ခါးသီးမှုမှ ခွင့်လွှတ်ခြင်းအပြစ်သို့ ကူးပြောင်းခြင်း


ရဲလင်းထွန်း (အင်းစိန်) - ခါးသီးမှုမှ ခွင့်လွှတ်ခြင်းအပြစ်သို့ ကူးပြောင်းခြင်း
Turning from Bitterness to Forgiveness
Practical Christian Living Course,  Lesson 18

သော့ချက် ကျမ်းပိုဒ်။   ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်း သောမနာလိုခြင်းကို၎င်း၊ သင်တို့မှပယ် ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ (ဧဖက်၊ ၄း၃၁-၃၂)   

 ပြီးခဲ့သည့် သင်ခန်းစာ၌ ကျွနုပ်တို့ တုံ့ပြန်မှုများ၏ အရေးကြီးမှုကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့တွင်ဖြစ်ပျက်သောအရာသည် ကျွန်ုပ်တို့ ပြန်လည်တုံ့ပြန်လိုက်သောအရာလောက် အရေးမကြီးပေ။ ကျွန်ုပ်တို့သည် စော်ကားမှု (သို့) ထိခိုက်မှုတစ်ခုခုကို မနာကြည်းပါက ကျွန်ုပ်တို့တွင် ထိခိုက်မှု နည်းနည်း သာရှိပေလိမ့်မည်။ အကယ်၍သာ ထိုကိစ္စကို နာကြည်းမည်ဆိုပါက ကျွန်ုပ်တို့ကို များစွာထိခိုက်စေနိုင် သည်။ နာကြည်းမှုဆိုသည်မှာ အဘယ် နည်း။ ဤအရာက ထိခိုက်မှုများကို ဘာကြောင့်ဖြစ်စေနိုင်းသနည်း။ ဤနာကြည်းမှုက ကျွန်ုပ်တို့ အပေါ်တွင် မည်သို့သက်ရောက်မှုရှိမည်နည်း။ ကျွန်ုပ်တို့ သည် နာကြည်းခြင်းမှ ခွင့်လွှတ်ခြင်းအပြစ်သို့ မည်သို့ကူးမြောက်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ဤအရေးကြီးသောမေးခွန်းများ၏ အဖြေများကို ဤ သင်ခန်းစာ တွင် ရှာကြမည်ဖြစ်သည်။

 

.

 

နာကြည်းမှုဆိုသည်မှာ အဘယ်နည်း။

                နာကြည်းမှုဆိုသည်မှာ မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး၏ ရန်သူတော်ကြီးပင်ဖြစ်သည်။ ဤအရာက ပေါင်းသင်းဆက်ဆံမှုများကို ဖျက်ဆီး၍ မိတ်ဆွေများကို ရန်သူဖြစ်စေသည်။ သို့သော် နာကြည်းမှုသည် နာကြည်းမှုကို ကိုင်ဆွဲထားသောသူတွင် အကြီးမားဆုံးသော ထိခိုက် နစ်နာမှု ဖြစ်စေသည်။

            သင်းအုပ်ဆရာတစ်ပါးသည် သေလုမျောပါးဖြစ်နေသော လူတစ်ဦးထံပါးသို့ သွားရောက်ခဲ့သည်။ ထိုလူကို မည်သူကမှ မနှစ်သက် ပေ။ သူသည် မာကြောခက်ထန် ခါးသီး သုန်မှုန်ပြီး မြို့အစွန်ရှိ စုတ်ပြတ် နေသော တဲတစ်တဲတွင် နေထိုင်သည်။ သူသည် မြို့ထဲဝင်သောအခါ များတွင် မည် သူ ကိုမှ စကားမပြောလိုကြောင်းနှင့် ဘယ်သူကမှလည်း သူ့ကိုစကား လာမပြောကြရန် ရှင်းရှင်းလင်းလင်း ပြောထားသည်။ ကလေးများပင် သူ့ကိုမြင် လျှင် ထွက်ပြေးကြသည်။

                ဤလူကို ဘယ်အရာက ဤမျှ နာကြည်း၊ ဒေါသထွက်စေသလဲ လူအများက တွေးတောကြသည်။ တချို့က သူသည် အပြစ်တခုခု လုပ်ထား သည် ဟုထင်ကြသည်။ အခြားသူများက သူသည် ဆိုးရွားသော ရာဇ၀တ်မှုတခုခုကို ကျူးလွန်ထားပြီး ၀ရမ်းပြေတစ်ယောက် ဖြစ်သည် ဟု မှတ်ချက်ချ ကြသည်။ သို့သော် သူတို့အားလုံး၏ အထင်သည် မှားယွင်းခဲ့သည်။

                အမှန်မှာ သူငယ်ရွယ်စဉ်က သူ့ သူငယ်ချင်းတစ်ဦးက သူ့အပေါ် ၀မ်းနည်းဖွယ် အမှားတစ်ခုကို ကျူးလွန်ထားခဲ့သည်။ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ အလွန်အမင်းဒေါသထွက်ခဲ့ပြီး ““ငါသေတဲ့အချိန်ထိ ဒီကိစ္စကို မှတ်မိသတိရနေမယ်””ဟူ၍ ပြောခဲ့သည်။

                သူ့အိပ်ရာနဘေးတွင် ထိုင်နေသော သင်းအုပ်ဆရာအား ဤသို့ပြောခဲ့သည်။ ““မနက်တိုင်း၊ ညတိုင်း အဲဒီအကြောင်းကို ကျွန်တော် စဉ်းစား တယ်၊ တနေ့မှာ အကြိမ်တစ်ရာလောက် ထိုလူကို ကျွန်တော်ကျိန်ဆဲ တယ်””ဟူ၍ ပြောပြခဲ့သည်။

                လေကို အငမ်းမရရှုရင်း၊ ဤသို့ဆက်ပြောသည်။ ““ကျွန်တော်ရဲ့ နာကြည်းမှုဟာ ကျွန်တော်ရဲ့ စိတ်ဝိညာဉ်ကို ၀ါးမြိုသွားခဲ့ပြီ ဆိုတာကို အခု ကျွန်တော် သိပါပြီ။ ကျွန်တော်ရဲ့ အမုန်းတရားဟာ ဘယ်သူ ကိုမှ မထိခိုက်ခဲ့ဘဲ ကိုယ်ကိုကိုယ်သာ ထိခိုက်စေခဲ့ပါတယ်။ ဤနာကြည်းမှုဟာ ကျွန်တော့ ဘ၀ ကို ငရဲအဖြစ် ပြောင်းလဲစေခဲ့တာကို ဘုရားသခင်သိပါတယ်”” ဟူ၍ပြောခဲ့သည်။

