D A D ကိုဘယ်လိုစာလုံးပေါင်းရမလဲ 19/6/2011

ဇော်အောင်  Daily Hope:  How Do You Spell D A D
သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။  မာလခိ ၄း ၆ (NIV)

၁၅နှစ်နီးပါ Erik Rees သင်းအုပ်ဆရာအဖြစ် အမှုတော်ဆောင်ခဲ့တဲ့ Saddleback အသင်းတော်ပါ။ မတ်လတုန်းက Erik Rees ရဲ့ ၁၂နှစ်သမီးလေး ဂျက်စီကာ -  ကုလို့မရတော့တဲ့ ဦးနှောက်အမှေးရောင်ရောဂါကို ဆရာဝန်တွေတွေ့ခဲ့တယ်။  သားသမီးများနဲ့အချိန်ပေးရခြင်းဟာ ဘုရားရှင်ရဲ့ဆုကျေးဇူးဖြစ်ကြောင်း Erik ရဲ့ အင်အားကြီးတဲ့စာဖြစ်ပါတယ်။

D - Depend on God ဘုရားရှင်ကိုမှီခိုခြင်း
အကောင်းဆုံးဖခင်ဖြစ်ဖို့ ဥာဏ်ပညာ၊ ခွန်အားပေးသနားရန် နေ့ရက်စဉ်တိုင်း ဘုရားထံတောင်းခံရပါမယ်။  မိမိအသက်မွေးလုပ်ငန်းအတွက် မိသားစုကို ဘယ်သောအခါမှ မနစ်နာပါစေနဲ့။ ဟုတ်ပါတယ်။ ဘုရားသခင်ဟာ သင့်ဘ၀အတွက် ပထမဖြစ်ပါတယ်။ မိသားစုဟာ ဒုတိယဖြစ်ပြီး အလုပ်အကိုင်ဟာ တတိယဖြစ်ပါတယ်။ မိသားစုညစာ စားသောက်ချိန်မှာ တယ်လီဖုန်းဖြေကြားခြင်း၊ မိသားစုနဲ့ တီဗီကြည့်နေချိန်မှာ အီးမေးလုပ်နေခြင်း မလုပ်သင့်ပါဘူး၊ မိမိသားသမီးများဟာ ဖခင်ဘာအတွက်အချိန်တွေပေးနေတယ်ဆိုတာ သိနေပါလိမ့်မယ်။

A - Always Love Them သားသမီးများကို အစဉ်အမြဲချစ်ပါ
သားသမီးတွေကို တစ်ယောက်စီပွေ့ဖက်ပါ။ သူတိုကိုချစ်ကြောင်း နေ့တိုင်းပြောပါ။ ကလေးများအရွယ်ကြီးငယ်မရွေး ပွေ့ဖက်ပြောဆိုပါ။ Email, SMS တွေနဲ့ ရေးပြီးမပြောပါနဲ့။ သင့်ရဲ့အသံနဲ့ ပြောပြီး၊ သင့်ရဲ့လက်မောင်းနဲ့ပွေ့ဖက်ကာ ချစ်ခြင်းမေတ္တာကို ကမ်းပေးပါ။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် သားသမီးများဟာ သင့်ရဲ့ဦးစားပေးခံရသူဖြစ်ကြောင်း သိလာပါမယ်။  ဘုရားသခင်ရဲ့ချည်နှောင်ခြင်းမေတ္တာဖြင့် သင့်သားသမီးများကို သင့်ရဲ့ချစ်မေတ္တာ ဆက်သွယ်ပေးအပ်နိုင်ပါတယ်။

D - Devote Your Time သားသမီးများအတွက် မိမိအချိန်ကို သတ်သတ်မှတ်မှတ် ထားပါ။
Kids spell love T-I-M-E
ကလေးများအတွက် ချစ်ခြင်းမေတ္တာဆိုတာ သူကိုအချိန်ပေးခြင်းလို့ နားလည်ပါတယ်။ သင်နဲ့သားသမီးများအတွက် ဘာအဓိပ္ပါယ်ရှိသလဲ ကျွန်တော်မသိပါ၊ သို့သော်လည်း  အချိန်ပိုနေလို့ သားသမီးများနဲ့အချိန်ပေးခြင်းမျိုးမဟုတ်ပဲ  တစ်နေ့တာရဲ့အကောင်းဆုံးအချိန်များကို ရှာဖွေပြီး သားသမီးများနဲ့ အချိန်ပေးပါ။ တခြားအကြောင်းအရာများနဲ့ မိမိရဲ့အချိန်များကုန်သွားဖို့ သိပ်လွယ်ပါတယ်။ ဒါကြောင့် တမင်သက်သက်ကို သားသမီးများနဲ့အချိန်ပေးဖို့ နည်းလမ်းရှာဖွေနေရမယ်ဖြစ်ပါတယ်။

ဤ ၃ချက်အားဖြင့် သင် နဲ့ ဘုရားသခင်၊ သင့်သားသမီးများ မိတ်သဟာရဖြစ်မှုကို သတိရ၊ ခွန်အားဖြစ်စေမယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်။  သင်၊ ဖခင်တစ်ဦးဖြစ်နေခြင်းဟာ ဘုရားရှင်ရဲ့လက်ဆောင်မွန်ဖြစ်ပါတယ်။ အကောင်းဆုံးဖခင်ဘ၀အတွက် တိုက်ပွဲဝင်သလို၊ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။

ဘာသာပြန်  ၁၉-ဇွန်လ-၂၀၁၁  ဖခင်များနေ့   19-June-2011  "Father's Day"

.