မိမိဘ၀အသက်တာနှင့်ငွေကြေး = ဒီလောကမှာ လူတိုင်းငွေလိုချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး


go
... လောကအမြင်၊
... ဘာသာရေးအမြင် (ဘုရားအမြင်) ဆိုပြီး ၂မျိုးရှိပါတယ်။

တတိယအမြင်ကတော့ တစ်ဦးချင်းစီရဲ့ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။ တတိယအမြင်ကို မဆွေးနွေးတော့ပါဘူး။ မိမိ မိသားစု၊ အသိုင်းအဝိုင်းမှာပဲ ဆွေးနွေး ကြဖို့ပါ။ အမြင်တွေတော့ တူမှာမဟုတ်ပါ။ ခရစ်ယန်ဘာသာရေး အမြင် ဖြစ်လို့ ခရစ်ယန်မဟုတ်သူများ လေ့လာဖို့ သက်သက်ပါပဲ။
.
.
လောကအမြင်
.
လူတစ်ဦးချင်း၊ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံအလိုက် ငွေကြေးလိုအပ်ပါတယ်။ ဒီငွေကြေးကို ရှာဖွေစုဆောင်း၊ တိုးပွားအောင်လုပ်ပြီး မိမိနဲ့မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံလူမျိုးအတွက် ဒီကမ္ဘာလောကကြီးမှာ
အသက်ရှင်နေထိုင်နိုင်ဖို့၊ ကြိုးစားခြင်းဖြစ်ပါတယ်။ လူ့စိတ်ဆိုတာ ဆန်းကြယ်ပါတယ်။ အသက်ရှင်နေထိုင်ဖို့ပြဲေ ပာပြီး၊ တကယ်ကြွယ်ဝချမ်းသာလာရင် သြဇာကျြီးမားလာချင်ပါတယ်။ နိုင်ငံတိုင်းမှာ စစ်တပ်ရှိပါတယ်။
.
မြန်မာလိုဆိုရင် ကာကွယ်ရေးဝန်ကြီး၊ အင်္ဂလိပ်လို Defiance Ministry လို့ခေါ်ပါတယ်။ စာလုံးကို ကြည့်လိုက်ရင် ရှင်းနေပါတယ်။ လက်တွေ့မှာတော့ စစ်အင်အားကြီးအောင်လုပ်၊ အင်အားကြီးလာရင် ကာကွယ်ရေးမဟုတ်တော့ပဲ တိုက်ခိုက်သိမ်းပိုက်ရေး ဖြစ်လာပါတယ်။ ဒါဟာ လူ့သဘာဝပဲ ဖြစ်ပါတယ်။ တစ်ဦးချင်းလဲ စားဝတ်နေရေးလုံလောက်ရုံရင် တော်ပြီ၊ ဆိုပေမဲ့ ငွေချမ်းသာလာရင်၊ ကိုယ်လုပ်ချင်တာတွေ နည်းမျိုးစုံနဲ့ လုပ်လာလေ့ရှိပါတယ်။ နောက်ဆုံး အာဏာရှင်ဖြစ်သွားပြီး၊ မိမိဘဝ၊ မိမိနိုင်ငံ ကျဆုံးခန်းကို ရောက်သွားပါတယ်။
.
တစ်ဦးချင်းကိုပဲ ကြည့်ကြည့်၊ နိုင်ငံများကိုပဲ ကြည့်ကြည့်၊ အလိုလိုနေရင်း ချမ်းသာနေတာမျိုး တွေ့ရပါတယ်။ ဥပမာ အာရပ်နိုင်ငံ ကာတာ၊ အရှေ့တောင်အာရှက ဘရူနိုင်းစော်ဘွားနိုင်ငံ၊ ရေနံတွေနဲ့ ချမ်းသာကြွယ်ဝနေပါတယ်။
.
တစ်ဦးချင်း အလိုလို မိဘမျိုးရိုးကြောင့်ဖြစ်စေ၊ ထီပေါက်သလို၊အခွင့်ကောင်းရသွားလို့ဖြစ်စေ အရမ်းချမ်းသာနေတဲ့ လူတွေလဲရှိပါတယ်။
.
