ကောင်းကင်ဘုံသို့သွားသောလမ်း၏ အဆင့်၅ခု - UBDavid

ချစ်စွာသောမိတ်ဆွေ

ကောင်ကင်ဘုံဆိုတာ ဘာလဲ၊ ဘယ်လောက်အံ့သြစရာကောင်းသလဲ စဉ်းစားမိပါသလား? ကောင်းကင်ဘုံဟာ စိတ်ကူးယဉ်ကြည့်လို့၊ အလှပဆုံးအရာထက် ပိုလှပပါတယ်။ ဘုရားသခင်ရဲ့ မြို့တော်ဖြစ်ပြီး ရွှေစင်အစစ်၊ တန်ဘိုးအကြီးဆုံးကျောက်မျက်ရတနာများနဲ့ ဆောက်ထားတာဖြစ်ပါတယ်။ တံခါးကြီး ၁၂ချပ်ကို ဖြက်ပြီး မြို့ထဲဝင်ရပါတယ်။ ကျမ်းစာကပြောပါတယ်။ တခါးချပ်တိုင်းဟာ ပုလဲအသားနဲ့လုပ်ထားပါတယ်..တဲ့။

ကောင်းကင်ဘုံမှာ  ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော် အလင်းရှိလို့ နေနဲ့လ မလိုပါဘူး။ ဘုရားသခင်ရဲ့ ပလင်တော်ကနေ သခင်ယေရှုရှိတဲ့နေရာက မြစ်တမြစ်ဆီ စီးဆင်းနေတဲ့ အသက်စမ်းရေဟာ ခရစ်စတယ်ကျောက်ဖန်ပြားလို ကြည်လင်နေပါတယ်။

ကောင်းကင်ဘုံမှာ ဖျားနာခြင်းမရှိပါဘူး။ နာကျင်မှုမရှိ၊ အပြစ်ဒုစရိုက်မရှိသလို၊ သေခြင်းဆိုတာလည်း မရှိပါဘူး။ ၀မ်းနည်းကျေကွဲမှု မရှိတဲ့နေရာ၊ ကျွန်တော်တို့ မျက်လုံးများက မျက်ရည်များကို ဘုရားသခင်ကိုယ်တော်တိုင် သုတ်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်တဲ့မိတ်ဆွေများ အဲဒီကို အရင်ရောက်နှင့်နေသူများက ကျွန်တော်တို့ကို သိကြမယ်။ အကောင်းတကာ အကောင်းဆုံးကတော့ ကျွန်တော်တို့ကို ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးတဲ့၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ သခင်ယေရှုကို တွေ့မြင်ရမယ်ဖြစ်ပါတယ်။



ယေရှုရှိနေတဲ့နေရာကို ကောင်းကင်ဘုံလို့ခေါ်ပါတယ်။ ငါ့အဘနေတဲ့နေရာကို ကောင်းကင်ဘုံ လို့ခေါ်တယ်လို့ ယေရှုက ဆိုပါတယ်။ သခင်ယေရှုကို ချစ်တဲ့သူတိုင်း အဘအိမ်တော်လို့ ခေါ်တဲ့ အံသြဘွယ် ထာဝရနေရာမှာ သူနဲ့အတူနေရမယ်ဖြစ်ပါတယ်။ ယေရှုကိုငြင်းပယ်သူများအတွက်တော့ ဘာမှပြောစရာမရှိပါဘူး။ ကောင်းကင်ဘုံဟာ သူတို့အတွက် မဟုတ်ပါဘူး။



ယေရှုသည်သာ ကောင်းကင်ဘုံရဲ့ တခုတည်းသော လမ်းခရီးဖြစ်ပါတယ်။ ယေရှုက တပည့်တော်များကို ကောင်းကင်ဘုံအကြောင်းပြောပြတဲ့အခါ တပည့်တဦးဖြစ်တဲ့ သောမ ဆိုသူက  "အဲဒီလမ်းကို ဘယ်လိုသိနိုင်မလဲ" လို့ မေးတော့ ယေရှုက " ငါသည် လမ်းခရီးဖြစ်သည်၊ အမှန်တရားဖြစ်သည်၊ အသက်လည်းဖြစ်သည်၊ ငါ့ကိုအမှီမပြုလျှင် ဘယ်သူမျှ ငါ့အဖအိမ်တော်သို့ မရောက်နိုင်" လို့ ဖြေကြားခဲ့ပါတယ်။ (ယောဟန် ၁၄း၆)

အခု အလွန်အရေးပါတဲ့ မေးခွန်း၃ခုကို စဉ်းစားကြရအောင်

- ကျွန်ုပ်တို့ လူလောကကို ဘယ်ကလာကြပါသလဲ ?
- ဒီလူလောကကို ဘာလာလုပ်တာလဲ ?
- လူလောကကပြီးရင် ဘယ်ကိုသွားမှာလဲ ?


