အဓိကကိစ္စများအပေါ် အာရုံစိုက်ပါ 29/6/2011


မီမီချို  Daily Hope:
Focus on What Matters

ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုင်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကိုင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ဟေဗြဲ ၁၂း၁(ခ)

သင့်ဘ၀ခရီးပြေးပွဲကို အဆုံးထိပြေးလိုပါက/နောက်ဆုံးပန်းတိုင်အထိ ရောက်လိုပါက သင့်အားပြေးပွဲတွင် ချုပ်ထားသော အရာများစွာကို လက်လွှတ်ရပါလိမ့်မည်။ ထိုအရာအား အရှုပ်များကိုလျော့စေခြင်း၊ ရှင်းလင်းအောင် လုပ်ခြင်း ဟူခေါ်ကြပါစို့။ ထိုအရာများသည် ပြေးပွဲအား ကောင်းမွန်စွာ အဆုံးထိပြေးနိုင်ရန် ဘေးချထားရန်လိုအပ်သည့် အရာများဖြစ်ပေသည်။

ကျွန်တော်ဘာတွေပြောနေတာလဲ။ သင့်ကို စိတ်ဓါတ်ကျစေသည့်အကြောင်းအရာများကို ပြောနေပါသည်။ ဒီလိုစဉ်းစား ကြည့်ပါ။ မီးသီးတစ်လုံးကို ဓါတ်ခဲတစ်လုံးနှင့်ချိတ်ဆက်လိုက်ပါက ဓါတ်ခဲသည် ကြာကြာခံလိမ့်မည်။ သို့သော် မီးသီးအလုံး တစ်ရာကို ဓါတ်ခဲတစ်လုံးနှင့်ချိတ်ဆက်လိုက်ပါက မီးသည် မှိန်ကျသွားပြီး မြန်မြန်မှောင်သွားပေလိမ့်မည်။

သင့်ဘ၀ထဲနှင့် သင့် နေ့စဉ်အချိန်ဇယားထဲတွင် အရာများစွာကို ထည့်ပီးရင်းထည့်နေပါက သင်လည်း မြန်မြန် ပင်ပန်းသွားပြီး စိတ်ဓါတ်ကျသွားပေလိမ့်မည်။

ယနေ့ ဟေဗြဲ ၁၂း၁(ခ) မှ “၀န်” နှင့် “ဒုစရိုက်” ဟူသော စကားလုံးနှစ်လုံးကို မီးမောင်းထိုးချင်သည်။ အကြောင်းမှာ ထိုနှစ်ခုသည် သင့်အား ဘ၀ပြေးပွဲမှချုပ်ကိုင်ထားသောအရာ ဖြစ်နေသောကြောင့်ဖြစ်သည်။

“၀န်” သည် သင့်အား အရှိန်ကျစေသော အရာမှန်သမျှဖြစ်သည်။ ထိုအရာသည် ပေါင်းသင်းဆက်ဆံရေး၊ အလုပ်တစ်ခုခု၊ လှုပ်ရှားမှုတစ်ခုခု (သို့) အားကစားတစ်ခုလည်း ဖြစ်နိုင်သည်။ ထိုအရာသည် မကောင်းသောအရာ တစ်ခုခု မဟုတ်ပါ။ ၀န်သည် ကောင်းသောအရာတစ်ခုခု ဖြစ်သော်လည်း ထိုကောင်းသောအရာများ ဘ၀တွင် အလွန်များပါက ထိုအရာ အားလုံးအတွက် အချိန်မလောက်သောကြောင့် သင်မကြာမှီ လဲပြိုသွားလိမ့်မည်။ သင်ကြီးထွားရန်အတွက် “ငြင်းတတ်ရန်” သင်ယူရမည်။ သင်အရာအားလုံးလုပ်ရန် ဘုရားသခင် မမျှော်လင့်ပါ။

“၀န်”သည် ပတ်ဝန်းကျင် လွှမ်းမိုးမှုများမှလာသော မဖြစ်နိုင်သောမျှော်လင့်ချက် (သို့) တစ်စုံတစ်ယောက်အား စိတ်ကျေနပ်စေရန် လိုအပ်ချက် (သို့) အမှတ်တရတစ်ခုခု လည်းဖြစ်နိုင်သည်။ သင်သည် အတိတ်မှ ပျော်ရွှင်မှု (သို့) နာကျင်မှု တစ်ခုခုကို ဆုပ်ကိုင်ထားပြီး ထိုအရာတွင်သာ ငြိတွယ်နေသူ ဖြစ်ကောင်းဖြစ်နေမည်။ ပြဿနာမှာ သင်သည် အတိတ်တွင် (သို့) အနာဂါတ်တွင်ဖြစ်စေ နေလို့မရပါ။ ယခုလက်ရှိအချိန်နှင့်သာ အသက်ရှင်ရလိမ့်မည်။ ဘာပဲလုပ် လုပ် သင့်သည် ၀န်ပိပြီး လဲကျသွားလိမ့်မည်။

မည်သို့သော ၀န် ဖြစ်ပါစေ သင့်ဘ၀အတွက် အလုပ်မဖြစ်ပါက/သင့်အား ဆွဲချနေပါက ထိုအရာအားလက်လွှတ်ရမည်။

“အပြစ်” ကိုတော့ အလွယ်တကူ ခွဲခြားနိုင်တယ်မဟုတ်လား။ အပြစ်ဆိုသည်မှာ သင်လုပ်ရမှန်းသိပေမယ့် မလုပ်သောအရာများပင် ဖြစ်သည်။ တင့်တယ်မှန်ကန်သော လူနေမှုပုံစံဖြင့် အသက်ရှင်ရန် (သို့) သင့်ငွေကြေး အနေအထား ထိန်းသိမ်းရန် အဓိကသော့ချက်များကို သင်သိသော်လည်း သင်လုပ်ပါသလား?

ယာကုပ်၎း၁၇ ပြောသည်မှာ “ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေ သောသူသည် အပြစ်ရှိ၏။

သင့်ငွေကြေးကို ထိန်းသိန်းနိုင်ဖို့ အသုံးစရိတ်လျှော့ရမည်ကို သင်သိပါက သင့်အား အကြွေးများ ပုံသထက်ပုံစေမည့် စိတ်လွတ်လက်လွတ် ဈေးဝယ်ခြင်းမျိုး ရှောင်ရမည်။ The Joneses (သို့) The Smiths (သို့) မည်သူဖြစ်စေ သင့်ကိုသင့် မည်သူနှင့်မျှ နှိုင်းယှဉ်နေထိုင်ရန်မလိုပါ။ အကြွေးဝယ်ကဒ်ပြား သုံးရန်မလိုအပ်ပါ။

သင်ငွေကြေးဘောင်အတွင်း အသင့်အတင့်နေထိုင်ပါ။ သို့မှ သင့်ငွေကြေးဝန် ကို ဘေးချနိုင်ပြီး သင့်ဘ၀ ပြေးပွဲအား ကောင်းစွာပြေးနိုင်ပါလိမ့်မည်။

(ဘာသာပြန် Wednesday June 29 2011, Posted by This email address is being protected from spambots. You need JavaScript enabled to view it.)

.