.
အခုရေးမဲ့ လောကအမြင်ကတော့
စနစ်တကျ၊ စီမံခန့်ခွဲမှုနဲ့ ကြွယ်ဝချမ်းသာလာတဲ့ လူတွေ၊ နိုင်ငံတွေကို
ရေးတာပါ။ အများစု ၈၀% လူတွေ၊ နိုင်ငံတွေက စိုက်တဲ့အတိုင်း၊ ရိတ်သိမ်းရပါတယ်။ စီမံခန့်ခွဲမှု ကောင်းလို့ ချမ်းသာနေကြတာပါ။ သူဌေး၈၀% ကိုမေးကြည့်ရင်၊ သူတို့အရမ်းကြိုးစားရပါတယ်။ ချမ်းသာတဲ့နိုင်ငံများလည်း အရမ်းကြိုးစားရပါတယ်။ ငွေချမ်းသာတဲ့လူ များများရှိတဲ့နိုင်ငံဟာ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံဖြစ်လာပါတယ်။ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ၊ နော်ဝေး စတဲ့နိုင်ငံတွေက အရမ်းချမ်းသာပါတယ်။ သူတို့နိုင်ငံသားများလည်း ငွေချမ်းသာရုံမက၊ စိတ်ဓါတ်မြင့်မြတ်ကြပါတယ်။
.
ဘာသာ၊လူမျိုးမရွေး၊ ကိုးကွယ်ဘာသာမရှိတဲ့ ကွန်မြူနစ်၊ ဖရီး သမားတွေလဲ လောကအမြင်နဲ့ ငွေကြေးစီမံခန့်ခွဲကြပါတယ်။ လောကအမြင်မှာတော့ အစိုးရ၊ ဘုရင်များက လူတွေဆီက အခွန်ကောက်ပြီး၊
စနစ်တကျ သုံးစွဲခြင်း၊ ဆင်းရဲ၊ဒုက္ခရောက်သူများကို ကူညီခြင်းပါပဲ။ လောကနီတိ လို့ခေါ်ရပါမယ်။
.
.
ဘာသာရေးအမြင် (ဘုရားအမြင်)

Financial Policy
ခရစ်ယန်ကျမ်းစာဟာ ဂျူးလူမျိုး (အစ္စရေး) တွေရဲ့ ကျမ်းစာကို အခြေခံထားပါတယ်။ ဂျူးလူမျိုး တစ်ကမ္ဘာလုံးမှာ ၁၃သန်းပဲ ရှိပေမဲ့၊ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများစွာ ရှိပါတယ်။ ဘုရားဝါဒကတော့ အရာရာကို ဘုရားသခင် ပိုင်တယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ ကိုယ်ရလာတဲ့ ငွေကြေး၊ ကိုယ့်နိုင်ငံရလာတဲ့ ငွေကြေးအားလုံး ဘုရားသခင်ပိုင်တယ်။ ဘုရားပိုက်ဆံဖြစ်တဲ့အတွက် ဘုရားကို အရမ်းရိုသေလေးစား၊ အရမ်းကြောက်၊ အရမ်းချစ်၊ ပြပ်ဝပ်ကိုးကွယ်တဲ့ အစ္စရေးလူမျိုးများ ကမ္ဘာ့အချမ်းသာဆုံး လူမျိုးတွေ ဖြစ်လာတာ မဆန်းပါဘူး။ ငါ့ပိုက်ဆံ၊ ငါကြိုက်သလို လုပ်မယ် ဆိုတဲ့ အမြင်ကိုဖြောက်နိုင်ကြတဲ့အတွက် ကြီးပွားလာပါတယ်။
.