ဘ၀ဆိုတာ မေးခွန်တွေ အပြည့်နဲ့ပါ။ သို့သော် ထိုမေးခွန်းများစွာထဲက အထက်ပါ ၃ခုဟာ အလွန်အရေးပါလှကြောင်းနဲ့၊ သမ္မာကျမ်းစာက အဖြေများကို ပေးထားပါတယ်။

- ကျွန်ုပ်တို့ လူလောကကို ဘယ်ကလာကြပါသလဲ ?
ကျွန်တော်တို့ဟာ ဘုရားသခင်ဆီမှ လာကြပါတယ်။ ဒီလောကစင်္ကြာဝဌာကြီးဟာ မတော်တဆ ဖြစ်လာတာမျိုးမဟုတ်သလို လူဆိုတာလည်း မတော်တဆ ဒီလောကကို ရောက်လာတာမဟုတ်ပါဘူး။ စင်္ကြာဝဌာနဲ့လူသားတွေကို ဘုရားသခင်ဖန်ဆင်းထားတာပါ။ ကျမ်းစာအရဆိုရင် ...

ထိုနောက်၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက် ကို မှုတ်တော်မူလျှင်၊ လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ (ကမ္ဘာဦး ၂း၇)

လူသားဟာ ဖန်ဆင်းခံရပါတယ်။ နိုမ့်ကျတဲ့နေရာမျိုးက လာခဲ့တာမဟုတ်ပါဘူး။ လူသားဟာ "အသက်ရှင်သောလူ" အဖြစ် ဖန်ဆင်းခံရတာဖြစ်ပါတယ်။ အမြင့်တကာအမြင့်ဆုံးသော ဘုရားရဲ့ဖန်ဆင်းမှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားဟာ ဘုရားသဏ္ဍန်တော်နဲ့အညီ ဖန်ဆင်းခံရပါတယ်။

ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ (ကမ္ဘာဦး ၁း၂၇)

အစဦးဆုံးအချိန်တုန်းက အရာရာဟာ လှပပါတယ်၊ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က အဲဒီလိုပဲ လုပ်ထားလို့ပါ။ ဘုရားသခင်ဟာ သူလုပ်ထားတာတွေကို ကျေနပ်အားရပါတယ်။ ကျမ်းစာမှာရေးထားပါတယ်။ " ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ " ကမ္ဘာဦး (၁း၃၁)

ယနေ့ခေတ်ကာလမှာ အရာရာတိုင်းဟာ မလှပတော့ပါ၊ မကောင်းတော့ပါ။ အမုန်းတရားတွေ၊ တိုက်ခိုက်မှုတွေ၊ ခိုးဝှက်မှု၊ လိမ်ညာမှု၊ လူသတ်မှု၊ စစ်ပွဲများ၊ ဖျားနာခြင်းများ၊ အပြစ်ဒုစရိုက်များ နဲ့ သေခြင်းတရားတွေ လောကကြီးမှာ အများကြီးပါ။

ဘာတွေများ မှားသွားပါသလဲ ?  
လူသားဟာ ဘုရားထံမှာ သွေဖီပြီး၊ ဘုရားနဲ့ဝေးရာကို ထွက်ခွာသွားခြင်းကြောင့် ဖြစ်ပါတယ်။ လူသားဟာ ဘုရားရဲ့လမ်းကို လိုက်ရမဲ့အစား သူစိတ်ကြိုက်လမ်းကို ရွေးချယ်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

လူသားဟာ ဘုရားရဲ့လမ်းနဲ့ သွေဖီလျှောက်သွားနေသော်လည်း ဘုရားရှင်ဟာ လူသားကို ချစ်နေမြဲဖြစ်ပြီး၊ လူသားတွေကို ကောင်းကြီးမင်္ဂလာများ ပေးချင်ပါတယ်။ လူသားဟာ ဘုရားရဲ့ အထူးစပယ်ရှယ် ဖန်ဆင်းခြင်းဖြစ်ပြီး၊ ဘုရားသခင်ရဲ့ သဏ္ဍန်တော်လည်းဖြစ်ပါတယ်။ ဘုရားအတွက် လူသားဟာ ပျောက်ဆုံးနေပါတယ်။ သို့သော်လည်း  ထာဝရပျောက်ဆုံးတဲ့အခြေအနေကို ဘုရားရှင်က မဖြစ်စေလိုပါ။

