ဘာကြောင့် ကျွန်တော်တို့အားလုံး သင့်သင့်မြတ်မြတ် မနေနိုင်ကြတာလဲ။


လှမင်းသူ   Daily Hope




တဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကိုငါထပ်၍ ဆင်ခြင်၏။ ညှဉ်းဆဲခြင်း ကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေး နိုင်သောသူမရှိ။ ဒေသနာ ၄း၁

ဒီကမ္ဘာကြီးမှာ ပဋိပက္ခတွေ ဘာကြောင့်ရှိနေရတာလဲ။ လူမျိုးစုတွေကြားမှာ၊ တိုင်းပြည်တွေကြားမှာ ၊နိုင်ငံရေးပါတီတွေကြားမှာ၊ ယေားက်ျားများနဲ့ မိန်းမများကြားမှာ၊ ဘာသာတွေကြားမှာ ၊ သူငယ်ချင်းတွေကြားမှာ၊ မိသားစုထဲမှာ ပဋိပက္ခတွေ ကို နေ့ စဉ်နဲ့ အမျှ ကျွန်တော်တို့ ကြားရ မြင်တွေ့ နေရပါတယ်။

အစ္စရေးလူမျိုးရဲ့ ဥာဏ်ပညာ အမြင့်မားဆုံး ဆော်လမွန်ဘုရင်ကြီးက ဒီပဋိပက္ခတွေကို သတိထားမိပါတယ်။ ဒီကနေ့ ဒေသနာကျမ်းထဲက ကျမ်းပိုဒ်လေးထဲမှာ ဆော်လမွန်ဘုရင်က သူ့ ရဲ့တွေ့ မြင်ချက်ကို ခြုံငုံ သုံးသပ်ထားတာဖြစ်ပါတယ်။ လူတွေဟာ တယောက်အပေါ်တယောက် မကောင်းကြပါဘူး။ တယောက်အပေါ်တယောက် ညှာတာထောက်ထားခြင်း မရှိကြပါဘူး။ တယောက်ကို တယောက် မကောင်းတဲ့စိတ်နဲ့  ဆက်ဆံကြတယ်။ အသုံးချကြတယ်။ အချင်းချင်း လိမ်ညာကြတယ်။ အချင်းချင်း ကိုင်တွယ်ကြတယ်။

ဒါဟာ ဘုရားရဲ့ အစီအမံ ဟုတ်ပါရဲ့လား။ မဟုတ်ပါဘူးဗျာ။ ဒီလိုဖြစ်နေရတာဟာ ဒီလောကမှာ အပြစ်ရဲ့ ဆိုးကျိုးဝင်လာလို့ ပဲ ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘုရားက ဒါကို ဘာဖြစ်လို့ ခွင့်ပြုထားတာလဲ။ ဘာကြောင့်လဲဆိုတော့ သူက လူသားတွေကို လွပ်လပ်စွာ ရွေးချယ်ခွင့် ပေးထားလို့ ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူတွေက မိုက်မဲတဲ့ အရာတွေကိုပဲ ရွေးချယ်ကြတယ်။ တယောက်ကတယောက်ကို ထိခိုက်နာကြင်အောင်လုပ်တယ်။ ပြီးတော့ ပြဿနာဖြစ်လာရင် ဘာမှ ပြဿနာမရှိသလိုပဲ နေကြတယ်။ ပျက်စီးကျိုးပျက်သွားတဲ့ ဆက်ဆံမှုတွေကြောင့် ဒီလောကကြီးမှာ နာကျင်မှုတွေ ပေါ်ပေါက်လာရပါတယ်။ ဆော်လမွန် ဘုရင်က မြင်တွေ့ ခဲ့တဲ့အတိုင်းပါပဲ ။ "  ညှဉ်းဆဲခြင်း ကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ " ဖြစ်နေပါတယ်။

ဒီအရာအားလုံးဟာ အာဒံနဲ့ ဧ၀ကနေ အစပြုခဲ့ကြပါတယ်။ ဘုရားကို သူတို့ ပုန်ကန်တဲ့အခါ၊ အပြစ်ကြောင့် ဘုရားနဲ့ သူတို့  ကွဲသွားပါတယ်။ ဒိအပြင် သူတို့ အချင်းချင်းလဲ ကွဲသွားပါတယ်။ အာဒံနဲ့ ဧ၀နှစ်ယောက် အပြစ်လုပ်ပြီးပြီးချင်း ပထမဆုံးလုပ်တဲ့ အလုပ်ကတော့ သူတို့ ကိုယ်ခန္ဓာကို ဖုံးအုပ်ဖို့  အ၀တ်များကို ချုပ်ကြခြင်း ဖြစ်ပါတယ်။

ဘုရားနဲ့ ကင်းကွာသွားတာနဲ့  ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားချင်စိတ် ဘယ်လိုကြောင့်ဖြစ်ပေါ်ရတာလဲ။ ဘုရားနဲ့ ဆက်ဆံမှု ပြတ်သွားတာနဲ့  ကိုယ့်ရဲ့ ဇာတိမှန်ကို မမြင်စေချင်တဲ့ စိတ် ဘယ်လိုကြောင့် ဖြစ်လာရတာလဲ။  ဘုရားနဲ့ ဆက်ဆံမှုပုံသဏ္ဍန် မမှန်တော့တာနဲ့ တပြိုက်နက်ထဲ ကိုယ် နဲ့  ပတ်သက်တဲ့လူတွေ နဲ့ လည်း ကွဲကွာသွားပြီး မညီမညွတ်နဲ့  ခပ်တန်းတန်း ဖြစ်သွားကြတယ်။

အာဒံနဲ့ ဧ၀လိုပဲ။ ကိုယ်က ဘုရားကို ရှောင်ပုန်းလိုက်တာနဲ့  တခြားလူတွေကိုလည်း ကိုယ်က ရှောင်လာတယ်။ ဖုံးကွယ်လာတယ်။ လက်ပွန်းတတီး ဆက်ဆံပြီး နေရမယ့်နေရာမှာ မယုံကြည်မှု နဲ့ စိုးထိတ်မျုတွေက အစားထိုးဝင်ရောက်လာတယ်။

အာဒံနဲ့ ဧ၀ဟာ "အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို " လုပ်ကြပါတယ်။ (ကမ္ဘာဦးကျမ်း ၃း၇)။ အဲဒီအချိန်ထဲကစပြီး ဆက်ဆံရေးတွေမှာ ဖုံးကွယ်မှုတွေ ပါလာရခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့် "သင်္ဘောသဖန်းရွက်" က ဘာပါလဲ။ ကိုယ့်မှာ အစစ်အမှန်မဟုတ်ပဲနဲ့  ဟန်ဆောင်ထားတဲ့ အရာက ဘယ်အရာပါလဲ။ ကိုယ့်ဘ၀ရဲ့ ဘယ်အကြောင်းအရာတွေကို တခြားလူတွေကို မပြောရဲ ဖြစ်နေပါသလဲ။

နာမတော်မြတ်၌

လှမင်းသူ

ရစ်(ခ်)၀ါရင်၏ နေ့ စဉ်မျှော်လင့်ချက်စာစောင်မှ ၅ ရက် သြဂုတ်လ ၂၀၁၁ နေ့ စွဲပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုပါသည်။

.