 

ကျွန်ုပ်တို့သည် နာကြည်းမှုကို ဘာကြောင့် ရင်ဝယ် ပိုက်ထားကြသနည်း။

                ကျွန်ုပ်တို့ကို ပျက်စီးထိခိုက်စေသောအရာများထဲတွင် နာကြည်းမှုသည် အဆိုးဝါးဆုံးဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ကို ဖျက်ဆီးရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေသည့် သေစေနိုင်သော ပိုးမွှားနှင့်တူ သည်။ မှန်ကန်စွာတွေးခေါ်တတ်သူ မည်သူမဆိုသည် နောက်ဆုံး၌ သူ့ကို အသေသတ် မည် ဤသေစေနိုင် သော ပိုးမွှားကို သူ့ကိုယ်ခန္ဓာအတွင်း၌ ခိုအောင်းကြီးထွားစေမည် မဟုတ်ပါ။ သို့သော် ခရစ်ယာန်များစွာ သည် ပိုးမွှားများထက် များစွာ ပိုမို ထိခိုက်ပျက်စီးစေသော ခါးသီးမှုဆိုသော အပြစ်ကို ရင်ဝယ်ပိုက်ထား ကြဆဲဖြစ်သည်။

                နာကြည်းမှုသည် သေစေနိုင်သော အပြစ်ဖြစ်သည်ကို ကျွန်ုပ်တို့ သိမြင်ကြသဖြင့် ““ကျွန်ုပ်တို့ ဘာကြောင့် နာကြည်းမှုကို ကိုင်ဆွဲထား ကြသနည်း”” ဟုမေးကြပေလိမ့်မည်။ ဤအချက်နှင့်ပတ်သက်၍ အကြောင်းပြချက်များစွာရှိသည်။

 

+ ကျွန်ုပ်တို့၏နာကြည်းမှုသည် တရားမျှတမှုရှိသည်ဟု ခံစားမိကြသည်။

                ကျွန်ုပ်တို့အတွက် နာကြည်းမှု၏ အဆိပ်ပြင်းသော သဘာဝကို သိရှိရန် ခက်ခဲခြင်းမှာ နာကြည်းမှု သည် မှန်ကန်သည်ဟု ထင်ကြ သော ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ နာကြည်းခြင်းသည် တရားမျှတမှုရှိ သည်ဟု ထင်ကြသည်။ ““နာကြည်းတာဟာ သဘာဝ ပါပဲ””ဟူ၍ မိမိ ကိုယ်ကိုကိုယ် ပြောတတ်ကြသည်။

                ကျွန်ုပ်တို့၏ နာကြည်းမှုသည် တရားမျှတမှုရှိကြောင်း သက်သေပြနိုင်ရန်အတွက် ကျွန်ုပ်တို့က အခြားလူသည် ဆိုးရွားသော လူ ဖြစ်ကြောင်း မိမိစိတ်ထဲတွင် မှတ်ယူထားကြသည်။ ထိုလူ လုပ်ခဲ့သော မှန်ကန်သင့်တင့်သောအရာများကို ဘေဖယ်မေ့ထားပြီး သူ ကျွန်ုပ်တို့ အပေါ် ကျူးလွန်ထား သော အမှားအပေါ် တွင်သာ အာရုံစိုက်လေ့ရှိကြသည်။

 

+ နာကြည်းခြင်းသည် ကျွန်ုပ်တို့ကို မြင့်မြတ်သည်ဟု ခံစားရစေသည်။

                တစ်စုံတစ်ဦးသည် ကျွန်ုပ်တို့ကို ထိခိုက်စော်ကားသောအခါ ကျွန်ုပ်တို့သည် ထိုလူထက် မြင့်မြတ် သူများဖြစ်ကြောင်း သဘောထား တက်ကြ သည်။ ““ငါဆိုရင်တော့ အဲဒီလိုမျိုးဘယ်တော့မှ မလုပ်ဘူး”” ဟူ၍ ကိုယ့်ကိုကိုယ် ပြောတတ်ကြသည်။ ဤမြင့်မြတ်သည်ဟု ခံစားရခြင်းကို ကျွန်ုပ်တို့သည် နှစ်သက်သဖြင့် ကျွန်ုပ်တို့၏ နာကြည်းမှုကို ဆက်လက်ရင်ဝယ်ပိုက်ထားလေ့ရှိကြသည်။

+ ကျွန်ုပ်တို့သည် အမှတ်ဆက်လက်ရချင်ကြသည်။

                တခါတရံ ကျွန်ုပ်တို့သည် အနာဂတ်တွင် ကျွန်ုပ်တို့လုပ်မည့် ကျူးလွန်မှုအပြစ်များအတွက် အကြောင်းပြရန် ကျွန်ုပ်တို့၏ နားကြည်း ခြင်းကို ဆက်လက် ရင်ဝယ်ပိုက်ထားလေ့ရှိကြသည်။ ““ဒီကိစ္စမှာ ငါမှားချင်မှားနေမယ်။ ဒါပေမယ့် သင်လည်း ကျွန်ုပ်ကို ဒီလိုဟိုလို လုပ်ခဲ့တာ ပဲ””ဟူ၍ ကျွန်ုပ်တို့ သည် ပြောလိုကြသည်။

                ထူးဆန်းသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နာကြည်းမှုများထဲမှ သာယာပျော်ရွှင်မှုကို ရရှိရန် အတွက် နာကျင်မှုများကို ဆက်လက် ဖြစ်ပေါ်စေကြသည်။ ကျွန်ုပ်တို့၏ ဒဏ်ရာများကို ပြုစုခြင်းနှင့် မိမိ ကိုယ်မိမိ စိတ်မကောင်းဖြစ်ခြင်းတို့၌ ကျွန်ုပ်တို့သည် သာယာ ပျော်မွေ့ လေ့ရှိကြသည်။

 

နာကြည်းခြင်းမှ ခါးသီးခြင်းအဖြစ်သို့ ကြီးထွားလာသည်။

                နာကြည်းခြင်းသည် ထူးခြားလူများကို အပြစ်ပေးရန်အတွက် ရည်ရွယ်ထားသော ထူးဆန်းသော အပြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ဤအရာသည် အခြားလူကိုနာကျင်စေသည်ထက် မိမိကိုယ်ကို များစွာပို၍ နာကျင်စေတတ်သည်။ တခါတရံ အခြားလူသည် မိမိ အမှား တစ်ခုခု ပြုထား မိကြောင်းကိုပင် သိမည်မဟုတ်ပေ၊ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့၏ နာကြည်းမှုသည် ထိုလူကိုလုံးဝထိခိုက်စေမည် မဟုတ်ဘဲ ကျွန်ုပ်တို့တွင်သာ ပျက်စီးမှုများစွာရှိမည်ဖြစ်သည်။