- ဒီလူလောကကို ဘာလာလုပ်တာလဲ ?
ဘုရားရှင်ဝမ်းမြောက်ရန်၊ ကျွန်တော်တို့လည်း ၀မ်းမြောက်ရန်အတွက် ဘုရားနဲ့ မိတ်သဟာရဖွဲ့ဖို့ ဖန်ဆင်းထားခြင်းဖြစ်ပါတယ်။ သို့သော်လည်း အပြစ်တရားဟာ ဘုရားနဲ့လူကို ခွဲခွာလိုက်ပါတယ်။ ဘုရားရှင်ထံ လူသားများပြန်လာဖို့ ဘုရားရှင်ဟာ သမ္မာကျမ်းစာကို လူသားများအတွက် ပေးအပ်ခဲ့ပါတယ်။

- လူလောကကပြီးရင် ဘယ်ကိုသွားမှာလဲ ?
ကျွန်တော်တို့ဟာ ထာဝရခရီးတခုကို ဦးတည်သွားနေပါတယ်။ သင်နဲ့ကျွန်တော်တို့ ထာဝရနေထိုင်ဖို့ နေရာ၂ခုဆီကို သွားနေခြင်းဖြစ်ပါတယ်။ အဲဒီ နေရာ၂ခုက  ကောင်းကင်ဘုံ (သို့မဟုတ်) ငရဲ  ဖြစ်ပါတယ်။ ထာဝရနေထိုင်မဲ့ နေရာဟာ ကျွန်တော်တို့ရဲ့ ဘ၀ ရွေးချယ်မှုအပေါ် မူတည်နေပါတယ်။ ဘုရားရှင်ဟာ သူ့ထံကို ပြန်လာဖို့ အလိုရှိပါတယ်။ ဘုရားရှင်ဟာ ကျွန်တော်တို့ကို ကောင်းကင်ဘုံ ရွေးချေယ်စေချင်ပါတယ်။


လမ်း၂သွယ်

ယေရှုက ပြောပါတယ်။ လမ်း၂သွယ်ရှိကြောင်း၊ လမ်းတလမ်းက ကျယ်ပြီး အောက်ဖက်ကို ဦးတည်နေကြောင်း၊ လူများစွာတို့ဟာ အဲဒီလမ်းပေါ်မှာရှိကြောင်း၊ တခြားလမ်းကတော့ ကျဉ်းပြီး အထက်ဖက်ကို ဦးတည်နေကြောင်း၊ လူနည်းနည်းကလေးပဲ အဲဒိလမ်းပေါ်မှာ ရှိကြောင်း ပြောပြပါတယ်။

ယေရှုက ပြောပြန်ပါတယ်။ အဲဒီလမ်း၂သွယ် ဘယ်ကိုဦးတည်နေသလဲဆိုတော့ ကျဉ်းသောလမ်းဟာ ကောင်းကင်ဘုံကို ဦးတည်နေပြီး၊ ကျယ်သောလမ်းကတော့ ဘုရားနဲ့ခွဲခွာခြင်းဖြစ်တဲ့ ငရဲ၊ ထာဝရငရဲဆီကို ဦးတည်နေတယ်ဆိုပါတယ်။ အိုး.. ကြောက်စရာကောင်းပါတကား..။

အဲဒီ ကောင်းကင်ဘုံကို ဦးတည်နေတဲ့ လမ်းကျဉ်းဆီ ရောက်အောင်၊ ကျွန်တော်တို့ နောင်တရမှ ဖြစ်ပါမယ်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံမှ ဖြစ်ပါမယ်။ ကျမ်းစာက ဆိုထားပါတယ်။ " ဘုရား သခင်သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တ ရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။ " (တမန်တော် ၁၇း၃၀)