ဂျူးလူမျိုးတွေရဲ့ အားနည်းချက်က သူတို့လူမျိုးပဲ ဥိးစားပေးလွန်းလို့၊ သူတို့ရောက်တဲ့နိုင်ငံအစိုးရ၊ ဘုရင်များက မောင်းထုတ်၊ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ နောက်ဆုံးအဖြစ်အပျက်ကတော့ ဒုတိယကမ္ဘာစစ် ဂျာမဏီခေါင်းဆောင်၊ ဟစ်တလာရဲ့ သုတ်သင်သတ်ဖြတ်ခြင်းကြောင့်၊ ဂျူးလူမျိုး ၆သန်း သေကြေပျက်စီးရပါတယ်။

ဒါကတော့ ခရစ်ယာန်နဲ့ဂျူး ငွေကြေးအမြင်ဝါဒပါ။
.
ခရစ်ယာန်များကတော့ ရလာတဲ့ငွေကြေးကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ၊ဒုက္ခရောက်သူ အားလုံးကို ပေးကမ်း၊ လှုဒါန်းခြင်းဖြစ်ပါတယ်။ မွတ်ဆလင်တွေလဲ၊ ဂျူးလူမျိုးတွေလိုပဲ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကိုပဲ ကြည့်ရှု၊ ပေးကမ်းကြတာ များပါတယ်။ ဟိန္ဒူဘာသာနဲ့ ဘာသာတိုင်း လဲ လူဒါန်းခြင်းကို အားပေးပါတယ်။ ကိုးကွယ်တဲ့ဘာသာတိုင်းက ကိုယ့်ဘာသာဝင်တွေကိုပဲ အဓိက ကူညီဖို့ဖြစ်ပါတယ်။
.
မြန်မာပြည်က ဗုဒ္ဒဘာသာတွေမှာ လှုဒါန်းခြင်းကို အထူးအားပေးလို့၊ ဗုဒ္ဓဘာသာဝင် မြန်မာများ၊ အလှုဒါန်း ရက်ရောကြပါတယ်။ အလှုခံတွေလဲ အလွန်ပေါများပြီး၊ စေတီပုထိုး၊ အလွန်များပြားလှတဲ့ နိုင်ငံဖြစ်ပါတယ်။ လှုဒါန်းတဲ့နေရာမှာ ဆင်းရဲ၊ ဒုက္ခရောက်သူများကို လှုဒါန်းစေလိုပေမဲ့ ကုသိုလ်မရ၊ ဖြစ်သွားမှာ စိုးရိမ်လို့ နောက်ဆုံး စေတီပုထိုးတွေ
ဆောက်လုပ်ခြင်း၊ ရွှေပြားကပ်ခြင်းတွေနဲ့ပဲ ငွေတွေ ကုန်ရပါတယ်။ နေရာတိုင်းမှာ စေတီပုထိုးများကို တွေ့ရင်၊ လက်အုပ်ချီပြီး ဘုရားရှိခိုးအာရုံပြုနိုင်တာ မြန်မာနိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ လှုဒါန်းခြင်းက ထူးခြားပါတယ်။
.
အလှုပေးရာမှာ လူမျိုး၊ဘာသာ မရွေးပါဘူး။ ဘာသာတရာတိုင်း ဆင်းရဲ၊ ဒုက္ခရောက်သူများကို ပေးကမ်းလှုဒါန်းဖို့ အထူးအားပေးပါတယ်။ ကိုယ်က ဘယ်လိုလှုဒါန်းရမယ် မသိရင်၊ ဘာသာရေးကျောင်းတွေကို လှုဒါန်းဖို့ အားပေးပါတယ်။
.
ဘာသာရေးအလှုဒါန်းရဲ့ ရည်ရွယ်ချက်က နောင်ဘဝအတွက် ဖြစ်ပါတယ်။ ဒီဘဝမှာလဲ ကျေနပ်နှစ်သိမ့်မှုကို ဖြစ်စေပါတယ်။
.
.
ငွေကြေးမူဝါဒ
ချွေတာစုဆောင်း၊ တိုးပွားအောင်လုပ်ဆောင်ခြင်းကို
၁။ လောကအမြင်
၂။ ခရစ်ယန်ဘာသာအမြင်
နှစ်ခုသုံးသပ်ချက်ကို တင်ပြပါမယ်။
.
.
Financial Policy
ငွေကြေးမူဝါဒ လေ့လာချက်များ
.