                ကျွန်ုပ်တို့၏နာကြည်းမှုကို ဆက်လက်ရင်ဝယ်ပိုက်ထားပါက ခါးသီးမှုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ခါးသီးခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ စိတ်နှလုံး၊ ပုဂိ္ဂုလ်ရေးနှင့် ဘုရားသခင်နှင့် ဆက်ဆံရေး ကိုပါ ထိခိုက်စေနိုင်သည်။ ဤအရာများအကြောင်း စဉ်းစားကြည့်ကြပါစို့။

 

(၁)  ခါးသီးခြင်းသည် ကျွန်ုပ်တို့၏ကျန်းမာရေးကို ထိခိုက်စေသည်။

 ခါးသီးခြင်းသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွက် ““အဆိပ်”” ဖြစ်သည်။ နာကြည်းခြင်း၊ ခါးသီးခြင်းနှင့် အပြစ်မလွှတ်ပေးခြင်းသည် အနာ အမျိုးမျိုး၊ သွေးပေါင်ချိန်တက်ခြင်းနှင့် အခြားသောရောဂါများစွာကို ဖြစ်စေနိုင်သည်။ ဆရာဝန်များစွာ၏ ခန့်မှန်းချက်အရ ကျွန်ုပ်တို့ ရောဂါများထဲမှ ၉၀ ရာခိုင်နှုန်းခန့်သည် အမျက်ဒေါသ၊ ကြောက်ရွံ့မှု၊ နားကြည်းခြင်းနှင့် ခါးသီးခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

 သင်၏စိတ်နှလုံးထဲတွင် ခါးသီးခြင်းကို ခံယူထားခြင်းသည် သင်ကိုအအိပ်ပျက်စေပြီး အချိန် အတော်များများ၌ မောပန်းနွမ်းနယ်နေစေသည်။ ခါးသီးခြင်းသည် အစားအသောက်၌ သင့်၏သာယာ ပျော်ရွှင်မှုကို ပျက်ပြယ်စေမည်ဖြစ်ပြီး သင့်၏ပျော်ရွှင်မှုကိုလည်း ဖျက်ဆီးမည်ဖြစ်သည်။ အချိန်တန် လျှင် သင်၏မျက်စိများနှင့် မျက်နှာပေါ်တွင် ထိုလက္ခဏာများ ပြလာမည်ဖြစ်သည်။ ဆရာဝန်တစ်ဦးက ““ကျွန်ုပ် လူတဦးကို စတင် မုန်းတီးလိုက်သည့် အချိန်မှစ၍ ကျွန်ုပ်သည် ထိုလူ၏ကျွန်ဖြစ်သွားခဲ့သည်။ ကျွန်ုပ်အလုပ် ၌ လည်းမပျော်တော့ဘဲ ထိုလူက ကျွန်ုပ်၏အတွေးများကို ထိန်းချုပ်ထားခဲ့တယ်။ ကျွန်ုပ်၏ နာကြည်းခြင်းသည် ကျွန်ုပ်၏ကိုယ်ခန္ဓာအတွင်း၌ စိတ်ဖိအားဖြစ်စေသော ဟိုမုန်းများစွာကို ထုတ်လုပ်ပေးသည့်အတွက် နာရီအနည်းငယ်သာ အလုပ်လုပ် ပြီးသည်နှင့် ပင်ပန်းနွမ်းလှ သွားပါတယ်။ အရင်က ပျော်ရွှင်စွာ လုပ်ကိုင်နိုင်သော အလုပ်သည် ယခုတွင် ပျင်းရိဖွယ်ကောင်းလှသည်။ အားလပ်ရက် အပန်းဖြေ ခရီးများထွက်တာ တောင်မှ ကျွန်ုပ်မှာ မပျော်ရွှင်နိုင်ခဲပါ။ ကျွန်ုပ်၏စိတ်ထဲ၌ ဤအရာက မင်းဆိုးကဲ့သို့ တင်းကြပ်စွာချုပ်ကိုင် ထားမှုကို ကျွနုပ်မလွတ်မြေက်နိုင်ခဲ့ပါ။”” ဟူ၍ပြောခဲ့သည်။  (S.I. McMillen, None of These Diseases)

 

(၂)  ခါးသီးခြင်းသည် ကျွန်ုပ်တို့၏စိတ်ကို ထိခိုက်စေသည်။

 ခါးသီးခြင်းသည် စိတ်ဓာတ်ကျရောဂါကို ဖြစ်စေနိုင်/ဖြစ်စေသည်ကို သက်သေပြနိုင်ပြီဖြစ်သည်။ အချိန်အတော်များများ၌ စိတ်ဓာတ်ကျ နေလေ့ရှိသူများသည် သူတို့၏ဘ၀အစောပိုင်းကာလတို့၌ ချစ်သော သူ (သို့) ဆွေမျိုးတစ်ဦးဦးက နာကျင်စေခဲ့ခြင်းကို နာကြည်း ပြီး ထိုနာကြည်းမှုကို ဆက်လက်ရင်ဝယ်ပိုက် ထားသောကြောင့်ဖြစ်သည်။ သင်သာ ထိုလူများထဲမှ တစ်ယောက်ဖြစ်ပါက ခါးသီးခြင်းကို မစွန့်လွှတ် မချင်း  စိတ်ဓာတ်ကျခြင်းကို သင်သည်ဘယ်တော့မှ ကြာရှည်စွာ အနိုင်ရမည်မဟုတ်ပေ။

 

(၃) ခါးသီးခြင်းသည် ကျွန်ုပ်တို့၏ပုဂိ္ဂုလ်ရေးကိုထိခိုက်စေသည်။

                လူတဦးဦးကို နာကြည်းလေလေ၊ ထိုလူအကြောင်းပိုမိုတွေးမိလေလေဖြစ်သည်။ ထိုလူအကြောင်း တွေးမိလေလေ၊ ထိုလူနှင့် ပိုပို တူလာ လေလေဖြစ်သည်။ သင်၏စိတ်ခံစားမှုများကို လူတစ်ဦးဦးအပေါ်တွင် တည်ထားလေလေ၊ သင်သည် ထိုလူနှင့်ပိုတူလာဖို့ အလား အလာ ရှိသည် ဆိုသည်မှာ အချက် (Fact) တစ်ခု ဖြစ်သည်။