နောင်တရမှဖြစ်မယ် ဆိုတော့ ဘာကို နောင်တရဖို့လိုသလဲ မေးစရာရှိပါတယ်။ နောင်တ ဆိုတာ ပြန်လှည့်လာခြင်း ကိုဆိုလိုပါတယ်။ မှားယွင်းတဲ့လမ်းကို လျှောက်နေတယ်ဆိုတာ သိပြီး တပတ်ပြန်လှည့်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားရှင်ရဲ့ လမ်းကိုမလိုက်လျှောက်ပဲ၊ ကိုယ်စိတ်ကြိုက်လမ်းကို လျှောက်လှမ်းနေပါတယ်။ ကျမ်းစာမှာ ရေးထားပါတယ်။  " ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ " (ဟေရှာယ ၅၃း၆)

ကျွန်တော်ရိုးသားစွာ ပြောရရင် " ကျွန်ုပ် မှားယွင်းတဲ့လမ်းကို လျှောက်နေတာ သိပါပြီ၊ ဒါပေမဲ့ ဘုရားသခင်အားဖြင့်၊ ကျွန်ုပ် ဘုရားဆီကို ပြန်လာနေပါတယ်။ " လို့ ပြောပြီး နောင်တရခဲ့ပြီဖြစ်ပါတယ်။ ဒီလို ပြောချိန်လေးဟာ ခဏတဖြုတ်ပဲဖြစ်ပြီး၊ ဒီလိုပြောခြင်းအားဖြင့် ဘုရားရှင်ရဲ့နှလုံးသားဆီကို ၀မ်းမြောက်ခြင်း ယူဆောင်လာခြင်းလည်း ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ ကယ်တင်ခြင်း မရသေးဘူးဆိုရင်  အိုမိတ်ဆွေ၊ သင်ဟာ ဘုရားရှင်ရဲ့ပျောက်ဆုံးနေသောလူသားတဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားရှင်က သင့်ကို ချစ်မြတ်နိုးပါတယ်။ သင်ထာဝရပျောက်ဆုံးတဲ့အခြေအနေကို ဘုရားရှင်က မဖြစ်စေလိုပါ။ သင်ဟာ ဘုရားရှင်အတွက် အထူးတန်ဖိုးကြီးလှတဲ့ လူသားတယောက်ဖြစ်ပါတယ်။ သင့်ကို ပြန်လှည့်လာဖို့ မျှော်လင့်နေပါတယ်။ ဘုရားရှင်ဟာ သူ့ရဲ့ကြီးမားလှတဲ့ မေတ္တာကို ပြတဲ့အနေနဲ့ သူရဲ့ တပါးတည်းသော သားတော ယေရှုကို ကားတိုင်ပေါ်မှာ အသေခံစေခဲ့ပါတယ်။ ယေရှုက သင့်ကို လမ်းမှန်သို့ပြန်လှည့်စေလိုပါတယ်။ သင်ရဲ့ ရွေးချယ်ဆုံးဖြတ်မှု လိုအပ်ပါတယ်။

ဆိုပါတော့။  အခုအချိန်မှာ ဘုရားရှင်က သင့်နှလုံးသာကို စကားပြောနေပြီဆိုရင်.. သင်ဟာ သင်လျှောက်တဲ့လမ်းဟာ မှားယွင်းနေတာ သိသွားရင်၊ ပြန်လှည့်လာပါ မိတ်ဆွေ။ . အိုး ..ဘုရား၊ ကျွန်ုပ် အပြစ်များလှတဲ့ လမ်းမှားကို မလျှောက်လိုတော့ပါဘူး။ ဘုရားရဲ့ ကောင်းကင်ဘုံးသွားတဲ့ လမ်းမှန်ကိုပဲ လျောက်လိုပါတယ် ..လို့   ယေရှုကို ပြောလိုက်ပါ။

.

ကောင်းကင်ဘုံသို့သွားသောလမ်း၏ အဆင့်၅ခု

လမ်းကျဉ်းကို ရွေးချယ် လျှောက်သွားတဲ့အခါ အဆင့်၅ဆင့် ရှိပါတယ်။ အဆင့်တိုင်းမှာ စကားလုံး တခုစီရှိပါတယ်။ အဲဒီစကားလုံးများကို ကြည့်ရအောင်.။

၅။ ကျွန်ုပ်တို့ထာဝရအသက်ရှင်ခြင်းကိုရပြီ
၎။ ဘုရားရှင်ကိုလက်ခံလိုက်ပြီ
၃။ ဘုရားရှင် ကျွန်ုပ်အတွက်အသေခံတယ်
၂။ ဘုရားရှင်ကျွန်ုပ်ကိုချစ်တယ်
၁။ ကျွန်ုပ်အပြစ်ရှိပါတယ်

