ်ဒါဏ် ခံစေ မည်သာ ဖြစ်သည်။ သို့ မှသာ တရား သော တရားသူကြီး ဖြစ် နိင်သည်၊

ယဇ်ပုရောဟိတ်သေရမည်

ယဇ်ပုရောဟိတ်သည် အပြစ်ကြောင့်သေရမည်သာ ဖြစ်သည်၊ သို့ သော် ဘုရားသခင်သည် တရားသော ဘုရားဖြစ်သည် သာမက သနားခြင်း ဂရုဏာရှိသောဘုရားလည်း ဖြစ်သောကြောင့် ယဇ်ပုရောဟိတ် သေရမည့်အစား နွားကိုအသေခံစေသည်။ နွား ၌ အပြစ်မရှိ။ သို့ သော် ယဇ်ပုရောဟိတ် အစား အသေခံရမည်။ အပြစ်၏အခသည် သေခြင်းဖြစ်သောကြောင့် အသက်ပေးရမည်။ သို့သော်ယဇ်ပုရောဟိတ်ကိုယ်တိုင် အသက်ပေး၍ အသေခံလျှင် အပြစ်လွှတ်ခြင်းကို ခံစားနိင်မည်မဟုတ်။ ထို့ ကြောင့် ကိုယ်စား အသေခံမည့်သူ လိုအပ်သည်။ ယဇ်ပုရောဟိတ် ကိုယ်စား ဘုရားသခင်က နွား၏ အသက်ကို တောင်းသည်။

နွားခေါင်းပေါ်လက်တင်

ယဇ်ပုရောဟိတ်သည် နွား၏ခေါင်းပေါ်တွင် မိမိ လက်ကိုတင်ရသည်။ နွားကိုကောင်းကြီးပေးသည် မဟုတ်၊ ဤနွားသည် ကျွန်ပ်ကိုယ်စား အသေခံရမည်။ အသက်ပေးရမည် ဟု ဆိုလိုခြင်းဖြစ်သည်။ နွား၏အသက်သည် ယဇ်ပုရောဟိတ်၏ အသက် ကို ကိုယ်စားပြုမှာဖြစ်သည်၊

နွားကိုသတ်

ထိုနွားကိုသတ်၍ ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ မိမိ လက်ညိုးကို အသွေး ၌နှစ်၍ သန့် ရှင်းရာ ဌာနတော်ကုလားကာရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ်ဖြန်းရမည်။ ကုလားကာ အတွင်း၌ ပဋိညာဉ် သေတ္တာတော် ပေါ်တွင် ထာဝရဘုရား ကျိန်းဝပ်သည်။

တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော် အတွင်း၊ ထာဝရဘုရားရှေ့ တော် မှာ ရှိသောနံ့ သာပေါင်းမွှေးကို မီးရှို့ ရာ ပလ္လင် ဦးချိုတို့ ၌ နွားအသွေးကို ထည့်ရမည်။ နံ့သာပေါင်းမွှေးကို မီးရှို့ ရာယဇ်ပလ္လင်၌ မီးရှို့ ခြင်းသည် ဆုတောင်းခြင်းကို ပုံဆောင်သည် (ဆာလံ၁၄၁း၂။ ဗျာ ၅း၈။ ၈း၃)၊ ဦးချိုသည် တိရစ္ဆာန်များ၏ တန်ခိုးဖြစ်သည်။ ထိုကြောင့် နံ့သာပေါင်းမွှေးမီးရှို့ ရာပလ္လင်ဦးချိုတို့သည် ဆုတောင်းခြင်း၏ တန်ခိုးကို ဖေါ်ပြသည်။ ကြွင်းသောအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့ ၌ ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ မီးရှို့ရာယဇ်ပလ္လင်သည် လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။ ထိုနွား၏ အသွေးကို သုံးနေရာ၌ အသုံးပြုသည်။