                ဆယ်ကျော်သက်တဦးသည် ဆွေမျိုးတဦးကို ခါးသီးခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေးလုပ်ဆောင်သူတဦး က ထိုဆွေမျိုးကို ခွင့်လွှတ် ပေးသင့်ကြောင်း ပြောသောအခါ ဆယ်ကျော်သက်က ““အသက်ရှင်သမျှ ကာလ ပတ်လုံး ထိုလူကို ကျွန်မခွင့်မလွှတ်ဘူး””ဟူ၍ ပြန်ပြော ခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေး လုပ်ဆောင်သူက တည်ငြိမ်စွာပြောသည်မှာ “ကြားရတာစိတ်မကောင်းစရာဘဲ” ဟုဖြစ်သည်။ “ဘာကြောင့်လဲ”” ဟူ၍ ဆယ်ကျော်သက်က ပြန်မေး သည်။ “ဘာကြောင့်လဲဆိုတော့ အနှစ်(၂၀)အတွင်းမှာ သင်သည် ထိုဆွေမျိုးလို ဖြစ်သွားလိမ့်မယ်” ဟူ၍ ပြန်ဖြေခဲ့သည်။ ဤအတွေးသည် ဆယ်ကျော်သက်ကို များစွာ ထိန့်လန့်သွားစေခဲ့ပြီး သူမ လျင်မြန်စွာ ပြန်ပြောသည်မှာ ““အဲဒီလိုဆိုရင်တော့ ထိုသူကို ကျွန်မခွင့်လွှတ်ပေးမည်””ဟူ၍ ဖြစ်သည်။ (Bill Gothard)

 

(၄) ခါးသီးခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကိုထိခိုက်စေသည်။

                ကျွန်ုပ်တို့သည် ““သခင့်ဆုတောင်း””ကို ရွတ်ဆိုကြသောအခါ ဤသို့ပြောကြသည်။ ““သူတပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ””ဟူ၍ ဖြစ်သည်။

                သင်သည် ထိုသို့ဆုတောင်းသောအခါ သင်ပြောနေသည်မှာ““အခြားဘုရားသခင်၊ အခြားလူများ ကျွန်ုပ်အပေါ် ကျူးလွန်ထားသော အပြစ်များကို ကျွန်ုပ်လွှတ်ပေးသကဲ့သို့ ကျွန်ုပ်၏အပြစ်များကိုလည်း လွှတ်ပေးတော်မူပါ””ဟူ၍ ဖြစ်သည်။ သင်သာအခြားလူများကို ခွင့်မလွှတ် ပေးပါက သင်သည် ဘုရားသခင် အား သင့်ကို ခွင့်မလွတ်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပေမည်။

 

အပြစ်လွှတ်ခြင်းသည် ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။

                ကျွန်ုပ်တို့ကိုခါးသီးမှုနှင့် နာကြည်းမှုများမှ လွတ်မြေက်စေမည့် တခုတည်းသောအရာမှာ အပြစ် လွှတ်ခြင်းဖြစ်သည်။ သို့သော် လူများစွာက ““အပြစ်လွှတ်ခြင်း””သည် ဘာကိုဆိုလိုလဲဆိုတာကို ကောင်းကောင်းနားမလည်ကြပေ။ အပြစ်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကို မမြင်ချင်ယောင်ဆောင် ခြင်း (သို့) အပြစ်မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ခြင်းမဟုတ်ပါ။ အပြစ်လွှတ်ခြင်းသည် မေ့ပျောက်ရန် ကြိုးစားခြင်းမျိုး လည်းမဟုတ်ပါ။ မေ့ပျောက်ခြင်းသည် အပြစ်လွှတ်ခြင်းအနောက်မှလာသည်။ အရှေ့မှမဟုတ်ပါ။

                အပြစ်လွှတ်ခြင်းဆိုသည်မှာအဘယ်နည်း။ အပြစ်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကျူးလွန်ခံရခြင်း (သို့) ထိခိုက်ခဲ့ရမှုကို မိမိကိုယ်တိုင် ခံယူ၍ သတိ မရ နေစေရန် ရွေးချယ်ခြင်းဖြစ်သည်။ အပြစ်လွှတ်ခြင်းဆို သည်မှာ သင့်ကိုကျူးလွန်ခဲ့သူကို တာဝန်ကင်းလွတ်စေပြီး အသစ် တဖန် ပြန်လည် အသက်ရှင်စေခြင်းဖြစ် သည်။

                အပြစ်လွှတ်ခြင်းသည် အဖိုးအခကြီးသည်။ ခွင့်လွှတ်ပေးသူက ထိခိုက်နစ်နာမှု (သို့) မကောင်းမှု၏ အဖိုးအခကို ပေးချေရသည်။ ခရစ်တော် သည် ကျွန်ုပ်တို့ကို အပြစ်လွှတ်နိုင်ရန်အတွက် အပြစ်၏အဖိုးအခ ကိုပေးချေခဲ့ရသည်။ ထို့ကြောင့် ကားတိုင်ထက်၌ အသေခံခဲ့ခြင်း ဖြစ်သည်။

                အပြစ်လွှတ်ပေးရန် အဖိုးအခကြီးသည့်ထက် အပြစ်မလွှတ်ခြင်းသည် သာ၍အဖိုးအခကြီးသည်။ သင်ကျူးလွန်ခြင်းခံခဲ့ရသော ထိခိုက်မှု (သို့) စော်ကားမှုကို သင်ကြာရှည်စွာ သတိရကောင်းသတိရလိမ့် မည်။ သင် ဤ အကြောင်းကို ယခုပင် တွေးချင်တွေးနေလိမ့်မည်။ ထိုလူသည် သင့်ကို အကြီး အကျယ် မတရားလုပ်ခဲ့ပေမည်။ သို့သော် ထိုအရာက သင့်ကို ထိခိုက်စေသည်ထက် သင်သည် ထိုနာကြည်းမှုကို ရင်ဝယ်ပိုက်ထားသောကြောင့် နာကြည်းမှု က သင့်ကိုသာ၍ ထိခိုက်စေသည်။

 

ခါးသီးခြင်းမှအပြစ်လွှတ်ခြင်းအဖြစ်သို့မည်သို့ကူးမြောက်သနည်း။

                အောက်ပါအဆင့်များက သင်၏ခါးသီးမှုကို မည်သို့စွန့်လွှတ်ရမည်ဖြစ်ကြောင်း ပြသလိမ့်မည်။

 