အောက်ဆုံး (အမှတ်-၁) စကားလုံးကို စပြီးကြည့်ပြီး၊ အပေါ်ဖက်ကို ဆက်ကြည့်သွားပါ။ တလုံးကြည့်ပြီးတိုင်း ခဏရပ်နားလိုက်ပါ။ ပြီးတော့ နောက် စကားလုံးတလုံးကို ဆက်ကြည့်ပါ။ နှုတ်ကလည်း ဖြေးညှင်း၊ငြိမ်သက်စွာ လိုက်ဆိုပါ။ အခုဆို ကျွန်တော်တို့ ပြောပြဖို့ အလှည့်ဖြစ်ပါတယ်။ တဆင့်စီအတွင် ကျွန်တော်တို့ ကျမ်းပိုဒ်များနဲ့ပြောမှာဖြစ်ပါတယ်။

ကျွန်ုပ်အပြစ်ရှိပါတယ်

အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။  (ရောမ ၃း၂၃)
ဘုရားသားဖြစ်ဖို့အတွက် ပထမအဆင့်မှာ လေ့လာသိရှိဖို့က ကျွန်ုပ်ဟာ ဘုရားရဲ့အမြင်ဘယ်လိုရှိသလဲဆိုတာဖြစ်ပါတယ်။ ဘုရားက ကျွန်တော်တို့အားလုံးကို အပြစ်ရှိတယ်လို့ မြင်ပါတယ်။ ကျွန်ုပ်တို့အားလုံး မှားယွင်းတာတွေ ပြောနေကြတယ်၊ လုပ်နေကြတယ်။
အပြစ်တရားဆိုတာ ကြောက်စရာကောင်းပါတယ်။ ကျွန်ုပ်တို့ကို လောင်ကြွမ်းစေပါပြိး တခြားသူများကို ထိခိုက်မိစေပါတယ်။ အဆိုးဆုံးကတော့ အဲဒီအပြစ်တရားဟာ ဘုရားရှင်ရဲ့ နှလုံးသားကို နာကျင်စေပါတယ်။ ဘုရားရှင်ဟာ သန့်ရှင်းမြင့်မြတ်လှပြီး ကျွန်တော်တို့ကို ချစ်တော်မူတဲ့ ဘုရားဖြစ်တဲ့အတွက် ကျွန်တော်တို့အပြစ်လုပ်ခြင်းဟာ ဘုရားရှင်ရဲ့ နှလုံးသားကို နာကျင်စေခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ပြောခဲ့၊ လုပ်ခဲ့တဲ့ အပြစ်တွေကို ပြန်ပြင်လို့ မရတော့ပါဘူး။ ပြန်ပြင်ချင်ပေမဲ့ မဖြစ်နိုင်တော့ပါ။ သို့သော်လည်း အပြစ်တွေကို ခွင့်လွတ်ခံရဖို့တော့ ဖြစ်နိုင်ပါတယ်။

သခင်ယေရှု က သင့်ရဲ့အပြစ်အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ သူက ခွင့်လွှတ်ပေးချင်ပါတယ်။ သူဟာ အပြစ်သားများရဲ့မိတ်ဆွေဖြစ်ပါတယ်။ သူ့ထံ ပြန်လာသူများကို ဘယ်တော့မှ မငြင်းတဲ့သူ ဖြစ်ပါတယ်။ သူကပြောပါတယ်  " ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာသော သူကို ငါသည်အလျှင်းမပယ်။ "  (ယောဟန် ၆း၃၇)

ဘုရားရှင်ကျွန်ုပ်ကိုချစ်တယ်

ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူအပေါင်းတို့ သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။  (ယောဟန် ၃း၁၆)

လောကီသားတို့ ဆိုတာ ကျွန်တော်တို့အားလုံးကို ဆိုလိုပါတယ်။ သင်နဲ့ကျွန်ုပ်တို့ရဲ့ နာမည်တွေကိုလည်း ထည့်သွင်းရပါမယ်။

သူအပေါင်းတို့ ဆိုတာ ကျွန်တော်တို့အားလုံးကိုပဲ ဆိုလိုပါတယ်။ သင့်နာမည်ကို အစားထိုးပြီး ထည့်လို့ရပါတယ်။ အခုပဲ အစားထိုးပြီး ဖတ်ကြည့်လိုက်ပါတော့လား ..။

ဘုရားသခင်၏သားတော်ကို ယုံကြည်သော ___________ သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ___________ ကို ချစ်တော်မူ၏။