ဆီဥနှင့်ကျောက်ကပ်

အပြစ်ဖြေရာယဇ်ပြုသော နွားအအူကို ဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ် နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြေးတည်းဟူသော နွားဆီဥ ရှိသမျှကို ယူ၍၊ မီးရှို့ရာယဇ် ပလ္လင်ပေါ်မှာ ရှို့ရမည်။ ၀မ်းတွင်း ဆီမှန်သမျှ နှင့် ကျောက်ကပ်နှစ်ခုသည် ဘုရားဥစ္စာဖြစ်၍ မည်သည့်ပူဇော်သက္ကာတွင် မဆိုမီးရှို့ ရာယဇ်ပလ္လင်တွင် မီးရှို့ ရသည်။

တပ်ပြင်၌မီးရှို့

နွား၏ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသား၊ ရှိသမျှတည်း ဟူသော၊ နွားတကောင်လုံးကို တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသောအရပ် သို့ယူသွား၍ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာ အရပ်၌ မီးရှို့ရမည်။ ပူဇော်သောသူက နွားသားကို မစားရ။ အားလုံး ထာဝရဘုရား အတွက်ဖြစ်သည်။ နွားကို မီးရှို့ လိုက်သောအခါ ပြာဖြစ်သွားသည်။

အပြစ်ခွင့်လွှတ်

ထိုသို့ နွား၏အသွေးကိုဖြန်း၍ အသားများကို မီးရှို့ ကာ ပြာဖြစ်သွားမှသာ ယဇ်ပုရောဟိတ်၏အပြစ်ကို ဘုရားသခင် က ခွင့်လွှတ်သည်။ ထိုသို့  မဟုတ်ဘဲ ယဇ်ပုရောဟိတ်က ကျွန်တော် နောင်တ ရပါပြီ၊ နောက်တဖန် အပြစ်မကျူးလွန်တော့ပါ၊ ကျွန်ပ် ကို သနားတော်မူပါဟု ဆုတောင်းရုံဖြင့် သူ၏ အပြစ်ကို မလွှတ်။ ဘုရားသခင်၏တရားရုံးတော်မှ တရားစီရင်ချက်အရ အပြစ် အတွက် အသက်ပေးမှ သူ၏အပြစ်ကို လွှတ်နိင်သည်၊ သို့ သော် ယဇ်ပုရောဟိတ်သည် သူ၏အသက်ကို မပေးနိင်။ ပေးလိုက်ပါက အပြစ်သားဘ၀နှင့်သေလွန်သွား၍ အပြစ်လွှတ်ခြင်းကို ခံစားနိင်မည်မဟုတ်။ ထို့  ကြောင့် သူ့ ကိုယ်စား နွားက အသက်ပေးရသည်။ အဘယ်ကြောင့်နွား၏အသွေးကို ဖြန်းရသနည်းဟူမူကား ခန္ဓာကိုယ်၏အသက်သည် အသွေး၌ ရှိသည်

(၀တ်ပြု ၁ရး၁၁)။ ဘုရားသခင်က ယဇ်ပုရောဟိတ်၏ အသက်ကို အပြစ်အတွက် တောင်းသည်။ သူ့ ကိုယ်စားနွားက အသက်ကို ပေးသည်။ နွားသည် သူ့ ကိုယ်စား အသက်ပေးကြောင်းကို အသွေးအားဖြင့် သက်သေပြခြင်းဖြစ်သည်။ ထိုအသွေးကို မြင်သောအခါ ဘုရားသခင်က ယဇ်ပုရောဟိတ်သည် မိမိ၏အပြစ်အခ အသက်ကိုပေးပြီဟု လက်ခံသည်။ ပြစ်ဒဏ်လျော်ပြီးသော ယဇ်ပုရောဟိတ်ကို ဘုရားသခင်က နောက်ထပ် အပြစ် မပေးနိင်တော့ချေ၊ အပြစ် မရှိတော့သော ယဇ်ပုရောဟိတ်သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်လိုက်သည်။ နွား၏ပြာသည်လည်း အပြစ်ဒဏ် လျော်ပြီး ကြောင်း ကို သက်သေပြသည်။ နွားသည် ပြာဖြစ်သွားသောနောက် နောက်ထပ် မည်သို့ မျှ လုပ်စရာ မရှိတော့ချေ။