၁။ လောကအမြင် (အုပ်ချုပ်သူအစိုးရ) Page-1
- CPF Singapore Bank, Saving & Manage to grow Page-2
   စင်ကာပူအစိုးရ ရဲ့ CPF ဘဏ်အကြောင်း
- China Alibaba and rich stories. Page-18
   တရုပ်နိုင်ငံက အလီဘာဘာ Mr. ဂျက်မား နဲ့ သူဌေးကြီးများ
.
၂။ ဘုရားသခင်အမြင် (ခရစ်ယာန်ဘာသာ) Page-45
...ဆယ်ဘို့တစ်ဘို့ (သက်သေခံချက်များ)
...ဦးစိန်ဂျွန်း(အမေရိကားရောက်မြန်မာတစ်ဦး) Page-46
...ဦးဂျိုးဇက် (ရွှေလိပ်ပြာဟိုတယ်ပိုင်ရှင်) Page-49
...ဆယ်ဘို့တစ်ဘို့ (ဓမ္မဆရာအချို့၏၊ ဟောပြော-ရေးသားချက်များ)
...ဆရာမျိုးသူ (Singapore) Page-54
...ဆရာစောပက်ထရစ် (Yangon) Page-60
...ဆရာဇော်ဝင်း (Perth, Australia) Page-64
...ဆရာဆိုး၊ (Yangon) Page-66
...အင်ဒရူးကာနယ်ဂျီ Gospel of Wealth
  (အမေရိက 1700 နှစ်များက အချမ်းသာဆုံးပုဂ္ဂိုလ်) Page-70
...Chuck Feeney ချပ်ဖီးနေအကြောင်း Page-88
   (ဒေါ်လာသန်းပေါင်း၈ထောင် မသေခင်အကုန်လှုခဲ့သူအကြောင်း)
... ငွေကြေးနှင့်ဆိုင်သော ဘုရားသခင်မူဝါဒ (UVDavid၊ ဆရာအောင်နိုင်ဘာသာပြန်သည်) Page-94, 103
...သမ္မာကျမ်းစာဖြင့် လေ့လာခြင်း Bible Study
.
.
သူဌေးကြီးအများစု၏ ငွေကြေးမူဝါဒများ
လက်တွေ့တွင်၊ သူ့ဆွေမျိုး၊ သားစဉ်မြေးဆက်များ အတွက်သာ
ဖြစ်ရပါသည်။ အုပ်ချုပ်သူအစိုးရမင်းများလည်း လက်တွေ့တွင် အုပ်ချုပ်သူလူတန်းစား အတွက်ပဲဖြစ်နေတတ်ပါသည်။ မိမိကိုယ်တိုင် မှန်ကန်သော ငွေကြေးမူဝါဒဖြင့် အသက်ရှင်ပါက ယခုဘဝ၊ နောင်ဘဝ
စိတ်ရှင်းလင်းစွာ၊ ကြွယ်ဝသောဘဝကို ရရှိခံစားနိုင်မယ်သာဖြစ်သည်။
.
 မိမိ၏ ငွေကြေးနှင့်ပတ်သတ်ပြီး ခံယူချက်နှင့်
နှိုင်းယှဉ်ပြီး၊ ဘုရားသခင်၏ မူဝါဒများကို လက်နာကြပါစို့...။
The End..
.
.
မှတ်ချက်
စာအုပ်မိတ်ဆက်ခြင်း ဖြစ်ပါတယ်။
Pdf ဖိုင် (၁၁၈ စာမျက်နှာ) ကို ဒေါင်းလိုပ်ရယူနိုင်ပါတယ်။
လင့် Downloak link
https://www.slideshare.net/myanmarjobstudent/tithesecularandgodprinciple-132399140
.
Pdf ဖိုင် (eBook) ဒေါင်းလုပ် မရသူ (or) Pdf ဖိုင် ရလိုသူများ ကွန်မင့် ပေးထားပါ။ ပို့ပေးပါမယ်။
.
မုရန်
၁၉.ဖေဖော်ဝါရီ. ၂၀၁၉