အခု အထက်ပါ စာပိုဒ်က ကွက်လပ်နေရာမှာ သင့်နာမည်ထည့်ပြီး ကျယ်ကျယ်ဖတ်ကြည့်ပါ။ ဒါဟာ သတင်းကောင်းဖြစ်ပါတယ်။ ဖတ်ရင်း၊ ကြားရတာ ကောင်းမယ်မဟုတ်ပါလား။



ဘုရားရှင် ကျွန်ုပ်အတွက်အသေခံတယ်

ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။  (ရောမ ၅း၈)

ဒီ သတင်းကောင်းကတော့၊  ဘုရားရှင်ဟာ အပြစ်သားများကို ချစ်ပါတယ်။ ဘုရားရှင်က ကျွန်တော်တို့ကို " ငါ မင်းကို တကယ်ချစ်ပါတယ်။ ငါ့ရဲ့သားတော် ယေရှုကို အသေခံစေတဲ့တိုင်အောင် သင့်ကိုချစ်ကြောင်း သက်သေပြခဲ့ပြီ " ပြောပါတယ်။

ဘုရားရှင်က အပေါ်ယံသက်သက်၊ မုသား မပြောနိုင်ပါဘူး။ သူ ဘယ်လို့ အပြစ်တွေကို ဘယ်လိုလုပ်ပစ်လိုက်သလဲ။ သူဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေအတွက် ဒဏ်ကြေးအဖြစ် သူကိုယ်တိုင် လူသားအဖြစ် ကြွလာပြီး အသေခံခဲ့တာပါ။

သခင်ယေရှုဟာ လူသားများ (အပြစ်သားများ) အတွက် အသေခံခဲ့ပါတယ်။ သင့်အတွက် အသေခံသလို၊ ကျွန်ုပ်အတွက်လည်း အသေခံခြင်း ဖြစ်ပါတယ်။ " ခရစ်တော်ယေရှု ကျွန်တော့အတွက် အသေခံတယ် ! " လို့ သင်ပြောနိုင်ပါတယ်။  အခုပဲ ပြောလိုက်ပါ။ " ခရစ်တော်ယေရှု ကျွန်တော့အတွက် အသေခံတယ် " ခရစ်တော် အသေခံခြင်းဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တခုတည်းအတွက် မဟုတ်သေးပါဘူး။ သူဟာ သေခြင်းက ရှင်ပြန်ထမြောက်ပါတယ်။ သူဟာ အသက်ရှင်သော ကယ်တင်ရှင်ဖြစ်ပါတယ်။ သူ့တန်ခိုးမျိုးစုံဟာ ကောင်းကင်ဘုံနဲ့မြေကြီး နေရာတိုင်းမှာ ရှိပါတယ်။ သူဟာ သင့်က့အပြစ်တွေကို ခွင့်လွှတ်နိုင်ပြီး ဘုရားသားအဖြစ်ကို ပြောင်းပေးနိုင်ပါတယ်။

ဘုရားရှင်ကိုလက်ခံလိုက်ပြီ

အောက်က ကျမ်းပိုဒ်တွေကတော့ သင်ဟာ ဘုရားသားဖြစ်ပြီ လို့ ကျမ်းစာက ဆိုထားပါတယ်။

ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ (ယောဟန် ၁း၁၂)

ဘုရားသား ဖြစ်ဖို့အတွက် ကျွန်ုပ်ဟာ အပြစ်သားအဖြစ်နဲ့ သခင်ယေရှုထံကို လာရပါမယ်။ ထိုနောက် သူကို ကယ်တင်ရှင်အဖြစ် လက်ခံရပါမယ်။

ဘုရားရှင်က ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ်ကို ပေးခဲ့ပါတယ်။ သို့သော်လည်း ကျွန်ုပ်ကိုယ်တိုင်က လက်ခံဖို့လိုပါတယ်။ ကျွန်ုပ်ဟာ ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရပါမယ်။

ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဒါဟာ မလွယ်လှပါဘူး။  " ကျွန်တော်တို့အားလုံးဟာ အပြစ်သားများဖြစ်ပါတယ်" လို့ပြောမဲ့အစား  "ကျွန်ုပ်ဟာ အပြစ်သားဖြစ်ပါတယ် " လို့ ပြောရပါမယ်။   "အပြစ်သားများအတွက် ယေရှုအသေခံခြင်းဖြစ်တယ်" ပြောမဲ့အစား "ကျွန်ုပ်အတွက်ယေရှုအသေခံခဲ့ပါတယ်" လို့ ပြောရပါမယ်။  "ယေရှုဟာ ကယ်တင်ရှင်ဖြစ်တယ်"  လို့လွယ်လွယ် ပြောမဲ့အစား  "ယေရှုဟာ ကျွန်တော့်အတွက်ကယ်တင်ရှင်ဖြစ်တယ်" လို့ ခံယူရပါတယ်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ရရှိပြီးတဲ့ ကျွန်ုပ်ဟာ ဘုရားသားအဖြစ် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သူ့ကို ကယ်တင်ရှင်အဖြစ် ရရှိပြီး၊ သူ့ကို သင့်ရဲ့ နှလုံးသားထံ လာဖို့ တောင်းဆိုပါ။ သင့်နှလုံးသားဟာ အိမ်တော်ရဲ့တခါးဝဖြစ်တယ်လို့ ယေရှုက ပြောပါတယ်။

ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ (ဗျာဒိတ်ကျမ်း ၃း၂၀)


ကျွန်ုပ်တို့ထာဝရအသက်ရှင်ခြင်းကိုရပြီ

သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက် ကိုရ၏။  (ယောဟန် ၃း၃၆)

ထိုကျမ်းချက်က ပြောပါတယ်။ အကယ်၍ ကျွန်တော်တို့ သခင်ယေရှုကို ယုံကြည်တယ်ဆိုရင် ထာဝရအသက်ကိုရမယ် လို့ဆိုပါတယ်။ အခုပဲ လိုက်ဆိုကြည့်ပါ။ "သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက် ကိုရ၏"။

အဲဒီမှာ သင်နားလည်သွားပြီမဟုတ်လား ?  ကျွန်တော်တို့ ရှည်လျှားစွာ ပြောခဲ့ပါပြီ။ အခု သင်ဟာ ရွေးချယ်မှုလုပ်ဖို့ အသင့်ရှိပြီးလား ?

သင်ဟာ ကောင်းကင်ဘုံကို ဦးတည်တဲ့ လမ်းကိုရွေးချင်တယ်မဟုတ်ပါလား ?  သင်ဟာ ယေရှုကို သင့်ရဲ့ ကယ်တင်ရှင်အဖြစ် အခုပဲ ရယူလိုက်ပါ။ သင်ရဲ့ ရွေူးချယ်မှုအတွက် အမြဲတမ်း ၀မ်းမြောက်ရမယ် ဖြစ်ပါတယ်။

(ဒါဟာ သင်နဲ့ဘုရားရှင် တို့ ၂ဦးနဲ့ပဲ ဆိုင်ပါတယ်။ သင်ဟာ ဆိတ်ငြိမ်မှုရှိမဲ့နေရာတခုကို ရှာနိုင်ရင် အကောင်းဆုံးပါ။ အဲဒီနေရာကို သွားပြီး တယောက်တည်း မိနစ်အနည်းငယ်အချိန်ပေးပါ။ အခုချိန်ကစပြီး နောက်ဖတ်မဲ့ အပိုင်းမှာ ဆိတ်ငြိမ်တဲ့နေရာကို တယောက်တည်း သခင်ယေရှုနဲ့အတူ ရောက်နေပြီလို့ ယူဆပါတယ်။

အခုဆိုရင် သင်ဟာ သခင်ယေရှုကို စကားပြောဆိုဖို့ အသင့်ဖြစ်နေပါပြီ။ အောက်ပါ ဆုတောင်းခြင်း များကို ပြောဆိုခြင်း ကြည့်ပါ။

" အိုး သခင်ယေရှု .. ကျွန်တော်ဟာ အပြစ်သားဖြစ်တယ်လို့ ကျွန်ုပ်သိပါတယ်။ ကျွန်တော်ဟာ လမ်းမှားကို လျှောက်နေတာလည်း ကျွန်ုပ်သိပါတယ်။ သင်ဟာ ဘုရားရှင်ရဲ့ သားတော်ဖြစ်ကြောင်း ကျွန်ုပ်သိပါတယ်။ ကျွန်တော့်အပြစ်အတွက် ကားကိုင်ပေါ်မှာ အသေခံခဲ့တာလည်း သိပါတယ်။ ကျေးဇူးတော်ချီးမွမ်းပါတယ်။ သင့်ဟာ ကျွန်တော့ကို အလွန်ချစ်တယ်ဆိုတာလည်း သိပါတယ်။ အိုး..ကျွန်ုပ်နှလုံးသားဆီကို အခုလာရောက်ပြီး၊ ကျွန်တော့်အပြစ်များကို ခွင့်လွတ်တော်မူပါ။ အခုပဲ ယေရှုကို ကျွန်တော့ရဲ့ကယ်တင်ရှင်အဖြစ်ရရှိပါပြီ "