(၁) ဘုရားသခင်သည် စီရင်ဆုံးဖြတ်သူဖြစ်ကြောင်း အသိအမှတ်ပြုပါ။

                လူတို့သည် သူတို့၏မှားယွင်းစွာလုပ်ဆောင်မှုများကြောင့် စီရင်ခြင်းခံရမည်ဖြစ်သော်လည်း သင်ရော ကျွန်ုပ်ပါ သူတို့ကို စီရင်ရန် တရားသူကြီး များ မဟုတ်ကြပါ။ စီရင်ဆုံးဖြတ်ခြင်းသည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ ကျမ်းစာက ““ချစ်သူတို့၊ သူတပါးသည် သင်တို့ ကို ပြစ်မှား လျင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။”” ဟု ဆိုသည်။ (ရောမ ၁၂း ၁၉)

                ဘုရားသခင်က ကျွန်ုပ်တို့ကို လက်တုံ့ပြန်ရမည့်အစား အပြစ်လွှတ်ပေးရန် ပြောထားသည်။ ကျွန်ုပ်တို့သည် တစုံတဦးကို အပြစ် လွှတ်ပေး သောအခါ၊ ထိုလူကို ဘုရားသခင်ထံ လွှဲပြောင်းပေးခြင်းဖြစ်ပြီး ဘုရားသခင်ကသာ စီရင်ဆုံးဖြတ်ပိုင်ခွင့်နှင့် အပြစ်ပေးပိုင်ခွင့်ရှိသော တဦးတည်းသောသူ ဖြစ်ကြောင်းကို လည်းအသိအမှတ်ပြုခြင်းဖြစ်သည်။

 

(၂) သင်၏အပြစ်များကို ဘုရားသခင်ထံဝန်ချ တောင်းပန်ပါ။

                အခြားလူသည် သင့်ကိုဝမ်းနည်းဖွယ် ထိခိုက်နစ်နာမှုကို ဖြစ်စေခဲ့ပါက ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်ရှေ့၌ သူ၌ သာ တာဝန်ရှိသည်။ အကယ်၍သင်သည် ခါးသီးမှုကို ဆုပ်ကိုင်ထားပါက သင်လည်း အပြစ်လုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်ရှေ့၌ သင်၏ခါးသီးမှု၏ အပြစ်ကြောင့် သင်၌ လည်း တာဝန်ရှိသည်။ ဤအပြစ်ကို ကိုင်တွယ်ရန်အတွက် သင်သည် ဘုရားသခင်ထံအပြစ်ဝန်ချ၍ သားတော်၏အသွေးတော်အားဖြင့် စင်ကြယ်စေရန် တောင်း ဆို ရမည်ဖြစ်သည်။

 

(၃) သေခြင်းဆိုသော အပြစ်စီရင်ချက်ကို နာကြည်းခြင်းနှင့်ခါးသီးခြင်းအပေါ်သို့ တင်ပါ။

                နာကြည်းခြင်းနှင့်ခါးသီးခြင်းတို့သည် အပြစ်ဒုစရိုက်အသေးစားများ မဟုတ်ပါ။ အပြစ်များထဲတွင် အန္တရာယ်အကြီးမားဆုံးနှင့် သေကြေ စေနိုင် သော အပြစ်များထဲမှ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သာ သေခြင်း ဆိုသောစီရင်ချက်ကို ခါးသီးမှုနှင့်နာကြည်းမှုတို့အပေါ်သို့ မကျရောက်စေပါက ထိုအရာတို့ က သေခြင်းဆိုသော စီရင်ချက်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေမည်ဖြစ်သည်။ ခါးသီးမှုကို ရင်ဝယ် ပိုက်ထားခြင်းသည် ဇာတိပကတိအတိုင်း အသက်ရှင်ခြင်း ဖြစ်သည်။ ကျမ်းစာက““သင်တို့သည်ဇာတိပကတိအတိုင်း အသက်ရှင် လျှင် သေရကြမည်””ဟူ၍ ပြောထားသည်။ (ရော ၈း ၁၃)

                ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ကားတိုင်၌အသေသတ်ခြင်းကို ခံရသောကြောင့် အသက်တာဟောင်းနှင့်သက်ဆိုင်သော မည်သည့်အရာ ကိုမဆို ငြင်းပယ်နိုင်သောအခွင့်သည် ကျွန်ုပ်တို့၌ ရှိသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ခါးသီးမှု၏အပြစ်ကို ငြင်ပယ် နိုင်သည်။ ဘုရားသခင်အား သူ၏၀ိညာဉ်တော်အားဖြင့် ထိုအပြစ်အား သေစေရန် တောင်းဆိုနိုင်သောအခွင့်သည် ကျွန်ုပ်တို့၌ရှိသည်။ ကျွန်ုပ်တို့ ဤသို့ ဆုတောင်းနိုင်သည်။ ““သခင်ယေရှု၊ ကျွန်ုပ်သည် သင်နှင့်အတူ အသေသတ်ခြင်းကို ခံခဲ့ပြီ။ ထိုအကြောင်း ကြောင့် အသက်တာဟောင်း နှင့် သက်ဆိုင်သော မည်သည့် အပြစ်ကိုမဆို ငြင်းပယ်နိုင်သောအခွင့်သည် ကျွန်ုပ်၌ရှိပါ၏။ ယခုတွင် ကျွန်ုပ်သည် ဤခါးသီးမှုကို ငြင်းပယ် နှင်ထုတ်ပြီး ကိုယ်တော်၏သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ဤအရာကို အဆုံးသတ်ပေးရန် တောင်းဆိုပါ၏။””

 

(၄) ခရစ်တော်သင့်ကို အပြစ်လွှတ်ခဲ့သလို သူတပါးတို့ကို အပြစ်လွှတ်ပါ။

                အပြစ်လွှတ်ပေးခြင်း၌ ကျွန်ုပ်တို့ဘက်မှလည်း ရွေးချယ်စရာတစ်ခုရှိသည်။ အပြစ်လွှတ်ပေးရန် ကျွန်ုပ်တို့ရွေးချယ်ရမည်။ ကျွန်ုပ်တို့သည် အခြားလူကို အပြစ်မလွှတ်ပေးလိုသော ခံစားမှုမျိုးကို ခံစားရမည် ဖြစ်သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခံစားမှုများကို မကိုင်တွယ်ပါ။ ကျွန်ုပ်တို့ ၏ ရွေးချယ်မှု များအားဖြင့်သာ ကိုင်တွယ်မည်ဖြစ်သည်။

                သင်က ဤသို့ပြောလိမ့်မည်။ ““အကယ်၍ ထိုလူသာ အပြစ်လွှတ်ပေးရန် မတောင်းဆိုရုံမက မိမိမှား ကြောင်းကိုပင် ၀န်မခံလျှင် ကျွန်ုပ်က မည်သို့ အပြစ်လွှတ်ပေးနိုင်မည်နည်း။””