ခရစ်တော်၌ ပြည့်စုံ

လူ၏အပြစ်ကို တိရစ္ဆာန်များက အသေခံခြင်းသည် အရိပ် မျှသာဖြစ်သည်၊ အမှန်မှာ တိရစ္ဆာန်များသည် လူကို ကိုယ်စား မပြုနိင်ချေ။ အကြောင်းမူကား လူ၏တန်ဘိုးသည် တိရစ္ဆာန်၏တန်ဘိုးထက် နှိုင်းဆ၍ မရနိင်အောင် ကြီးမားသည်။ ထို့ ကြောင့်ဘုရားသခင်သည် သူ၏သားတော်ကို လူ့ဇာတိခံစေလျက် လူ ကိုယ်ခန္ဓာကို ပေးခဲ့ကာ လူသားများကိုယ်စား အပြစ်ကျွေးဆပ်ဘို့ ကမ္ဘာမတည်မရှိမှီကတည်းက စီမံထားခဲ့သည်။ သို့ သော် လူသားများက ခရစ်တော်၏အသေခံခြင်းကို နားလည်မှာမဟုတ် သောကြောင့် တိရစ္ဆာန်များကို အရိပ်အဖြစ် အသေခံစေသည်။ ဘုရားသခင်၏အချိန် စေ့ သောအခါ သားတော်ကို လူ့ ဇာတိ ခံခိုင်း၍ ဤလောကသို့  စေလွှတ်ခဲ့သည်။ ထို့ ကြောင့် သားတော်၏ လူ့  ဇာတိ ခံခြင်းသည် လူသားများ၏အပြစ် အ တွက် အပြစ်ဒဏ် လျော်ပေးဘို့ ရန်ဖြစ်သည်။ ကျမ်းစာက- ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့  အပြစ်ကြောင့် အသေခံတော်မူ၏ ဟု ဆိုထားသည် (၁ ကော ၁၅း၃)၊ တဖန် ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်သောတဲတော်၌ နောက်မင်္ဂ လာအကျိုးတို့၏ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ငါတို့ အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေး အသွေး နှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့် ရှင်းရာဌာန ထဲသို့ တခါတည်း ၀င်တော်မူ၏ ဟုဆိုသည် (ဟေ ၉း၁၁-၁၂) ဆက်လက်၍ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့ သည် စင်ကြယ်ခြင်းသို့  ရောက်ကြ၏ (ဟေ ၁၀း၁၀) ဟုဆိုသည်။

အပြစ်အခသေခြင်း

အပြစ်၏အခသည် သေခြင်းဖြစ်သည်ဟု ကျမ်းစာထဲ၌ ဤသို့ တွေ့ရသည်-အပြစ်တရား၏အခကား သေခြင်းပေတည်း (ရော ၆း၂၃)၊ ရော ၅း၁၂ ၌ လည်း-အပြစ်တ်တရားသည် တယောက်သော သူအားဖြင့် ဤလောကသို့ ၀င်၍ အပြစ်တရားကြောင့် သေခြင်းတရား ၀င်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏-(ရော ၅း၁၂) ထိုအရာသည် ကမ္ဘာဦးကျမ်းထဲ၌ ဘုရားသခင်က အာဒံနှင့်ဧ၀ထံ ပေး သော ပညတ်မှစသည်။ ကျမ်း၌ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှါ ထားတော် မူ၏။ ထာဝရအရှင် ဘုရားသခင်ကလည်း ကောင်း မကောင်းကို သိကျွမ်းရာ အပင်မှတပါး၊ ထို ဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့် ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ၊ စားသောနေ့ တွင် ဧကန်အမှန် သေရမည် ဟု လူကို ပညတ်ထားတော်မူ၏။ (က ၂း၁၅-၁ရ) အဘယ်ကြောင့်ဘုရား သခင်သည် အပြစ်အတွက် ပြစ်ဒဏ်ကို သေခြင်းဟု သတ်မှတ်သနည်း။ အဘယ်ကြောင့် ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ အလုပ်ကြမ်းကို မသတ်မှတ်သနည်း။ ဥပမာအားဖြင့် ရှင်းပြရသော်၊ ဖခင်တယောက်က သူ့ သားကို ကား ပေးထားသည်။ ထိုကားသည် ကျောင်းတက်သောအခါ အသုံးပြုဘို့ ၊ ဘုရား ကျောင်း တက်၊ မိတ်သဟာယဖွဲ့ သောအခါ အသုံးပြုဘို့  ဖြစ်သည်။ သို့ သော် သားက ကျောင်းမတက်၊ ဘုရားကျောင်းနှင့်မိတ်သဟာယ မသွား၊ သူငယ်ချင်းများ နှင့် အပျော်အပါးသွားဘို့ ရန် အသုံးပြုနေသောကြောင့် သူ့ အဖေက သူပေးထားသောကားကို ပြန်သိမ်းယူ လိုက်သည်။

