(၃) အဦးသီးသော အသီး - သင်ခန်းစာ (၁၃)


ဆရာမောဇက်ထောင်ကျုံး

အဦးသီးသောအသီးအနှံကို ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍ စပါးစေ့ကို ပွတ်ယြူပီးမှ၊ ဆီကိုလောင်း၍ လောဗန်ကိုတင်လျက် ပူဇော်သက္ကာကြိုပုရမည်။ ဘောဇဉ်ပူဇော် သက္ကာ ဖြစ်သတည်း။ ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်း ဟူသော ထို ဘောဇဉ် ပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပုရော ဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဖြစ်သတည်း။ (၀တ်၂း၁၄-၁၆) သင်၏မြေ ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင် သွင်း ရမည်။ (ထွက် ၂၃း၁၉) သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့ သည် စိတ်တော်နှင့်တွေ့  ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့ လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို  ထာဝရဘုရားရှေ့ တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့  မီးရှို့ရာယဇ်ပြု၍ ပူဇော်ရ မည်။(၀တ် ၂၃း၁၀-၁၂)

ဣသရေလူများသည် နှစ်စဉ်နှစ်တိုင်း အဦးသီးသော အသီးကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ပူဇော်တတ်ကြသည်။ အဦးသီးသောအသီး ပူဇော်ရာတွင် စပါးနှံကို မီးနှင့် ချောက်အောင် ကင်၍ ပွတ်ယူပြီးမှ ဆီလောင်း၍ လောဗန်နှင့် ပူဇော်ရသည်။ သူတို့  ပူဇော်သော အဦးသီးသောအသီးကို အဘယ်ကြောင့်ဘုရားသခင်က ပူဇော်ခိုင်းသည်ကို သူတို့ မသိကြ။ သူတို့ ပူဇော်သော အရာသည် အရိပ်ဖြစ်သည်။ သို့ ဖြစ်လျှင် အကောင်အထည်သည် အဘယ်အရာနည်း။ အဦးသီးသော အသီးသည်လည်း ခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ မည်ကဲ့သို့ ပြည့်စုံသနည်း။

 

.

 

ခရစ်တော်၌ ပြည့်စုံခံခဲ့ပြီ

ယေရှုသည် ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကုလားကာ သည် အထက်စွန်းမှ အောက်စွန်း တိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြား ကြ၏။ သင်္ချိုင်းတွင်းတို့  သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက် ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထိုသူတို့သည် သင်္ချုင်္ိုင်းတွင်းမှထွက်၍ သန့် ရှင်းသော မြို့ထဲသို့ ၀င်ပြီးလျှင်၊ လူ များ စွာတို့ အားထင်ရှားကြ၏။ (မ ၂ရး၅၀-၅၃)၊

အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် သေသော သူတို့တွင် အဦးဆုံး ထသော သူ ဖြစ်သည်။ ခရစ်တော်အရင် ထ မြောက်သော သူများ ရှိကြသော်လည်း ပုပ်ပျက်တတ်သော ကိုယ်ခန္ဓာနှင့်ထမြောက်ကြခြင်းဖြစ်သည်။ ဘုန်းရှိသောကိုယ်ခန္ဓာ သို့မဟုတ် ၀ိညာဏ ကိုယ်ခန္ဓာနှင့်ထမြောက်သောသူတို့ တွင် ခရစ်တော်သည် ပဌမဦးဆုံး ထမြောက်သည်။ သူသေ သောအခါ ရှေးသန့်ရှင်းသော သူများ သင်္ချိုင်းတွင်းမှ ထကြသော်လည်း ကိုယ်တော် ထမြောက်တော်မူပြီးမှသာ သင်္ချိုင်းတွင်းမှ ထွက်ကြသည်။ ထို့ ကြောင့် ရှင်ပေါလုက-ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့ တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။ (၁ ကော ၁၅း၂၀) ဟု ဆို သည်။ အဦးသီးသော အသီးတည်းဟူသော ခရစ်တော်သည် ထမြောက်တော်မူပြီးနောက် နောက်တဖန် အဦးသီးသော အသီးကို ပူဇော် စရာ မလိုတော့ချေ။ သို့သော် ဣသရေလလူများအနေနှင့် ခရစ်တော်၏ ထိုသို့ ပြည့်စုံခြင်းကို မသိကြသောအခါ အဦးသီးသောအသီးကို ပူဇော် နေကြဦး မှာဖြစ်သည်။ ခရစ်ယာန်များအနေနှင့်လည်း ထိုသမ္မာတရားကို မသိကြသောအခါ တောရွာများ၌ မိမိတို့ တောင်ယာနှင့်လယ် မှ ထွက်သော အဦးသီးသော အသီးအနှံများကို ဘုရားကျောင်း၌လှူခြင်းအားဖြင့် ကျေနပ် အားရ နေကြမှာဖြစ်သည်။ အဦးသီးသော အသီးအနှံများ ပူဇော်ခြင်းသည် ကောင်းပါသည်။ ထိုသို့ ပူဇော်ခြင်းသည် ကျေးဇူးတော် ချီးမွမ်းခြင်း ဖြစ်သည်။ ဘုရားသခင် ခိုင်းသော အဦးသီးသောအသီး ပူဇော်ခြင်းသည် သခင်ယေရှု၌ ပြီး ပြည့်စုံပြီ ဖြစ်သည်၊ အဘယ်ကြောင့် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို အဦးသီးသောအသီးဟု ခေါ်သနည်း။ အကြောင်းမှာ မျိုးစေ့စိုက်သောအခါ မြေကြီးအထဲမှ အပင်ထွက်လာ၍ အသီးသီးရာတွင် ပဌမဦး ဆုံးသော အသီးသည် အဦးသီးသောအသီး ဖြစ်သည်။ ထို့နည်းတူ ခရစ်တော်လည်း မျိုးစေ့စိုက်သကဲ့သို့ မြေကြီးထဲမြှပ်နှံခြင်းခံရ၍ သေသော သူတို့တွင် မပုပ်ပျက်နိင်သော ကိုယ်ခန္ဓာဖြင့် ပဌမဦးဆုံး ထမြောက်သောသူ ဖြစ်သည်။ ထို့ ကြောင့် သူကို အဦးသီးသော အသီးဟုခေါ်သည်၊


သင်ခန်းစာ (၁၃) မေးခွန်းများ

၁။ အဦးသီးသောအသီးကို မည်သူက ပူဇော်ခိုင်းသနည်း။………………………….။

၂။ အဦးသီးသောအသီးကို ပူဇော်ရာတွင် မည်သည့်အရာများ မီးရှိုပူ ဇော်ရ သနည်း။…………………………..။

၃။ အဦးသီးသောအသီး ပူဇော်ခြင်းသည် အရိပ်ဖြစ်၍ မည်သူ၌ ပြည့် စုံခဲ့သနည်း။…………………………………။

၎။ အဦးသီးသောအသီးပူဇော်ခြင်းသည် ခရစ်တော်၏……………………………..ခြင်း၌ ပြည့်စုံခဲ့ပြီ။

၅။ အဦးသီးသောအသီး ပူဇော်စရာ လိုသေးသလော။………………………………….။

၆။ ခရစ်ယာန်များ၏အဦးသီးသောအသီး ပူဇော်ခြင်းသည် အဘယ် အရာအတွက်ဖြစ်သနည်း။…………………….။

ရ။ အဘယ်ကြောင့် ခရစ်တော်၏ထမြောက်ခြင်းကို အဦးသီးသော အသီးဟုခေါ်သနည်း။………………………………။

ဆရာမောဇက်ထောင်ကျုံး