                ကျွန်ုပ်တို့သိရသလောက် သမ္မာကျမ်းစာထဲတွင် မည်သူကမျှ သူတို့၏အပြစ်များကိုလွှတ်ပေးဖို့ တောင်းဆိုရန် ခရစ်တော်ထံ ရောက်မလာ ကြပါ။ သို့သော် ယေရှုသည် လူများကို အပြစ် သေချာ လွှတ်ပေးခဲ့သည်။ ထူးခြားကောင်းမွန်သော ပုံစံမျိုးဖြင့် အပြစ်လွှတ် ပေးခဲ့သည်။ သူတို့ကို တဖက်သတ် အပြစ်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တဖက်သတ်အပြစ်လွှတ်ခြင်းဆိုသည်မှာ ထိုလူဘာပဲလုပ်လုပ် သင့်ဘက်မှ အပြစ်လွှတ် ပေးခြင်းဖြစ်သည်။ သူသည် အပြစ်လွှတ်ပေးရန် တောင်းဆိုမည် မဟုတ်ဘဲ သူသည် အပြစ်လွှတ်ပေးခြင်း ခံရန် လိုအပ်ကြောင်း ကိုပင် သိရှိမည်မဟုတ်ပေ။ သို့သော် သင်သည် မည်သို့ပင် ဖြစ်နေစေကာမူ ထိုလူကို အပြစ်လွှတ်ပေးရန်အတွက် ရွေးချယ်နိုင်သည်။

                သခင်ယေရှုကို ကားတိုင်၌ တင်သတ်သူများသည် အပြစ်လွှတ်ပေးရန် မတောင်းဆိုခဲ့သော်လည်း ခရစ်တော်သည် အပြစ်လွှတ် ပေးခဲ့သည်။ သူက ““ခမည်းတော်ဘုရား၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် သူတို့ဘာလုပ်နေကြလဲဆိုတာကို မသိပါ””ဟူ၍ ဆုတောင်းခဲ့သည်။ အပြစ်လွှတ်ပေးရန် မတောင်းဆိုသောလူများနှင့် အပြစ်လွှတ်ပေးရန် မထိုက်တန်သူများအတွက် သူ၏နှလုံးသားမှ အပြစ်လွှတ်ခြင်း စမ်းရေသည် စီးထွက် လာခဲ့သည်။ ဤအရာမှာ တဖတ်သတ် အပြစ်လွှတ်ပေးခြင်းဖြစ်သည်။

                ကျွန်ုပ်တို့သည် သခင့်ထံသို့ ကယ်တင်ခြင်းရရန် တိုးဝင်ချဉ်ကပ်ခဲ့စဉ်က ကျွန်ုပ်တို့လုပ်ခဲ့သမျှသော အပြစ်အားလုံးကို မ၀န်ချ မတောင်းပန်ခဲ့ပါ။ အပြစ်တစ်ခုစီအတွက် အပြစ်လွှတ်ပေးရန် မတောင်းဆိုခဲ့ပါ။ သို့သော် သခင်သည် ကျွန်ုပ်တို့ကို လက်ခံခဲ့၍ ကျွန်ုပ်တို့ ကျူးလွန်ခဲ့ဖူးသော အပြစ်ရှိသမျှကို လွှတ်ပေးခဲ့သည်။ ယခုတွင် သူကျွန်ုပ်တို့ကို အပြစ်လွှတ်ခဲ့သလိုမျိုး အခြားသူများအား အပြစ်လွှတ်ပေးရန် ကျွန်ုပ်တို့ကို မိန့်မှာထားသည်။ ကျမ်းစာက ““ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သော သူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တယောက်၌ တယောက်က အပြစ်တင်ရာအခွင့်ရှိ လျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့အပြစ်ကို လွှတ်တော်မူ သကဲ့ သို့၊ ထိုနည်းတူပြုကြလော့””ဟုဆိုသည်။ ကော ၃း၁၂-၁၃

                အခြားသူသည် သင့်ကိုအပြစ်လွှတ်ပေးရန်မတောင်းဆိုရုံမက အပြစ်ရှိသည်ဟုပင် ၀န်မခံတာတောင် မှ သင်သည် အပြစ်လွှတ် ပေးနိုင်သည်။ တဖတ်သက် အပြစ်လွှတ်ပေးနိုင်သည်။

 

(၅) သင့်၏အပြစ်လွှတ်ပေးခြင်းသည် မှန်ကန်စေရန် သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်ပါ။

                အခြားသူများကို အပြစ်လွှတ်ပေးခြင်းနှင့် ခါးသီးမှုများကို ဖယ်ရှားခြင်းများသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ကျွန်ုပ်တို့၏ အတူတကွ ပူးပေါင်း လုပ်ဆောင်မှုများ၏ ရလဒ်ဖြစ်သည်။ ဤအရာကို မိမိဘာသာ မလုပ်ဆောင်နိုင်သလို ကျွန်ုပ်တို့၏ရွေးချယ်မှုမပါဘဲ သန့်ရှင်းသောဝိညာဉ်တော်က လည်း လုပ်ဆောင်မည် မဟုတ်ပါ။ သူနှင့်အတူတကွ လုပ်ဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ရွေးချယ် ရမည်ဖြစ်ပြီး လုပ်ဆောင်ရန်အတွက်မူ သူ့ကိုယုံကြည်ရမည်ဖြစ်သည်။ ကျမ်းစာက ““သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျင် သေရကြမည်။ ၀ိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျင် အသက် ရှင်ကြလိမ့်မည်။””ဟု ဆိုထားသည်။

                အပြစ်လွှတ်ပေးပြီးနောက် မေ့ပျောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းပန်းရ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစုံတဦးကို အပြစ်လွှတ်ပေးပြီးသော်လည်း ထိုအပြစ်ကို မှတ်မိနေခြင်း အားဖြင့် အပြစ်၌ တ၀ဲလည်လည် ဖြစ်နေနိုင်သည်။ ““မေ့ပျောက်ရန်”” ကိုငြင်းပယ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နာကြည်းခြင်းကို အသက်ရှင်နေစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်လွှတ်ခဲ့သလိုမျိုး ကျွန်ုပ် တို့သည် အပြစ်လွှတ်နိုင်ပြီး ထိုအပြစ်ကို မေ့ပျောက်နိုင်ပါစေ။ ဘုရားသခင်က ““သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ ဘဲနေမည်””ဟု ပြောခဲ့သည်။