အသက်တောင်း

ထိုနည်းတူ ဘုရားသခင်က လူကို အသက်ပေးထားသည်၊ ထိုအသက်သည် ဘုရားသခင်အလိုတော်အတိုင်း အသုံးပြုဘို့ ဖြစ်သည်။ သို့ သော်

လူသည် ဘုရားသခင်၏အလိုတော်အတိုင်း အသက်မရှင်၊ ကိုယ့်အလိုအတိုင်းသာ အသက်တာကို အသုံးပြု အသက်ရှင်နေသည်။ (ဘုရားသခင် အလိုတော် အတိုင်းအသက်မရှင်ခြင်းသည် အပြစ်ဖြစ်သည်) ထို့ကြောင့် ဘုရားသခင်က သူပေးထားသော အသက်ကို လူထံမှ ပြန်တောင်းသည်။ ဘုရားသခင်က အပြစ်အတွက် အသက်ကို ပြန်တောင်းသည်။ သို့ သော် လူက ဘုရားသခင်တောင်းသောအရာအစား အပြစ်အတွက် ဆယ်ဘို့ တဘို့ ၊ အလှူတော်ငွေ၊ အကျင့်၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ ဆက်ကပ်ခြင်း၊ ဆင်းရဲသားများကိုမစခြင်း၊ ကုသိုလ် ကောင်းမှု စသောအရာများကို ပေးဘို့  ကြိုးစားသည်။ သို့ သော် ဘုရားတောင်းသောအရာသည် ထိုအရာများ မဟုတ်ပါ။ အသက်သာလျှင် ဖြစ်သည်။

အသက်မပေးနိုင်

လူသည် ဘုရားတောင်းသော မိမိအသက်ကို မပေးနိုင်။ ပေးလိုက်ပါက အပြစ်သား၏အသက်သည် ငရဲထဲသို့ ရောက်သွားမှာဖြစ်သည်။ ဘုရားသခင်သည် လူကို ချစ်သနား သောကြောင့် ထိုသို့ ငရဲထဲသို့ မရောက်စေချင်။ သို့ သော် အပြစ် အတွက် တရားမစီရင်ဘဲ မနေနိုင်။ အကယ်၍ လူကို သနားသောကြောင့် တရားမစီရင်ပါက မတရားသောတရားသူကြီး၊ မျက်နှာ လိုက်သော တရားသူကြီး၊ ပြောသည့်အတိုင်း မလုပ်သော တရားသူကြီး ဖြစ်မည်။