ကျွန်ုပ်ကယ်တင်ခြင်းရပြီဆိုတာ ကျွန်ုပ်သိနိုင်ပါတယ်

ကျွန်န်ုပ်တို့ ကယ်တင်ခြင်းရတာ ဘုရားရှင်ရဲ့ သားတော်လုပ်တောင်ချက်များကြောင့်ဖြစ်ပါတယ်။ ယေရှု ကျွန်ုပ်အပြစ်များအတွက် အသေခံခြင်းကို ယုံကြည်ခြင်းနဲ့အတူ ကျွန်ုပ်ယေရှုကို ကယ်တင်ရှင်အဖြစ်ရရှိပါတယ်။ ကျွန်ုပ်ကယ်တင်ခြင်းရပါပြီ၊ ဘုရားရှင်ရဲ့ ကျွန်တော့် အပြစ်များကို ခွင့်လွှတ်ခြင်းဟာ ကျွန်တော့်ကို ဘုရားသား ဖြစ်စေပါတယ်။ ကျွန်တော် ထာဝရအသက်ကိုရပါပြီ။

ထာဝရအသက်ကိုရပြီးလို့ သင်ဘယ်လိုသိနိုင်ပါသလဲ ?   ကျွန်တော်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်မှာက ရေးထားပါတယ်။ ဘုရားဟာ လိမ်ပြောတတ်သူ မဟုတ်ပါ။

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုစေခြင်း ငှါ၊  ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။ (၁ယော၅း၁၃)

ဘယ်သူရဲ့စကားများပါလဲ ?  ဒီစာသားများဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော် စကားများဖြစ်ပါတယ်။ ဒါကြောင့် ဒီစာသားများဟာ မှန်ကန်ပါတယ်။

ဘုရားရှင်က ပြောပါတယ်။

ကျွန်ုပ်ယုံပါတယ်။

အဲဒါ ရှင်းနေပါတယ်။

ဘုရားသား ဖြစ်ရခြင်းဟာ လောကမှာ အလွန်အံ့သြဖွယ်ရာတခုပါ။ ဒါပေမဲ့ သင့်ကို လျှို့ဝှက်ချက်တခု ပြောချင်ပါတယ်။ ခရစ်တော်နောက်လိုက်တဦးရဲ့ ဘ၀ဟာ ဒီလောကကြီးမှာ မလွယ်ဘူး ..လို့ ယေရှုကပြောပါတယ်။

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟုမိန့်တော်မူ၏။ (ယောဟန် ၁၆း၃၃)

သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ ၆ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူ သည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့်။ (ဟေဗြဲ ၁၃း၅) ပြောဆိုရသောအခွင့်ရှိကြ၏။

အကယ်၍ သခင်ယေရှုကို သင့်ရဲ့ကယ်တင်ရှင်အဖြစ် သင်ရရှိပြီးရင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ပြောပြပါ။ ဒီစာရဲ့ အောက်ဆုံးမှာ အမေးအဖြေ ကဏ္ဍရှိပါတယ်။ အဲဒီမှာ သင်ရဲ့အဖြေများကို ရေးချပြီး သင့်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ဆီ ရေးသားပေးပို့စေလိုပါတယ်။

အကယ်၍ သင်ဟာ ကယ်တင်ခြင်းရပြီလို့ မသေမချာဖြစ်နေရင်၊ ဒီ သင်ခန်းစာကို ထပ်မံဖတ်ရှုစေလိုပါတယ်။ ပြီးတော့ သေချာအောင် သခင်ယေရှုကို မေးပါ။ ကယ်တင်ခြင်းရရှိခြင်းဟာ ဒီလောကကြီးမှာ အလွန်အရေးကြီးဆုံးသော အချက်တခုဖြစ်ပါတယ်။ ယေရှုကပြောပါတယ်  " လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။" (မာကု ၈း၃၆)


uvDavid.org  ကျမ်းစာလေ့လာခြင်းကို ဆီလျှော်အောင်ဘာသာပြန်သည်။ မောင်သာမန်

မေးခွန်းများ။
http://ubdavid.org/youthworld/countryheaven/country-heaven1_test.html