                အမေရိကန် ကြက်ခြေနီအသင်းကို တည်ထောင်သူ Clara Barton အား ပါတီပွဲတစ်ခုတွင် သူမနှင့် သူငယ်ချင်းဖြစ်ခဲ့သူ အမျိုးသမီး တဦးက ဤသို့မေးခဲ့သည်။ ““လွန်ခဲ့တဲ့နှစ်အတော်ကြာက ရှင့်အပေါ် ကျွန်မ ကျူးလွန်ထားတဲ့အပြစ်တစ်ခုကို ရှင်မှတ်မိသေးလား”” ဟူ၍ဖြစ်သည်။ ထိုအခါ    Miss Burton က သေချာစဉ်းစား ၍ ““အိုး၊ အဲဒီကျူးလွန်မှုအပြစ်ကို ကျွန်မ မေ့ပြစ်လိုက်တာကို ကျွန်မ ကောင်းကောင်း မှတ်မိပါတယ်””ဟူ၍ ပြန်ဖြေ လိုက်သည်။

 

ကျွန်ုပ်တို့၏ခံစားချက်များကို ကိုင်တွယ်ခြင်း

                ခါးသီးခြင်းမှ အပြစ်လွှတ်ခြင်းအဖြစ်သို့ ကူးမြောက်ခြင်း၌ အရေးကြီးသည့်အပိုင်းတစ်ခုမှာ ကျွန်ုပ်တို့၏စိတ်ခံစားချက်များကို ကိုင်တွယ် ဖြေရှင်းခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ အပြစ်လွှတ်ပေးရန် ရွေးချယ်နိုင်သော်လည်း နာကျင်မှုမှာ ဆက်ရှိနေမည်ဖြစ်သည်။”” နာကြည်းခြင်းနှင့် ခါးသီးခြင်းမှ လုံးလုံးလျားလျား လွတ်မြောက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ခံစားချက်များကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်။

                ကျွန်ုပ်တို့၏ခံစားချက်များကို ကိုင်တွယ်ရန် နည်းလမ်းရှိပါသလား။ ရှိပါတယ်။ ကျွန်ုပ်တို့၏ ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် နည်းလမ်းမှာ ကိစ္စတစ်ခုကို အမြင်ပြောင်းလဲ၍ကြည့်ရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် အတိတ်က အခြေအနေတစ်ခု၏ အချက်အလက် များကို မပြောင်း လဲနိုင်ပါ။ သို့သော် ကိစ္စတစ်ခုကို မြင်သောအမြင်ကိုမူ ပြောင်းလဲနိုင်သည်။ ကျွန်ုပ်တို့သည် အတွင်းပိုင်းမှ ကျွန်ုပ်တို့ မြင်သော ယုံကြည်သော အရာများ အားဖြင့် ထိန်းချုပ်ထားခြင်းခံထားရသည်ကို သတိရပါ။

                ယောသပ်ကိုကြည့်ပါ။ ယောသပ်၏အစ်ကိုများသည် သူ့ကိုအလွန်မုန်းတီး၍ ကျွန်အဖြစ် ရောင်းစား ခဲ့သည်ကို သိရှိခဲ့ပြီးဖြစ်သည်။ ထိုအခြေအနေ၏အချက်အလက်များကို မပြောင်းလဲနိုင်ပါ။ ဖြစ်ခဲ့သော အရာသည် ထာဝရဖြစ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယောသပ်သည် သူအစ်ကိုများကို မနာကြည်းခဲ့ပါ။

                ယောသပ်သည် သူ့ကိုဤမျှလုပ်ခဲ့သော အစ်ကိုများအပေါ်တွင် ဘာကြောင့် စိတ်ကောင်းထားနိုင် သနည်း။ သူသည် ထိုအခြေ အနေများနှင့် ပတ်သက်၍ဆီလျော်သောအဓိပ္ပာယ်တခုကို ရှာတွေခဲ့၍ ဖြစ်သည်။ တနည်းအားဖြင့် သူ၌ဖြစ်ပျက်ခဲ့သမျှ သောအရာ တို့တွင် ဘုရားသခင်၏ လက်တော် ၏ လုပ်ဆောင်မှုကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူကောင်းစားဖို့အတွက် ထိုအခြေအနေ အားလုံးကို အသုံးပြုခဲ့သည်ကို ယောသပ် နားလည်ခဲ့သည်။ သူ့အစ်ကိုများကို ပြောသည်မှာ ““သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲ မည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ ဖြစ်သည် အတိုင်း၊ လူများအသက်ချမ်းသာစေခြင်း ငှာ၊ ကျေးဇူးပြုမည်ကြံတော် မူ၏။”” ဟုဖြစ်သည်။

                ယောသပ်၏ အဖြစ်အပျက်သည် ကျွန်ုပ်တို့ကို ဤကြီးမားသောအမှန်တရားကို သင်ကြားပေးသည် အမှန်တရားမှာ “ကျွန်ုပ်တို့ သာ သူကို ယုံကြည်ပါက အခြေအနေဆိုးထဲမှ ကောင်းသောအရာများကိုရရှိရန် လုပ်ဆောင်ပေးနိုင်သည်။” ဘုရားသခင်သည် မကောင်းမှုကို မဖြစ် စေပါ။ သို့သော် သူ၏ရည်ရွယ်ချက်များ ပြီးပြည့်စုံရန်အတွက် မကောင်းမှုများကို အသုံးချနိုင်သည်။ ကျမ်းစာက “ဘုရားသခင်၏ချစ်သော သူ.....တို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏။””ဟုဆို ထားသည်။ ရော ၈း ၂၈

                ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့ ““မြင်””သည် (သို့) ““နားလည်သည်””ဟုမပြောထားပါ။ ““ခပ်သိမ်းသော တရာတို့သည် ဘုရားသခင် ကိုချစ်သောသူတို့အဖို့ တညီတညွတ်တည်း လုပ်ဆောင်ကြသည်ကို ကျွန်ုပ်တို့ ““သိ””ကြသည်။ ခပ်သိမ်းသောအရာတို့သည် ကျွန်ုပ်တို့၏ အကျိုးအတွက် လုပ်ဆောင်နေသည်ကို ကျွန်ုပ်တို့ ““မမြင်နိုင်”” (သို့)““နားမလည်နိုင်””သော်လည်း ဘုရားသခင်က ထိုသို့ပြောထားသည့် အတွက် ကျွန်ုပ်တို့ အကျိုး အတွက် လုပ်ဆောင်နေသည်ကို ““သိ””နိုင်သည်။