ကိုယ်စားပေးမည့် သူပြင်ဆင်

ဘုရားသခင်သည် လူကိုသနားသောကြောင့် သူ့ကိုယ်စား အသက်ပေးသူကို ပြင်ဆင်ပေးသည်။ ထိုအသက်သည် သူ၏သားတော် ခရစ်တော် ပင်ဖြစ်သည်။ ခရစ်တော်သည် ခမည်းတော်၏အလိုတော်အတိုင်း အသက်ပေးခြင်းဖြင့် လူသားအားလုံး ကိုယ်စား အပြစ်ဒဏ် သေခြင်းကို ဆပ်ပေးပြီး ဖြစ်သည်။ ထိုအရာကို လူသားများအနေဖြင့် ယုံကြည်လက်ခံဘို့သာလျှင်ဖြစ်သည်။ မိတ်ဆွေ၊ သင်၏အပြစ်အတွက် ခရစ်တော်က အသက်ပေးပြီ ဖြစ်သောကြောင့် သင်သည် သေစရာ မလိုတော့ချေ။ သေလျှင်လည်း ပြန်လည်ရှင်ပြန်ထမြောက်မှာ ဖြစ်သောကြောင့် အိပ်ပျော်သည်ဟု ကျမ်းစာက ဆိုခြင်းဖြစ်သည်။ ထို့ ကြောင့် အပြစ်ဖြေရာယဇ် ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်၏ပူဇော်ခြင်း၌ ပြီးပြည့်စုံပြီ ဖြစ်သည်၊

သင်ခန်းစာ (၁၅) မေးခွန်းများ

၁။ ထာဝရဘုရားသည် အပြစ်ကျူးလွန်လျှင် အပြစ်မပေးဘဲ နေသလော။ အဘယ်ကြောင့်နည်း။…………………………………………………..။

၂။ ထာဝရဘုရားသည်…………………..သောတရားသူကြီးဖြစ်သည် သာမက…………………………………………..ဘုရားလည်းဖြစ်သည်။

၃။ ဘုရားသခင်က ယဇ်ပုရောဟိတ်ကိုယ်စား ဘယ်အရာကို အသေ ခံစေသနည်း။……………………………………………။

၎။ နွား၏အသက်သည် ယဇ်ပုရောဟိတ်၏……………………………….ကို ကိုယ်စားပြုမှာ ဖြစ်သည်။

၅။ နွား၏အသွေးကို သုံးနေရာ၌ အသုံးပြုသည်။ ထိုနေရာများကို ဖေါ်ပြပါ။…………………………………………။

၆။ ကျောက်ကပ်နှင့်ဆီဥကို မည်သည့်နေရာ၌ မီးရှို့ ရသနည်း။………………….…………………။

ရ။ ကျန်သောနွားတကောင်လုံးကို မည်သည့်နေရာ၌ မီးရှို့ ရသ နည်း။…………………………………..။

၈။ နောင်တရ၊ ဆုတောင်းရုံနှင့်ယဇ်ပုရာဟိတ်၏အပြစ်သည် ဘုရားသခင်က လွှတ်နိင်သလော။…………………………………….။

၉။ နွား၏အသွေးသည် နွား၏အ………………………နွား၏အသက်သည် ယဇ်ပုရာဟိတ်၏အ……………………….ကို ကိုယ်စားပြုသည်။

၁၀။ တိရစ္ဆာန်များသည် လူကိုယ်စား အသက်ပေးနိင်သလော၊ ……………………အဘယ်ကြောင့် တိရစ္ဆာန်များကို ပူဇော်ကြသနည်း။…………………။

၁၁။ ဘုရားသခင်သည် လူသားများ၏အပြစ်အတွက် မည်သူ ကို အသက်ပေးခိုင်းသနည်း။……………………………………..။

၁၂။ ဘုရားသခင်က အပြစ်အတွက် အသက်ကိုဘာကြောင့် တောင်းသနည်း။………………………………………………။

၁၃။ ဘုရား အလိုတော်အတိုင်း အသက်မရှင်ခြင်းသည်………………………….. ဖြစ်သည်။

၁၄။ ခရစ်တော်က လူသားအားလုံး ကိုယ်စား အသက်ပေးပြီဖြစ်သောကြောင့် သင်သည် အပြစ်ရှိသေးသလော။………………………..။

၁၅။ သင်သည် အပြစ်အတွက် သေစရာလိုသေးသလော။………………………………………….။

၁၆။ အပြစ်ဖြေရာယဇ် ပူဇော်စရာ လိုသေးသလော။…………………………………………။

ဆရာမောဇက်ထောင်ကျုံး