                ကျွန်ုပ်တို့အခြေအနေနှင့်ပတ်သက်လာလျှင် ကျွန်ုပ်တို့သည် ဖြစ်ပျက်ခဲ့သော အချက်အလက်များကို မပြောင်းလဲနိုင်ပါ။ ဖြစ်ခဲ့ပြီး သမျှသည် ဖြစ်ခဲ့ပြီးဖြစ်၍ မပြောင်းလဲနိုင်ပါ။ သို့သော် ထိုအခြေအနေများထဲမှ ကောင်းသောအရာများ ဖြစ်ပေါ်လာစေရန် ဘုရားသခင်ကို ယုံကြည်ရမည်။ ကျွန်ုပ်တို့ ဤသို့ပြောနိုင်သည်။ ““သခင်၊ ထိုလူသည် ကျွန်ုပ်အတွက် အတော်ပင်ဆိုးပါသည်။ ယောသပ်၏အဖြစ်အပျက် ကဲ့သို့ပင် ဤအခြေအ နေထဲမှ ကောင်းသော အရာများထွက်ပေါ်လာစေရန် ကျွန်ုပ် သခင့်ကို ယုံကြည်ပါသည်။””

                ဘုရားသခင်သည် ကျွန်ုပ်တို့ ထာဝရကာလ ကောင်းစားရန်အတွက် ကျွန်ုပ်တို့အမြင်အရ ဆိုးသော အရာများနှင့်ခပ်သိမ်းသော အရာတို့ကို အတူတကွ လုပ်ဆောင်စေသည်ကို ကျွန်ုပ်တို့ယုံကြည်ကြသောအခါ အခြေအနေတို့ကို အခြားအမြင်တစ်ခုဖြင့် ကျွန်ုပ်တို့ မြင်ကြမည်ဖြစ်သည်။ အမှန်တကယ်ပင် ကျွန်ုပ်တို့တွင် ဖြစ်ပျက်ခဲ့သောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်နိုင်ကြမည် ဖြစ်သည်။ ဤအရာသည် အတိတ် အခြေအနေ ဆိုးများမှ နာကျင်မှုကို ဖယ်ထုတ်ပေးပြီး ခါးသီးမှုမှ လွတ်မြောက်စေသည်။

 

ရှာဖွေတွေ့ရှိသော ရတနာ

 နာကြည်းမှု နှင့် ခါးသီးမှုသည် ကျွန်ုပ်တို့ကို အကျဉ်းသား ဖြစ်စေနိုင်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့ကို လွှတ်ခြင်းအခွင့်ကို ပေးသည်။

 

မေးခွန်းများ

မှန် / မှား

၁။            နာကြည်းခြင်းဆိုသည်မှာ လူတစ်ဦးက အတိတ်တွင် ကျွန်ုပ်အပေါ် ကျူးလွန်ထားခဲ့သော အမှုကို ဒေါသအကြီးအကျယ် ထွက်နေခြင်းဖြစ်သည်။

 

၂။            ခါးသီးမှုသည် ကျွန်ုပ်တို့အတွက် မကောင်းသော်လည်း ကျန်းမာရေးကိုမူ မထိခိုက်စေပါ။

 

၃။            ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးကို ခါးသီးလျှင်တောင်မှ ဘုရားသခင်နှင့် ဆက်ဆံရေးကို မထိခိုက် နိုင်ပါ။

 

၎။            ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အတွင်းပိုင်းမှ မြင်သောအမြင်နှင့် ယုံကြည်ချက်များအားဖြင့် ထိန်းချုပ် ထားခြင်းခံရသည်။

 

၅။            ခပ်သိမ်းသောအရာတို့သည် ကျွန်ုပ်တို့၏အကျိုးအတွက် လုပ်ဆောင်နေကြသည်ကို မမြင်နိုင်(သို့) နားမလည်နိုင်ကြသော်လည်း ဘုရားသခင်က ထိုအကြောင်းကို ပြောထားသောကြောင့် ““သိ””နိုင် ကြသည်။

 

၆။            တခါတရံ တစုံတဦးသည် ကျွန်ုပ်တို့ကို မှားယွင်းစွာပြုသောအခါ ကျွန်ုပ်တို့၏ နားကြည်းခြင်းကြောင့် မိမိကိုယ်ကို မြင့်မြတ်သည်ဟု ခံစားရလေ့ရှိသည်။

 

၇။            ““အပြစ်လွှတ်ခြင်း”” ဆိုသည်မှာ မှားယွင်းသောအမှု (သို့) နာကျင်မှုဒဏ်ရာကို မိမိဘာသာခံယူ၍ သတိတရမရှိနေစေရန် ရွေးချယ်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

၈။            အပြစ်လွှတ်ပေးရန်အတွက် အဖိုးအခကြီးသည်။ မလွှတ်ရန်အတွက်မူ သာ၍အဖိုးအခကြီးသည်။

 

၉။            နာကြည်းမှုနှင့် ခါးသီးခြင်းများသည် ကျွန်ုပ်တို့ကို အကျဉ်းသားများဖြစ်စေပြီး ဘယ်အရာကမှ ကျွန်ုပ်တို့ကိုလွတ်မြောက်အောင် မလုပ်ပေးနိုင်ပါ။

 

၁၀။          ကျွန်ုပ်တို့မနှစ်သက်တာတောင်မှ အပြစ်လွှတ်ပေးရန် ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။

ဤသင်ခန်းစာမှ မည်သည့် အရေးကြီးသော သမ္မာတရားကို သင် သင်ယူသိရှိခဲ့သနည်း။

 

 “ခပ်သိမ်းသောစိတ်တိုခင်း၊ စိတ်ဆိုးခင်း၊ အမဵက်ထကြ်ူခင်း၊ အော်ဟစ်ငေၝက်ငေၞူခင်း၊ သူႛအသရေပဵက်အောင်ေူပာဆိုခင်းတိုႛကို၎င်း၊ ခပ်သိမ်း သော မနာလိုခင်းကို၎င်း၊ သင်တိုႛမပြယ်႟ြာုးကလော့။-အခဵင်းခဵင်းကေဵးဇူးပြူခင်း၊ သနားစုံမက်ူခင်း၊ ဘုရားသခင်သည် ခရစ်တော်ေုကာင့် သင်တိုႛ၏ အူပစ် ကို လတ်ြတော်မူသကဲ့သိုႛ အခဵင်းခဵင်းအူပစ်လတြ်ူခင်း႟ြိုကလော့။” (ဧဖက်၊ ၄း၃၁-၃၂)

 

ဤ ကျမ်းပိုဒ်ကို ကျမ်းစာအုပ်၌ ရှာဖွေပြီး မျဉ်း တားပါ။ အလွန်ကောင်းသော ကျမ်းချက်များဖြစ်ပြီ အလွှတ်ကျက်မှတ်ပါ။

                                                                                                                                     ရဲလင်းထွန်း (အင်းစိန်)